[Unicode]

အရှေ့တောင်အာရှရဲ့ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် 23savage

 

မကြာသေးမီက Fnatic အသင်းဟာ 2019-2020 DPC season ရဲ့ ပထမဆုံးပွဲဖြစ်တဲ့ MDL Chengdu Major ကို qualifier မှ တစ်ဆင့် စတင်ဝင်ရောက်နိုင်ခဲ့ပါတယ်။ အသင်းလိုက် လေ့ကျင့်မှုများ နည်းပါးနေသေးတဲ့ Fnatic အတွက်တော့ ယခုခြေလှမ်းဟာ အစကောင်းတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလို ဝင်ရောက် မယှဉ်ပြိုင်မီက Fnatic အသင်းဟာ pubstar တစ်ဦးကို ခေါ်ယူခဲ့ပါတယ်။ သူကတော့ အသက် ၁၇ နှစ်ရှိသေးတဲ့ ထိုင်းလူငယ်ကစားသမား 23savage ပါ။ 23savage ဟာ Fnatic ကို မရောက်ရှိမီမှာ အသင်းငယ်တွေဖြစ်တဲ့ Alpha Blue, Reaper, MSCerberus နဲ့ Team Jinesbrus တို့လို အသင်းများမှာသာ ကစားခဲ့ဖူးပြီး pubstar တစ်ဦးအဖြစ် အဓိကရပ်တည်ခဲ့ချိန်က ပိုမိုများပြားနေခဲ့ပါတယ်။

23savage ဟာ pro ကစားသမားအတွေ့အကြုံနုနယ်သေးလို့ ဖိအားတွေကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ အများကထင်မြင်ခဲ့ကြပေမယ့် Chengdu Major ရဲ့ closed qualifier အတွင်းမှာ သူရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ Hero အမြောက်အများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်မှုကလည်း ပရိသတ်ကို ဆွဲဆောင်ခဲ့ပါတယ်။ သူအကြိုက်ဆုံး hero တစ်ကောင်ဖြစ်တဲ့ Morphling ကိုတော့ qualifier ပွဲစဉ်အတွင်းမှာ ကစားခွင့် မရခဲ့ပါဘူး။

Dota 2 လောကမှာ pro ကစားသမားအဖြစ် စတင်တာ မကြာသေးတဲ့ 23savage ကို IGN Southeast Asia က အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ ယင်းအင်တာဗျူးမှာတော့ 23savage ရဲ့ Fnatic ကို ရွေးချယ်ရခြင်း အကြောင်းအရင်း၊ အကြိုက်ဆုံး အလေးစားဆုံး ကစားသမား၊ ယခု DPC season အတွက် မျှော်လင့်ချက်များ စတာတွေကို မေးမြန်းထားခဲ့ပါတယ်။

Question: မင်္ဂလာပါ 23savage၊ Dota ကို ဘယ်လို စ ကစားဖြစ်ခဲ့တယ်ဆိုတာလေး ပြောပြပေးပါဦး။

Answer: ဟုတ်ကဲ့ပါ။ ကျွန်တော် Dota ကို စ ကစားဖြစ်တာကတော့ ကျွန်တော့်အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေ ကစားနေတာကို တွေ့ခဲ့လို့ပါ။ စ ကစားဖြစ်တော့ ကျွန်တော့်အသက် ၁၃ နှစ်ရှိပါပြီ။ တခြားဂိမ်းတွေကိုလည်း ကျွန်တော်ကစားပေမယ့် competitive ဆန်ဆန် ကစားတာတော့ မဟုတ်ပါဘူး။ Dota ကတော့ စ ကစားတာနဲ့ကို ကြိုက်သွားခဲ့တာပါ။

Question: Dota ကို competitively ကစားဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။

Answer: အစကတော့ ကျွန်တော်ဟာ သာမန် Pub ကစားသမား တစ်ယောက်ပါပဲ။ ဒါပေမယ့် rank 1000 ကို စရောက်တော့ ကျွန်တော်ဟာ ဒီဂိမ်းထဲမှာ talent ရှိလို့ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ ကစားနိုင်မယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။ ဖြစ်မြောက်လာခဲ့လို့ ကျွန်တော်အရမ်းပဲ ဝမ်းသာမိပါတယ်။

Question: ဟုတ်ကဲ့ပါ။ 23savage ဆိုတဲ့ နာမည်လေးကို ဘယ်လိုရွေးချယ်ဖြစ်သွားလဲ ဆိုတာနဲ့ ဘယ်လို အဓိပ္ပာယ်နဲ့ ရွေးခဲ့တယ်ဆိုတာလေးလည်း ပြောပြပေးပါဦး။

Answer: 23savage နာမည်ကတော့ ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ 21 Savage ကို အစွဲပြုပြီးဖြစ်လာတာပါ။ ကျွန်တော်ဟာ အရင်က သူ့ရဲ့ Bank Account ဆိုတဲ့ သီချင်းကို အရမ်းကြိုက်နှစ်သက်ခဲ့ပါတယ်။ ပြီးတော့ လူတော်တော်များများက ကျွန်တော့်ကို Three (3) လို့ ခေါ်ကြတယ်။ ဒါကြောင့်ပဲ အကုန်ပေါင်းပြီး 23savage ဆိုတဲ့ နာမည်ကို ရွေးဖို့ ဆုံးဖြတ်လိုက်တာပါ။

Question: ၁၇ နှစ်ပဲ ရှိသေးလို့ ကိုယ့်ရဲ့ region ထဲမှာ အသက်အငယ်ဆုံး Dota 2 pro ကစားသမားဖြစ်နေတာပေါ့နော်။ ဂိမ်းကစားတဲ့အလုပ်နဲ့ ကျောင်းတက်ဖို့ကိစ္စ နှစ်ခုဖြစ်နေတာကိုရော ဘယ်လို စီစဉ်ထားလဲ။

