[Unicode]

“Shroud လည်း Mixer ကို ပြောင်းပြီ။”

ဂိမ်းလောကရဲ့ ထိပ်တန်း steamer များထဲက တစ်ယောက်ဖြစ်တဲ့ Shroud ဟာ အောက်တိုဘာ ၂၄ ရက်နေ့က Twitch ကို စွန့်ခွာပြီး Microsoft ရဲ့ Mixer ပေါ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာသေးမီက Ninja ဟာလည်း အလားတူ ပြောင်းရွှေ့မှုပြုလုပ်ခဲ့လို Shroud ဟာ Mixer ပလက်ဖောင်းကို ဒုတိယမြောက်ပြောင်းရွှေ့တဲ့ နာမည်ကြီး streamer ဖြစ်လာခဲ့ပါတယ်။

ဒီလို ပြောင်းရွှေ့တဲ့အကြောင်းကို Shroud ဟာ သူ့ရဲ့ Twitter ပေါ်မှာ “Same shroud. New home. mixer.com/shroud” လို့ ရေးသားခဲ့ပါတယ်။ Ninja လိုပဲ သူဟာလည်း Mixer ကို ရွေးချယ်လိုက်ကြောင်း ဆိုလိုထားဟန်ရှိပြီး ဘာကြောင့်ပြောင်းလဲတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောကြားထားခဲ့ခြင်း မရှိပါဘူး။

Shroud ဟာ ဂိမ်းတစ်မျိုးထဲကို ကစားပြီး stream လွှင့်သူ မဟုတ်ပဲ စွယ်စုံရလှတဲ့ FPS streamer တစ်ဦးပါ။ Apex Legends, Rainbow Six Siege, Counter-Strike: Global Offensive, Minecraft စတဲ့ဂိမ်းများကို ဆော့ကစားပြလေ့ရှိတဲ့ Shrould ဟာ follower ၆.၅ သန်းကျော် ရရှိထားခဲ့လို့ Twitch ရဲ့ ဒုတိယမြောက်အကြီးဆုံး streamer အဖြစ် ရပ်တည်နေနိုင်ခဲ့ပါတယ်။

Arsenal.gg ရဲ့ ဖော်ပြချက်များအရ Shroud ဟာ ဂိမ်းတစ်ပွဲမှ မကစားပြရသေးခင်မှာတင် Mixer ပေါ်မှာ follower ၂၄,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ Call of Duty: Modern Warfare ကို install ပြုလုပ်ခဲ့တဲ့အချိန်မှာ အမြင့်ဆုံးကြည့်ရှုသူပေါင်း ၇၈,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ပျှမ်းမျှကြည့်ရှုသူ ၆၇,၀၀၀ ကျော် ရရှိခဲ့ပါတယ်။ ဒီအချက်အလက်များဟာ Shroud နဲ့ Modern Warfare ကို လူအများအလွန်စိတ်ဝင်စားလှကြောင်း သိသာပေါ်လွင်စေလှပါတယ်။

ဒီလို အောင်မြင်မှုများ ရရှိခဲ့လို့လည်း Shroud ဟာ fan များနဲ့ Mixer community များကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Microsoft လို အင်အားကြီးကုမ္ပဏီကြီးများရဲ့ အာရုံစိုက် ကြိုးပမ်းနေမှုများက ဂိမ်းလောကရဲ့ အနာဂတ်ဟာ ယခုထက်ပိုမိုတောက်ပလာဦးမှာဖြစ်ကြောင်း ညွှန်ပြချက်များပဲ ဖြစ်နေပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: PCgamer, Dexerto

Article by Combo


[Zawgyi]

“Shroud လည္း Mixer ကို ေျပာင္းျပီ။”

ဂိမ္းေလာကရဲ႕ ထိပ္တန္း steamer မ်ားထဲက တစ္ေယာက္ျဖစ္တဲ့ Shroud ဟာ ေအာက္တိုဘာ ၂၄ ရက္ေန႔က Twitch ကို စြန္႔ခြာျပီး Microsoft ရဲ႕ Mixer ေပၚကို ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။ မၾကာေသးမီက Ninja ဟာလည္း အလားတူ ေျပာင္းေရႊ႕မႈျပဳလုပ္ခဲ့လို Shroud ဟာ ဒုတိယေျမာက္ေျပာင္းေရႊ႕တဲ့ နာမည္ၾကီး streamer ျဖစ္လာခဲ့ပါတယ္။

ဒီလို ေျပာင္းေရႊ႕တဲ့အေၾကာင္းကို Shroud ဟာ သူ႕ရဲ႕ Twitter ေပၚမွာ “Same shoud. New home. mixer.com/shroud” လို႔ ေရးသားခဲ့ပါတယ္။ Ninja လိုပဲ သူဟာလည္း Mixer ကို ေရြးခ်ယ္လိုက္ေၾကာင္း ဆိုလိုထားဟန္ရွိျပီး ဘာေၾကာင့္ေျပာင္းလဲတယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ ေျပာၾကားထားခဲ့ျခင္း မရွိပါဘူး။

Shroud ဟာ ဂိမ္းတစ္မ်ိဳးထဲကို ကစားျပီး stream လႊင့္သူ မဟုတ္ပဲ စြယ္စုံရလွတဲ့ FPS streamer တစ္ဦးပါ။ Apex Legends, Rainbow Six Siege, Counter-Strike: Global Offensive, Minecraft စတဲ့ဂိမ္းမ်ားကို ေဆာ့ကစားျပေလ့ရွိတဲ့ Shrould ဟာ follower ၆.၅ သန္းေက်ာ္ ရရွိထားခဲ့လို႔ Twitch ရဲ႕ ဒုတိယေျမာက္အၾကီးဆုံး streamer အျဖစ္ ရပ္တည္ေနႏိုင္ခဲ့ပါတယ္။

Arsenal.gg ရဲ႕ ေဖာ္ျပခ်က္မ်ားအရ Shroud ဟာ ဂိမ္းတစ္ပြဲမွ မကစားျပရေသးခင္မွာတင္ Mixer ေပၚမွာ follower ၂၄,၀၀၀ ေက်ာ္ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ Call of Duty: Modern Warfare ကို install ျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ အျမင့္ဆုံးၾကည့္ရႈသူေပါင္း ၇၈,၀၀၀ ေက်ာ္အထိ ျမင့္တက္ခဲ့ျပီး ပွ်မ္းမွ်ၾကည့္ရႈသူ ၆၇,၀၀၀ ေက်ာ္ ရရွိခဲ့ပါတယ္။ ဒီအခ်က္အလက္မ်ားဟာ Shroud နဲ႔ Modern Warfare ကို လူအမ်ားအလြန္စိတ္ဝင္စားလွေၾကာင္း သိသာေပၚလြင္ေစလွပါတယ္။

ဒီလို ေအာင္ျမင္မႈမ်ား ရရွိခဲ့လို့လည္း Shroud ဟာ fan မ်ားနဲ႔ Mixer community မ်ားကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ Microsoft လို အင္အားၾကီးကုမၸဏီၾကီးမ်ားရဲ႕ အာရုံစိုက္ ၾကိဳးပမ္းေနမႈမ်ားက ဂိမ္းေလာကရဲ႕ အနာဂတ္ဟာ ယခုထက္ပိုမိုေတာက္ပလာဦးမွာျဖစ္ေၾကာင္း ညႊန္ျပခ်က္မ်ားပဲ ျဖစ္ေနပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: PCgamer, Dexerto

Article by Combo