[Unicode]

World of Warcraft raid လုပ်ဖို့ ဒေါ်လာ ၁၃,၀၀၀ တန် သီးသန့်လေယာဉ်ငှားကာ အိမ်ပြန်ခဲ့တဲ့ Shroud

 

နာမည်ကျော် streamer တစ်ဦးဖြစ်တဲ့ Shroud ဟာ မကြာသေးမီက stream တစ်ခုအတွင်းမှာ World of Warcraft raid တစ်ခုလုပ်ဖို့အတွက် အချိန်မီအောင် အိမ်အမြန်ပြန်ခဲ့ဖူးတဲ့အကြောင်းကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ယင်း stream အတွင်းမှာ Shroud ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အကြောင်းအရာ များကို just9n နဲ့ အတူ ဆွေးနွေးနေခဲ့တာဖြစ်ပြီး ယင်းတို့ထဲမှာ လေယာဉ်လက်မှတ် ဈေးနှုန်းများ ပြောင်းလဲသွားတဲ့ အကြောင်းလည်း ပါဝင်ပါတယ်။

Shroud ပြောသွားခဲ့တဲ့ထဲမှာတော့ သူဟာ ဖေဖော်ဝါရီလတုန်းက လတ်စ်ဗီးဂတ်စ်ကို ရောက်ရှိသွားခဲ့ပြီး လော့စ်အိန်ဂျလိစ်မြို့ကို အမြန်ပြန်ဖို့အတွက် လိုအပ်နေခဲ့ကြောင်း၊ သူ ကစားနေတဲ့ World of Warcraft Classic ထဲက Blackwing Lair စတင်ဖွင့်လှစ်မယ့်အချိန်မီဖို့အတွက် အမြန်ပြန်လိုခဲ့တာဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

သာမန်လေယာဉ်နဲ့ လတ်စ်ဗီးဂတ်စ်ကနေ လော့စ်အိန်ဂျလိစ်ကို ပြန်ရင် ဒေါ်လာ ၁,၅၀၀ ခန့်သာ ကျသင့်မှာဖြစ်ပေမယ့် အချိန်မီမှာ မဟုတ်ကြောင်း၊ ဒါကြောင့် တစ်နာရီကို ဒေါ်လာ ၆,၆၀၀ ပေးရတဲ့ သီးသန့်လေယာဉ်နဲ့ အမြန်ပြန်ခဲ့တာဖြစ်ပြီး ခရီးစဉ်ဟာ ၂ နာရီခန့်ကြာမြင့်ခဲ့တဲ့အတွက် ဒေါ်လာ ၁၃,၀၀၀ ဝန်းကျင်ကျသင့်သွားခဲ့ရတာဖြစ်ကြောင်းတို့ကိုလည်း Shroud က ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ် သြဂုတ်လမှာ ထွက်ရှိခဲ့တဲ့ World of Warcraft Classic ဟာ ဂိမ်မာများကြားမှာ အလွန်ရေပန်းစားသွားခဲ့တဲ့ဂိမ်းတစ်ခုပါ။ လက်ရှိအချိန် Mixer ပေါ် ရောက်ရှိနေတဲ့ Shroud ဟာ FPS ဂိမ်းများကိုသာ အဓိက stream လွှင့်နေပေမယ့် World of Warcraft ကိုလည်း အလွန်နှစ်သက်လို့ ပုံမှန်ကစားလေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။

Shroud steaming WoW

Shroud ဟာ Twitch ပေါ်မှာ ရှိနေခဲ့စဉ်တည်းက World of Warcraft Classic ကို စတင် stream လွှင့်ခဲ့တာဖြစ်ပြီး ထိုစဉ်က Shroud ရဲ့ ချန်နယ်ဟာ Twitch subscriber ၂,၀၀၀ ခန့် လျော့ကျသွားခဲ့ဖူးပါတယ်။ မည်သို့ပင်ဖြစ်စေ World of Warcraft ဟာ ခေတ်ဟောင်းဂိမ်မာများရဲ့ နှလုံးသားကို အလွန်ဖမ်းစားထားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ကြောင်း ယခုအဖြစ်အပျက်လေးက သက်သေခံလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports


[ZawGyi]

World of Warcraft raid လုပ္ဖို႔ ေဒၚလာ ၁၃,၀၀၀ တန္ သီးသန႔္ေလယာဥ္ငွားကာ အိမ္ျပန္ခဲ့တဲ့ Shroud