Answer: ကျွန်တော်နဲ့ ကျွန်တော့်အသင်းဟာ ၂၀၁၈ တုန်းက လုပ်ခဲ့တဲ့ ထိုင်းအပျော်တမ်း Dota 2 ပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့လို့ Vancouver မှာ လုပ်ခဲ့တဲ့ TI8 တုန်းကို သွားရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက TI8 ပွဲကြီးကိုတွေ့တော့ အရမ်းအားကျပြီး တစ်နေ့နေ့တစ်ချိန်ချိန် ဒီလိုစင့်မြင့်ကြီးပေါ်မှာ ကစားနိုင်ဖို့ကိုလည်း ကြိုးစားခဲ့ပါတယ်။ ထိုင်းကို ပြန်ရောက်လာတော့ GED test (University entrance exam) ကို ဝင်ဖြေခဲ့တယ်။ စာမေးပွဲတွေအောင်ပြီးနောက်ပိုင်းမှာတော့ Dota ကို အပြည့်အဝ အာရုံစိုက်ကစားဖို့ ကျောင်းနားထားခဲ့ပါတယ်။

Question: ဟုတ်ကဲ့ပါ။ ကိုယ့်ကိုယ်ကို Dota 2 မှာ အစတည်းက ပါရမီ ပါလာခဲ့တယ်လို့ ထင်လား။ ဒါမှမဟုတ် ကစားတာများလို့ ကျွမ်းကျင်လာခဲ့တယ်လို့ ထင်လား။

Answer: ကိုယ့်ကိုယ်ကို ပါရမီ ပါလာတယ်လို့ မထင်ပါဘူး။ Calibrate လုပ်ပြီးတော့ ကျွန်တော် ပထမဆုံး ရရှိခဲ့တဲ့ MMR က 3800 တည်းပါ။ ကျွန်တော် အချိန်တွေ အများကြီးယူပြီး အားတင်းလေ့ကျင့်ခဲ့ပါတယ်။ ဘယ်လောက်ထိများလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်တောင် သတိမထားမိလောက်တဲ့အထိပါပဲ။

iceiceice, Jabx, Jabz’s gz & 23savage

Question: Fnatic မှာ ကစားဖို့ လာခေါ်တော့ ဘယ်လို ခံစားရလဲ။ တခြားအသင်းတွေက လာခေါ်သေးတယ်ဆိုတာရော အမှန်ပဲလား။ ဘာလို့ Fnatic မှာ ကစားဖို့ ရွေးချယ်ခဲ့တာလဲ။

Answer: ဟုတ်ကဲ့။ ကျွန်တော်က Jabz နဲ့အတူ ကစားဖို့ အမြဲဆန္ဒရှိနေခဲ့တာမို့ Fnatic က လာခေါ်တော့ အတော်ပျော်ပြီး စိတ်တွေလည်း လှုပ်ရှားနေခဲ့ပါတယ်။ ကျွန်တော် Jabz ကို သိတာ ၂ နှစ် ၃ နှစ်လောက်ရှိပါပြီ။ သူဟာ ကျွန်တော် pro ကစားသမားတစ်ယောက်ဖြစ်လာစေဖို့ အဓိကအားကျခဲ့ရတဲ့သူတစ်ယောက်ပါ။ TI9 shuffle တုန်းက ကျွန်တော့်ကို အသင်းတွေအများကြီး လာခေါ်ခဲ့ပေမယ့် Fnatic ကတော့ ကျွန်တော် ဝင်ရောက်ဖို့ အကောင်းဆုံးအသင်းဖြစ်နေလို့ပါ။

Question: Dota 2 ကစားသမားတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲ ဘာကြောင့်လဲ ဆိုတာလေးလည်း ဖြေပေးပါဦး။

Answer: ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ။ Jabz က ကျွန်တော် အားကျရတဲ့ အကြိုက်ဆုံးကစားသမားပါ။ သူဟာ ကျွန်တော် pro တစ်ယောက်ဖြစ်လာအောင် အတော်ကြိုးစားပေးခဲ့ပြီး သူ့အကြောင်းတွေကလည်း ထိုင်းမှာ နာမည်ကြီးပါတယ်။ ကျွန်တော် သူ့လိုလူတစ်ယောက်ဖြစ်လာချင်ပါတယ်။

23savage & jabz

Question: MDL Chengdu qualifier ပွဲတွေကို ဝင်လာခဲ့စဉ် ကြုံတွေ့ခဲ့ရတဲ့ Fnatic ရဲ့ ခရီးလမ်းကိုလည်း ပြောပြပေးပါဦး။ အသင်းသားတွေ အတူတူမလေ့ကျင့်ဖြစ်ပဲ တစ်ယောက်ချင်း သီးသန့်စီပဲ ဂိမ်းကစားနေခဲ့ကြတယ်ဆိုတာကရော အမှန်ပဲလား။

Answer: အဲ့ဒါအမှန်ပါပဲ။ ဒီ season ရဲ့ ပထမဆုံး major မှာ ဖြည်းဖြည်းပဲသွားဖို့ တစ်သင်းလုံးက ဆုံးဖြတ်ခဲ့ပြီး အားလပ်ရက်များများ ယူနေခဲ့ကြတာပါ။ Qualifer မတိုင်မီက MooN ရယ် Jabz ရယ် ကျွန်တော်ရယ် pub ဂိမ်း နည်းနည်းတော့ ဆော့ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းလူပြည့်နဲ့ ကစားဖြစ်တာဆိုလို့ rank ဂိမ်း ၃ ပွဲပဲ ရှိပါတယ်။ အကုန်လုံးက အိမ်ကနေပဲ ကစားနေခဲ့ကြတာပါ။

