[Unicode]

TobiWan နှင့် ၎င်းအား စွပ်စွဲထားသည့် လိင်ပိုင်းဆိုင်ရာ အရှုတ်တော်ပုံများ

 

Dota 2 ပရိသတ်များရဲ့ နှစ်သက်အားပေးခြင်းကိုအခံရဆုံး Dota 2 caster များထဲကတစ်ဦးဖြစ်တဲ့ TobiWan ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များ မကြာသေးမီက ထွက်ပေါ်လာပြီးနောက် ပြဿနာအရှုပ်အထွေးများကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ TobiWan ကို စွပ်စွဲတဲ့ အမျိုးသမီး အများအပြားပေါ်ပေါက်လာခဲ့ပြီး ဒါဟာ သူ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စဟာ အခြား Dota 2 caster တစ်ဦးဖြစ်တဲ့ GranDGrant က အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကြောင်း ရှင်းလင်းရေးသားချက်များ ပါဝင်တဲ့ တွစ်တာပို့စ်တစ်ခုကို TobiWan က အားပေးအားမြှောက်လုပ်ပြီး သူ့ရဲ့တွစ်တာပေါ်မှာ ပြန်လည်ပို့စ်တင်ရေးသားရာကနေ စတင်လာခဲ့တာဖြစ်ပါတယ်။

TobiWan ပထမဆုံးရေးသားခဲ့တဲ့ ယင်းတွစ်တာပို့စ်ထဲအတွင်းမှာတော့ GranDGrant ပြုလုပ်ခဲ့တဲ့ ဒီကိစ္စဟာ စိတ်ပျက်စရာဖြစ်ကြောင်း၊ ဒီလိုကိစ္စမှာ ပါဝင်ပတ်သတ်သူအားလုံးကို အရေးယူသင့်ကြောင်း၊ ဂိမ်းလောကသားများအားလုံးလည်း ဒီအဖြစ်အပျက်ကိုဖတ်ပြီး သင်ခန်းစာယူသင့်ကြကြောင်း၊ အမျိုးသားများအနေနဲ့ ဒီလိုကိစ္စမျိုးကို ကိုယ်တိုင်မပြုလုပ်ကြသင့်သလို ပြုလုပ်ခံခဲ့ရသူများကို ကာကွယ်အားပေးကြသင့်ကြောင်း စသဖြင့် ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် TobiWan ရဲ့ ယင်းတွစ်တာပို့စ်အောက်မှာ လူတစ်ယောက်က TobiWan အနေနဲ့လည်း ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ကိစ္စများကို ပြန်လည်ဆင်ခြင်ပြီး ပြုပြင်နေထိုင်သင့်ကြောင်း၊ TobiWan ကိုယ်တိုင်က လုံးဝအပြစ်ကင်းစင်သူတစ်ယောက် မဟုတ်တာကို သူ့အနေနဲ့ သိထားကြောင်း ဝင်ရောက်ရေးသားခဲ့ပါတယ်။

TobiWan ကလည်း ထိုသူရဲ့ရေးသားချက်ကို လက်ခံပါကြောင်း၊ သူ့အနေနဲ့ မိတ်ဆွေအပေါင်းအသင်းများရဲ့ ကူညီအားပေးမှုများကြောင့် လူကောင်းသူကောင်းတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း၊ သူတစ်ယောက်တည်းသာဆိုရင် ဒီလိုပြုပြင်နိုင်ခဲ့မှာ မဟုတ်ကြောင်း ပြန်လည်ရေးသားထားခဲ့ပါတယ်။

ယင်းနောက်မှာတော့ GrandGrant ကို စွပ်စွဲခဲ့တဲ့ @cofactorstrudel ဆိုသူအမျိုးသမီးဟာ TobiWan ကို အပြစ်တင်တဲ့ တွစ်တာပို့စ်တစ်ခုကို ရေးသားခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာတော့ TobiWan အနေနဲ့ ကိုယ်ပြုလုပ်ခဲ့တဲ့အပြစ်များကို ထုတ်ဖော်ဝန်ခံမှုမပြုပဲ အပြစ်ကင်းချင်ယောင်ဆောင်ပြီး ပြောဆိုမနေသင့်ကြောင်း၊ ဂိမ်းလောကထဲက ဘယ်အမျိုးသမီးကိုမှ အပြစ်မကျူးလွန်ခဲ့ချင်ယောင် မဆောင်သင့်ကြောင်း၊ ကိုယ်လုပ်ခဲ့တဲ့ကိစ္စများအကြောင်း ကိုယ်တိုင်အသိဆုံးဖြစ်ကြောင်း စသဖြင့် ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် TobiWan ဟာ ဂိမ်းလောကကို လုံခြုံစိတ်ချရမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာအောင် ကနဦးပြုလုပ်သူများထဲမှာ ပါဝင်ခဲ့တာမို့ ပြန်လည်တာဝန်ယူသင့်ကြောင်း၊ ကိုယ်တိုင် ပြုပြင် နေထိုင်နေတယ်ဆိုပေမယ့် နစ်နာသွားသူရှိခဲ့တဲ့အတွက် ရိုးသားစွာထုတ်ဖော်ပြောကြားပြီး ရှေ့ဆက်သင့်ကြောင်းတို့ကိုလည်း @cofactorstrudel က ရေးသားခဲ့ပါတယ်။

TobiWan ဟာ မူလက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်သူများကို ရှုံ့ချတဲ့ TwitLonger ပို့စ်တစ်ခုကိုလည်း ရေးသားခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ယင်းပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဒါ့အပြင် TobiWan က သူ့အနေနဲ့ ဆိုးရွားတဲ့ကိစ္စများကို အတိတ်များ ပြုလုပ်ခဲ့ဖူးပြီး ယင်းအတွက်တောင်းပန်မှုများလည်း ပြုလုပ်လိုကြောင်း၊ ဒါကြောင့် ထိုသူများအနေနဲ့ သူ့ကို လာပြောပြကြစေလိုကြောင်း တွစ်တာပို့စ်တစ်ခု ထပ်မံရေးသားခဲ့ပါတယ်။

TobiWan ဘက်က ယင်းပို့စ်ကိုတင်လိုက်ပြီးချိန်မှာတော့ တစ်ချိန်က တွဲဘက် caster တစ်ဦးဖြစ်ခဲ့တဲ့ Capitalist က TobiWan ဟာ သာမန်လူမှုရေးညံ့ဖျင်းခဲ့တာမျိုးမဟုတ်ပဲ ပိုဆိုးတဲ့ကိစ္စများကို ပြုလုပ်ခဲ့ဖူးတာ ထင်ရှားနေပြီဖြစ်ကြောင်း၊ သူတစ်ခုခု ကျူးလွန်ခဲ့ဖူးသူရှိရင် အခုအချိန်မှာ လူသိရှင်ကြား ထုတ်ဖော် ပြောကြားစေလိုကြောင်း၊ သူ့အနေနဲ့ ထုတ်ပြောသူဘက်ကနေ ထောက်ခံပေးသွားမှဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ Capitalist ရဲ့ လက်ရှိတွဲဘက်ဖြစ်သူ Trent ကလည်း ယင်းအဆိုကို ထောက်ခံခဲ့ပါတယ်။

