[Unicode]

“SEA Games Esports ပြိုင်ပွဲ ကစားသမားများနှင့် အချိန်ဇယား”

 

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး (30th SEA Games) မှာ ထည့်သွင်းထားတဲ့ Esports ပြိုင်ပွဲများကို ဒီဇင်ဘာ ၅ ရက်နေ့ မနေ့က စတင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Esports ကို Medal event (ရွှေတံဆိပ်ဆုချမယ့်အမျိုးအစား) အဖြစ် ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်လို့ နိုင်ငံကိုယ်စားပြုအသင်းများ အပြင်းအထန်ယှဉ်ပြိုင်ကြမယ့်ပွဲများလည်း ဖြစ်ပါတယ်။ ဆီးဂိမ်းမှာ ရွေးချယ်ထားတဲ့ Esports အမျိုးအစား (၆) မျိုးထဲမှာ မြန်မာနိုင်ငံက Dota 2, Mobile Legends: Bang Bang နဲ့ Arena of Valor ဂိမ်း ၃ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

အရှေ့တောင်အာရှတစ်ခွင်မှာ ခေတ်စားလှတဲ့ Dota 2 ဟာ ယခုပွဲမှာလည်း လူအများအာရုံစိုက်ခြင်းကို အခံရဆုံးဂိမ်းတစ်ခုပါ။ Dota 2 ကို ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်စေခဲ့တဲ့ Outlanders update ကြောင့်လည်း ပရိသတ်အများ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။

ဆီးဂိမ်း Dota 2 ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံကိုယ်စားပြုအသင်း ၈ သင်းကို အုပ်စု ၂ စု ခွဲထားပါတယ်။ အုပ်စု A မှာ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု B မှာတော့ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ လာအိုတို့ ယှဉ်ပြိုင်ရမှာပါ။

ဆီးဂိမ်း မြန်မာနိုင်ငံကိုယ်စားပြု Dota 2 အသင်းကတော့ Team VeteraN ဖြစ်ပြီး Leo (ခန့်နိုင်), InsaNe (မြင့်မြတ်ဇော်), ShowT (အောင်မြတ်စိုး), RapRap (ကောင်းဇော်သူ) နဲ့ Kenji (ရဲထိုက်) တို့ ပါဝင်ပါတယ်။ အသင်းသားများ အားလုံးကတော့ အထွေအထူး မိတ်ဆက်စရာမလိုလောက်အောင် မြန်မာ Dota 2 ပရိသတ်များ သိပြီသား နာမည်ကျော် ကစားသမားများပါ။ Team VeteraN ဟာ နိုဝင်ဘာလအတွင်းမှာမှ Team Cyanide ကနေ ထွက်ခွာပြီး ပြန်လည်ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကိုယ်စားပြုအသင်းမှာ Fnatic အသင်းရဲ့ 23savage နဲ့ Jabz, RRQ.Trust အသင်းရဲ့ Fearless နဲ့ Boombell, MSCerberus အသင်းရဲ့ Seri နဲ့ အရန်ကစားသမား tnt တို့ ပါဝင်ပြီး နည်းပြကတော့ LaKelz ပါ။ ယင်းတို့ထဲမှာမှ Jabz ဟာ Fnatic ကို မဝင်ရောက်ခင်က Faceless နဲ့ Mineski မှာ ဝင်ရောက်ကစားခဲ့တဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်သလို 23savage ဟာလည်း အသက် ၁၇ နှစ်သာ ရှိသေးပြီး ငယ်ရွယ်တဲ့ pro ကစားသမားတစ်ဦးပါ။

မလေးရှားကိုယ်စားပြုအသင်းကတော့ Siamang Tunggal ဖြစ်ပြီး Danny, Denise, Bakri, Vexus, Nopal နဲ့ အရံကစားသမား Ohaiyo တို့ ပါဝင်ပါတယ်။ Ohaiyo ဟာ Orange, EHOME, Fnatic, LGD.Forever Young စတဲ့ နာမည်ကျော်အသင်းများမှာ ကစားခဲ့ဖူးပြီး သက်တမ်းရင့် Pro ကစားသမားတစ်ဦးဖြစ်ပါတယ်။

