[Unicode]

တစ်အိမ်ထောင်စုကို PS5 တစ်လုံးစီသာ မှာယူခွင့်ပြုသွားမယ့် Sony

 

အားလုံးစောင့်မျှော်နေကြတဲ့ Sony ရဲ့ မျိုးဆက်သစ် Gaming Console “PlayStation 5” နဲ့ပတ်သတ်တဲ့ ကောလာဟလသတင်းတစ်ပုဒ် ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲထွက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ PlayStation 5 Console တွေကို Sony ဘက်ကနေ တစ်အိမ်ထောင်စု တစ်စက်စီသာ preorder တင်ခွင့် ပေးသွားမယ့်သတင်းဖြစ်ပြီး အဲဒီသတင်းကိုတော့ Reddit အသုံးပြုသူများက Sony ရဲ့ PlayStation ထုတ်ကုန်များရောင်းချရာ direct.playstation.com ဝက်ဘ်ဆိုက်မှာရှိတဲ့ source code တွေကတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

Sony ဟာ PlayStation 5 ကိုအရင်လို Disc တစ်မျိုးတည်းတင်မကဘဲ Digital ဗားရှင်းကို ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး တရားဝင်ဝက်ဘ်ဆိုက်ကမှာယူမယ်ဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ Digital သို့မဟုတ် Disc ဗားရှင်းတစ်မျိုးတည်းကိုသာ မှာယူနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Digital ဗားရှင်းရော Disc ဗားရှင်းရော ဝယ်ယူစုဆောင်းလိုတဲ့ collector တစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်တော့ PlayStation ဝက်ဘ်ဆိုက်ကတစ်မျိုးဝယ်ယူပြီး နောက်တစ်မျိုးကိုတော့ လက်ဝေခံအရောင်းဆိုင်တွေဆီက ပြန်လည်ဝယ်ယူမှပဲဖြစ်နိုင်မှာပါ။

Sony အနေနဲ့ PlayStation 5 ကို ဝယ်ယူသူတွေထံတိုက်ရိုက်ရောင်းချမှာဖြစ်ပေမယ့် Amazon နဲ့ Best Buy လို eCommerce ဝက်ဘ်ဆိုက်တွေမှာပါ Preorder တင်ခွင့်ပေးထားတာကြောင့် တစ်ဦးတည်း မူပိုင်ရောင်းချဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ကြီးမားလှတဲ့ပရိသတ်အင်အားကို လက်ရှိအချိန်အထိ Exclusive Game ကောင်းတွေနဲ့ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Sony ကတော့ PlayStation 5 အတွက်လည်း Exclusive ဂိမ်းတချို့ကိုကြေညာထားပါသေးတယ်။

အဲဒီထဲမှာ Horizon Zero Dawn ရဲ့အဆက် Horizon Forbidden West, Ratchet & Clank: Rift Apart, Demon’s Souls, Marvel’s Spider-Man: Miles Morales စတဲ့ဂိမ်းကောင်းများစွာပါဝင်ပါတယ်။ PlayStation 5 မှာ 8 cores 16 threads ပါဝင်တဲ့ AMD ရဲ့ Zen 2 CPU နဲ့ RDNA 2 AMD GPU ကိုအသုံးပြုထားပြီး Nvidia RTX GPU တွေမှာသာရှိခဲ့တဲ့ Ray Tracing နည်းပညာလည်း ပါဝင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် PC မှာရှိတဲ့ SSD တွေထက်များစွာသာလွန်တဲ့ 5.5 GBps Super-fast SSD ကို အသုံးပြုထားတာ ဖြစ်လို့ ဂိမ်းတော်တော်များများမှာ Loading ကိုစောင့်စရာလိုတော့မှာမဟုတ်ပါဘူး။ PlayStation 5 ဟာ 4K resolution မှာ 60 fps အထိရရှိအောင်ထောက်ပံ့ပေးနိုင်ပေမယ့် ဂိမ်းအများစုမှာတော့ 4K 30fps နဲ့သာ ကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ PlayStation 4 မှာထွက်ရှိခဲ့ပြီးသားဂိမ်းအားလုံးနီးပါကိုလည်း PlayStation 5 Console ပေါ်မှာကစားနိုင်အောင် ပြုလုပ်ပေးထားပါသေးတယ်။ Sony အနေနဲ့ PlayStation 5 ကို ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာထုတ်ပေးသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၅၀၀ နဲ့အထက်မှာ ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေကခန့်မှန်းကြပါတယ်။


[ZawGyi]

တစ္အိမ္ေထာင္စုကို PS5 တစ္လုံးစီသာ မွာယူခြင့္ျပဳသြားမယ့္ Sony

 

အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ Sony ရဲ႕ မ်ိဳးဆက္သစ္ Gaming Console “PlayStation 5” နဲ႔ပတ္သတ္တဲ့ ေကာလာဟလသတင္းတစ္ပုဒ္ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကပဲထြက္ရွိလာခဲ့ပါတယ္။ အဲဒါကေတာ့ PlayStation 5 Console ေတြကို Sony ဘက္ကေန တစ္အိမ္ေထာင္စု တစ္စက္စီသာ preorder တင္ခြင့္ ေပးသြားမယ့္သတင္းျဖစ္ၿပီး အဲဒီသတင္းကိုေတာ့ Reddit အသုံးျပဳသူမ်ားက Sony ရဲ႕ PlayStation ထုတ္ကုန္မ်ားေရာင္းခ်ရာ direct.playstation.com ဝက္ဘ္ဆိုက္မွာရွိတဲ့ source code ေတြကတစ္ဆင့္ ရွာေဖြေတြ႕ရွိခဲ့တာပဲျဖစ္ပါတယ္။

Sony ဟာ PlayStation 5 ကိုအရင္လို Disc တစ္မ်ိဳးတည္းတင္မကဘဲ Digital ဗားရွင္းကို ထုတ္လုပ္ေပးသြားမွာျဖစ္ၿပီး တရားဝင္ဝက္ဘ္ဆိုက္ကမွာယူမယ္ဆိုရင္ေတာ့ မိမိႀကိဳက္ႏွစ္သက္ရာ Digital သို႔မဟုတ္ Disc ဗားရွင္းတစ္မ်ိဳးတည္းကိုသာ မွာယူႏိုင္မွာျဖစ္ပါတယ္။ တကယ္လို႔ ကိုယ္က Digital ဗားရွင္းေရာ Disc ဗားရွင္းေရာ ဝယ္ယူစုေဆာင္းလိုတဲ့ collector တစ္ဦးျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ PlayStation ဝက္ဘ္ဆိုက္ကတစ္မ်ိဳးဝယ္ယူၿပီး ေနာက္တစ္မ်ိဳးကိုေတာ့ လက္ေဝခံအေရာင္းဆိုင္ေတြဆီက ျပန္လည္ဝယ္ယူမွပဲျဖစ္ႏိုင္မွာပါ။

Sony အေနနဲ႔ PlayStation 5 ကို ဝယ္ယူသူေတြထံတိုက္႐ိုက္ေရာင္းခ်မွာျဖစ္ေပမယ့္ Amazon နဲ႔ Best Buy လို eCommerce ဝက္ဘ္ဆိုက္ေတြမွာပါ Preorder တင္ခြင့္ေပးထားတာေၾကာင့္ တစ္ဦးတည္း မူပိုင္ေရာင္းခ်ဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ဆိုရမွာပဲျဖစ္ပါတယ္။ ႀကီးမားလွတဲ့ပရိသတ္အင္အားကို လက္ရွိအခ်ိန္အထိ Exclusive Game ေကာင္းေတြနဲ႔ ထိန္းသိမ္းထားႏိုင္ဆဲျဖစ္တဲ့ Sony ကေတာ့ PlayStation 5 အတြက္လည္း Exclusive ဂိမ္းတခ်ိဳ႕ကိုေၾကညာထားပါေသးတယ္။

အဲဒီထဲမွာ Horizon Zero Dawn ရဲ႕အဆက္ Horizon Forbidden West, Ratchet & Clank: Rift Apart, Demon’s Souls, Marvel’s Spider-Man: Miles Morales စတဲ့ဂိမ္းေကာင္းမ်ားစြာပါဝင္ပါတယ္။ PlayStation 5 မွာ 8 cores 16 threads ပါဝင္တဲ့ AMD ရဲ႕ Zen 2 CPU နဲ႔ RDNA 2 AMD GPU ကိုအသုံးျပဳထားၿပီး Nvidia RTX GPU ေတြမွာသာရွိခဲ့တဲ့ Ray Tracing နည္းပညာလည္း ပါဝင္လာမွာျဖစ္ပါတယ္။

ဒါ့အျပင္ PC မွာရွိတဲ့ SSD ေတြထက္မ်ားစြာသာလြန္တဲ့ 5.5 GBps Super-fast SSD ကို အသုံးျပဳထားတာ ျဖစ္လို႔ ဂိမ္းေတာ္ေတာ္မ်ားမ်ားမွာ Loading ကိုေစာင့္စရာလိုေတာ့မွာမဟုတ္ပါဘူး။ PlayStation 5 ဟာ 4K resolution မွာ 60 fps အထိရရွိေအာင္ေထာက္ပံ့ေပးႏိုင္ေပမယ့္ ဂိမ္းအမ်ားစုမွာေတာ့ 4K 30fps နဲ႔သာ ကစားႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

ထူးျခားခ်က္တစ္ခုအေနနဲ႔ PlayStation 4 မွာထြက္ရွိခဲ့ၿပီးသားဂိမ္းအားလုံးနီးပါကိုလည္း PlayStation 5 Console ေပၚမွာကစားႏိုင္ေအာင္ ျပဳလုပ္ေပးထားပါေသးတယ္။ Sony အေနနဲ႔ PlayStation 5 ကို ၂၀၂၀ ႏွစ္ကုန္ပိုင္းေလာက္မွာထုတ္ေပးသြားမွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ကေတာ့ ေဒၚလာ ၅၀၀ နဲ႔အထက္မွာ ရွိႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြကခန႔္မွန္းၾကပါတယ္။