ယင်းနောက်မှာတော့ TobiWan ကို စွပ်စွဲတဲ့အမျိုးသမီးများ တစ်ဦးပြီးတစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။ အရင်ဆုံး ထွက်ပေါ်လာသူကတော့ @botjira ဆိုသူဖြစ်ပြီး TobiWan ဟာ သူမကို ဟိုတယ်အခန်းတစ်ခုအတွင်းမှာ အတူတကွရှိနေစေဖို့ အတင်းအကြပ်ဖိအားပေးခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ @Botjira ရဲ့ ရေးသားချက်ကို TobiWan က ပြန်လည်ချေပငြင်းပယ်ခဲ့ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သက်လို့ သူရဲ့ ရေးသားချက်အတွင်းမှာတော့ “@Botjira ဒီလိုပြောလိုက်တာဟာ ကျွန်တော့်ကို အံ့သြသွားစေခဲ့ပါတယ်။

ကျွန်တော်သူမကို စင်ကာပူက ပွဲတစ်ခုမှာ ပထမဆုံးစတွေ့ခဲ့တယ်။ ကျွန်တော့်အတွက် artwork လေးတစ်ခုဖန်တီးပေးခဲ့လို့ သူမကို Twitter ပေါ်ကနေ ကျေးဇူးတင်ကြောင်း မက်ဆေ့ပို့ပြီး ပြောခဲ့ပါတယ်။ ပွဲမပြီးသေးလို့ စင်ကာပူမှာ ကျွန်တော် တစ်ပတ်လောက် ဆက်နေခဲ့တယ်။ ယင်းအချိန်အတောအတွင်းမှာပဲ သူမကို တွေ့ဖို့ ကျွန်တော်မက်ဆေ့ထပ်ပို့ခဲ့ပါတယ်။ သူမကလည်း လက်ခံပြီး ကျွန်တော်တည်းခိုနေတဲ့ဟိုတယ်ကို လာခဲ့တယ်။

အခန်းနေရာက ကျဉ်းလွန်းတော့ တခြားနေရာမှာ ထိုင်လို့မရလို့ အိပ်ရာပေါ်မှာပဲ ထိုင်ပြီး စကားပြောနေခဲ့ကြတယ်။ အဲဒီအချိန်တုန်းက သူမ ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ ထင်လို့ ပိုပြီးနီးစပ်လာအောင် ကျွန်တော် ကြိုးပမ်းခဲ့မိပါတယ်။ ဒါပေမယ့် သူမဘက်က နောက်ဆုတ်သွားလို့ ကျွန်တော်မှားသွားပြီဆိုတာသိလိုက်ရတယ်။ ကျွန်တော်တို့ စကားနည်းနည်းဆက်ပြောဖြစ်ပြီး သူမက ပြန်တော့မယ့်အကြောင်း ပြောပါတယ်။ ကျွန်တော် နည်းနည်းရှက်သွားပြီး သူမအနေနဲ့ မဖြစ်မနေထွက်သွားဖို့ မလိုကြောင်းပြောလိုက်မိတာပါ။ ဒါပေမယ့် သူမကတော့ ပြန်သွားချင်နေခဲ့မို့ ကျွန်တော် မတားခဲ့ပါဘူး။ *မည်သို့သော အခြေအနေမှာမှ သူမကို အတူတကွရှိနေစေဖို့ ဖိအားပေးခဲ့တာမျိုး မရှိသလို ပြန်သွားတာကို တားခဲ့ခြင်းလည်း မရှိပါဘူး*” လို့ ရေးသားခဲ့ပါတယ်။

TobiWan’s Statement https://www.twitlonger.com/show/n_1sr9pi5

ယင်းနောက်မှာ TobiWan ကို ထပ်မံစွပ်စွဲလာခဲ့သူကတော့ Meruna ဆိုသူ cosplayer အမျိုးသမီးတစ်ဦးပါ။ သူမဟာ ဖြစ်ပျက်ခဲ့သမျှကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း အစောပိုင်းမှာ ရေးသားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ TobiWan ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူတစ်ယောက်ဖြစ်ကြောင်းရေးသားထားတဲ့ TwitLonger ပို့စ်တစ်ခုကို တင်ပြီး လူသိရှင်ကြားဖွင့်ဟပြောကြားခဲ့ပါတယ်။

ယင်းပို့စ်အတွင်းမှာတော့ TobiWan နဲ့ သူမဟာ ၂၀၁၁ ခုနှစ်မှာ တွေ့ဆုံခဲ့ဖူးကြပြီး ထိုစဉ်က သူမရဲ့အသက်ဟာ ၁၈ နှစ်သာရှိသေးတယ်လို့ ဆိုပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ TobiWan ဟာ မသိနားမလည်သေးတဲ့ သူမ ကို “မေးခွန်း ၂၀ ဂိမ်း” အတွင်းမှာ ညစ်ညမ်းတဲ့မေးခွန်းတစ်ခုကို နောက်ဆုံးမှာ မေးခဲ့တယ်လို့လည်း ဆိုပါတယ်။

TobiWan မေးခဲ့တဲ့ မေးခွန်းကတော့ “How many inches do you think I am?” (ငါ လက်မ ဘယ်လောက် ရှိမယ်ထင်လဲ) ဆိုတာပါ။ Meruna က သူမ အနေနဲ့ ထိုမေးခွန်းကို အရပ်အမြင့်သာ ထင်နေခဲ့ကြောင်း၊ ထိုစဉ်က စကားပြောခဲ့တဲ့ chat log ၁၅၈ မျက်နှာကို ယခုအချိန်ထိ သက်သေအဖြစ် သိမ်းထားသေးကြောင်းတို့ကိုလည်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ယင်းပို့စ်အတွင်းမှာပဲ Meruna က သူမဟာ ထိုစဉ်က မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်သာ ဖြစ်နေခဲ့လို့ ဒီအဖြစ်အပျက်ကို မခံစားနိုင်ခဲ့ကြောင်း၊ TobiWan ဟာ Kelly Milkies ကို အရှက်ရအောင် ပြုလုပ်ပြီး အသိုင်းအဝိုင်းထဲမှာ နာမည်ပျက်သွားစေခဲ့တာကိုလည်း အမှတ်ရကြောင်း၊ TobiWan ဟာ သူပြုလုပ်ခဲ့ဖူးတဲ့အမှားတွေအတွက် ခံစားခဲ့ရသူများကို ဆက်သွယ်တောင်းပန်ခဲ့ကြောင်း ပို့စ်တင် ရေးသားခဲ့ပေမယ့် သူမကို ဆက်သွယ်တောင်းပန်ခြင်းတော့ မရှိခဲ့ကြောင်း၊ ယခုအချိန်မှာတော့ သူဟာ အကြိမ်ပေါင်းများစွာတောင်းပန်နေပြီဖြစ်ပေမယ့် တကယ် ကောင်းမွန်တဲ့ တောင်းပန်မှုမျိုးပြုလုပ်နိုင်မလားဆိုတာကိုတော့ သူမ မသိကြောင်း စတာတွေလည်း ပါဝင်ခဲ့ပြီး “သင့်ရဲ့သမီးဟာ ပိုကောင်းတဲ့သူတွေနဲ့ တွေ့ဆုံနိုင်ပါစေ” လို့ အဆုံးသတ်မှာ ရေးသားထားခဲ့ပါတယ်။