စင်ကာပူကိုယ်စားပြုအသင်းကို X အသင်းမှ Chibix နဲ့ Tudi, AxH အသင်းမှ Poloson, Reality Rift အသင်းမှ Nutz, Reality Rift အသင်းဝင်ဟောင်း Luk တို့နဲ့ ဖွဲ့စည်းထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ Nutz ပါဝင်ကစားခဲ့တဲ့ MVP Pheonix ဟာ The International 2015 (TI5) ရဲ့ ၇ နဲ့ ၈ ပူးတွဲနေရာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဗီယက်နမ်ကိုယ်စားပြုအသင်းကတော့ 496 Gaming ဖြစ်ပြီး ကစားသမားအဖြစ် 458, Vivian, Red, Yasy နဲ့ Datbb တို့ ပါဝင်ကာ နည်းပြကတော့ Magical ပါ။ ဗီယက်နမ်အသင်း 496 Gaming ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ထဲက လက်ရှိ Na’Vi ကစားသမား MagicaL နဲ့ နာမည်တူနေတဲ့ နည်းပြ Magical က ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စုစုပေါင်း ကစားသမား ၇ ယောက် ပါဝင်တဲ့ ဖိလစ်ပိုင်ကိုယ်စားပြုအသင်း Sibol ဟာ နိုင်ငံရဲ့ ထိပ်တန်းအသင်း ၂ သင်း ပေါင်းစပ်ထားတာပါ။ ဖိလစ်ပိုင်အသင်းမှာ Team Androit ရဲ့ Natsumi-, Mac, Bok, Boombacs, cml နဲ့ အရံကစားသမားအဖြစ် Cignal Ultra အသင်းရဲ့ Erice နဲ့ Van တို့ ပါဝင်ပါတယ်။ Team Androit ဟာ ပြီးခဲ့တဲ့လက MDL Chengdu Major ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဆီးဂိမ်းရဲ့ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး Dota 2 အသင်း TNC Predator ရဲ့ဇာတိမြေပါ။ TNC ကတော့ လက်ရှိမှာနိုင်ငံခြားကစားသမားတွေပါဝင်နေတဲ့ အသင်းလိုက်စုဖွဲ့မှုနဲ့ Dota Pro Circuit မှာအမှတ်ရဖို့ကို ဦးစားပေးသွားတယ်လို့ ယူဆရမှာပါ။

အင်ဒိုနီးရှားကိုယ်စားပြုအသင်းကတော့ PG.Barracx ဖြစ်ပြီး အသင်းဝင်များကတော့ lfr1t, Azur4, Huppey, Jhocam နဲ့ Visery တို့ပါ။ PG.Barracx အသင်းဟာလည်း ဖွဲ့စည်းထားခဲ့တာ နှစ်နဲ့ချီအောင် ကြာမြင့်ခဲ့ပါပြီ။ အင်ဒိုနီးရှားဟာ BOOM ID အသင်းရဲ့ အခြေစိုက်ရာမြေ ဖြစ်သလို Jhocam ဟာလည်း BOOM ID အသင်းသားဟောင်းပါ။

လာအိုကိုယ်စားပြုအသင်းမှာ Aggressive Slayer အသင်းရဲ့ Jackky, BeeBie, Nevermine, AkiTo နဲ့ Pila တို့ ပါဝင်ပြီး အရန်ကစားသမားအဖြစ် Buk-sert ပါဝင်ပါတယ်။ လာအိုအသင်းကတော့ Dota 2 ပရိသတ် အမြင်စိမ်းတဲ့ ကစားသမားများနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် WESG ပွဲမှာ VeteraN နဲ့ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့ရပေမယ့် တတိယနေရာလုပွဲမှာတော့ VeteraN က ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဘာပဲပြောပြော ထိုင်းပရိုအသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေပါဝင်တာကြောင့် စောင့်ကြည့်ရမယ့် အသင်းပါ။

ဆီးဂိမ်း မြန်မာကိုယ်စားပြု MLBB အသင်းကတော့ Team Cyanide ဖြစ်ပြီး Ardam (ဖုန်းမြင့်ကြည်), Yato (ကံကောင်း), LH (လင်းထက်), Dee De (မင်းကျော်ကောင်း) နဲ့Blank (ထူးထက်ကျော်) တို့ပါဝင်ပါတယ်။ ဆီးဂိမ်း MLBB အုပ်စု A မှာ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး အုပ်စု B မှာတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအိုနဲ့ ထိုင်းတို့ ယှဉ်ပြိုင်ကြရမှာပါ။

 

ဆီးဂိမ်း မြန်မာကိုယ်စားပြု Burmese Ghouls AOV အသင်းကို Zay Cruize (ဇေမိုးစက်), X Hero (ထွန်းအောင်ကျော်), Jeremy (Ah Phu), Reflect (ဖုန်းနိုင်), Sora (ဝေယံအောင်) နဲ့ Ko Ko Maung တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ AOV အုပ်စု A မှာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ ပါဝင်ပြီး အုပ်စု B မှာတော့ လာအို၊ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ ပါဝင်ပါတယ်။

