[Zawgyi]

“ကံဆိုးေနတဲ့ နာမည္ၾကီး Streamer မ်ား”

 

နာမည္ၾကီး ဂိမ္း streamer ႏွစ္ေယာက္ျဖစ္တဲ့ Shroud နဲ႔ Ninja တို့ဟာ မၾကာေသးမီက ကံဆိုးမႈမ်ားကို ရင္ဆိုင္ခဲ့ၾကရပါတယ္။ ႏွစ္ေယာက္လုံးဟာ မူလက Twitch ေပၚမွာ လူၾကိဳက္အမ်ားဆုံး streamer မ်ား ျဖစ္ခဲ့ျပီး သိပ္မၾကာေသးမီကေတာ့ Ninja ဟာ Mixer ကို ေရြွ႕ေျပာင္းသြားခဲ့ပါတယ္။ Shroud ဟာ လက္ရွိမွာ Apex Legends ကစားတာကို အမ်ားဆုံး stream လႊင့္ေလ့ရွိျပီး Ninja ကေတာ့ Fortnite ကစားသမား တစ္ဦးျဖစ္ပါတယ္။

Shroud Twitter Account

 

Shroud အတြက္ မၾကာေသးမီက ၾကံဳခဲ့ရတဲ့ ကံဆိုးမႈကေတာ့ သူအသုံးျပဳေနတဲ့ Twitter အေကာင့္ hack ခံရျပီး ပုဂၢိဳလ္ေရးအရ ေႏွာင့္ယွက္ခံရတာပါ။ Hacker ဟာ Shroud အေယာင္ေဆာင္ျပီး Shroud နဲ႔ မသက္ဆိုင္တဲ့ အျခားသူမ်ားရဲ႕ အေကာင့္မ်ားကို follow လုပ္ဖုိ႔ Twitter ေပၚမွာ ေရးသားျခင္းမ်ား ၾကိမ္ဖန္မ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။ Shroud ရဲ႕ Twitter အေကာင့္က follower ေပါင္း ၁.၃ သန္းေက်ာ္ဟာ ဒါေတြကို ျမင္ေတြ့ခဲ့ရပါတယ္။

 

Hacked posts

Hacker ဟာ Twitter ေပၚမွာ tweet ပုိ႔စ္ေပါင္း ၂၀ ေက်ာ္ေလာက္ တင္ခဲ့ျပီး ပို႔စ္အခ်ိဳ႕မွာ ရိုင္းစိုင္းတဲ့ စကားလုံးမ်ားလည္း ပါဝင္ခဲ့သလို ပုဂၢိဳလ္ေရး ေပါက္ၾကားမႈမ်ားျဖစ္ေအာင္ျပဳလုပ္မယ္လုိ့လည္း ျခိမ္းေျခာက္ခဲ့ပါတယ္။ ဒါေပမယ့္ Twitter အေကာင့္ကိုပဲ hack ခံခဲ့ရတာျဖစ္ျပီး အျခား Instagram, Youtube နဲ႔ Twitch အေကာင့္မ်ားကေတာ့ လုံျခံဳစြာရွိေနခဲ့တယ္လို႔ ဆိုပါတယ္။ Shroud ခမ်ာ နာရီေပါင္းမ်ားစြာၾကာမွ Twitter အေကာင့္ကို ျပန္ယူႏိုင္ခဲ့ျပီး hacker တင္ထားတဲ့ tweet မ်ားကို ဖ်က္ခဲ့ရပါတယ္။

Ninja အတြက္ ၾကံဳခဲ့ရတာကေတာ့ သူ႔ရဲ႕ Twitch channel ဟာ porn channel တစ္ခုကို ထိပ္ဆုံးက recommendလုပ္ ညြွန္ျပေနတာပါ။ Ninja ဟာ Twitch ကို စြန္႔ခြာျပီး Mixer ကို ေရြွ႕ေျပာင္းခဲ့တာ ရက္ပိုင္းပဲ ရွိေသးတဲ့ အခ်ိန္မွာ ျဖစ္ခဲ့တာပါ။ သူ မသုံးေတာ့ပဲ offline ျဖစ္ေနတဲ့ သူ႔ရဲ႕ Twitch channel ဟာ follower ေပါင္း ၁၄.၇ သန္းေက်ာ္ကို porn သြားၾကည့္ဖုိ့ ညြွန္ျပေနသလုိ ျဖစ္ခဲ့ပါတယ္။

သူဟာ Twitch ကုိ မသုံးေတာ့ေပမယ့္ အျခားသူမ်ားက ျမင္သြားခဲ့ျပီး နာမည္ၾကီးလာလုိ့ ျပန္သိသြားခဲ့ပါတယ္။ တင္ထားတဲ့ porn video တစ္ခုဟာ ၾကည့္ရႈသူ ၄ သန္းေက်ာ္ေတာင္ ရရွိထားပါတယ္။ ဒီလိုျဖစ္ခဲ့တဲ့အတြက္ Ninja ဟာ Twitch ကို ျပစ္တင္ ေဝဖန္ခဲ့ပါတယ္။