TobiWan ကို စွပ်စွဲပြောကြားခဲ့တဲ့ Meruna ဟာ အခြား Dota 2 caster တစ်ဦးဖြစ်သူ syndereN နဲ့ ချစ်သူရည်းစားအဖြစ် ၈ နှစ်ကြာလက်တွဲခဲ့သူဖြစ်ပြီး ဒီအဖြစ်အပျက်များကို လူသိရှင်ကြားချမပြမီကမှ syndereN ကို ဖွင့်ပြောခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်များဟာ syndereN နဲ့ လက်မတွဲမီက ဖြစ်ခဲ့တဲ့အတွက် သူ့အနေနဲ့ မသိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

TobiWan ဟာ ဒီကိစ္စကိုရှင်းလင်းထားတဲ့ TwitLonger ပို့စ်တစ်ခုကို ရေးသားခဲ့ပါတယ်။ ယင်းပို့စ်ထဲမှာတော့ Meruna ကို Person A အဖြစ်ရည်ညွှန်းထားပြီး သူမ ဟာ TobiWan နဲ့ ချစ်သူရည်းစားဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ friends with benefits များအဖြစ် ဆက်ရှိနေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

TobiWan’s Statement https://www.twitlonger.com/show/n_1sr9pi5

ယင်းနောက်ပိုင်း Defense tournament ကျင်းပနေစဉ်ရက်များအတွင်း အတူတည်းခိုနေကြစဉ်မှာတော့ Meruna ဟာ TobiWan ရဲ့ သူငယ်ချင်းတစ်ယောက်ကို စိတ်ဝင်စားသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူမဟာ ယင်းသူငယ်ချင်းနဲ့ အိပ်ယာပေါ်မှာ အတူအိပ်ဖို့ TobiWan ကိုတောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ TobiWan နဲ့သာ အိပ်ယာပေါ်မှာ ရိုးရိုးသားသားအတူအိပ်ခဲ့ကြောင်း၊ ယင်းညက သူမ ထွက်သွားလိုကြောင်းပြောခဲ့ပေမယ့် အပြင်မှာ ရာသီဥတုအရမ်းအေးချိန် ရထားအဝေးကြီးစီးပြီး မပြန်စေလိုတဲ့အတွက် ပြန်မလွှတ်ခဲ့ကြောင်း၊ နောက်တစ်နေ့မနက်မှာတော့ သူမ ထွက်ခွာသွားခဲ့ကြောင်း စ သဖြင့် ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် TobiWan က ယင်း Person A ဟာ သူရဲ့ရည်းစားအဖြစ်ရှိနေခဲ့စဉ်က လိင်ကိစ္စများဖြစ်ခဲ့ကြောင်း၊ လိင်ဆက်ဆံနေခဲ့ချိန်တစ်ခုမှာတော့ သူမ ကို အသိပေးပြီး ကွန်ဒုံးကို ချွတ်ပစ်ခဲ့ဖူးကြောင်း၊ မကြာသေးမီက ယင်း Person A နဲ့ စကားပြောစဉ်အတွင်းမှာ ဒီကိစ္စကို ထပ်မံပြောဖြစ်ခဲ့ကြောင်း၊ မည်သို့ပင်ဖြစ်စေ ဒါဟာ မလုပ်ခဲ့သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် တောင်းပန်ပါကြောင်း စသဖြင့်လည်း ရေးသားထားခဲ့ပါတယ်။

Meruna ကတော့ သူမနဲ့ TobiWan နဲ့ ဘယ်တုန်းကမှ ချစ်သူရည်းစားများအဖြစ် ပတ်သက်ခဲ့ဖူးခြင်း မရှိကြောင်း၊ သူမ ဟာ TobiWan ရဲ့ ချစ်သူဖြစ်ချင်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရကြောင်း၊ TobiWan ဟာ သူမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အတင်းအကြပ်ပြုလုပ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း စ တာတွေကို ထပ်မံရေးသားခဲ့သလို TobiWan နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်နဲ့သက်သေအမြောက်အများကိုလည်း တွစ်တာပေါ်မှာ ထပ်မံတင်ထားခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ Meruna ဟာ TobiWan ရဲ့ TwitLonger ပို့စ်အတွင်းက Person A ဟာ သူမကို ရည်ညွှန်းတာ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယင်းပို့စ်အတွင်းက TobiWan ရဲ့ ရှင်းလင်းချက်များဟာ မဟုတ်မမှန်ကြောင်း၊ သူမနဲ့ TobiWan တို့ဟာ ချစ်သူရည်းစားများ မဟုတ်ခဲ့ကြကြောင်း စ တာတွေကိုတော့ ပုံစံမျိုးစုံနဲ့ ပြန်လည်ငြင်းပယ်ထားခဲ့ပြန်ပါတယ်။

TobiWan ဟာ သူ့ရဲ့ TwitLonger ပို့စ်အတွင်းမှာ Person A ဖြစ်သူ Meruna ကိုတောင်းပန်ထားခဲ့သလို Person B ဖြစ်သူ အခြားအမျိုးသမီးတစ်ဦးကိုလည်း တောင်းပန်ထားခဲ့ပါတယ်။ ယင်း Person B ကတော့ TI5 မှာ တွေ့ဆုံခဲ့တဲ့ အခြား cosplayer အမျိုးသမီးတစ်ဦးဖြစ်ပြီး TobiWan နဲ့ နှစ်ဦးသဘောတူ လိင်မှုကိစ္စများ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