Question: Major ရဲ့ qualifier ကို အောင်မယ်လို့ရော ယုံကြည်ချက်ရှိခဲ့ကြလား။ နောက်ဆုံးပွဲကို နိုင်ပြီးတော့ရော ဘယ်လိုခံစားရလဲ။

Answer: အသင်းထဲက ကစားသမားတွေ အကုန်လုံးက ဝါရင့်ကစားသမားတွေဆိုတော့ qualify ဖြစ်ပြီး ဝင်သွားမယ်လို့ ခန့်မှန်းထားခဲ့ကြပုံပါပဲ။ ပွဲစဉ်တစ်လျှောက်လုံးလည်း အေးအေးဆေးဆေးပါပဲ။ ကျွန်တော်ပဲ အတော်လေး ကြောက်နေခဲ့တာ။ Qualify လည်း ဖြစ်ချင်တယ် လေ့ကျင့်ခဲ့တာကလည်း နည်းတယ်ဆိုတော့ ရှုံးမှာကို ကြောက်တာပေါ့နော်။ အောင်ပြီး ဝင်သွားတယ်ဆိုတော့လည်း ကျွန်တော်ပျော်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး major ပွဲဖြစ်သလို pro ကစားသမားဘဝရဲ့ ကြီးမားတဲ့ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။

Question: Major ထဲမှာရော ရည်မှန်းထားတဲ့ ပန်းတိုင် ဒါမှမဟုတ် မျှော်လင့်ထားတာမျိုး ရှိလား။ Major ကို နိုင်ချင်တာ ဒါမှမဟုတ် လက်ခံနိုင်လောက်တဲ့အတိုင်းအတာ အောင်မြင်မှုမျိုး မျှော်လင့်ထားတာရော ရှိလား။

Answer: ကျွန်တော်တို့က နောက်ထပ်လာမယ့် major အတွက်လည်း စခန်းသွင်းလေ့ကျင့်ဖို့ အစီအစဉ်မရှိသေးဘူးဗျ။ ဒီတော့ အခု major ကို နောက်ထပ် major တွေပြိုင်ဖို့ လေ့ကျင့်တယ်လို့ပဲ ယူဆထားပါတယ်။ Major တွေကတော့ နိုင်ချင်တာပေါ့ဗျာ။

Question: ၂၀၁၈ တုန်းက OG ခေါ်ယူခဲ့တဲ့ Topson ကလည်း အရင်က လူသိသိပ်မများတဲ့ pubstar တစ်ယောက်ပဲနော်။ အခုအချိန်မှာတော့ သူဟာ TI နှစ်ခုဆက်တိုက်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။ လာမယ့် TI ကို Fnatic အသင်းကနေ အနိုင်ရဖို့ရော ယုံကြည်ချက်ရှိလား။

Answer: OG အသင်းက အခုအချိန်မှာ အတော်ကောင်းနေတယ်လို့ ကျွန်တော်တော့ ထင်တယ်ဗျ။ သူတို့ထက် ပိုပြီး ကောင်းဖို့ဆိုတာ အခုချိန်မှာ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့် လုံလောက်တဲ့ လေ့ကျင့်မှုနဲ့ ကြိုးစားမှုတွေ ပြုလုပ်ပြီးရင်တော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Question: Signature hero တစ်ကောင်က Morphling နော်။ Dota 2 အသိုင်းအဝိုင်းက တစ်ကွက်ကောင်းသမားလို့ ဝေဖန်နေကြတာနဲ့ ပတ်သတ်ပြီးတော့ရော သူတို့ မှားကြောင်း qualifier ပွဲတွေမှာ သက်သေပြနိုင်ခဲ့ပြီလို့ ယူဆထားလား။

Answer: ဟုတ်ပါတယ်။ Morphling ကို qualifier ထဲက ပွဲတိုင်းမှာ ban တာ ခံခဲ့ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း မတူညီတဲ့ hero ၈ ကောင်အထိ အပြောင်းအလဲလုပ် ကစားခဲ့ရပါတယ်။

Question: Dota 2 ကစားသမားတွေ အတွက်ရော သူတို့ skill တွေ ပိုကောင်းလာဖို့နဲ့ MMR တွေ ပိုမြင့်လာဖို့နဲ့ pro တစ်ယောက်ဖြစ်လာစေဖို့ ဘာတွေလုပ်သင့်တယ်လို့ အကြံပေးချင်လဲ။

Answer: ပြင်းပြင်းထန်ထန်ကြိုးစားဖို့နဲ့ သူများတကာထက်အများကြီး ပိုပြီးလေ့ကျင့်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုမလိုမုန်းထားစိတ်ရှိသူတွေနဲ့ အပြစ်ပြောမယ့်သူတွေကို ဂရုမစိုက်ပဲ မိမိကိုယ်ကို ယုံကြည်ပါ။ ကိုယ့်ကိုယ်ကိုယ်တောင် မယုံရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

Question: တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်အသင်းတစ်သင်းထောင်ပြီး ဦးဆောင်ဖို့ရော စိတ်ကူးရှိလား အတွေ့အကြုံပိုများလာရင် ခေါင်းဆောင်နေရာယူဖို့ စဉ်းစားထားတာမျိုးရော ရှိလား။

Answer: အခုထိတော့ အစီအစဉ်မရှီသေးပါဘူး။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်လုပ်ဖို့ ရည်ရွယ်ချက်လည်း ကျွန်တော့်မှာ မရှိပါဘူး။

