[Unicode]

Esports ကို သီရိလင်္ကာမှာ အားကစားတစ်ခုအဖြစ် တရားဝင်သတ်မှတ်

 

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ အားကစားဝန်ကြီးဌာနဟာ Esports ကို အားကစားအဖြစ် တရားဝင်သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က သီရိလင်္ကာရဲ့ နိုင်ငံခြားအလုပ်သမား၊ ဆက်သွယ်ရေးနဲ့ အားကစားဝန်ကြီး Mr.Hari Fernando က ဒီသတ်မှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့မှာတော့ အများသိအောင် ထုတ်ပြန်ကြေညာခဲ့တာပါ။

ယခုသတ်မှတ်ချက်ကြောင့် သီရိလင်္ကာဟာ esports ကို အားကစားအဖြစ်သတ်မှတ်တဲ့ ပထမဦးဆုံး တောင်အာရှနိုင်ငံတစ်ခု ဖြစ်လာပါတယ်။ လက်ရှိမှာ esports ကို အားကစားအဖြစ်သတ်မှတ်ထားပြီး အဘက်ဘက်က ထောက်ပံ့မှုများစွာပေးနေတဲ့ တောင်ကိုရီးယားနဲ့ ပြင်သစ်တို့လိုပဲ သီရိလင်္ကာဟာလည်း Esports ထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာတော့မှာပါ။

ယခုကြေညာချက်ဟာ သီရိလင်္ကာရဲ့ esports အဖွဲ့အစည်း (SLESA) ရဲ့ ဆယ်စုနှစ်တစ်ခုကျော် ကြိုးပမ်းထားရတဲ့ ရလဒ်တစ်ခုပါ။ SLESA နဲ့ ယင်းရဲ့မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gamer.LK တို့ဟာ Esports ဆိုင်ရာလှုပ်ရှားမှုများနဲ့ ပြိုင်ပွဲများကို နိုင်ငံတစ်ဝှမ်းမှာ ဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့တဲ့အတွက်လည်း Esports ဟာ တစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး အားကစားဖြစ်လာခဲ့တာပါ။

 

မကြာသေးမီကပြုလုပ်ခဲ့တဲ့ ကျောင်းပေါင်းစုံ Esports ပြိုင်ပွဲမှာ တစ်နိုင်ငံလုံးကျောင်းစုစုပေါင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့အထိ တစ်နိုင်ငံလုံးမှာ esports ထွန်းကားလာခဲ့ပါတယ်။ သီရိလင်္ကာရဲ့ အမျိုးသားအိုလံပစ်ကော်မတီ (NOCSL) ဟာလည်း esports ကို အားပေးထောက်ပံ့မှုများ ပြုလုပ်ပေးထားပါတယ်။ သီရိလင်္ကာဟာ လာမယ့် ၁၈ ကြိမ်မြောက် Asian Games မှာလည်း ပါဝင်မှာဖြစ်ပြီး ထိုပွဲမှာ esports ကို သရုပ်ပြအားကစားတစ်ခုအနေနဲ့ ထည့်သွင်းထားတာပါ။

အရှေ့တောင်အာရှနဲ့ အာရှတစ်ခွင်မှာ သီရိလင်္ကာရဲ့ esports ဟာ ယခုထက် ပိုမိုတိုးတက်ဖို့ အလားအလာများရှိနေပါတယ်။ Esports ကို အားကစားအဖြစ် သတ်မှတ်ထားပြီး ပံ့ပိုးမှုများစွာ ပြုလုပ်ပေးနေတာကြောင့် မျိုးဆက်သစ်များလည်း ပေါ်ထွန်းလာမှာပါ။

အမြင်ကျယ်ပြီး ခေတ်မီတဲ့ သီရိလင်္ကာရဲ့ အားကစားဝန်ကြီးဌာနဟာ နိုင်ငံကို ကမ္ဘာ့ esports လောကမှာ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးပမ်းနေပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: gamer.LK


[Zawgyi]

Esports ကို သီရိလကၤာမွာ အားကစားတစ္ခုအျဖစ္ တရားဝင္သတ္မွတ္

 

အေရွ႕ေတာင္အာရွႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ သီရိလကၤာႏိုင္ငံရဲ႕ အားကစားဝန္ၾကီးဌာနဟာ Esports ကို အားကစားအျဖစ္ တရားဝင္သတ္မွတ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