TobiWan ဟာ Dota 2 caster တစ်ဦးဖြစ်သူ LlamaDownUnder ရဲ့ တွစ်တာပေါ်မှာ ရေးသားခဲ့မိတဲ့ comment တစ်ခုအတွက်လည်း တောင်းပန်ခဲ့ပါတယ်။ ထိုစဉ်က မြောက်အမေရိက Dota 2 pro ကစားသမားတစ်ဦးဖြစ်သူ ixmike88 ဟာ ယင်း caster ရဲ့ လိင်ပြောင်းတွဲဘက်တစ်ဦးအကြောင်းကို လှောင်ပြောင်ပြောဆိုခဲ့ပြီး TobiWan က အားပေးအားမြှောက်ပြုခဲ့မိလို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် TobiWan ဟာ ၂၀၁၂ Starladder အမျိုးသမီးသီးသန့် Dota 2 ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲမှာတုန်းကလည်း လိင်အသားပေး comment များ ပြောဆိုခဲ့မိတဲ့အတွက်လည်း တောင်းပန်ခဲ့ပါသေးတယ်။ Dota 2 caster တစ်ဦးဖြစ်သူ Zyori ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကြောင်း စွပ်စွဲခဲ့သူ Ashnichrist ကလည်း TobiWan ကို စွပ်စွဲသူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ TobiWan က သူမကို လိင်အသားပေး မက်ဆေ့များ ပို့ခဲ့တဲ့ screenshot ကို တွစ်တာပေါ်မှာတင်ပြီး Meruna ကို ထောက်ခံခဲ့ပါတယ်။

ဒီအဖြစ်အပျက်များအတွင်းမှာပဲ TobiWan ဟာ ရိုက်ခတ်မှုများကို ကြုံတွေ့ရပါတော့တယ်။ syndereN နဲ့ Capitalist တို့ဟာ TobiWan ကို အပြစ်တင်ပြီး သူနဲ့အတူ အလုပ်တွဲမလုပ်လို့ကြောင်း ပြောကြားခဲ့ကြသလို Code Red Esports နဲ့ Beyond the Summit (BTS) တို့ကလည်း သူတို့ဟာ TobiWan နဲ့ လက်တွဲဖြုတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ODPixel နဲ့ Sheever တို့လို နာမည်ကျော်များကလည်း ဒီအဖြစ်အပျက်ကို လက်မခံနိုင်ကြောင်း ပြောခဲ့ကြပါတယ်။ ဒါ့အပြင် TI10 Battle Pass အတွင်းက TobiWan ရဲ့ voice line များ အားလုံးဟာလည်း ဖြုတ်ချခံခဲ့ရပြီး အခြား voice line များနဲ့ အစားထိုးခံခဲ့ရပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ကြောင်း စွပ်စွဲခြင်းကို ခံခဲ့တဲ့ Dota 2 အသိုင်းအဝိုင်းထဲက နာမည်ကျော်များထဲမှာ pro ကစားသမားနဲ့ နည်းပြတစ်ယောက်ဖြစ်ခဲ့သူ DeMoN လည်း ပါဝင်လာခဲ့ပါတယ်။ သူ့ကို စွပ်စွဲခဲ့သူကတော့ Elenie ဆိုသူ အမျိုးသမီးတစ်ယောက်ပါ။ Elenie ရဲ့အဆိုအရတော့ MLG Columbus (၂၀၁၃ နိုဝင်ဘာလ) မှာ DeMoN ဟာ သူမကို ပါတီပွဲတစ်ခုကန ဝေးရာကိုခေါ်သွားပြီး သူ့ကို နမ်းစေဖို့အတွက် ၂ ကြိမ်တိုင်တိုင်အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ DeMoN ဟာ သူမရဲ့ အတွင်းခံဘောင်းဘီကို ကိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ပါ ထပ်မံစွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် DeMoN ဟာ လွန်စွာမိန်းမရှုပ်ကြောင်း သူမကို ပိုးပန်းဖို့ အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြောင်း စ တာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

DeMoN ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး TwitLonger တစ်ခုရေးသားကာ သူမကိုတောင်းပန်ခဲ့သလို စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စဟာ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲခဲ့တာသာဖြစ်ကြောင်း၊ သက်သေမရှိတဲ့စွပ်စွဲချက်တစ်ခုဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ကောင်းကို ပျက်ပြားသွားအောင် ပြုလုပ်နိုင်ကြောင်း၊ မျက်လုံးနဲ့ကိုယ်တိုင် မမြင်ခဲ့ရတဲ့အရာတစ်ခုအတွက် ကောလဟလများကို နားထောင်ပြီး ယုံကြည်လိုက်ဖို့ဆိုတာ အတော်ပင်စိတ်ကူးယဉ်ဆန်လှကြောင်း၊ လူနှစ်ယောက် ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုအကြောင်းကို လူနှစ်ယောက်လုံးဆီက နားထောင်သင့်ကြောင်း စ တာတွေကိုလည်း DeMoN က ပြောသွားခဲ့ပါတယ်။

လတ်တလောမှာတော့ Dota 2 နယ်ပယ်အတွင်းက စွပ်စွဲခံခဲ့ရတဲ့နာမည်ကျော်များဟာ ယင်းတို့ရဲ့ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေကြရဆဲပါ။ Esports လောကအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လိင်မှုကိစ္စအရှုပ်အထွေးများကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Afkgaming, Dotesports, Twitter, TwitLonger


[ZawGyi]

TobiWan ႏွင့္ ၎အား စြပ္စြဲထားသည့္ လိင္ပိုင္းဆိုင္ရာ အရႈတ္ေတာ္ပုံမ်ား

 

Dota 2 ပရိသတ္မ်ားရဲ႕ ႏွစ္သက္အားေပးျခင္းကိုအခံရဆုံး Dota 2 caster မ်ားထဲကတစ္ဦးျဖစ္တဲ့ TobiWan ဟာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ား မၾကာေသးမီက ထြက္ေပၚလာၿပီးေနာက္ ျပႆနာအရႈပ္အေထြးမ်ားကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒီျဖစ္စဥ္အတြင္းမွာ TobiWan ကို စြပ္စြဲတဲ့ အမ်ိဳးသမီး အမ်ားအျပားေပၚေပါက္လာခဲ့ၿပီး ဒါဟာ သူ႔အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။

ဒီကိစၥဟာ အျခား Dota 2 caster တစ္ဦးျဖစ္တဲ့ GranDGrant က အမ်ိဳးသမီးတစ္ဦးကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေၾကာင္း ရွင္းလင္းေရးသားခ်က္မ်ား ပါဝင္တဲ့ တြစ္တာပို႔စ္တစ္ခုကို TobiWan က အားေပးအားေျမႇာက္လုပ္ၿပီး သူ႔ရဲ႕တြစ္တာေပၚမွာ ျပန္လည္ ပို႔စ္တင္ေရးသားရာကေန စတင္လာခဲ့တာျဖစ္ပါတယ္။