Question: ကွာလာလမ်ပူမြို့မှာလုပ်မယ့် စခန်းသွင်းလေ့ကျင့်မှုတွေဆီကို Fnatic အသင်းလိုက်သွားမယ်လို့ သိထားပါတယ်။ အဲဒါကရော ဖြစ်ချင်နေတာနဲ့ တစ်ပုံစံတည်းကျလား။

Answer: ကျပါတယ်။ ကျွန်တော် မလေးရှားကို အရင်ကလည်း ရောက်ဖူးပါတယ်။ အဲဒီမှာ အစားအစာတွေ ကောင်းသလို လူတွေကလည်း သဘောကောင်းကြတယ်။ ဒေသတွင်းက ဆွဲဆောင်မှုရှိတဲ့နေရာတွေကိုတော့ မရောက်ခဲ့ပါဘူး။

Question: ကိုယ်တိုင်လိုက်နာကျင့်သုံးနေတဲ့ လေ့ကျင့်ရေး အချိန်ဇယားရှိလား။ ကျွမ်းကျင်မှုတွေ ပိုများလာဖို့ နေ့တိုင်းကစားဖို့ အရေးကြီးတယ်လို့ရောထင်လား။

Answer: Fnatic ကို မဝင်ခင်တုန်းက ကျွန်တော်တစ်နေ့ကို rank ၁၀ ပွဲကနေ ၁၂ ပွဲထိ ကစားပါတယ်။ အိမ်အပြင်ကို ထွက်တာကလည်း ရှားပါတယ်။ Mid နဲ့ carry ကစားတဲ့သူတွေဟာ ကိုယ့်ရဲ့ skill တွေကို အမြဲသစ်လွင်ကောင်းမွန်နေအောင်လုပ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဂိမ်းနဲ့ အပြင်လောက မျှတအောင်လုပ်တာကတော့ ကျန်းမာရေးအတွက် ပိုကောင်းနိုင်ပါတယ်။

Question: လက်ရှိမှာ ပြိုင်ဘက်အဖြစ် ကစားချင်နေတဲ့အသင်းရှိလား။ ဘယ်အသင်းဖြစ်မလဲ ဘာကြောင့်ပါလဲ။

Answer: Vici Gaming ပါ။ Midas Mode တုန်းက ကျွန်တော် သူတို့ကို ရှုံးထားလို့ သူတို့နဲ့ ပြန်ယှဉ်ပြိုင်ကစားချင်ပါတယ်။ သူတို့ဟာ တကယ်ကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး ယှဉ်ပြိုင်ကစားရရင်လည်း ပျော်ဖို့ကောင်းမှာပါ။

Question: နောက်ဆုံးအနေနဲ့ Dota မကစားဖြစ်တဲ့အချိန်တွေမှာ ဘာလုပ်ဖြစ်လဲဆိုတာနဲ့ အခုရွေးချယ်လိုက်တဲ့အသက်မွေးဝမ်းကြောင်းကို မိဘတွေက လက်ခံလားဆိုတာ ဖြေပေးပါဦး။

Answer: Dota မကစားဖြစ်ရင် ရုပ်ရှင်ကြည့်ရတာနဲ့ NBA 2k20 တို့လို တခြားဂိမ်းတွေ ကစားရပြီး အနားယူရတာကို သဘောကျပါတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အပြည့်အဝထောက်ခံထားသလို ကျွန်တော့်ရဲ့ အကြီးဆုံး fan တွေလည်း ဖြစ်ပါတယ်။

Source: IGN


[Zawgyi]

အေရွ႕ေတာင္အာရွရဲ႕ ထြန္းေတာက္လာမယ့္ ၾကယ္တစ္ပြင့္ 23savage

 

မၾကာေသးမီက Fnatic အသင္းဟာ 2019-2020 DPC season ရဲ႕ ပထမဆုံးပြဲျဖစ္တဲ့ MDL Chengdu Major ကို qualifier မွ တစ္ဆင့္ စတင္ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။ အသင္းလိုက္ ေလ့က်င့္မႈမ်ား နည္းပါးေနေသးတဲ့ Fnatic အတြက္ေတာ့ ယခုေျခလွမ္းဟာ အစေကာင္းတစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။

ဒီလို ဝင္ေရာက္ မယွဥ္ၿပိဳင္မီက Fnatic အသင္းဟာ pubstar တစ္ဦးကို ေခၚယူခဲ့ပါတယ္။ သူကေတာ့ အသက္ ၁၇ ႏွစ္ရွိေသးတဲ့ ထိုင္းလူငယ္ကစားသမား 23savage ပါ။ 23savage ဟာ Fnatic ကို မေရာက္ရွိမီမွာ အသင္းငယ္ေတြျဖစ္တဲ့ Alpha Blue, Reaper, MSCerberus နဲ႔ Team Jinesbrus တို႔လို အသင္းမ်ားမွာသာ ကစားခဲ့ဖူးၿပီး pubstar တစ္ဦးအျဖစ္ အဓိကရပ္တည္ခဲ့ခ်ိန္က ပိုမိုမ်ားျပားေနခဲ့ပါတယ္။

23savage ဟာ pro ကစားသမားအေတြ႕အႀကဳံႏုနယ္ေသးလို႔ ဖိအားေတြကို ရင္ဆိုင္ႏိုင္မွာမဟုတ္ဘူးလို႔ အမ်ားကထင္ျမင္ခဲ့ၾကေပမယ့္ Chengdu Major ရဲ႕ closed qualifier အတြင္းမွာ သူရဲ႕ ႀကံ့ႀကံ့ခံႏိုင္စြမ္းကို ျပသႏိုင္ခဲ့ပါတယ္။ Hero အေျမာက္အမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကစားႏိုင္မႈကလည္း ပရိသတ္ကို ဆြဲေဆာင္ခဲ့ပါတယ္။ သူအႀကိဳက္ဆုံး hero တစ္ေကာင္ျဖစ္တဲ့ Morphling ကိုေတာ့ qualifier ပြဲစဥ္အတြင္းမွာ ကစားခြင့္ မရခဲ့ပါဘူး။

