[Unicode]

Twitch ပေါ်ကို ပြန်လည်ရောက်ရှိပြီး ၂ ပတ်အတွင်းမှာတင် follower သစ် ၆ သိန်းကျော် ရရှိခဲ့တဲ့ Shroud

 

Shroud ဟာ Twitch ပေါ်ကို အထူးသီးသန့်စာချုပ်နဲ့အတူ ပြန်ရောက်လာခဲ့တာ ယခုဆိုရင် ၂ ပတ်ကျော် အချိန်ကာလအတွင်းကို ရောက်ရှိလာခဲ့ပါပြီ။ မူလတည်းက Twitch streamer တစ်ဦးဖြစ်ခဲ့တဲ့ Shroud ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာမှ Mixer ပေါ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး Mixer ဖျက်သိမ်းသွားခဲ့ချိန်မှာ Twitch ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Twitch စာရင်းအင်းအချက်အလက်ပြဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ SullyGnome ရဲ့ ဖော်ပြချက်အရ Shroud ဟာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ follower သစ်ပေါင်း ၆ သိန်းကျော်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယင်း ၂ ပတ်အတွင်းမှာ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူအရေအတွက် ၄၇၁,၂၈၁ နဲ့ streamer များ အားလုံးကို ဦးဆောင်နေခဲ့သလို Twitch ရဲ့ တတိယ follower အများဆုံး streamer လည်း ဖြစ်လာခဲ့ပါတယ်။

Twitch ရဲ့ အအောင်မြင်ဆုံး streamer ဖြစ်သူ Ninja တစ်ယောက် Mixer ကို ထွက်ခွာသွားခဲ့စဉ်က အချိန်တုန်းကတော့ Shroud ဟာ Twitch ရဲ့ ကြည့်ရှုသူအများဆုံး streamer ဖြစ်ခဲ့ဖူးပါတယ်။ ထိုစဉ်က Shroud ရဲ့ ကြည့်ရှုသူအရေအတွက်ဟာ TimTheTatman, Gaules, Tfue စတဲ့ နာမည်ကျော် streamer များအားလုံးထက် များပြားခဲ့ပါတယ်။

Mixer ပေါ်ကို ရောက်ရှိသွားစဉ်မှာတော့ ကြည့်ရှုသူအရေအတွက် အလွန်နည်းပါးသွားခဲ့ပါတယ်။ Shroud ရဲ့ Mixer ချန်နယ်မှာ ပျှမ်းမျှကြည့်ရှုသူအရေအတွက် ၂၄,၀၀၀ ကျော်လောက်သာ အများဆုံးရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အရေအတွက် ၁၀,၀၀၀ လောက်သာရှိတော့သည်အထိ ကျဆင်းသွားခဲ့ပါတယ်။

အတိတ်မှာ CS: GO pro ကစားသမားတစ်ဦးအဖြစ်ရပ်တည်ခဲ့ဖူးပြီး Apex Legends stream များစွာ လွှင့်ခဲ့ဖူးတဲ့ Shroud ဟာ ယခုအချိန်မှာတော့ VALORANT နဲ့ Call of Duty: Modern Warfare တို့ကိုသာ အဓိက stream လွှင့်လျက်ရှိပါတယ်။ Shroud ရဲ့ Twitch stream များကို ရှေးယခင်ကလိုပဲ ဆက်လက် မြင်တွေ့နေရဦးမှာ ဖြစ်ကြောင်း ပရိသတ်များအတွက် သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: sullygnome


[ZawGyi]

Twitch ေပၚကို ျပန္လည္ေရာက္ရွိၿပီး ၂ ပတ္အတြင္းမွာတင္ follower သစ္ ၆ သိန္းေက်ာ္ ရရွိခဲ့တဲ့ Shroud

 

Shroud ဟာ Twitch ေပၚကို အထူးသီးသန႔္စာခ်ဳပ္နဲ႔အတူ ျပန္ေရာက္လာခဲ့တာ ယခုဆိုရင္ ၂ ပတ္ေက်ာ္ အခ်ိန္ကာလအတြင္းကို ေရာက္ရွိလာခဲ့ပါၿပီ။ မူလတည္းက Twitch streamer တစ္ဦးျဖစ္ခဲ့တဲ့ Shroud ဟာ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းမွာမွ Mixer ေပၚကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး Mixer ဖ်က္သိမ္းသြားခဲ့ခ်ိန္မွာ Twitch ေပၚကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

Twitch စာရင္းအင္းအခ်က္အလက္ျပဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ SullyGnome ရဲ႕ ေဖာ္ျပခ်က္အရ Shroud ဟာ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္းမွာ follower သစ္ေပါင္း ၆ သိန္းေက်ာ္ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ယင္း ၂ ပတ္အတြင္းမွာ တစ္ခ်ိန္တည္းဝင္ေရာက္ၾကည့္ရႈသူအေရအတြက္ ၄၇၁,၂၈၁ နဲ႔ streamer မ်ား အားလုံးကို ဦးေဆာင္ေနခဲ့သလို Twitch ရဲ႕ တတိယ follower အမ်ားဆုံး streamer လည္း ျဖစ္လာခဲ့ပါတယ္။

Twitch ရဲ႕ အေအာင္ျမင္ဆုံး streamer ျဖစ္သူ Ninja တစ္ေယာက္ Mixer ကို ထြက္ခြာသြားခဲ့စဥ္က အခ်ိန္တုန္းကေတာ့ Shroud ဟာ Twitch ရဲ႕ ၾကည့္ရႈသူအမ်ားဆုံး streamer ျဖစ္ခဲ့ဖူးပါတယ္။ ထိုစဥ္က Shroud ရဲ႕ ၾကည့္ရႈသူအေရအတြက္ဟာ TimTheTatman, Gaules, Tfue စတဲ့ နာမည္ေက်ာ္ streamer မ်ားအားလုံးထက္ မ်ားျပားခဲ့ပါတယ္။

Mixer ေပၚကို ေရာက္ရွိသြားစဥ္မွာေတာ့ ၾကည့္ရႈသူအေရအတြက္ အလြန္နည္းပါးသြားခဲ့ပါတယ္။ Shroud ရဲ႕ Mixer ခ်န္နယ္မွာ ပွ်မ္းမွ်ၾကည့္ရႈသူအေရအတြက္ ၂၄,၀၀၀ ေက်ာ္ေလာက္သာ အမ်ားဆုံးရရွိခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ အေရအတြက္ ၁၀,၀၀၀ ေလာက္သာရွိေတာ့သည္အထိ က်ဆင္းသြားခဲ့ပါတယ္။

အတိတ္မွာ CS: GO pro ကစားသမားတစ္ဦးအျဖစ္ရပ္တည္ခဲ့ဖူးၿပီး Apex Legends stream မ်ားစြာ လႊင့္ခဲ့ဖူးတဲ့ Shroud ဟာ ယခုအခ်ိန္မွာေတာ့ VALORANT နဲ႔ Call of Duty: Modern Warfare တို႔ကိုသာ အဓိက stream လႊင့္လ်က္ရွိပါတယ္။ Shroud ရဲ႕ Twitch stream မ်ားကို ေရွးယခင္ကလိုပဲ ဆက္လက္ ျမင္ေတြ႕ေနရဦးမွာ ျဖစ္ေၾကာင္း ပရိသတ္မ်ားအတြက္ သတင္းေကာင္းပါးလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: sullygnome