လြန္ခဲ့တဲ့ စက္တင္ဘာလ ၂၆ ရက္ေန႔က သီရိလကၤာရဲ႕ ႏိုင္ငံျခားအလုပ္သမား၊ ဆက္သြယ္ေရးနဲ႔ အားကစားဝန္ၾကီး Mr.Hari Fernando က ဒီသတ္မွတ္ခ်က္ကို ေျပာၾကားခဲ့တာျဖစ္ျပီး ေအာက္တိုဘာလ ၂ ရက္ေန႔မွာေတာ့ အမ်ားသိေအာင္ ထုတ္ျပန္ေၾကညာခဲ့တာပါ။

ယခုသတ္မွတ္ခ်က္ေၾကာင့္ သီရိလကၤာဟာ esports ကို အားကစားအျဖစ္သတ္မွတ္တဲ့ ပထမဦးဆုံး ေတာင္အာရွႏိုင္ငံတစ္ခု ျဖစ္လာပါတယ္။ လက္ရွိမွာ esports ကို အားကစားအျဖစ္သတ္မွတ္ထားျပီး အဘက္ဘက္က ေထာက္ပံ့မႈမ်ားစြာေပးေနတဲ့ ေတာင္ကိုရီးယားနဲ႔ ျပင္သစ္တို႔လိုပဲ သီရိလကၤာဟာလည္း Esports ထြန္းကားတဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာေတာ့မွာပါ။

ယခုေၾကညာခ်က္ဟာ သီရိလကၤာရဲ႕ esports အဖြဲ႔အစည္း (SLESA) ရဲ႕ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကိဳးပမ္းထားရတဲ့ ရလဒ္တစ္ခုပါ။ SLESA နဲ႔ ယင္းရဲ႕မဟာမိတ္အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Gamer.LK တို႔ဟာ Esports ဆိုင္ရာလႈပ္ရွားမႈမ်ားနဲ႔ ျပိဳင္ပြဲမ်ားကို ႏိုင္ငံတစ္ဝွမ္းမွာ ဆက္တိုက္ျပဳလုပ္လာခဲ့ပါတယ္။ ဒီလိုျပဳလုပ္ခဲ့တဲ့အတြက္လည္း Esports ဟာ တစ္ႏိုင္ငံလုံးမွာ ဖြံ႕ျဖိဳးတိုးတက္မႈအျမန္ဆုံး အားကစားျဖစ္လာခဲ့တာပါ။

 

မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ ေက်ာင္းေပါင္းစုံ Esports ျပိဳင္ပြဲမွာ တစ္ႏိုင္ငံလုံးေက်ာင္းစုစုေပါင္း ၁၅၀ ေက်ာ္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကတဲ့အထိ တစ္ႏိုင္ငံလုံးမွာ esports ထြန္းကားလာခဲ့ပါတယ္။ သီရိလကၤာရဲ႕ အမ်ိဳးသားအိုလံပစ္ေကာ္မတီ (NOCSL) ဟာလည္း esports ကို အားေပးေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးထားပါတယ္။ သီရိလကၤာဟာ လာမယ့္ ၁၈ ၾကိမ္ေျမာက္ Asian Games မွာလည္း ပါဝင္မွာျဖစ္ျပီး ထိုပြဲမွာ esports ကို သရုပ္ျပအားကစားတစ္ခုအေနနဲ႔ ထည့္သြင္းထားတာပါ။

 

အေရွ႕ေတာင္အာရွနဲ႕ အာရွတစ္ခြင္မွာ သီရိလကၤာရဲ႕ esports ဟာ ယခုထက္ ပိုမိုတိုးတက္ဖုိ့ အလားအလာမ်ားရွိေနပါတယ္။ Esports ကို အားကစားအျဖစ္ သတ္မွတ္ထားျပီး ပံ့ပိုးမႈမ်ားစြာ ျပဳလုပ္ေပးေနတာေၾကာင့္ မ်ိဳးဆက္သစ္မ်ားလည္း ေပၚထြန္းလာမွာပါ။

အျမင္က်ယ္ျပီး ေခတ္မီတဲ့ သီရိလကၤာရဲ႕ အားကစားဝန္ၾကီးဌာနဟာ ႏိုင္ငံကို ကမၻာ့ esports ေလာကမွာ ရင္ေဘာင္တန္းႏိုင္ဖုိ႔ ၾကိဳးပမ္းေနျပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: gamer.LK