Fornite ဟာ အသက္ငယ္သူအမ်ားစု ကစားၾကတဲ့ဂိမ္းျဖစ္လို႔ Fornite streamer Ninja ရဲ႕ Twitch channel ကုိ ဝင္ၾကည့္ၾကတဲ့ ကေလးသူငယ္ အရြယ္မေရာက္ေသးသူမ်ားဟာ မသင့္ေလ်ွာ္တာေတြကို ျမင္ေတြ႔သြားႏိုင္ပါတယ္။ Ninja က “ဒီကိစၥဟာ ရြံရွာစက္ဆုပ္ဖြယ္ေကာင္းျပီး က်ြန္ေတာ္ အလြန္ဝမ္းနည္းပါတယ္” လုိ႔ ေျပာခဲ့ျပီး Twitch ရဲ႕ CEO ကေတာ့ Ninja ကို အႏူးအညြတ္ေတာင္းပန္ခဲ့ပါတယ္။ Porn ဗီဒီယိုမ်ားတင္ထားတဲ့ အေကာင့္ကိုလည္း အေရးယူမယ္လို႔ ဆိုခဲ့ပါတယ္။

Twitch ထက္ လူသုံးနည္းတဲ့ Mixer ေပၚကို ေရြႊ႕ေျပာင္းသြားတဲ့ Ninja ဟာ Twitch ေပၚမွာလုိ follower မ်ား ျပန္ရဖုိ႔ ရုန္းကန္ေနရတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ Microsoft ရဲ႕ Mixer ဟာ Ninja ကို ေခၚယူခဲ့တဲ့အတြက္ အရင္ထက္ ပိုျပီးလူၾကိဳက္မ်ားလာေပမယ့္ Twitch ကိုေတာ့ မမီေသးပါဘူး။ ဒီလို ေရြႊ႕ေျပာင္းခဲ့တဲ့အတြက္ Ninja ဟာ Twitch ေပၚက သူ႔ရဲ႕ follower မ်ားျပားလွတဲ့ channel ကို စြန္႔လႊတ္ျပီး ထားခဲ့ရပါတယ္။

လူသိမ်ားတဲ့ ဂိမ္း streamer တစ္ေယာက္အျဖစ္ ရပ္တည္ရတာ တစ္ခါတစ္ရံမွာ ကံဆိုးမႈမ်ားနဲ႔ အခက္အခဲမ်ားကို အျခားသူမ်ားထက္ ၾကံဳေတြ႕ရေလ့ရွိပါတယ္။ မိမိရဲ႕ ေအာင္ျမင္မႈကို ထိန္းထားဖုိ႔ ခက္ခဲတတ္သလို မုန္းတီးသူမ်ားက တိုက္ခိုက္တာကို ၾကံ႕ၾကံ႕ခံႏိုင္ဖုိ့လည္း လိုအပ္ပါတယ္။ ဂိမ္းဝါသနာရွင္မ်ားကေတာ့ တစ္ကမၻာလုံးက တကယ္ေတာ္တဲ့ ဂိမ္း streamer မ်ားကို ဆက္လက္အားေပးေနၾကမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

ကံဆိုးနေတဲ့ နာမည်ကြီး Streamer များ

 

နာမည်ကြီး ဂိမ်း streamer နှစ်ယောက်ဖြစ်တဲ့ Shroud နဲ့ Ninja တို့ဟာ မကြာသေးမီက ကံဆိုးမှုများကို ရင်ဆိုင်ခဲ့ကြရပါတယ်။ နှစ်ယောက်လုံးဟာ မူလက Twitch ပေါ်မှာ လူကြိုက်အများဆုံး streamer များ ဖြစ်ခဲ့ပြီး သိပ်မကြာသေးမီကတော့ Ninja ဟာ Mixer ကို ရွှေ့ပြောင်းသွားခဲ့ပါတယ်။ Shroud ဟာ လက်ရှိမှာ Apex Legends ကစားတာကို အများဆုံး stream လွှင့်လေ့ရှိပြီး Ninja ကတော့ Fortnite ကစားသမား တစ်ဦးဖြစ်ပါတယ်။

Shroud Twitter Account

Shroud အတွက် မကြာသေးမီက ကြုံခဲ့ရတဲ့ ကံဆိုးမှုကတော့ သူအသုံးပြုနေတဲ့ Twitter အကောင့် hack ခံရပြီး ပုဂ္ဂိုလ်ရေးအရ နှောင့်ယှက်ခံရတာပါ။ Hacker ဟာ Shroud အယောင်ဆောင်ပြီး Shroud နဲ့ မသက်ဆိုင်တဲ့ အခြားသူများရဲ့ အကောင့်များကို follow လုပ်ဖို့ Twitter ပေါ်မှာ ရေးသားခြင်းများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပါတယ်။ Shroud ရဲ့ Twitter အကောင့်က follower ပေါင်း ၁.၃ သန်းကျော်ဟာ ဒါတွေကို မြင်တွေ့ခဲ့ရပါတယ်။