MLBB ပွဲများ ကျင်းပပြီးစီးသွားပေမယ့် AoV နဲ့ Dota2 ပွဲစဉ်များကိုတော့ မနက်ဖြန် ၇ ရက် ဒီဇင်ဘာမှ ကျင်းပမှာဖြစ်ပြီး ပွဲစဉ်များကိုတော့ Telenor Myanmar Facebook page ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ကြတော့မယ့် မြန်မာ Esports ကစားသမားများ အားလုံး ဆီးဂိမ်းမှာ အောင်ပန်းဆင်နိုင်ဖို့ မြန်မာပရိသတ်နဲ့အတူ Gaming Noodle မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Photo Credit : MESL


[Zawgyi]

“SEA Games Esports ၿပိဳင္ပြဲ ကစားသမားမ်ားႏွင့္ အခ်ိန္ဇယား”

 

၂၀၁၉ ခုႏွစ္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႀကီး (30th SEA Games) မွာ ထည့္သြင္းထားတဲ့ Esports ၿပိဳင္ပြဲမ်ားကို ဒီဇင္ဘာ ၅ ရက္ေန႔ မေန႔က စတင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

Esports ကို Medal event (ေ႐ႊတံဆိပ္ဆုခ်မယ့္အမ်ိဳးအစား) အျဖစ္ က်င္းပတာ ပထမဆုံးအႀကိမ္ျဖစ္လို႔ ႏိုင္ငံကိုယ္စားျပဳအသင္းမ်ား အျပင္းအထန္ယွဥ္ၿပိဳင္ၾကမယ့္ပြဲမ်ားလည္း ျဖစ္ပါတယ္။ ဆီးဂိမ္းမွာ ေ႐ြးခ်ယ္ထားတဲ့ Esports အမ်ိဳးအစား (၆) မ်ိဳးထဲမွာ ျမန္မာႏိုင္ငံက Dota 2, Mobile Legends: Bang Bang နဲ႔ Arena of Valor ဂိမ္း ၃ ခုမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။

အေရွ႕ေတာင္အာရွတစ္ခြင္မွာ ေခတ္စားလွတဲ့ Dota 2 ဟာ ယခုပြဲမွာလည္း လူအမ်ားအာ႐ုံစိုက္ျခင္းကို အခံရဆုံးဂိမ္းတစ္ခုပါ။ Dota 2 ကို ႀကီးမားတဲ့အေျပာင္းအလဲေတြျဖစ္ေစခဲ့တဲ့ Outlanders update ေၾကာင့္လည္း ပရိသတ္အမ်ား စိတ္ဝင္စားမႈျမင့္တက္လ်က္ရွိပါတယ္။

ဆီးဂိမ္း Dota 2 ပြဲမ်ားကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံကိုယ္စားျပဳအသင္း ၈ သင္းကို အုပ္စု ၂ စု ခြဲထားပါတယ္။ အုပ္စု A မွာ ထိုင္း၊ မေလးရွား၊ စင္ကာပူနဲ႔ ဗီယက္နမ္တို႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အုပ္စု B မွာေတာ့ ျမန္မာ၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားနဲ႔ လာအိုတို႔ ယွဥ္ၿပိဳင္ရမွာပါ။

ဆီးဂိမ္း ျမန္မာႏိုင္ငံကိုယ္စားျပဳ Dota 2 အသင္းကေတာ့ Team VeteraN ျဖစ္ၿပီး Leo (ခန္႔ႏိုင္), InsaNe (ျမင့္ျမတ္ေဇာ္), ShowT (ေအာင္ျမတ္စိုး), RapRap (ေကာင္းေဇာ္သူ) နဲ႔ Kenji (ရဲထိုက္) တို႔ ပါဝင္ပါတယ္။ အသင္းသားမ်ား အားလုံးကေတာ့ အေထြအထူး မိတ္ဆက္စရာမလိုေလာက္ေအာင္ ျမန္မာ Dota 2 ပရိသတ္မ်ား သိၿပီသား နာမည္ေက်ာ္ ကစားသမားမ်ားပါ။ Team VeteraN ဟာ ႏိုဝင္ဘာလအတြင္းမွာမွ Team Cyanide ကေန ထြက္ခြာၿပီး ျပန္လည္ဖြဲ႕စည္းထားတာလည္း ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံကိုယ္စားျပဳအသင္းမွာ Fnatic အသင္းရဲ႕ 23savage နဲ႔ Jabz, RRQ.Trust အသင္းရဲ႕ Fearless နဲ႔ Boombell, MSCerberus အသင္းရဲ႕ Seri နဲ႔ အရန္ကစားသမား tnt တို႔ ပါဝင္ၿပီး နည္းျပကေတာ့ LaKelz ပါ။ ယင္းတို႔ထဲမွာမွ Jabz ဟာ Fnatic ကို မဝင္ေရာက္ခင္က Faceless နဲ႔ Mineski မွာ ဝင္ေရာက္ကစားခဲ့တဲ့ ဝါရင့္ကစားသမားတစ္ဦးျဖစ္သလို 23savage ဟာလည္း အသက္ ၁၇ ႏွစ္သာ ရွိေသးၿပီး ငယ္႐ြယ္တဲ့ pro ကစားသမားတစ္ဦးပါ။

