[Unicode]

ရှုံးနိမ့်ခြင်းဟာ သူ့အတွက်အကြီးမားဆုံးပြဿနာလို့ဆိုလာတဲ့ Puppey

 

လက်ရှိကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းလို့ဆိုရမယ့် Team Secret ရဲ့ ကပ္ပတိန်ဖြစ်သူ Puppey ကတော့ သူနဲ့ သူ့အသင်းရဲ့အကြီးမားဆုံးပြဿနာအကြောင်းကိုပြောပြလာပါတယ်။ အဲဒီပြဿနာကတော့ ရှုံးနိမ့်ခြင်းဖြစ်ပြီး အဲဒီအရာကပဲ သူတို့ကို အခုလို နိုင်ပွဲတွေဆက်တိုက်ရယူပေးနိုင်ခဲ့တဲ့ တွန်းအားဖြစ်ကြောင်းနဲ့ အခြားသောအကြောင်းအရာတွေကို Vikin.gg ကို 2-0 နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီး အင်တာဗျူးမှာဖြေကြားခဲ့တာပါ။ Puppey ကို OMEGA League ပြိုင်ပွဲရဲ့ Host နဲ့ Analyst တွေဖြစ်ကြတဲ့ Rich, LizZard နဲ့ Slacks တို့က ဘာတွေမေးမြန်းခဲ့ပြီး ဘာတွေဖြေကြားခဲ့တာလဲဆိုတာကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Slacks – ခင်ဗျားက စိန်ခေါ်မှုတွေကိုရင်ဆိုင်ချင်တဲ့လူမျိုး၊ ကိုယ့်တောမှာ ကိုယ်ဘုရင်ဖြစ်ချင်ပေမယ့် ခက်ခက်ခဲခဲ တိုက်ပြီးယူရတဲ့ထီးနန်းမျိုးကိုမှ လိုချင်တဲ့သူဆိုတော့ အခုလို ဆက်တိုက်နိုင်နေတာ ခင်ဗျားအတွက်ပျင်းဖို့ကောင်းမလာဘူးလား?

Puppey – ရှုံးနိမ့်တယ်ဆိုတာကို ခံကိုမခံစားချင်ဘူးဗျာ။ ကျွန်တော်တို့အတွက်အကြီးမားဆုံးပြဿနာက ရှုံးနိမ့်ခြင်းပဲ။ အဲဒီအတွက် အမြဲတမ်းအကောင်းဆုံးကြိုးစားနေတယ်လို့ မပြောဘူးနော်။ ဒါပေမယ့် တကယ်ရှုံးလာပြီဆိုရင်တော့ နိုင်ဖို့အတွက် ရှိတာအကုန်ထုတ်သုံးပစ်လိုက်တယ်။ အခုဆက်တိုက်နိုင်နေတယ်ဆိုပေမယ့် ရှုံးနိမ့်ရမယ့်အချိန်က အနှေးနဲ့အမြန်ရောက်လာဦးမှာပါ။

LizZard – Omniknight ကို ဘာလို့ကိုင်လိုက်တာလဲ။ လက်ရှိ Meta နဲ့ အံဝင်တယ်ထင်လို့လား၊ ဒါမှမဟုတ် တစ်ပွဲထိုးပဲလား?

Puppey – Omniknight လို Hero မျိုးကိုထုတ်ရဲတဲ့သတ္တိက အသင်းတချို့မှာပဲရှိကြတာ။ အဲဒီမှာ OG လည်းပါတယ်။ OG က အမြဲတမ်းလိုလို Faceless Void နဲ့ Magnus ကို Omniknight နဲ့ Counter လေ့ရှိတယ်။ အဲဒီကအကြံရသွားလို့ပဲ အလုပ်ဖြစ်မလားဆိုတာကို စမ်းကြည့်လိုက်တာ။ အလုပ်မဖြစ်လို့ အဲပွဲရှုံးသွားလည်း သိပ်ပြီးကိစ္စမရှိဘူးလေ။ နိုင်တော့နိုင်သွားပါတယ် ဒါပေမယ့် အားလုံးက Omniknight ကြောင့်ပဲလားဆိုတာကိုတော့ မသိလိုက်ရဘူး။ ကျွန်တော် စမ်းသပ်ချင်တာ ဒါမျိုးတွေပေါ့ဗျာ။ ဒီအချိန်ကလည်း အဲဒီလိုစမ်းသပ်ဖို့ အကောင်းဆုံးအချိန်ပဲလေ။

Slacks – “နောက်ဆုံးအနေနဲ့ တစ်ခုလောက်မေးဦးမယ်။ Yapzor က ဘာလို့ Hero တိုင်းကို Moneky King Bar ထည့်တာလဲ။ ခင်ဗျားတို့တိုင်ပင်ထားတာလား၊ မထည့်ဖို့ အော်ရငေါက်ရသေးလား၊ ဒါမှမဟုတ် သူလုပ်ချင်တာကိုလုပ်နေတာလား?