 

နာမည္ေက်ာ္ streamer တစ္ဦးျဖစ္တဲ့ Shroud ဟာ မၾကာေသးမီက stream တစ္ခုအတြင္းမွာ World of Warcraft raid တစ္ခုလုပ္ဖို႔အတြက္ အခ်ိန္မီေအာင္ အိမ္အျမန္ျပန္ခဲ့ဖူးတဲ့အေၾကာင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ယင္း stream အတြင္းမွာ Shroud ဟာ လက္ရွိျဖစ္ေပၚေနတဲ့ Covid-19 ကာလအတြင္း အေၾကာင္းအရာ မ်ားကို just9n နဲ႔ အတူ ေဆြးေႏြးေနခဲ့တာျဖစ္ၿပီး ယင္းတို႔ထဲမွာ ေလယာဥ္လက္မွတ္ ေဈးႏႈန္းမ်ား ေျပာင္းလဲသြားတဲ့ အေၾကာင္းလည္း ပါဝင္ပါတယ္။

Shroud ေျပာသြားခဲ့တဲ့ထဲမွာေတာ့ သူဟာ ေဖေဖာ္ဝါရီလတုန္းက လတ္စ္ဗီးဂတ္စ္ကို ေရာက္ရွိသြားခဲ့ၿပီး ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ကို အျမန္ျပန္ဖို႔အတြက္ လိုအပ္ေနခဲ့ေၾကာင္း၊ သူ ကစားေနတဲ့ World of Warcraft Classic ထဲက Blackwing Lair စတင္ဖြင့္လွစ္မယ့္အခ်ိန္မီဖို႔အတြက္ အျမန္ျပန္လိုခဲ့တာျဖစ္ေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

သာမန္ေလယာဥ္နဲ႔ လတ္စ္ဗီးဂတ္စ္ကေန ေလာ့စ္အိန္ဂ်လိစ္ကို ျပန္ရင္ ေဒၚလာ ၁,၅၀၀ ခန႔္သာ က်သင့္မွာျဖစ္ေပမယ့္ အခ်ိန္မီမွာ မဟုတ္ေၾကာင္း၊ ဒါေၾကာင့္ တစ္နာရီကို ေဒၚလာ ၆,၆၀၀ ေပးရတဲ့ သီးသန႔္ေလယာဥ္နဲ႔ အျမန္ျပန္ခဲ့တာျဖစ္ၿပီး ခရီးစဥ္ဟာ ၂ နာရီခန႔္ၾကာျမင့္ခဲ့တဲ့အတြက္ ေဒၚလာ ၁၃,၀၀၀ ဝန္းက်င္က်သင့္သြားခဲ့ရတာျဖစ္ေၾကာင္းတို႔ကိုလည္း Shroud က ေျပာခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ၾသဂုတ္လမွာ ထြက္ရွိခဲ့တဲ့ World of Warcraft Classic ဟာ ဂိမ္မာမ်ားၾကားမွာ အလြန္ေရပန္းစားသြားခဲ့တဲ့ဂိမ္းတစ္ခုပါ။ လက္ရွိအခ်ိန္ Mixer ေပၚ ေရာက္ရွိေနတဲ့ Shroud ဟာ FPS ဂိမ္းမ်ားကိုသာ အဓိက stream လႊင့္ေနေပမယ့္ World of Warcraft ကိုလည္း အလြန္ႏွစ္သက္လို႔ ပုံမွန္ကစားေလ့ရွိသူတစ္ဦး ျဖစ္ပါတယ္။

Shroud steaming WoW

Shroud ဟာ Twitch ေပၚမွာ ရွိေနခဲ့စဥ္တည္းက World of Warcraft Classic ကို စတင္ stream လႊင့္ခဲ့တာျဖစ္ၿပီး ထိုစဥ္က Shroud ရဲ႕ ခ်န္နယ္ဟာ Twitch subscriber ၂,၀၀၀ ခန႔္ ေလ်ာ့က်သြားခဲ့ဖူးပါတယ္။ မည္သို႔ပင္ျဖစ္ေစ World of Warcraft ဟာ ေခတ္ေဟာင္းဂိမ္မာမ်ားရဲ႕ ႏွလုံးသားကို အလြန္ဖမ္းစားထားႏိုင္တဲ့ ဂိမ္းတစ္ခုျဖစ္ေၾကာင္း ယခုအျဖစ္အပ်က္ေလးက သက္ေသခံလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dotesports