Dota 2 ေလာကမွာ pro ကစားသမားအျဖစ္ စတင္တာ မၾကာေသးတဲ့ 23savage ကို IGN Southeast Asia က အင္တာဗ်ဴး ျပဳလုပ္ခဲ့ပါတယ္။ ယင္းအင္တာဗ်ဴးမွာေတာ့ 23savage ရဲ႕ Fnatic ကို ေ႐ြးခ်ယ္ရျခင္း အေၾကာင္းအရင္း၊ အႀကိဳက္ဆုံး အေလးစားဆုံး ကစားသမား၊ ယခု DPC season အတြက္ ေမွ်ာ္လင့္ခ်က္မ်ား စတာေတြကို ေမးျမန္းထားခဲ့ပါတယ္။

 

Question: မဂၤလာပါ 23savage၊ Dota ကို ဘယ္လို စ ကစားျဖစ္ခဲ့တယ္ဆိုတာေလး ေျပာျပေပးပါဦး။

Answer: ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္ Dota ကို စ ကစားျဖစ္တာကေတာ့ ကြၽန္ေတာ့္အစ္ကိုနဲ႔ သူ႔သူငယ္ခ်င္းေတြ ကစားေနတာကို ေတြ႕ခဲ့လို႔ပါ။ စ ကစားျဖစ္ေတာ့ ကြၽန္ေတာ့္အသက္ ၁၃ ႏွစ္ရွိပါၿပီ။ တျခားဂိမ္းေတြကိုလည္း ကြၽန္ေတာ္ကစားေပမယ့္ competitive ဆန္ဆန္ ကစားတာေတာ့ မဟုတ္ပါဘူး။ Dota ကေတာ့ စ ကစားတာနဲ႔ကို ႀကိဳက္သြားခဲ့တာပါ။

Question: Dota ကို competitively ကစားဖို႔ ဘာေၾကာင့္ ဆုံးျဖတ္ခဲ့တာပါလဲ။

Answer: အစကေတာ့ ကြၽန္ေတာ္ဟာ သာမန္ Pub ကစားသမား တစ္ေယာက္ပါပဲ။ ဒါေပမယ့္ rank 1000 ကို စေရာက္ေတာ့ ကြ်န္ေတာ္ဟာ ဒီဂိမ္းထဲမွာ talent ရွိလို႔ အသက္ေမြးဝမ္းေၾကာင္းတစ္ခုအေနနဲ႔ ကစားႏိုင္မယ္ဆိုတာကို သေဘာေပါက္သြားခဲ့ပါတယ္။ ျဖစ္ေျမာက္လာခဲ့လို႔ ကြ်န္ေတာ္အရမ္းပဲ ဝမ္းသာမိပါတယ္။

Question: ဟုတ္ကဲ့ပါ။ 23savage ဆိုတဲ့ နာမည္ေလးကို ဘယ္လိုေရြးခ်ယ္ျဖစ္သြားလဲ ဆုိတာနဲ႔ ဘယ္လို အဓိပၸာယ္နဲ႔ ေရြးခဲ့တယ္ဆိုတာေလးလည္း ေျပာျပေပးပါဦး။

Answer: 23savage နာမည္ကေတာ့ ရက္ပ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ 21 Savage ကို အစြဲျပဳျပီးျဖစ္လာတာပါ။ ကြ်န္ေတာ္ဟာ အရင္က သူ႔ရဲ႕ Bank Account ဆိုတဲ့ သီခ်င္းကို အရမ္းၾကိဳက္ႏွစ္သက္ခဲ့ပါတယ္။ ျပီးေတာ့ လူေတာ္ေတာ္မ်ားမ်ားက ကြ်န္ေတာ့္ကို Three (3) လို႔ ေခၚၾကတယ္။ ဒါေၾကာင့္ပဲ အကုန္ေပါင္းျပီး 23savage ဆိုတဲ့ နာမည္ကို ေရြးဖုိ႔ ဆုံးျဖတ္လိုက္တာပါ။

Question: ၁၇ ႏွစ္ပဲ ရွိေသးလို႔ ကိုယ့္ရဲ႕ region ထဲမွာ အသက္အငယ္ဆုံး Dota 2 pro ကစားသမားျဖစ္ေနတာေပါ့ေနာ္။ ဂိမ္းကစားတဲ့အလုပ္နဲ႔ ေက်ာင္းတက္ဖုိ႔ကိစၥ ႏွစ္ခုျဖစ္ေနတာကိုေရာ ဘယ္လို စီစဥ္ထားလဲ။

Answer: ကြ်န္ေတာ္နဲ႔ ကြ်န္ေတာ့္အသင္းဟာ ၂၀၁၈ တုန္းက လုပ္ခဲ့တဲ့ ထိုင္းအေပ်ာ္တမ္း Dota 2 ျပိဳင္ပြဲတစ္ခုမွာ အႏိုင္ရခဲ့လို႔ Vancouver မွာ လုပ္ခဲ့တဲ့ TI8 တုန္းကို သြားေရာက္ခြင့္ရခဲ့ပါတယ္။ အဲဒီတုန္းက TI8 ပြဲၾကီးကိုေတြ႔ေတာ့ အရမ္းအားက်ျပီး တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ဒီလိုစင့္ျမင့္ၾကီးေပၚမွာ ကစားႏိုင္ဖုိ႔ကိုလည္း ၾကိဳးစားခဲ့ပါတယ္။ ထိုင္းကို ျပန္ေရာက္လာေတာ့ GED test (University entrance exam) ကို ဝင္ေျဖခဲ့တယ္။ စာေမးပြဲေတြေအာင္ျပီးေနာက္ပိုင္းမွာေတာ့ Dota ကို အျပည့္အဝ အာရုံစိုက္ကစားဖုိ႔ ေက်ာင္းနားထားခဲ့ပါတယ္။