Puppey – သူလုပ်ချင်တာကိုလုပ်တာပေါ့ဗျာ။ သူ့ကိုအော်ချင်အော် ငေါက်ချင်ငေါက် ဂရုမစိုက်ဘူး ဝယ်ချင်ရင် ကောက်ဝယ်ပစ်လိုက်တာပဲ။ အသင်းမှာရှိလာတာလည်း ၁၀ နှစ်လောက်တောင်ကြာပြီဆိုတော့ MKB ဝယ်ချင်ရင် ဝယ်ပစ်လိုက်လို့ရမှန်း သူသိတယ်။ သူလုပ်ချင်တာ လျှောက်လုပ်ရရင် ပျော်နေတာ။

Rich – ဘယ်ပွဲတွေမှာ Draft စမ်းမယ်၊ ဘယ်ပွဲတွေမှာ တကယ်ဆော့မယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်လဲ?

Puppey – ဘယ်ပွဲမှာဘယ်လိုဆော့သင့်တယ်ဆိုတာကိုတော့ အသင်းတိုင်းလိုလိုသိကြမှာပါ။ ပြီးတော့ ကျွန်တော်က Draft စမ်းနေတာချည်းပဲလည်း မဟုတ်သေးဘူး၊ အလုပ်ဖြစ်မယ်ထင်တဲ့ဟာတွေကို တကယ့်ပွဲမှာသုံးကြည့်နေတာ။ အလုပ်မဖြစ်တော့လည်း အဲဒါကပြဿနာဆိုတာကိုသိသွားတာပေါ့။ OG က အရင် TI မှာကတည်းက Omniknight ကို Faceless Void နဲ့ Magnus ကို Counter ဖို့သုံးခဲ့တာဆိုတော့ အဲဒါအလုပ်ဖြစ်မယ်ဆိုတာ အစကတည်းက ကျွန်တော်ယုံခဲ့မယ်ဆိုရင် ကျွန်တော်လုပ်တာက စမ်းသပ်မှုမဟုတ်တော့ဘူးပေါ့ဗျာ။

အရင်ကတည်းက အဲဒီလိုအလုပ်ဖြစ်မယ်ထင်ရတဲ့အကြံတွေအများကြီးရှိခဲ့ပေမယ့် စမ်းသပ်ခွင့်မရခဲ့ဘူး။ အခုကျတော့ Omniknight ကို နည်းနည်း Buff ပေးထားတယ်။ အဲဒီ Hero က သူများတွေထင်သလောက် သုံးစားမရတဲ့ Hero မျိုးမဟုတ်ပါဘူး။

Puppey ရဲ့ OMEGA League: Europe Immortal Division ပြိုင်ပွဲက အင်တာဗျူးကတော့ ဒီလောက်ပါပဲ။ Puppey ဦးဆောင်တဲ့ Team Secret ဟာ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲ ၅ ခုမှာ ၅ ခုစလုံးဗိုလ်စွဲထားပြီး လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေတဲ့ OMEGA League: Europe Immortal Division ပြိုင်ပွဲရဲ့ Group Stage မှာလည်း ၃ ပွဲကစား ၃ ပွဲနိုင်ရလဒ် ရရှိအောင်စွမ်းဆောင်နိုင်ထားတဲ့အသင်းပဲဖြစ်ပါတယ်။ သူ့အင်တာဗျူးထဲမှာ သူ့အသင်းသားတွေကြားက ဆက်ဆံရေးကိုပြောပြသွားတဲ့အပြင် ဂိမ်း Strategy တွေအထိပါ စိတ်ပါလက်ပါပြောပြသွားတာဆိုတော့ ပညာရလိုက်ကြမယ်လို့မျှော်လင့်မိပါတယ်။

Ref~ OMEGA League


[ZawGyi]

ရႈံးနိမ့္ျခင္းဟာ သူ႔အတြက္အႀကီးမားဆုံးျပႆနာလို႔ဆိုလာတဲ့ Puppey

 