Hacked posts

Hacker ဟာ Twitter ပေါ်မှာ tweet ပို့စ်ပေါင်း ၂၀ ကျော်လောက် တင်ခဲ့ပြီး ပို့စ်အချို့မှာ ရိုင်းစိုင်းတဲ့ စကားလုံးများလည်း ပါဝင်ခဲ့သလို ပုဂ္ဂိုလ်ရေး ပေါက်ကြားမှုများဖြစ်အောင်ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် Twitter အကောင့်ကိုပဲ hack ခံခဲ့ရတာဖြစ်ပြီး အခြား Instagram, Youtube နဲ့ Twitch အကောင့်များကတော့ လုံခြုံစွာရှိနေခဲ့တယ်လို့ ဆိုပါတယ်။ Shroud ခမျာ နာရီပေါင်းများစွာကြာမှ Twitter အကောင့်ကို ပြန်ယူနိုင်ခဲ့ပြီး hacker တင်ထားတဲ့ tweet များကို ဖျက်ခဲ့ရပါတယ်။

Ninja အတွက် ကြုံခဲ့ရတာကတော့ သူ့ရဲ့ Twitch channel ဟာ porn channel တစ်ခုကို ထိပ်ဆုံးက recommendလုပ် ညွှန်ပြနေတာပါ။ Ninja ဟာ Twitch ကို စွန့်ခွာပြီး Mixer ကို ရွှေ့ပြောင်းခဲ့တာ ရက်ပိုင်းပဲ ရှိသေးတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။ သူ မသုံးတော့ပဲ offline ဖြစ်နေတဲ့ သူ့ရဲ့ Twitch channel ဟာ follower ပေါင်း ၁၄.၇ သန်းကျော်ကို porn သွားကြည့်ဖို့ ညွှန်ပြနေသလို ဖြစ်ခဲ့ပါတယ်။

သူဟာ Twitch ကို မသုံးတော့ပေမယ့် အခြားသူများက မြင်သွားခဲ့ပြီး နာမည်ကြီးလာလို့ ပြန်သိသွားခဲ့ပါတယ်။ တင်ထားတဲ့ porn video တစ်ခုဟာ ကြည့်ရှုသူ ၄ သန်းကျော်တောင် ရရှိထားပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့အတွက် Ninja ဟာ Twitch ကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

Fornite ဟာ အသက်ငယ်သူအများစု ကစားကြတဲ့ဂိမ်းဖြစ်လို့ Fornite streamer Ninja ရဲ့ Twitch channel ကို ဝင်ကြည့်ကြတဲ့ ကလေးသူငယ် အရွယ်မရောက်သေးသူများဟာ မသင့်လျှော်တာတွေကို မြင်တွေ့သွားနိုင်ပါတယ်။ Ninja က “ဒီကိစ္စဟာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းပြီး ကျွန်တော် အလွန်ဝမ်းနည်းပါတယ်” လို့ ပြောခဲ့ပြီး Twitch ရဲ့ CEO ကတော့ Ninja ကို အနူးအညွတ်တောင်းပန်ခဲ့ပါတယ်။ Porn ဗီဒီယိုများတင်ထားတဲ့ အကောင့်ကိုလည်း အရေးယူမယ်လို့ ဆိုခဲ့ပါတယ်။

Twitch ထက် လူသုံးနည်းတဲ့ Mixer ပေါ်ကို ရွှေ့ပြောင်းသွားတဲ့ Ninja ဟာ Twitch ပေါ်မှာလို follower များ ပြန်ရဖို့ ရုန်းကန်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ Microsoft ရဲ့ Mixer ဟာ Ninja ကို ခေါ်ယူခဲ့တဲ့အတွက် အရင်ထက် ပိုပြီးလူကြိုက်များလာပေမယ့် Twitch ကိုတော့ မမီသေးပါဘူး။ ဒီလို ရွှေ့ပြောင်းခဲ့တဲ့အတွက် Ninja ဟာ Twitch ပေါ်က သူ့ရဲ့ follower များပြားလှတဲ့ channel ကို စွန့်လွှတ်ပြီး ထားခဲ့ရပါတယ်။

လူသိများတဲ့ ဂိမ်း streamer တစ်ယောက်အဖြစ် ရပ်တည်ရတာ တစ်ခါတစ်ရံမှာ ကံဆိုးမှုများနဲ့ အခက်အခဲများကို အခြားသူများထက် ကြုံတွေ့ရလေ့ရှိပါတယ်။ မိမိရဲ့ အောင်မြင်မှုကို ထိန်းထားဖို့ ခက်ခဲတတ်သလို မုန်းတီးသူများက တိုက်ခိုက်တာကို ကြံ့ကြံ့ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဂိမ်းဝါသနာရှင်များကတော့ တစ်ကမ္ဘာလုံးက တကယ်တော်တဲ့ ဂိမ်း streamer များကို ဆက်လက်အားပေးနေကြမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။