မေလးရွားကိုယ္စားျပဳအသင္းကေတာ့ Siamang Tunggal ျဖစ္ၿပီး Danny, Denise, Bakri, Vexus, Nopal နဲ႔ အရံကစားသမား Ohaiyo တို႔ ပါဝင္ပါတယ္။ Ohaiyo ဟာ Orange, EHOME, Fnatic, LGD.Forever Young စတဲ့ နာမည္ေက်ာ္အသင္းမ်ားမွာ ကစားခဲ့ဖူးၿပီး သက္တမ္းရင့္ Pro ကစားသမားတစ္ဦးျဖစ္ပါတယ္။

စင္ကာပူကိုယ္စားျပဳအသင္းကို X အသင္းမွ Chibix နဲ႔ Tudi, AxH အသင္းမွ Poloson, Reality Rift အသင္းမွ Nutz, Reality Rift အသင္းဝင္ေဟာင္း Luk တို႔နဲ႔ ဖြဲ႕စည္းထားပါတယ္။ ၂၀၁၅ ခုႏွစ္မွာ Nutz ပါဝင္ကစားခဲ့တဲ့ MVP Pheonix ဟာ The International 2015 (TI5) ရဲ႕ ၇ နဲ႔ ၈ ပူးတြဲေနရာကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဗီယက္နမ္ကိုယ္စားျပဳအသင္းကေတာ့ 496 Gaming ျဖစ္ၿပီး ကစားသမားအျဖစ္ 458, Vivian, Red, Yasy နဲ႔ Datbb တို႔ ပါဝင္ကာ နည္းျပကေတာ့ Magical ပါ။ ဗီယက္နမ္အသင္း 496 Gaming ကို လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ထဲက လက္ရွိ Na’Vi ကစားသမား MagicaL နဲ႔ နာမည္တူေနတဲ့ နည္းျပ Magical က ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

စုစုေပါင္း ကစားသမား ၇ ေယာက္ ပါဝင္တဲ့ ဖိလစ္ပိုင္ကိုယ္စားျပဳအသင္း Sibol ဟာ ႏိုင္ငံရဲ႕ ထိပ္တန္းအသင္း ၂ သင္း ေပါင္းစပ္ထားတာပါ။ ဖိလစ္ပိုင္အသင္းမွာ Team Androit ရဲ႕ Natsumi-, Mac, Bok, Boombacs, cml နဲ႔ အရံကစားသမားအျဖစ္ Cignal Ultra အသင္းရဲ႕ Erice နဲ႔ Van တို႔ ပါဝင္ပါတယ္။ Team Androit ဟာ ၿပီးခဲ့တဲ့လက MDL Chengdu Major ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။ ဆီးဂိမ္းရဲ႕ အိမ္ရွင္ဖိလစ္ပိုင္ႏိုင္ငံဟာ ကမာၻ႔အင္အားႀကီး Dota 2 အသင္း TNC Predator ရဲ႕ဇာတိေျမပါ။ TNC ကေတာ့ လက္ရွိမွာႏိုင္ငံျခားကစားသမားေတြပါဝင္ေနတဲ့ အသင္းလိုက္စုဖြဲ႕မႈနဲ႔ Dota Pro Circuit မွာအမွတ္ရဖို႔ကို ဦးစားေပးသြားတယ္လို႔ ယူဆရမွာပါ။

အင္ဒိုနီးရွားကိုယ္စားျပဳအသင္းကေတာ့ PG.Barracx ျဖစ္ၿပီး အသင္းဝင္မ်ားကေတာ့ lfr1t, Azur4, Huppey, Jhocam နဲ႔ Visery တို႔ပါ။ PG.Barracx အသင္းဟာလည္း ဖြဲ႕စည္းထားခဲ့တာ ႏွစ္နဲ႔ခ်ီေအာင္ ၾကာျမင့္ခဲ့ပါၿပီ။ အင္ဒိုနီးရွားဟာ BOOM ID အသင္းရဲ႕ အေျခစိုက္ရာေျမ ျဖစ္သလို Jhocam ဟာလည္း BOOM ID အသင္းသားေဟာင္းပါ။