လက္ရွိကမာၻ႔အေကာင္းဆုံး Dota 2 အသင္းလို႔ဆိုရမယ့္ Team Secret ရဲ႕ ကပၸတိန္ျဖစ္သူ Puppey ကေတာ့ သူနဲ႔ သူ႔အသင္းရဲ႕အႀကီးမားဆုံးျပႆနာ အေၾကာင္းကိုေျပာျပလာပါတယ္။ အဲဒီျပႆနာကေတာ့ ရႈံးနိမ့္ျခင္းျဖစ္ၿပီး အဲဒီအရာကပဲ သူတို႔ကို အခုလို ႏိုင္ပြဲေတြဆက္တိုက္ရယူေပးႏိုင္ခဲ့တဲ့ တြန္းအားျဖစ္ေၾကာင္းနဲ႔ အျခားေသာအေၾကာင္းအရာေတြကို Vikin.gg ကို 2-0 နဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီး အင္တာဗ်ဴးမွာေျဖၾကားခဲ့တာပါ။ Puppey ကို OMEGA League ၿပိဳင္ပြဲရဲ႕ Host နဲ႔ Analyst ေတြျဖစ္ၾကတဲ့ Rich, LizZard နဲ႔ Slacks တို႔က ဘာေတြေမးျမန္းခဲ့ၿပီး ဘာေတြေျဖၾကားခဲ့တာလဲဆိုတာကို ေအာက္မွာဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

Slacks – ခင္ဗ်ားက စိန္ေခၚမႈေတြကိုရင္ဆိုင္ခ်င္တဲ့လူမ်ိဳး၊ ကိုယ့္ေတာမွာ ကိုယ္ဘုရင္ျဖစ္ခ်င္ေပမယ့္ ခက္ခက္ခဲခဲတိုက္ၿပီးယူရတဲ့ထီးနန္းမ်ိဳးကိုမွ လိုခ်င္တဲ့သူဆိုေတာ့ အခုလို ဆက္တိုက္ႏိုင္ေနတာ ခင္ဗ်ားအတြက္ပ်င္းဖို႔ေကာင္းမလာဘူးလား?

Puppey – ရႈံးနိမ့္တယ္ဆိုတာကို ခံကိုမခံစားခ်င္ဘူးဗ်ာ။ ကြၽန္ေတာ္တို႔အတြက္အႀကီးမားဆုံးျပႆနာက ရႈံးနိမ့္ျခင္းပဲ။ အဲဒီအတြက္ အၿမဲတမ္းအေကာင္းဆုံးႀကိဳးစားေနတယ္လို႔ မေျပာဘူးေနာ္။ ဒါေပမယ့္ တကယ္ရႈံးလာၿပီဆိုရင္ေတာ့ ႏိုင္ဖို႔အတြက္ ရွိတာအကုန္ထုတ္သုံးပစ္လိုက္တယ္။ အခုဆက္တိုက္ႏိုင္ေနတယ္ဆိုေပမယ့္ ရႈံးနိမ့္ရမယ့္အခ်ိန္က အေႏွးနဲ႔အျမန္ေရာက္လာဦးမွာပါ။

LizZard – Omniknight ကို ဘာလို႔ကိုင္လိုက္တာလဲ။ လက္ရွိ Meta နဲ႔ အံဝင္တယ္ထင္လို႔လား၊ ဒါမွမဟုတ္ တစ္ပြဲထိုးပဲလား?

Puppey – “Omniknight လို Hero မ်ိဳးကိုထုတ္ရဲတဲ့သတၱိက အသင္းတခ်ိဳ႕မွာပဲရွိၾကတာ။ အဲဒီမွာ OG လည္းပါတယ္။ OG က အၿမဲတမ္းလိုလို Faceless Void နဲ႔ Magnus ကို Omniknight နဲ႔ Counter ေလ့ရွိတယ္။ အဲဒီကအႀကံရသြားလို႔ပဲ အလုပ္ျဖစ္မလားဆိုတာကို စမ္းၾကည့္လိုက္တာ။ အလုပ္မျဖစ္လို႔ အဲပြဲရႈံးသြားလည္း သိပ္ၿပီးကိစၥမရွိဘူးေလ။ ႏိုင္ေတာ့ႏိုင္သြားပါတယ္ ဒါေပမယ့္ အားလုံးက Omniknight ေၾကာင့္ပဲလားဆိုတာကိုေတာ့ မသိလိုက္ရဘူး။ ကြၽန္ေတာ္ စမ္းသပ္ခ်င္တာ ဒါမ်ိဳးေတြေပါ့ဗ်ာ။ ဒီအခ်ိန္ကလည္း အဲဒီလိုစမ္းသပ္ဖို႔ အေကာင္းဆုံးအခ်ိန္ပဲေလ။

Slacks –  ေနာက္ဆုံးအေနနဲ႔ တစ္ခုေလာက္ေမးဦးမယ္။ Yapzor က ဘာလို႔ Hero တိုင္းကို Moneky King Bar ထည့္တာလဲ။ ခင္ဗ်ားတို႔တိုင္ပင္ထားတာလား၊ မထည့္ဖို႔ ေအာ္ရေငါက္ရေသးလား၊ ဒါမွမဟုတ္ သူလုပ္ခ်င္တာကိုလုပ္ေနတာလား?

