[Unicode]

ဒုတိယအကြိမ်မြောက် OPPO | PUBG MOBILE King of The Hill ပြိုင်ပွဲကျင်းပ

 

ယနေ့မှာတော့ PUBG MOBILE မှ တရားဝင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် OPPO | PUBG MOBILE King of The Hill ပြိုင်ပွဲကို ရန်ကုန်မြို့မှ မြန်မာပလာဇာ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲက ပုံမှန်မြင်နေကြ Squad အလိုက် ယှဉ်ပြိုင်ရတဲ့ Tournament ပုံစံမဟုတ်ဘဲ ဒီဂိမ်းကို ကစားတဲ့သူတွေအားလုံး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်စေတဲ့ Community ကို တိုက်ရိုက်အားပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

King of The Hill ပြိုင်ပွဲကို ပါဝင်ဖို့အတွက် ကြိုတင်စာရင်းပေးစရာမလိုဘဲ ပြိုင်ပွဲကျင်းပတဲ့နေရာကို လူကိုယ်တိုင် လာရောက်စာရင်းပေးပြီး တစ်ခါတည်း ယှဉ်ပြိုင်ဆော့ကစားရတာပါ။ မနက် ၁၁ နာရီကနေ ည ၇ နာရီအထိ ဒီလိုမျိုး ငါးပွဲတိတိ ဆော့ကစားစေခဲ့ပြီး ပါဝင်သူတွေဟာ Solo Mode နဲ့ပဲ တစ်ယောက်ချင်းစီ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

ပွဲတိုင်းမှာ နောက်ဆုံးကျန်ရစ်အနိုင်ရသူ Chicken Dinner ပိုင်ရှင်နဲ့ Kill အများဆုံးရရှိခဲ့သူ နှစ်ယောက်အား တစ်ဦးကို အမေရိကန်ဒေါ်လာတစ်ရာစီ ချီးမြှင့်သွားခဲ့ပါတယ်။ ဒါ့ကြောင့် မည်သူမဆို ဝင်ရောက်ပျော်ရွှင်နိုင်ပြီး အနိုင်ရရင်လည်း ဆုငွေရရှိတဲ့ပုံစံမျိုးပါ။ အခြား Fan Activities တွေကိုလည်း ပြိုင်ပွဲကျင်းပတဲ့ဧရိယာမှာ စီစဉ်ထားရှိထားတာ တွေ့ရပါတယ်။

PUBG Mobile King of the Hill ပြိုင်ပွဲကိုတော့ OPPO Myanmar မှ OPPO A9 2020 ဖုန်းများဖြင့် ပံ့ပိုးကူညီထားကြောင်းလည်း သိရှိရပါတယ်။


[ZawGyi]

ဒုတိယအႀကိမ္ေျမာက္ OPPO | PUBG MOBILE King of The Hill ၿပိဳင္ပြဲက်င္းပ

 

ယေန႔မွာေတာ့ PUBG MOBILE မွ တရားဝင္က်င္းပတဲ့ ဒုတိယအႀကိမ္ေျမာက္ OPPO | PUBG MOBILE King of The Hill ၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕မွ ျမန္မာပလာဇာ ပ႐ိုမိုးရွင္းဧရိယာမွာ က်င္းပခဲ့ပါတယ္။ ဒီၿပိဳင္ပြဲက ပုံမွန္ျမင္ေနၾက Squad အလိုက္ ယွဥ္ၿပိဳင္ရတဲ့ Tournament ပုံစံမဟုတ္ဘဲ ဒီဂိမ္းကို ကစားတဲ့သူေတြအားလုံး မည္သူမဆို ပါဝင္ယွဥ္ၿပိဳင္ႏိုင္ေစတဲ့ Community ကို တိုက္႐ိုက္အားေပးတဲ့ ပုံစံမ်ိဳးျဖစ္ပါတယ္။

King of The Hill ၿပိဳင္ပြဲကို ပါဝင္ဖို႔အတြက္ ႀကိဳတင္စာရင္းေပးစရာမလိုဘဲ ၿပိဳင္ပြဲက်င္းပတဲ့ေနရာကို လူကိုယ္တိုင္ လာေရာက္စာရင္းေပးၿပီး တစ္ခါတည္း ယွဥ္ၿပိဳင္ေဆာ့ကစားရတာပါ။ မနက္ ၁၁ နာရီကေန ည ၇ နာရီအထိ ဒီလိုမ်ိဳး ငါးပြဲတိတိ ေဆာ့ကစားေစခဲ့ၿပီး ပါဝင္သူေတြဟာ Solo Mode နဲ႔ပဲ တစ္ေယာက္ခ်င္းစီ ယွဥ္ၿပိဳင္ရတာျဖစ္ပါတယ္။

ပြဲတိုင္းမွာ ေနာက္ဆုံးက်န္ရစ္အႏိုင္ရသူ Chicken Dinner ပိုင္ရွင္နဲ႔ Kill အမ်ားဆုံးရရွိခဲ့သူ ႏွစ္ေယာက္အား တစ္ဦးကို အေမရိကန္ေဒၚလာတစ္ရာစီ ခ်ီးျမႇင့္သြားခဲ့ပါတယ္။ ဒါ့ေၾကာင့္ မည္သူမဆို ဝင္ေရာက္ေပ်ာ္႐ႊင္ႏိုင္ၿပီး အႏိုင္ရရင္လည္း ဆုေငြရရွိတဲ့ပုံစံမ်ိဳးပါ။ အျခား Fan Activities ေတြကိုလည္း ၿပိဳင္ပြဲက်င္းပတဲ့ဧရိယာမွာ စီစဥ္ထားရွိထားတာ ေတြ႕ရပါတယ္။


PUBG Mobile King of the Hill ၿပိဳင္ပြဲကိုေတာ့ OPPO Myanmar မွ OPPO A9 2020 ဖုန္းမ်ားျဖင့္ ပံ့ပိုးကူညီထားေၾကာင္းလည္း သိရွိရပါတယ္။