TobiWan ပထမဆုံးေရးသားခဲ့တဲ့ ယင္းတြစ္တာပို႔စ္ထဲအတြင္းမွာေတာ့ GranDGrant ျပဳလုပ္ခဲ့တဲ့ ဒီကိစၥဟာ စိတ္ပ်က္စရာျဖစ္ေၾကာင္း၊ ဒီလိုကိစၥမွာ ပါဝင္ပတ္သတ္သူအားလုံးကို အေရးယူသင့္ေၾကာင္း၊ ဂိမ္းေလာကသားမ်ားအားလုံးလည္း ဒီအျဖစ္အပ်က္ကိုဖတ္ၿပီး သင္ခန္းစာယူသင့္ၾကေၾကာင္း၊ အမ်ိဳးသားမ်ားအေနနဲ႔ ဒီလိုကိစၥမ်ိဳးကို ကိုယ္တိုင္မျပဳလုပ္ၾကသင့္သလို ျပဳလုပ္ခံခဲ့ရသူမ်ားကို ကာကြယ္အားေပးၾကသင့္ေၾကာင္း စသျဖင့္ ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ TobiWan ရဲ႕ ယင္းတြစ္တာပို႔စ္ေအာက္မွာ လူတစ္ေယာက္က TobiWan အေနနဲ႔လည္း ကိုယ္တိုင္ျပဳလုပ္ခဲ့တဲ့ကိစၥမ်ားကို ျပန္လည္ဆင္ျခင္ၿပီး ျပဳျပင္ေနထိုင္သင့္ေၾကာင္း၊ TobiWan ကိုယ္တိုင္က လုံးဝအျပစ္ကင္းစင္သူတစ္ေယာက္ မဟုတ္တာကို သူ႔အေနနဲ႔ သိထားေၾကာင္း ဝင္ေရာက္ေရးသားခဲ့ပါတယ္။

TobiWan ကလည္း ထိုသူရဲ႕ေရးသားခ်က္ကို လက္ခံပါေၾကာင္း၊ သူ႔အေနနဲ႔ မိတ္ေဆြအေပါင္းအသင္းမ်ားရဲ႕ ကူညီအားေပးမႈမ်ားေၾကာင့္ လူေကာင္းသူေကာင္းတစ္ေယာက္ျဖစ္ေနၿပီျဖစ္ေၾကာင္း၊ သူတစ္ေယာက္တည္းသာဆိုရင္ ဒီလိုျပဳျပင္ႏိုင္ခဲ့မွာ မဟုတ္ေၾကာင္း ျပန္လည္ေရးသားထားခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ GrandGrant ကို စြပ္စြဲခဲ့တဲ့ @cofactorstrudel ဆိုသူအမ်ိဳးသမီးဟာ TobiWan ကို အျပစ္တင္တဲ့ တြစ္တာပို႔စ္တစ္ခုကို ေရးသားခဲ့ပါတယ္။ ယင္းပို႔စ္အတြင္းမွာေတာ့ TobiWan အေနနဲ႔ ကိုယ္ျပဳလုပ္ခဲ့တဲ့အျပစ္မ်ားကို ထုတ္ေဖာ္ဝန္ခံမႈမျပဳပဲ အျပစ္ကင္းခ်င္ေယာင္ေဆာင္ၿပီး ေျပာဆိုမေနသင့္ေၾကာင္း၊ ဂိမ္းေလာကထဲက ဘယ္အမ်ိဳးသမီးကိုမွ အျပစ္မက်ဴးလြန္ခဲ့ခ်င္ေယာင္ မေဆာင္သင့္ေၾကာင္း၊ ကိုယ္လုပ္ခဲ့တဲ့ကိစၥမ်ားအေၾကာင္း ကိုယ္တိုင္အသိဆုံးျဖစ္ေၾကာင္း စသျဖင့္ ပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ TobiWan ဟာ ဂိမ္းေလာကကို လုံၿခဳံစိတ္ခ်ရမႈမရွိတဲ့ ပတ္ဝန္းက်င္တစ္ခုျဖစ္လာေအာင္ ကနဦးျပဳလုပ္သူမ်ားထဲမွာ ပါဝင္ခဲ့တာမို႔ ျပန္လည္တာဝန္ယူသင့္ေၾကာင္း၊ ကိုယ္တိုင္ ျပဳျပင္ ေနထိုင္ေနတယ္ဆိုေပမယ့္ နစ္နာသြားသူရွိခဲ့တဲ့အတြက္ ႐ိုးသားစြာထုတ္ေဖာ္ေျပာၾကားၿပီး ေရွ႕ဆက္သင့္ေၾကာင္းတို႔ကိုလည္း @cofactorstrudel က ေရးသားခဲ့ပါတယ္။

TobiWan ဟာ မူလက လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္သူမ်ားကို ရႈံ႕ခ်တဲ့ TwitLonger ပို႔စ္တစ္ခုကိုလည္း ေရးသားခဲ့ေသးေပမယ့္ ေနာက္ပိုင္းမွာေတာ့ ယင္းပို႔စ္ကို ျပန္ဖ်က္သြားခဲ့ပါတယ္။ ဒါ့အျပင္ TobiWan က သူ႔အေနနဲ႔ ဆိုး႐ြားတဲ့ကိစၥမ်ားကို အတိတ္မ်ား ျပဳလုပ္ခဲ့ဖူးၿပီး ယင္းအတြက္ေတာင္းပန္မႈမ်ားလည္း ျပဳလုပ္လိုေၾကာင္း၊ ဒါေၾကာင့္ ထိုသူမ်ားအေနနဲ႔ သူ႔ကို လာေျပာျပၾကေစလိုေၾကာင္း တြစ္တာပို႔စ္တစ္ခု ထပ္မံေရးသားခဲ့ပါတယ္။

TobiWan ဘက္က ယင္းပို႔စ္ကိုတင္လိုက္ၿပီးခ်ိန္မွာေတာ့ တစ္ခ်ိန္က တြဲဘက္ caster တစ္ဦးျဖစ္ခဲ့တဲ့ Capitalist က TobiWan ဟာ သာမန္လူမႈေရးညံ့ဖ်င္းခဲ့တာမ်ိဳးမဟုတ္ပဲ ပိုဆိုးတဲ့ကိစၥမ်ားကို ျပဳလုပ္ခဲ့ဖူးတာ ထင္ရွားေနၿပီျဖစ္ေၾကာင္း၊ သူတစ္ခုခု က်ဴးလြန္ခဲ့ဖူးသူရွိရင္ အခုအခ်ိန္မွာ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာၾကားေစလိုေၾကာင္း၊ သူ႔အေနနဲ႔ ထုတ္ေျပာသူဘက္ကေန ေထာက္ခံေပးသြားမွျဖစ္ေၾကာင္း ေရးသားခဲ့ပါတယ္။ Capitalist ရဲ႕ လက္ရွိတြဲဘက္ျဖစ္သူ Trent ကလည္း ယင္းအဆိုကို ေထာက္ခံခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ TobiWan ကို စြပ္စြဲတဲ့အမ်ိဳးသမီးမ်ား တစ္ဦးၿပီးတစ္ဦးထြက္ေပၚလာခဲ့ပါတယ္။ အရင္ဆုံး ထြက္ေပၚလာသူကေတာ့ @botjira ဆိုသူျဖစ္ၿပီး TobiWan ဟာ သူမကို ဟိုတယ္အခန္းတစ္ခုအတြင္းမွာ အတူတကြရွိေနေစဖို႔ အတင္းအၾကပ္ဖိအားေပးခဲ့ေၾကာင္း ေရးသားခဲ့ပါတယ္။
@Botjira ရဲ႕ ေရးသားခ်က္ကို TobiWan က ျပန္လည္ေခ်ပျငင္းပယ္ခဲ့ပါတယ္။ ယင္းကိစၥနဲ႔ ပတ္သက္လို႔ သူရဲ႕ ေရးသားခ်က္အတြင္းမွာေတာ့
“@Botjira ဒီလိုေျပာလိုက္တာဟာ ကြၽန္ေတာ့္ကို အံ့ၾသသြားေစခဲ့ပါတယ္။ ကြၽန္ေတာ္သူမကို စင္ကာပူက ပြဲတစ္ခုမွာ ပထမဆုံးစေတြ႕ခဲ့တယ္။ ကြၽန္ေတာ့္အတြက္ artwork ေလးတစ္ခုဖန္တီးေပးခဲ့လို႔ သူမကို Twitter ေပၚကေန ေက်းဇူးတင္ေၾကာင္း မက္ေဆ့ပို႔ၿပီး ေျပာခဲ့ပါတယ္။ ပြဲမၿပီးေသးလို႔ စင္ကာပူမွာ ကြၽန္ေတာ္ တစ္ပတ္ေလာက္ ဆက္ေနခဲ့တယ္။ ယင္းအခ်ိန္အေတာအတြင္းမွာပဲ သူမကို ေတြ႕ဖို႔ ကြၽန္ေတာ္မက္ေဆ့ထပ္ပို႔ခဲ့ပါတယ္။ သူမကလည္း လက္ခံၿပီး ကြၽန္ေတာ္တည္းခိုေနတဲ့ဟိုတယ္ကို လာခဲ့တယ္။

