[ZawGyi]




 




ထိုရာထူးအတွက်တော့ အတွေ့အကြုံမရှိလည်း လျှောက်ထားနိုင်ပြီး အသက် ၁၆ နှစ်နှင့်အထက် United Kingdom မှ အလုပ်ပါမစ်ရရှိပြီးသူများသာ လျှောက်ထားနိုင်မှာပါ။


========================================

[Unicode]

Football Manager ဆော့ပြီး အလုပ်ရနိုင်မယ့် အခွင့်အရေး

သင်ဟာ Football Manager ဂိမ်းကို ကြိုက်နှစ်သက်စွာ ဆော့နေသူ တစ်ယောက်ပါလား?

ဒါဆိုရင်တော့ သင့်အတွက် အချိန်ပြည့် အလုပ်တစ်ခု ရှိနေပါတယ်။

Football Manager ဂိမ်းရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Sports Interactive ကုမ္ပဏီ က သူတို့ရဲ့ Game ကို ကြိုက်နှစ်သက်စွာ ဆော့သူများကို “Quality Assurance Tester” ရာထူးအတွက် လာရောက်လျှောက်ထားဖို့ ကြေညာခဲ့ပါတယ်။ မြန်မာလိုဆိုရင် ထွက်ထားတဲ့ Game ထဲမှာ ဘာအားနည်းချက်တွေရှိတယ်။ ဘာ error တွေ ပါနေတယ် ဆိုတာမျိုးကို စမ်းသပ်ဆော့ကစားပေးရမယ့် ရာထူးပဲ ဖြစ်ပါတယ်။ ထိုရာထူးကလူဟာ အပြင်မှာ မထွက်သေးတဲ့ Feature အသစ်တွေဆော့ရမယ်၊ လေ့လာသုံးသပ်ပေးရမယ်၊ ဂိမ်းဟာ Overpower မဖြစ်ပဲနဲ့ Balance ဖြစ်မဖြစ်ကို စစ်ဆေးပေးရမယ် စတဲ့ တာဝန်တွေ ပါရှိပါတယ်။

လျှောက်ထားမယ့်သူတွေ အနေနဲ့လည်း အောက်ပါ အချက်အလက်တွေနဲ့ ပြည့်စုံရပါမယ်။
– 3D Art & Animation တက်ကျွမ်းရမယ်
– User Interface နဲ့ ဂိမ်း development ကို နားလည်ရမယ်
– ဂိမ်းကို ကောင်းမွန်စွာဆော့နိုင်ပြီး တစ်ဖက်စောင်းနင်း မဖြစ်နေအောင် ကြည့်တက်ရမယ်
– ဘောလုံးပွဲတစ်ပွဲကို လေ့လာသုံးသပ်နိုင်ရမယ်
– ဂိမ်းထဲက အချက်အလက်တွေကို သုတေသနပြုနိုင်ရမယ်

ထိုရာထူူးအတွက်တော့ အတွေ့အကြုံမရှိလည်း လျှောက်ထားနိုင်ပြီး အသက် ၁၆ နှစ်နှင့်အထက် United Kingdom မှ အလုပ်ပါမစ်ရရှိပြီးသူများသာ လျှောက်ထားနိုင်မှာပါ။
အလုပ်ကိုတော့ ဇွန်လ ၂ ရက်နေ့မတိုင်ခင် အောက်ပါ Link မှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

https://www.sigames.com/careers/qa-tester-football-manager-4-month-ftc-0

 

#SportsInteractive #FootballManager #Jerry