(English Version Below)

 

[Zawgyi]






 

========================================

[Unicode]

Streamer Su Htat (Zero) ကို သံတမန်အဖြစ် ခန့်အပ်ခဲ့တဲ့ Impunity Esports

မကြာသေးမီကမှ မြန်မာ ကစားသမားတွေပါဝင်တဲ့ PUBG Mobile အသင်းကို ဖွဲ့စည်းကြောင်း ကြေညာအပြီးမှာပဲ နောက်ထပ်အနေနဲ့ မြန်မာ Streamer တစ်ဦးကို စင်ကာပူ အခြေစိုက် Impunity Esports ရဲ့ Ambassador အဖြစ် ခန့်အပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်/မော်ဒယ်လည်း ဖြစ်တဲ့အပြင် နာမည်ကျော် Streamer လည်း ဖြစ်တဲ့အပြင် ချစ်ခင်သူများကလည်း “ဝုလု” လို့ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ “ဆုထက်” (InGame Name – Zero) ပဲ ဖြစ်ပါတယ်။

Zero ဟာ Facebook Gaming ရဲ့ Streamer တစ်ဦးဖြစ်ပြီး Follower တစ်သိန်းလေးသောင်းတစ်ထောင်ကျော် ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ CSGO ကို အဓိက Stream သူဖြစ်ပြီး ရံဖန်ရံခါ Dota2 နဲ့ PUBG ဂိမ်းများကိုလည်း Stream လေ့ရှိပါတယ်။

Photo – Min Thike Tun ( Illuministian )

မြန်မာနိုင်ငံမှာ Facebook မှ Streaming လုပ်ခြင်းကို ၂၀၁၈ ခုနှစ်လောက်ကတည်းက ခေတ်စားလားပြီး လက်ရှိမှာလည်း ဖိလစ်ပိုင် Entertainment အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Tier One” ကနေလည်း မြန်မာ Streamer အချို့ကို စာချုပ်ချုပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

 

Source : Impunity Esports Facebook Page

Photo : Su Htat Facebook Page