[Unicode]

CS:GO နဲ့ Team Fortress 2 တို့ရဲ့ source code များ ပေါက်ကြားထွက်ပေါ်လာခဲ့

 

SteamDB ရဲ့ ကြေညာချက်တစ်ခုအရ ၂၀၁၇-၂၀၁၈ ခုနှစ်လောက်တုန်းက အသုံးပြုခဲ့တဲ့ CS: GO နဲ့ Team Fortress 2 တို့ရဲ့ source code များဟာ အွန်လိုင်းပေါ်မှာ ပေါက်ကြားထွက်ပေါ်သွားခဲ့တယ်လို့ဆိုပါတယ်။ ဂိမ်းတစ်ခုရဲ့ source code များကို ရရှိထားသူဟာ ယင်းဂိမ်းကို တိုက်ခိုက် ရလွယ်ကူနိုင်တာမို့ ကစားသမား များဟာ ယင်းတို့ရဲ့ အကောင့်လုံခြုံရေးနဲ့ malware များ ဂိမ်းမှတစ်ဆင့် ပျံ့နှံ့လာမယ့် ကိစ္စတို့အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါတယ်။

ဒီကိစ္စကြောင့် Team Fortess 2 ရဲ့ community creator များဟာ server များကို ပိတ်ထားခဲ့သလို Team Fortress 2 ရဲ့ subreddit မှာလည်း မိမိတို့ရဲ့ ဂိမ်းတွင်း item များ မလုံမခြုံဖြစ်လာနိုင်တဲ့အတွက် အကောင့်ထဲ မဝင်ကြသေးဖို့ သတိပေးမှုများပေါ်ပေါက်လာခဲ့ပါတယ်။ CS: GO အတွင်းမှာလည်း cheater ပေါင်းမြောက်များစွာပေါ်ပေါက်လာနိုင်ကြောင်း အချို့ကသုံးသပ်လာကြသလို malware နဲ့ virus များ ပျံ့နှံ့လာမှာကို စိုးရိမ်တဲ့အတွက် ဂိမ်းကို uninstall လုပ်ကြသည်အထိပါ အခြေအနေများ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။

ဒါပေမည့် Valve ကတော့ ဒီ source code များ ပေါက်ကြားမှုဟာ ကစားသမားများ အတွက် စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။ Valve ရဲ့ ကြေညာချက်အတွင်းမှာ ဒီ source code များဟာ အဟောင်းများသာ ဖြစ်ပြီး ၂၀၁၇ နှောင်းပိုင်းတုန်းက နည်းပညာအကျိုးတူပူးပေါင်းသူများဆီ ချပြခဲ့ဖူးကြောင်း၊ ၂၀၁၈ မှာလည်း တစ်ခါပေါက်ကြားခဲ့ဖူးသေးကြောင်း၊ လက်ရှိ source code များ မဟုတ်တဲ့အတွက် ဂိမ်းကစားသူများရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာမရှိကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ဒီ code များကို မူလက 4chan ရဲ့ /v/ board ပေါ်မှာ တင်ထားခဲ့တာပါ။ Source code များဟာ source engine လိုင်စင်ရှိသူများ၊ Valve မှာ အလုပ်လုပ်နေကြသူများနဲ့ နည်းပညာ အကျိုးတူပူးပေါင်း စာချုပ် ချုပ်ဆိုထားသူများသာ သိခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် Valve ကို ထိခိုက်အောင် အတွင်းလူ တစ်ယောက်က ဒီ code များကို တမင်သက်သက်ထုတ်ချပြခဲ့တာဖြစ်ကြောင်း အများက သုံးသပ် နေကြပါတယ်။

Valve ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းသွားမယ်လို့ ကြေညာထားပါတယ်။ မည်သို့ပင်ဖြစ်စေ CS: GO မှာတော့ ယခင်အတိုင်း ကစားသူများနဲ့ ပြန်လည်စည်ကားနေပြီပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: polygon, SteamDB Twitter


[ZawGyi]

CS:GO နဲ႔ Team Fortress 2 တို႔ရဲ႕ source code မ်ား ေပါက္ၾကားထြက္ေပၚလာခဲ့

 