Question: ဟုတ္ကဲ့ပါ။ ကုိယ့္ကိုယ္ကို Dota 2 မွာ အစတည္းက ပါရမီ ပါလာခဲ့တယ္လို႔ ထင္လား။ ဒါမွမဟုတ္ ကစားတာမ်ားလို႔ ကြ်မ္းက်င္လာခဲ့တယ္လို႔ ထင္လား။

Answer: ကိုယ့္ကိုယ္ကို ပါရမီ ပါလာတယ္လုိ႔ မထင္ပါဘူး။ Calibrate လုပ္ျပီးေတာ့ ကြ်န္ေတာ္ ပထမဆုံး ရရွိခဲ့တဲ့ MMR က 3800 တည္းပါ။ ကြ်န္ေတာ္ အခ်ိန္ေတြ အမ်ားၾကီးယူျပီး အားတင္းေလ့က်င့္ခဲ့ပါတယ္။ ဘယ္ေလာက္ထိမ်ားလဲဆိုတာေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ေတာင္ သတိမထားမိေလာက္တဲ့အထိပါပဲ။

iceiceice, Jabz, Jabz’s gf & 23savage

Question: Fnatic မွာ ကစားဖုိ႔ လာေခၚေတာ့ ဘယ္လို ခံစားရလဲ။ တျခားအသင္းေတြက လာေခၚေသးတယ္ဆိုတာေရာ အမွန္ပဲလား။ ဘာလို႔ Fnatic မွာ ကစားဖုိ႔ ေရြးခ်ယ္ခဲ့တာလဲ။

Answer: ဟုတ္ကဲ့။ ကြ်န္ေတာ္က Jabz နဲ႔အတူ ကစားဖုိ႔ အျမဲဆႏၵရွိေနခဲ့တာမို႔ Fnatic က လာေခၚေတာ့ အေတာ္ေပ်ာ္ျပီး စိတ္ေတြလည္း လႈပ္ရွားေနခဲ့ပါတယ္။ ကြ်န္ေတာ္ Jabz ကိုိ သိတာ ၂ ႏွစ္ ၃ ႏွစ္ေလာက္ရွိပါျပီ။ သူဟာ ကြ်န္ေတာ္ pro ကစားသမားတစ္ေယာက္ျဖစ္လာေစဖုိ႔ အဓိကအားက်ခဲ့ရတဲ့သူတစ္ေယာက္ပါ။ TI9 shuffle တုန္းက ကြ်န္ေတာ့္ကို အသင္းေတြအမ်ားၾကီး လာေခၚခဲ့ေပမယ့္ Fnatic ကေတာ့ ကြ်န္ေတာ္ ဝင္ေရာက္ဖုိ႔ အေကာင္းဆုံးအသင္းျဖစ္ေနလို႔ပါ။

Question: Dota 2 ကစားသမားေတြထဲမွာ ဘယ္သူ႔ကို အၾကိဳက္ဆုံးလဲ ဘာေၾကာင့္လဲ ဆိုတာေလးလည္း ေျဖေပးပါဦး။

Answer: ကြ်န္ေတာ္ ေစာေစာက ေျပာခဲ့သလိုပါပဲ။ Jabz က ကြ်န္ေတာ္ အားက်ရတဲ့ အၾကိဳက္ဆုံးကစားသမားပါ။ သူဟာ ကြ်န္ေတာ္ pro တစ္ေယာက္ျဖစ္လာေအာင္ အေတာ္ၾကိဳးစားေပးခဲ့ျပီး သူ႔အေၾကာင္းေတြကလည္း ထို္င္းမွာ နာမည္ၾကီးပါတယ္။ ကြ်န္ေတာ္ သူ႔လိုလူတစ္ေယာက္ျဖစ္လာခ်င္ပါတယ္။

23savage & jabz

Question: MDL Chengdu qualifier ပြဲေတြကို ဝင္လာခဲ့စဥ္ ၾကံဳေတြ႔ခဲ့ရတဲ့ Fnatic ရဲ႕ ခရီးလမ္းကိုလည္း ေျပာျပေပးပါဦး။ အသင္းသားေတြ အတူတူမေလ့က်င့္ျဖစ္ပဲ တစ္ေယာက္ခ်င္း သီးသန္႔စီပဲ ဂိမ္းကစားေနခဲ့ၾကတယ္ဆိုတာကေရာ အမွန္ပဲလား။

Answer: အဲ့ဒါအမွန္ပါပဲ။ ဒီ season ရဲ႕ ပထမဆုံး major မွာ ျဖည္းျဖည္းပဲသြားဖုိ႔ တစ္သင္းလုံးက ဆုံးျဖတ္ခဲ့ျပီး အားလပ္ရက္မ်ားမ်ား ယူေနခဲ့ၾကတာပါ။ Qualifer မတိုင္မီက MooN ရယ္ Jabz ရယ္ ကြ်န္ေတာ္ရယ္ pub ဂိမ္း နည္းနည္းေတာ့ ေဆာ့ျဖစ္ပါတယ္။ ဒါေပမယ့္ အသင္းလူျပည့္နဲ႔ ကစားျဖစ္တာဆိုလို႔ rank ဂိမ္း ၃ ပြဲပဲ ရွိပါတယ္။ အကုန္လုံးက အိမ္ကေနပဲ ကစားေနခဲ့ၾကတာပါ။