အခန္းေနရာက က်ဥ္းလြန္းေတာ့ တျခားေနရာမွာ ထိုင္လို႔မရလို႔ အိပ္ရာေပၚမွာပဲ ထိုင္ၿပီး စကားေျပာေနခဲ့ၾကတယ္။ အဲဒီအခ်ိန္တုန္းက သူမ ကြၽန္ေတာ့္ကို စိတ္ဝင္စားေနတယ္လို႔ ထင္လို႔ ပိုၿပီးနီးစပ္လာေအာင္ ကြၽန္ေတာ္ ႀကိဳးပမ္းခဲ့မိပါတယ္။ ဒါေပမယ့္ သူမဘက္က ေနာက္ဆုတ္သြားလို႔ ကြၽန္ေတာ္မွားသြားၿပီဆိုတာသိလိုက္ရတယ္။ ကြၽန္ေတာ္တို႔ စကားနည္းနည္းဆက္ေျပာျဖစ္ၿပီး သူမက ျပန္ေတာ့မယ့္အေၾကာင္း ေျပာပါတယ္။ ကြၽန္ေတာ္ နည္းနည္းရွက္သြားၿပီး သူမအေနနဲ႔ မျဖစ္မေနထြက္သြားဖို႔ မလိုေၾကာင္းေျပာလိုက္မိတာပါ။ ဒါေပမယ့္ သူမကေတာ့ ျပန္သြားခ်င္ေနခဲ့မို႔ ကြၽန္ေတာ္ မတားခဲ့ပါဘူး။ *မည္သို႔ေသာ အေျခအေနမွာမွ သူမကို အတူတကြရွိေနေစဖို႔ ဖိအားေပးခဲ့တာမ်ိဳး မရွိသလို ျပန္သြားတာကို တားခဲ့ျခင္းလည္း မရွိပါဘူး*” လို႔ ေရးသားခဲ့ပါတယ္။

TobiWan’s Statement https://www.twitlonger.com/show/n_1sr9pi5

ယင္းေနာက္မွာ TobiWan ကို ထပ္မံစြပ္စြဲလာခဲ့သူကေတာ့ Meruna ဆိုသူ cosplayer အမ်ိဳးသမီးတစ္ဦးပါ။ သူမဟာ ျဖစ္ပ်က္ခဲ့သမွ်ကို ထုတ္ေဖာ္ေျပာၾကားလိုျခင္း မရွိေၾကာင္း အေစာပိုင္းမွာ ေရးသားခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ TobiWan ဟာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္သူတစ္ေယာက္ျဖစ္ေၾကာင္းေရးသားထားတဲ့ TwitLonger ပို႔စ္တစ္ခုကို တင္ၿပီး လူသိရွင္ၾကားဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ယင္းပို႔စ္အတြင္းမွာေတာ့ TobiWan နဲ႔ သူမဟာ ၂၀၁၁ ခုႏွစ္မွာ ေတြ႕ဆုံခဲ့ဖူးၾကၿပီး ထိုစဥ္က သူမရဲ႕အသက္ဟာ ၁၈ ႏွစ္သာရွိေသးတယ္လို႔ ဆိုပါတယ္။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ TobiWan ဟာ မသိနားမလည္ေသးတဲ့ သူမ ကို “ေမးခြန္း ၂၀ ဂိမ္း” အတြင္းမွာ ညစ္ညမ္းတဲ့ေမးခြန္းတစ္ခုကို ေနာက္ဆုံးမွာ ေမးခဲ့တယ္လို႔လည္း ဆိုပါတယ္။

TobiWan ေမးခဲ့တဲ့ ေမးခြန္းကေတာ့ “How many inches do you think I am?” (ငါ လက္မ ဘယ္ေလာက္ ရွိမယ္ထင္လဲ) ဆိုတာပါ။ Meruna က သူမ အေနနဲ႔ ထိုေမးခြန္းကို အရပ္အျမင့္သာ ထင္ေနခဲ့ေၾကာင္း၊ ထိုစဥ္က စကားေျပာခဲ့တဲ့ chat log ၁၅၈ မ်က္ႏွာကို ယခုအခ်ိန္ထိ သက္ေသအျဖစ္ သိမ္းထားေသးေၾကာင္းတို႔ကိုလည္း ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ ယင္းပို႔စ္အတြင္းမွာပဲ Meruna က သူမဟာ ထိုစဥ္က မရင့္က်က္ေသးတဲ့ ကေလးတစ္ေယာက္သာ ျဖစ္ေနခဲ့လို႔ ဒီအျဖစ္အပ်က္ကို မခံစားႏိုင္ခဲ့ေၾကာင္း၊ TobiWan ဟာ Kelly Milkies ကို အရွက္ရေအာင္ ျပဳလုပ္ၿပီး အသိုင္းအဝိုင္းထဲမွာ နာမည္ပ်က္သြားေစခဲ့တာကိုလည္း အမွတ္ရေၾကာင္း၊ TobiWan ဟာ သူျပဳလုပ္ခဲ့ဖူးတဲ့အမွားေတြအတြက္ ခံစားခဲ့ရသူမ်ားကို ဆက္သြယ္ေတာင္းပန္ခဲ့ေၾကာင္း ပို႔စ္တင္ ေရးသားခဲ့ေပမယ့္ သူမကို ဆက္သြယ္ေတာင္းပန္ျခင္းေတာ့ မရွိခဲ့ေၾကာင္း၊ ယခုအခ်ိန္မွာေတာ့ သူဟာ အႀကိမ္ေပါင္းမ်ားစြာေတာင္းပန္ေနၿပီျဖစ္ေပမယ့္ တကယ္ ေကာင္းမြန္တဲ့ ေတာင္းပန္မႈမ်ိဳးျပဳလုပ္ႏိုင္မလားဆိုတာကိုေတာ့ သူမ မသိေၾကာင္း စတာေတြလည္း ပါဝင္ခဲ့ၿပီး “သင့္ရဲ႕သမီးဟာ ပိုေကာင္းတဲ့သူေတြနဲ႔ ေတြ႕ဆုံႏိုင္ပါေစ” လို႔ အဆုံးသတ္မွာ ေရးသားထားခဲ့ပါတယ္။