SteamDB ရဲ႕ ေၾကညာခ်က္တစ္ခုအရ ၂၀၁၇-၂၀၁၈ ခုႏွစ္ေလာက္တုန္းက အသုံးျပဳခဲ့တဲ့ CS: GO နဲ႔ Team Fortress 2 တို႔ရဲ႕ source code မ်ားဟာ အြန္လိုင္းေပၚမွာ ေပါက္ၾကားထြက္ေပၚသြားခဲ့တယ္လို႔ဆိုပါတယ္။ ဂိမ္းတစ္ခုရဲ႕ source code မ်ားကို ရရွိထားသူဟာ ယင္းဂိမ္းကိုတိုက္ခိုက္ရလြယ္ကူႏိုင္တာမို႔ ကစားသမား မ်ားဟာ ယင္းတို႔ရဲ႕ အေကာင့္လုံၿခဳံေရးနဲ႔ malware မ်ား ဂိမ္းမွတစ္ဆင့္ ပ်ံ႕ႏွံ႔လာမယ့္ ကိစၥတို႔အတြက္ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာခဲ့ပါတယ္။

ဒီကိစၥေၾကာင့္ Team Fortess 2 ရဲ႕ community creator မ်ားဟာ server မ်ားကို ပိတ္ထားခဲ့သလို Team Fortress 2 ရဲ႕ subreddit မွာလည္း မိမိတို႔ရဲ႕ ဂိမ္းတြင္း item မ်ား မလုံမၿခဳံျဖစ္လာႏိုင္တဲ့အတြက္ အေကာင့္ထဲ မဝင္ၾကေသးဖို႔ သတိေပးမႈမ်ားေပၚေပါက္လာခဲ့ပါတယ္။ CS: GO အတြင္းမွာလည္း cheater ေပါင္းေျမာက္မ်ားစြာေပၚေပါက္လာႏိုင္ေၾကာင္း အခ်ိဳ႕ကသုံးသပ္လာၾကသလို malware နဲ႔ virus မ်ား ပ်ံ႕ႏွံ႔လာမွာကို စိုးရိမ္တဲ့အတြက္ ဂိမ္းကို uninstall လုပ္ၾကသည္အထိပါ အေျခအေနမ်ား လႈပ္လႈပ္ရွားရွားျဖစ္သြားခဲ့ပါတယ္။

ဒါေပမည့္ Valve ကေတာ့ ဒီ source code မ်ား ေပါက္ၾကားမႈဟာ ကစားသမားမ်ား အတြက္ စိုးရိမ္စရာ မရွိဘူးလို႔ ဆိုပါတယ္။ Valve ရဲ႕ ေၾကညာခ်က္အတြင္းမွာ ဒီ source code မ်ားဟာ အေဟာင္းမ်ားသာ ျဖစ္ၿပီး ၂၀၁၇ ေႏွာင္းပိုင္းတုန္းက နည္းပညာအက်ိဳးတူပူးေပါင္းသူမ်ားဆီ ခ်ျပခဲ့ဖူးေၾကာင္း၊ ၂၀၁၈ မွာလည္း တစ္ခါေပါက္ၾကားခဲ့ဖူးေသးေၾကာင္း၊ လက္ရွိ source code မ်ား မဟုတ္တဲ့အတြက္ ဂိမ္းကစားသူမ်ားရဲ႕ လုံၿခဳံေရးအတြက္ စိတ္ပူစရာမရွိေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ဒီ code မ်ားကို မူလက 4chan ရဲ႕ /v/ board ေပၚမွာ တင္ထားခဲ့တာပါ။ Source code မ်ားဟာ source engine လိုင္စင္ရွိသူမ်ား၊ Valve မွာ အလုပ္လုပ္ေနၾကသူမ်ားနဲ႔ နည္းပညာ အက်ိဳးတူပူးေပါင္း စာခ်ဳပ္ ခ်ဳပ္ဆိုထားသူမ်ားသာ သိခြင့္ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ Valve ကို ထိခိုက္ေအာင္ အတြင္းလူ တစ္ေယာက္က ဒီ code မ်ားကို တမင္သက္သက္ထုတ္ခ်ျပခဲ့တာျဖစ္ေၾကာင္း အမ်ားက သုံးသပ္ ေနၾကပါတယ္။

Valve ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္လို႔ ဆက္လက္စုံစမ္းသြားမယ္လို႔ ေၾကညာထားပါတယ္။ မည္သို႔ပင္ျဖစ္ေစ CS: GO မွာေတာ့ ယခင္အတိုင္း ကစားသူမ်ားနဲ႔ ျပန္လည္စည္ကားေနၿပီပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: polygon, SteamDB Twitter