Question: Major ရဲ႕ qualifier ကို ေအာင္မယ္လုိ႔ေရာ ယုံၾကည္ခ်က္ရွိခဲ့ၾကလား။ ေနာက္ဆုံးပြဲကို ႏိုင္ျပီးေတာ့ေရာ ဘယ္လိုခံစားရလဲ။

Answer: အသင္းထဲက ကစားသမားေတြ အကုန္လုံးက ဝါရင့္ကစားသမားေတြဆိုေတာ့ qualify ျဖစ္ျပီး ဝင္သြားမယ္လို႔ ခန္႔မွန္းထားခဲ့ၾကပုံပါပဲ။ ပြဲစဥ္တစ္ေလွ်ာက္လုံးလည္း ေအးေအးေဆးေဆးပါပဲ။ ကြ်န္ေတာ္ပဲ အေတာ္ေလး ေၾကာက္ေနခဲ့တာ။ Qualify လည္း ျဖစ္ခ်င္တယ္ ေလ့က်င့္ခဲ့တာကလည္း နည္းတယ္ဆိုေတာ့ ရႈံးမွာကို ေၾကာက္တာေပါ့ေနာ္။ ေအာင္ျပီး ဝင္သြားတယ္ဆိုေတာ့လည္း ကြ်န္ေတာ္ေပ်ာ္ပါတယ္။ ဒါဟာ ကြ်န္ေတာ့္ရဲ႕ ပထမဆုံး major ပြဲျဖစ္သလို pro ကစားသမားဘဝရဲ႕ ၾကီးမားတဲ့ ပထမေျခလွမ္းလည္း ျဖစ္ပါတယ္။

Question: Major ထဲမွာေရာ ရည္မွန္းထားတဲ့ ပန္းတိုင္ ဒါမွမဟုတ္ ေမွ်ာ္လင့္ထားတာမ်ိဳး ရွိလား။ Major ကို ႏိုင္ခ်င္တာ ဒါမွမဟုတ္ လက္ခံႏိုင္ေလာက္တဲ့အတိုင္းအတာ ေအာင္ျမင္မႈမ်ိဳး ေမွ်ာ္လင့္ထားတာေရာ ရွိလား။

Answer: ကြ်န္ေတာ္တို႔က ေနာက္ထပ္လာမယ့္ major အတြက္လည္း စခန္းသြင္းေလ့က်င့္ဖုိ႔ အစီအစဥ္မရွိေသးဘူးဗ်။ ဒီေတာ့ အခု major ကို ေနာက္ထပ္ major ေတြျပိဳင္ဖုိ႔ ေလ့က်င့္တယ္လို႔ပဲ ယူဆထားပါတယ္။ Major ေတြကေတာ့ ႏိုင္ခ်င္တာေပါ့ဗ်ာ။

Question: ၂၀၁၈ တုန္းက OG ေခၚယူခဲ့တဲ့ Topson ကလည္း အရင္က လူသိသိပ္မမ်ားတဲ့ pubstar တစ္ေယာက္ပဲေနာ္။ အခုအခ်ိန္မွာေတာ့ သူဟာ TI ႏွစ္ခုဆက္တိုက္ႏိုင္ခဲ့တဲ့ သူတစ္ေယာက္ျဖစ္ေနပါျပီ။ လာမယ့္ TI ကို Fnatic အသင္းကေန အႏိုင္ရဖုိ႔ေရာ ယုံၾကည္ခ်က္ရွိလား။

Answer: OG အသင္းက အခုအခ်ိန္မွာ အေတာ္ေကာင္းေနတယ္လို႔ ကြ်န္ေတာ္ေတာ့ ထင္တယ္ဗ်။ သူတို႔ထက္ ပိုျပီး ေကာင္းဖုိ႔ဆိုတာ အခုခ်ိန္မွာ ခက္ခဲေနပါေသးတယ္။ ဒါေပမယ့္ လုံေလာက္တဲ့ ေလ့က်င့္မႈနဲ႔ ၾကိဳးစားမႈေတြ ျပဳလုပ္ျပီးရင္ေတာ့ ကြ်န္ေတာ္တို႔ လုပ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။

 

Question: Signature hero တစ္ေကာင္က Morphling ေနာ္။ Dota 2 အသိုင္းအဝိုင္းက တစ္ကြက္ေကာင္းသမားလို႔ ေဝဖန္ေနၾကတာနဲ႔ ပတ္သတ္ျပီးေတာ့ေရာ သူတို႔ မွားေၾကာင္း qualifier ပြဲေတြမွာ သက္ေသျပႏိုင္ခဲ့ျပီလို႔ ယူဆထားလား။

Answer: ဟုတ္ပါတယ္။ Morphling ကို qualifier ထဲက ပြဲတိုင္းမွာ ban တာ ခံခဲ့ရပါတယ္။ အဲဒီေတာ့ ကြ်န္ေတာ္လည္း မတူညီတဲ့ hero ၈ ေကာင္အထိ အေျပာင္းအလဲလုပ္ ကစားခဲ့ရပါတယ္။

Question: Dota 2 ကစားသမားေတြ အတြက္ေရာ သူတုိ႔ skill ေတြ ပိုေကာင္းလာဖုိ႔နဲ႔ MMR ေတြ ပိုျမင့္လာဖို႔နဲ႔ pro တစ္ေယာက္ျဖစ္လာေစဖုိ႔ ဘာေတြလုပ္သင့္တယ္လို႔ အၾကံေပးခ်င္လဲ။