လာအိုကိုယ္စားျပဳအသင္းမွာ Aggressive Slayer အသင္းရဲ႕ Jackky, BeeBie, Nevermine, AkiTo နဲ႔ Pila တို႔ ပါဝင္ၿပီး အရန္ကစားသမားအျဖစ္ Buk-sert ပါဝင္ပါတယ္။ လာအိုအသင္းကေတာ့ Dota 2 ပရိသတ္ အျမင္စိမ္းတဲ့ ကစားသမားမ်ားနဲ႔ ဖြဲ႕စည္းထားတာပါ။ ဒါေပမယ့္ WESG ပြဲမွာ VeteraN နဲ႔ယွဥ္ၿပိဳင္ကစားခဲ့ဖူးၿပီး အုပ္စုအဆင့္မွာ ရႈံးနိမ့္ခဲ့ရေပမယ့္ တတိယေနရာလုပြဲမွာေတာ့ VeteraN က ရႈံးေႂကြးျပန္ဆပ္ႏိုင္ခဲ့ပါတယ္။ ဘာပဲေျပာေျပာ ထိုင္းပ႐ိုအသင္းေတြမွာ ကစားေနတဲ့ ကစားသမားေတြပါဝင္တာေၾကာင့္ ေစာင့္ၾကည့္ရမယ့္ အသင္းပါ။

ဆီးဂိမ္း ျမန္မာကိုယ္စားျပဳ MLBB အသင္းကေတာ့ Team Cyanide ျဖစ္ၿပီး Ardam (ဖုန္းျမင့္ၾကည္), Yato (ကံေကာင္း), LH (လင္းထက္), Dee De (မင္းေက်ာ္ေကာင္း) နဲ႔Blank (ထူးထက္ေက်ာ္) တို႔ပါဝင္ပါတယ္။ ဆီးဂိမ္း MLBB အုပ္စု A မွာ ျမန္မာ၊ ဗီယက္နမ္၊ စင္ကာပူ၊ မေလးရွားနဲ႔ ကေမာၻဒီးယားတို႔ ယွဥ္ၿပိဳင္ၾကရမွာျဖစ္ၿပီး အုပ္စု B မွာေတာ့ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ လာအိုနဲ႔ ထိုင္းတို႔ ယွဥ္ၿပိဳင္ၾကရမွာပါ။

 

ဆီးဂိမ္း ျမန္မာကိုယ္စားျပဳ Burmese Ghouls AOV အသင္းကို Zay Cruize (ေဇမိုးစက္), X Hero (ထြန္းေအာင္ေက်ာ္), Jeremy (Ah Phu), Reflect (ဖုန္းႏိုင္), Sora (ေဝယံေအာင္) နဲ႔ Ko Ko Maung တို႔ ပါဝင္ဖြဲ႕စည္းထားပါတယ္။ AOV အုပ္စု A မွာ ျမန္မာ၊ ထိုင္း၊ ဖိလစ္ပိုင္နဲ႔ ဗီယက္နမ္တို႔ ပါဝင္ၿပီး အုပ္စု B မွာေတာ့ လာအို၊ မေလးရွား၊ စင္ကာပူနဲ႔ အင္ဒိုနီးရွားတို႔ ပါဝင္ပါတယ္။

MLBB ပြဲမ်ား က်င္းပၿပီးစီးသြားေပမယ့္ AoV နဲ႔ Dota2 ပြဲစဥ္မ်ားကိုေတာ့ မနက္ျဖန္ ၇ ရက္ ဒီဇင္ဘာမွ က်င္းပမွာျဖစ္ၿပီး ပြဲစဥ္မ်ားကိုေတာ့ Telenor Myanmar Facebook page ကေန တိုက္႐ိုက္ ၾကည့္ရႈႏိုင္ပါတယ္။

အႀကိတ္အနယ္ယွဥ္ၿပိဳင္ၾကေတာ့မယ့္ ျမန္မာ Esports ကစားသမားမ်ား အားလုံး ဆီးဂိမ္းမွာ ေအာင္ပန္းဆင္ႏိုင္ဖို႔ ျမန္မာပရိသတ္နဲ႔အတူ Gaming Noodle မွ ဆုမြန္ေကာင္းေတာင္းလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Photo Credit : MESL