TobiWan ကို စြပ္စြဲေျပာၾကားခဲ့တဲ့ Meruna ဟာ အျခား Dota 2 caster တစ္ဦးျဖစ္သူ syndereN နဲ႔ ခ်စ္သူရည္းစားအျဖစ္ ၈ ႏွစ္ၾကာလက္တြဲခဲ့သူျဖစ္ၿပီး ဒီအျဖစ္အပ်က္မ်ားကို လူသိရွင္ၾကားခ်မျပမီကမွ syndereN ကို ဖြင့္ေျပာခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ဒီအျဖစ္အပ်က္မ်ားဟာ syndereN နဲ႔ လက္မတြဲမီက ျဖစ္ခဲ့တဲ့အတြက္ သူ႔အေနနဲ႔ မသိခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

TobiWan ဟာ ဒီကိစၥကိုရွင္းလင္းထားတဲ့ TwitLonger ပို႔စ္တစ္ခုကို ေရးသားခဲ့ပါတယ္။ ယင္းပို႔စ္ထဲမွာေတာ့ Meruna ကို Person A အျဖစ္ရည္ၫႊန္းထားၿပီး သူမ ဟာ TobiWan နဲ႔ ခ်စ္သူရည္းစားျဖစ္ေနခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျပန္ကြဲသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူတို႔ဟာ friends with benefits မ်ားအျဖစ္ ဆက္ရွိေနခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။

TobiWan’s Statement https://www.twitlonger.com/show/n_1sr9pi5

ယင္းေနာက္ပိုင္း Defense tournament က်င္းပေနစဥ္ရက္မ်ားအတြင္း အတူတည္းခိုေနၾကစဥ္မွာေတာ့ Meruna ဟာ TobiWan ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ကို စိတ္ဝင္စားသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ သူမဟာ ယင္းသူငယ္ခ်င္းနဲ႔ အိပ္ယာေပၚမွာ အတူအိပ္ဖို႔ TobiWan ကိုေတာင္းဆိုခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ TobiWan နဲ႔သာ အိပ္ယာေပၚမွာ ႐ိုး႐ိုးသားသားအတူအိပ္ခဲ့ေၾကာင္း၊ ယင္းညက သူမ ထြက္သြားလိုေၾကာင္းေျပာခဲ့ေပမယ့္ အျပင္မွာ ရာသီဥတုအရမ္းေအးခ်ိန္ ရထားအေဝးႀကီးစီးၿပီး မျပန္ေစလိုတဲ့အတြက္ ျပန္မလႊတ္ခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔မနက္မွာေတာ့ သူမ ထြက္ခြာသြားခဲ့ေၾကာင္း စ သျဖင့္ ေရးသားထားခဲ့ပါတယ္။

ဒါ့အျပင္ TobiWan က ယင္း Person A ဟာ သူရဲ႕ရည္းစားအျဖစ္ရွိေနခဲ့စဥ္က လိင္ကိစၥမ်ားျဖစ္ခဲ့ေၾကာင္း၊ လိင္ဆက္ဆံေနခဲ့ခ်ိန္တစ္ခုမွာေတာ့ သူမ ကို အသိေပးၿပီး ကြန္ဒုံးကို ခြၽတ္ပစ္ခဲ့ဖူးေၾကာင္း၊ မၾကာေသးမီက ယင္း Person A နဲ႔ စကားေျပာစဥ္အတြင္းမွာ ဒီကိစၥကို ထပ္မံေျပာျဖစ္ခဲ့ေၾကာင္း၊ မည္သို႔ပင္ျဖစ္ေစ ဒါဟာ မလုပ္ခဲ့သင့္တဲ့ကိစၥျဖစ္တဲ့အတြက္ ေတာင္းပန္ပါေၾကာင္း စသျဖင့္လည္း ေရးသားထားခဲ့ပါတယ္။

Meruna ကေတာ့ သူမနဲ႔ TobiWan နဲ႔ ဘယ္တုန္းကမွ ခ်စ္သူရည္းစားမ်ားအျဖစ္ ပတ္သက္ခဲ့ဖူးျခင္း မရွိေၾကာင္း၊ သူမ ဟာ TobiWan ရဲ႕ ခ်စ္သူျဖစ္ခ်င္ခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရေၾကာင္း၊ TobiWan ဟာ သူမကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ အတင္းအၾကပ္ျပဳလုပ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေၾကာင္း စ တာေတြကို ထပ္မံေရးသားခဲ့သလို TobiWan နဲ႔ ပတ္သက္တဲ့ စြပ္စြဲခ်က္နဲ႔သက္ေသအေျမာက္အမ်ားကိုလည္း တြစ္တာေပၚမွာ ထပ္မံတင္ထားခဲ့ပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ Meruna ဟာ TobiWan ရဲ႕ TwitLonger ပို႔စ္အတြင္းက Person A ဟာ သူမကို ရည္ၫႊန္းတာ မွန္ကန္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ယင္းပို႔စ္အတြင္းက TobiWan ရဲ႕ ရွင္းလင္းခ်က္မ်ားဟာ မဟုတ္မမွန္ေၾကာင္း၊ သူမနဲ႔ TobiWan တို႔ဟာ ခ်စ္သူရည္းစားမ်ား မဟုတ္ခဲ့ၾကေၾကာင္း စ တာေတြကိုေတာ့ ပုံစံမ်ိဳးစုံနဲ႔ ျပန္လည္ျငင္းပယ္ထားခဲ့ျပန္ပါတယ္။

TobiWan ဟာ သူ႔ရဲ႕ TwitLonger ပို႔စ္အတြင္းမွာ Person A ျဖစ္သူ Meruna ကိုေတာင္းပန္ထားခဲ့သလို Person B ျဖစ္သူ အျခားအမ်ိဳးသမီးတစ္ဦးကိုလည္း ေတာင္းပန္ထားခဲ့ပါတယ္။ ယင္း Person B ကေတာ့ TI5 မွာ ေတြ႕ဆုံခဲ့တဲ့ အျခား cosplayer အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး TobiWan နဲ႔ ႏွစ္ဦးသေဘာတူ လိင္မႈကိစၥမ်ား ျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