Answer: ျပင္းျပင္းထန္ထန္ၾကိဳးစားဖုိ႔နဲ႔ သူမ်ားတကာထက္အမ်ားၾကီး ပိုျပီးေလ့က်င့္ဖုိ႔လိုတယ္လို႔ ေျပာခ်င္ပါတယ္။ အေရးၾကီးဆုံးကေတာ့ ကိုယ့္ကိုမလိုမုန္းထားစိတ္ရွိသူေတြနဲ႔ အျပစ္ေျပာမယ့္သူေတြကို ဂရုမစိုက္ပဲ မိမိကိုယ္ကို ယုံၾကည္ပါ။ ကိုယ့္ကိုယ္ကိုယ္ေတာင္ မယုံရင္ ဘယ္သူမွ ယုံမွာ မဟုတ္ပါဘူး။

Question: တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ကိုယ္ပိုင္အသင္းတစ္သင္းေထာင္ျပီး ဦးေဆာင္ဖုိ႔ေရာ စိတ္ကူးရွိလား အေတြ႔အၾကံဳပိုမ်ားလာရင္ ေခါင္းေဆာင္ေနရာယူဖုိ႔ စဥ္းစားထားတာမ်ိဳးေရာ ရွိလား။

Answer: အခုထိေတာ့ အစီအစဥ္မရွီေသးပါဘူး။ ျပီးေတာ့ ေခါင္းေဆာင္တစ္ေယာက္လုပ္ဖုိ႔ ရည္ရြယ္ခ်က္လည္း ကြ်န္ေတာ့္မွာ မရွိပါဘူး။

Question: ကြာလာလမ္ပူျမိဳ႕မွာလုပ္မယ့္ စခန္းသြင္းေလ့က်င့္မႈေတြဆီကို Fnatic အသင္းလိုက္သြားမယ္လို႔ သိထားပါတယ္။ အဲဒါကေရာ ျဖစ္ခ်င္ေနတာနဲ႔ တစ္ပုံစံတည္းက်လား။

Answer: က်ပါတယ္။ ကြ်န္ေတာ္ မေလးရွားကို အရင္ကလည္း ေရာက္ဖူးပါတယ္။ အဲဒီမွာ အစားအစာေတြ ေကာင္းသလို လူေတြကလည္း သေဘာေကာင္းၾကတယ္။ ေဒသတြင္းက ဆြဲေဆာင္မႈရွိတဲ့ေနရာေတြကိုေတာ့ မေရာက္ခဲ့ပါဘူး။

Question: ကိုယ္တိုင္လိုက္နာက်င့္သုံးေနတဲ့ ေလ့က်င့္ေရး အခ်ိန္ဇယားရွိလား။ ကြ်မ္းက်င္မႈေတြ ပိုမ်ားလာဖုိ႔ ေန႔တိုင္းကစားဖုိ႔ အေရးၾကီးတယ္လို႔ေရာထင္လား။

Answer: Fnatic ကို မဝင္ခင္တုန္းက ကြ်န္ေတာ္တစ္ေန႔ကို rank ၁၀ ပြဲကေန ၁၂ ပြဲထိ ကစားပါတယ္။ အိမ္အျပင္ကို ထြက္တာကလည္း ရွားပါတယ္။ Mid နဲ႔ carry ကစားတဲ့သူေတြဟာ ကိုယ့္ရဲ႕ skill ေတြကို အျမဲသစ္လြင္ေကာင္းမြန္ေနေအာင္လုပ္ဖုိ႔ အေရးၾကီးတယ္လို႔ ကြ်န္ေတာ္ကေတာ့ ယူဆပါတယ္။ ဂိမ္းနဲ႔ အျပင္ေလာက မွ်တေအာင္လုပ္တာကေတာ့ က်န္းမာေရးအတြက္ ပိုေကာင္းႏိုင္ပါတယ္။

Question: လက္ရွိမွာ ျပိဳင္ဘက္အျဖစ္ ကစားခ်င္ေနတဲ့အသင္းရွိလား။ ဘယ္အသင္းျဖစ္မလဲ ဘာေၾကာင့္ပါလဲ။

Answer: Vici Gaming ပါ။ Midas Mode တုန္းက ကြ်န္ေတာ္ သူတို႔ကို ရႈံးထားလို႔ သူတို႔နဲ႔ ျပန္ယွဥ္ျပိဳင္ကစားခ်င္ပါတယ္။ သူတို႔ဟာ တကယ္ေကာင္းတဲ့အသင္းတစ္သင္းျဖစ္ျပီး ယွဥ္ျပိဳင္ကစားရရင္လည္း ေပ်ာ္ဖုိ႔ေကာင္းမွာပါ။

Question: ေနာက္ဆုံးအေနနဲ႔ Dota မကစားျဖစ္တဲ့အခ်ိန္ေတြမွာ ဘာလုပ္ျဖစ္လဲဆိုတာနဲ႔ အခုေရြးခ်ယ္လိုက္တဲ့အသက္ေမြးဝမ္းေၾကာင္းကို မိဘေတြက လက္ခံလားဆိုတာ ေျဖေပးပါဦး။

Answer: Dota မကစားျဖစ္ရင္ ရုပ္ရွင္ၾကည့္ရတာနဲ႔ NBA 2k20 တို႔လို တျခားဂိမ္းေတြ ကစားရျပီး အနားယူရတာကို သေဘာက်ပါတယ္။ ကြ်န္ေတာ့္မိဘေတြက ကြ်န္ေတာ့္ကို အျပည့္အဝေထာက္ခံထားသလို ကြ်န္ေတာ့္ရဲ႕ အၾကီးဆုံး fan ေတြလည္း ျဖစ္ပါတယ္။

Source: IGN