Puppey – သူလုပ္ခ်င္တာကိုလုပ္တာေပါ့ဗ်ာ။ သူ႔ကိုေအာ္ခ်င္ေအာ္ ေငါက္ခ်င္ေငါက္ ဂ႐ုမစိုက္ဘူး ဝယ္ခ်င္ရင္ ေကာက္ဝယ္ပစ္လိုက္တာပဲ။ အသင္းမွာရွိလာတာလည္း ၁၀ ႏွစ္ေလာက္ေတာင္ၾကာၿပီဆိုေတာ့ MKB ဝယ္ခ်င္ရင္ ဝယ္ပစ္လိုက္လို႔ရမွန္း သူသိတယ္။ သူလုပ္ခ်င္တာ ေလွ်ာက္လုပ္ရရင္ ေပ်ာ္ေနတာ။

Rich – ဘယ္ပြဲေတြမွာ Draft စမ္းမယ္၊ ဘယ္ပြဲေတြမွာ တကယ္ေဆာ့မယ္ဆိုတာကို ဘယ္လိုဆုံးျဖတ္လဲ။

Puppey – ဘယ္ပြဲမွာဘယ္လိုေဆာ့သင့္တယ္ဆိုတာကိုေတာ့ အသင္းတိုင္းလိုလိုသိၾကမွာပါ။ ၿပီးေတာ့ ကြၽန္ေတာ္က Draft စမ္းေနတာခ်ည္းပဲလည္း မဟုတ္ေသးဘူး၊ အလုပ္ျဖစ္မယ္ထင္တဲ့ဟာေတြကို တကယ့္ပြဲမွာသုံးၾကည့္ေနတာ။ အလုပ္မျဖစ္ေတာ့လည္း အဲဒါကျပႆနာ ဆိုတာကိုသိသြားတာေပါ့။ OG က အရင္ TI မွာကတည္းက Omniknight ကို Faceless Void နဲ႔ Magnus ကို Counter ဖို႔သုံးခဲ့တာဆိုေတာ့ အဲဒါအလုပ္ျဖစ္မယ္ဆိုတာ အစကတည္းက ကြၽန္ေတာ္ယုံခဲ့မယ္ဆိုရင္ ကြၽန္ေတာ္လုပ္တာက စမ္းသပ္မႈမဟုတ္ေတာ့ဘူးေပါ့ဗ်ာ။

အရင္ကတည္းက အဲဒီလိုအလုပ္ျဖစ္မယ္ထင္ရတဲ့အႀကံေတြအမ်ားႀကီးရွိခဲ့ေပမယ့္ စမ္းသပ္ခြင့္မရခဲ့ဘူး။ အခုက်ေတာ့ Omniknight ကို နည္းနည္း Buff ေပးထားတယ္။ အဲဒီ Hero က သူမ်ားေတြထင္သေလာက္ သုံးစားမရတဲ့ Hero မ်ိဳးမဟုတ္ပါဘူး။

Puppey ရဲ႕ OMEGA League: Europe Immortal Division ၿပိဳင္ပြဲက အင္တာဗ်ဴးကေတာ့ ဒီေလာက္ပါပဲ။ Puppey ဦးေဆာင္တဲ့ Team Secret ဟာ ေနာက္ဆုံးဝင္ေရာက္ယွဥ္ၿပိဳင္ထားတဲ့ ၿပိဳင္ပြဲ ၅ ခုမွာ ၅ ခုစလုံးဗိုလ္စြဲထားၿပီး လက္ရွိဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ OMEGA League: Europe Immortal Division ၿပိဳင္ပြဲရဲ႕ Group Stage မွာလည္း ၃ ပြဲကစား ၃ ပြဲႏိုင္ရလဒ္ ရရွိေအာင္စြမ္းေဆာင္ႏိုင္ထားတဲ့အသင္းပဲျဖစ္ပါတယ္။ သူ႔အင္တာဗ်ဴးထဲမွာ သူ႔အသင္းသားေတြၾကားကဆက္ဆံေရးကိုေျပာျပသြားတဲ့အျပင္ ဂိမ္း Strategy ေတြအထိပါ စိတ္ပါလက္ပါေျပာျပသြားတာဆိုေတာ့ ပညာရလိုက္ၾကမယ္လို႔ေမွ်ာ္လင့္မိပါတယ္။

Ref~ OMEGA League