TobiWan ဟာ Dota 2 caster တစ္ဦးျဖစ္သူ LlamaDownUnder ရဲ႕ တြစ္တာေပၚမွာ ေရးသားခဲ့မိတဲ့ comment တစ္ခုအတြက္လည္း ေတာင္းပန္ခဲ့ပါတယ္။ ထိုစဥ္က ေျမာက္အေမရိက Dota 2 pro ကစားသမားတစ္ဦးျဖစ္သူ ixmike88 ဟာ ယင္း caster ရဲ႕ လိင္ေျပာင္းတြဲဘက္တစ္ဦးအေၾကာင္းကို ေလွာင္ေျပာင္ေျပာဆိုခဲ့ၿပီး TobiWan က အားေပးအားေျမႇာက္ျပဳခဲ့မိလို႔ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ TobiWan ဟာ ၂၀၁၂ Starladder အမ်ိဳးသမီးသီးသန႔္ Dota 2 ၿပိဳင္ပြဲရဲ႕ ဖိုင္နယ္ပြဲမွာတုန္းကလည္း လိင္အသားေပး comment မ်ား ေျပာဆိုခဲ့မိတဲ့အတြက္လည္း ေတာင္းပန္ခဲ့ပါေသးတယ္။ Dota 2 caster တစ္ဦးျဖစ္သူ Zyori ကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေၾကာင္း စြပ္စြဲခဲ့သူ Ashnichrist ကလည္း TobiWan ကို စြပ္စြဲသူတစ္ဦးအျဖစ္ ပါဝင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ TobiWan က သူမကို လိင္အသားေပး မက္ေဆ့မ်ား ပို႔ခဲ့တဲ့ screenshot ကို တြစ္တာေပၚမွာတင္ၿပီး Meruna ကို ေထာက္ခံခဲ့ပါတယ္။

ဒီအျဖစ္အပ်က္မ်ားအတြင္းမွာပဲ TobiWan ဟာ ႐ိုက္ခတ္မႈမ်ားကို ႀကဳံေတြ႕ရပါေတာ့တယ္။ syndereN နဲ႔ Capitalist တို႔ဟာ TobiWan ကို အျပစ္တင္ၿပီး သူနဲ႔အတူ အလုပ္တြဲမလုပ္လို႔ေၾကာင္း ေျပာၾကားခဲ့ၾကသလို Code Red Esports နဲ႔ Beyond the Summit (BTS) တို႔ကလည္း သူတို႔ဟာ TobiWan နဲ႔ လက္တြဲျဖဳတ္လိုက္ၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ODPixel နဲ႔ Sheever တို႔လို နာမည္ေက်ာ္မ်ားကလည္း ဒီအျဖစ္အပ်က္ကို လက္မခံႏိုင္ေၾကာင္း ေျပာခဲ့ၾကပါတယ္။ ဒါ့အျပင္ TI10 Battle Pass အတြင္းက TobiWan ရဲ႕ voice line မ်ား အားလုံးဟာလည္း ျဖဳတ္ခ်ခံခဲ့ရၿပီး အျခား voice line မ်ားနဲ႔ အစားထိုးခံခဲ့ရပါတယ္။

လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္ေၾကာင္း စြပ္စြဲျခင္းကို ခံခဲ့တဲ့ Dota 2 အသိုင္းအဝိုင္းထဲက နာမည္ေက်ာ္မ်ားထဲမွာ pro ကစားသမားနဲ႔ နည္းျပတစ္ေယာက္ျဖစ္ခဲ့သူ DeMoN လည္း ပါဝင္လာခဲ့ပါတယ္။ သူ႔ကို စြပ္စြဲခဲ့သူကေတာ့ Elenie ဆိုသူ အမ်ိဳးသမီးတစ္ေယာက္ပါ။ Elenie ရဲ႕အဆိုအရေတာ့ MLG Columbus (၂၀၁၃ ႏိုဝင္ဘာလ) မွာ DeMoN ဟာ သူမကို ပါတီပြဲတစ္ခုကန ေဝးရာကိုေခၚသြားၿပီး သူ႔ကို နမ္းေစဖို႔အတြက္ ၂ ႀကိမ္တိုင္တိုင္အတင္းအၾကပ္ဖိအားေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းမွာေတာ့ DeMoN ဟာ သူမရဲ႕ အတြင္းခံေဘာင္းဘီကို ကိုင္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ပါ ထပ္မံစြပ္စြဲခဲ့ပါတယ္။ ဒါ့အျပင္ DeMoN ဟာ လြန္စြာမိန္းမရႈပ္ေၾကာင္း သူမကို ပိုးပန္းဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့ေၾကာင္း စ တာေတြကိုလည္း ေျပာသြားခဲ့ပါတယ္။

DeMoN ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး TwitLonger တစ္ခုေရးသားကာ သူမကိုေတာင္းပန္ခဲ့သလို စြပ္စြဲခ်က္မ်ားကိုလည္း ျငင္းဆိုခဲ့ပါတယ္။ ဒီကိစၥဟာ သူတို႔ႏွစ္ေယာက္ၾကားမွာ နားလည္မႈလြဲခဲ့တာသာျဖစ္ေၾကာင္း၊ သက္ေသမရွိတဲ့စြပ္စြဲခ်က္တစ္ခုဟာ လူတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာနဲ႔ နာမည္ေကာင္းကို ပ်က္ျပားသြားေအာင္ ျပဳလုပ္ႏိုင္ေၾကာင္း၊ မ်က္လုံးနဲ႔ကိုယ္တိုင္ မျမင္ခဲ့ရတဲ့အရာတစ္ခုအတြက္ ေကာလဟလမ်ားကို နားေထာင္ၿပီး ယုံၾကည္လိုက္ဖို႔ဆိုတာ အေတာ္ပင္စိတ္ကူးယဥ္ဆန္လွေၾကာင္း၊ လူႏွစ္ေယာက္ ႀကဳံေတြ႕ခဲ့ရတဲ့အျဖစ္အပ်က္တစ္ခုအေၾကာင္းကို လူႏွစ္ေယာက္လုံးဆီက နားေထာင္သင့္ေၾကာင္း စ တာေတြကိုလည္း DeMoN က ေျပာသြားခဲ့ပါတယ္။

လတ္တေလာမွာေတာ့ Dota 2 နယ္ပယ္အတြင္းက စြပ္စြဲခံခဲ့ရတဲ့နာမည္ေက်ာ္မ်ားဟာ ယင္းတို႔ရဲ႕ျပႆနာမ်ားကို ရင္ဆိုင္ေျဖရွင္းေနၾကရဆဲပါ။ Esports ေလာကအတြင္းမွာ ျဖစ္ေပၚခဲ့တဲ့ လိင္မႈကိစၥအရႈပ္အေထြးမ်ားကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: Afkgaming, Dotesports, Twitter, TwitLonger