[Unicode]

ဆီးဂိမ်းမှာ အုပ်စုအဆင့်နဲ့ကျေနပ်ခဲ့ရတဲ့ မြန်မာ MLBB အသင်း

 

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ကို ဖိလစ်ပိုင်နိုင်ငံမှာ လက်ခံကျင်းပနေပြီး ပထမဆုံးအကြိမ်အဖြစ် Esports ကို ရွှေတံဆိပ်ဆုပေးမယ့် အားကစားအဖြစ်သတ်မှတ်လာခဲ့ပါတယ်။ ကစားနည်း ၆ မျိုးကို ရွှေတံဆိပ်ခြောက်ခုပေးသွားမှာဖြစ်ပြီး မြန်မာကတော့ MOBA ဂိမ်းတွေဖြစ်တဲ့ Dota2, MLBB, AoV သုံးမျိုးကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့မှာ Esports အတွက် စတင်ယှဉ်ပြိုင်ခဲ့ရပြီး Mobile Legends ဂိမ်းအမျိုးအစားအတွက် မြန်မာကိုယ်စားပြု Team Cyanide မှဝင်ရောက်ယှဉ်ပြိုင်ခဲ့ရမှာတော့ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်နဲ့ အုပ်စုအဆင့်မှာပဲ လှည့်ပြန်ခဲ့ရပါတယ်။

Team Cyanide အသင်းမှာ ကစားသမားများအဖြစ် Ardam, Yato, LH, Dee De နဲ့ Blank တို့ ပါဝင်ခဲ့ပြီး အသင်းငါးသင်းပါတဲ့ အုပ်စု (က) မှ ဝင်ရောက်ကစားခဲ့ရတာပါ။ အုပ်စု (က) မှာ မြန်မာ အပြင် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ကမ္ဘောဒီးယားတို့ ပါဝင်ခဲ့ပြီး အုပ်စု (ခ) မှာတော့ ဒီပွဲမှာဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အင်ဒို၊ အိမ်ရှင် ဖိလစ်ပိုင်၊ ထိုင်း နဲ့ လာအိုတို့ပါဝင်ခဲ့ပါတယ်။

 

အုပ်စုပြိုင်ပွဲမှာ ထိပ်ဆုံးနှစ်သင်းသာတက်ရောက်မှာဖြစ်ပြီး အင်ဒိုနဲ့ ဖိလစ်ပိုင်တို့ကို ရှောင်ရှားနိုင်ခဲ့ပေမယ့် မြန်မာအသင်းဟာ ကမ္ဘောဒီးယားတစ်သင်းကိုသာ ၂ – ၀ နဲ့အနိုင်ရခဲ့ပြီး ဗီယက်နမ်၊ စင်ကာပူကို ၁ – ၁ သရေရလဒ်၊ မလေးရှားကို ၀ – ၂ နဲ့ရှုံးနိမ့်ပြီး ၅ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။ ပွဲစဉ်တွေကို Bo2 ကစားခဲ့ရပေမယ့် ဘောလုံးအားကစားအမှတ်ပေးပုံနဲ့ အနိုင် ၃ မှတ်အဖြစ် သတ်မှတ်ပေးထားတယ်လို့ ယူဆရပါတယ်။

အုပ်စု (က) မှာ မလေးရှားအသင်းက လွတ်လွတ်ကျွတ်ကျွတ် အုပ်စုပထမနဲ့ တက်ရောက်သွားခဲ့ပြီး ပူးတွဲဒုတိယ ဖြစ်နေတဲ့ ဗီယက်နမ်နဲ့ စင်ကာပူတို့ကို ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာ မသိရသေးပါဘူး။ အုပ်စု (ခ) မှာတော့ အင်ဒိုနဲ့ ဖိလစ်ပိုင်တို့ကပဲ ခန့်မှန်းခဲ့သလို တက်ရောက်သွားခဲ့ပါတယ်။

မနက်ဖြန် ဒီဇင်ဘာ (၇) ရက်နေ့မှာတော့ Dota 2 နဲ့ AoV တို့ စတင်ယှဉ်ပြိုင်တော့မှာပါ။ Dota 2 အတွက် မြန်မာကိုယ်စားပြုအဖြစ် ဝါရင့် Team Veteran က ယှဉ်ပြိုင်သွားမှာဖြစ်ကာ AoV မှာတော့ Burmese Ghouls အသင်းက ယှဉ်ပြိုင်ကစားသွားမှာပါ။

Dota2 မှာ မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့အခက်ခဲဆုံးပြိုင်ဘက်လို့ ဆိုရမယ့် အိမ်ရှင်ဖိလစ်ပိုင်အပြင် နာမည်ကျော် ကစားသမားတွေပါဝင်မယ့် အင်ဒို၊ WESG တုန်းက အကောင်းဆုံးဖျက်မြင်းအဖြစ် စွမ်းဆောင်ပြခဲ့တဲ့ လာအို တို့နဲ့အတူ အုပ်စု-ခ မှာ ကျရောက်လျက်ရှိပါတယ်။ AoV မှာလည်း အိမ်ရှင်ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ် တို့ပါဝင်တဲ့ အုပ်စုထဲ ကျရောက်နေတာပါ။

မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် Esports အားကစားသမားများကို လက်စွမ်းပြပြီး အောင်ပွဲတွေရယူနိုင်ပါစေလို့ Gaming Noodle က ဆုတောင်းလိုက်ပါတယ်။

Photo Credit : MESL


[ZawGyi]

ဆီးဂိမ္းမွာ အုပ္စုအဆင့္နဲ႔ေက်နပ္ခဲ့ရတဲ့ ျမန္မာ MLBB အသင္း

 

အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ (SEA Games) ကို ဖိလစ္ပိုင္ႏုိင္ငံမွာ လက္ခံက်င္းပေနၿပီး ပထမဆုံးအႀကိမ္အျဖစ္ Esports ကို ေရႊတံဆိပ္ဆုေပးမယ့္ အားကစားအျဖစ္သတ္မွတ္လာခဲ့ပါတယ္။ ကစားနည္း ၆ မ်ဳိးကို ေရႊတံဆိပ္ေျခာက္ခုေပးသြားမွာျဖစ္ၿပီး ျမန္မာကေတာ့ MOBA ဂိမ္းေတြျဖစ္တဲ့ Dota2, MLBB, AoV သုံးမ်ဳိးကိုသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ဒီဇင္ဘာ ၅ ရက္ေန႔မွာ Esports အတြက္ စတင္ယွဥ္ၿပိဳင္ခဲ့ရၿပီး Mobile Legends ဂိမ္းအမ်ဳိးအစားအတြက္ ျမန္မာကိုယ္စားျပဳ Team Cyanide မွဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရမွာေတာ့ တစ္ပြဲႏုိင္၊ ႏွစ္ပြဲသေရ၊ တစ္ပြဲရႈံး ရလဒ္နဲ႔ အုပ္စုအဆင့္မွာပဲ လွည့္ျပန္ခဲ့ရပါတယ္။

Team Cyanide အသင္းမွာ ကစားသမားမ်ားအျဖစ္ Ardam, Yato, LH, Dee De နဲ႔ Blank တုိ႔ ပါဝင္ခဲ့ၿပီး အသင္းငါးသင္းပါတဲ့ အုပ္စု (က) မွ ဝင္ေရာက္ကစားခဲ့ရတာပါ။ အုပ္စု (က) မွာ ျမန္မာ အျပင္ မေလးရွား၊ ဗီယက္နမ္၊ စင္ကာပူနဲ႔ ကေမၻာဒီးယားတုိ႔ ပါဝင္ခဲ့ၿပီး အုပ္စု (ခ) မွာေတာ့ ဒီပြဲမွာဗုိလ္စြဲဖုိ႔ ေရပန္းစားေနတဲ့ အင္ဒို၊ အိမ္ရွင္ ဖိလစ္ပိုင္၊ ထိုင္း နဲ႔ လာအုိတုိ႔ပါဝင္ခဲ့ပါတယ္။

အုပ္စုၿပိဳင္ပြဲမွာ ထိပ္ဆုံးႏွစ္သင္းသာတက္ေရာက္မွာျဖစ္ၿပီး အင္ဒိုနဲ႔ ဖိလစ္ပိုင္တုိ႔ကို ေရွာင္ရွားႏုိင္ခဲ့ေပမယ့္ ျမန္မာအသင္းဟာ ကေမၻာဒီးယားတစ္သင္းကိုသာ ၂ – ၀ နဲ႔အႏုိင္ရခဲ့ၿပီး ဗီယက္နမ္၊ စင္ကာပူကို ၁ – ၁ သေရရလဒ္၊ မေလးရွားကို ၀ – ၂ နဲ႔ရႈံးနိမ့္ၿပီး ၅ မွတ္သာ ရယူႏုိင္ခဲ့တာေၾကာင့္ အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရပါတယ္။ ပြဲစဥ္ေတြကို Bo2 ကစားခဲ့ရေပမယ့္ ေဘာလုံးအားကစားအမွတ္ေပးပုံနဲ႔ အႏုိင္ ၃ မွတ္အျဖစ္ သတ္မွတ္ေပးထားတယ္လို႔ ယူဆရပါတယ္။

အုပ္စု (က) မွာ မေလးရွားအသင္းက လြတ္လြတ္ကၽြတ္ကၽြတ္ အုပ္စုပထမနဲ႔ တက္ေရာက္သြားခဲ့ၿပီး ပူးတြဲဒုတိယ ျဖစ္ေနတဲ့ ဗီယက္နမ္နဲ႔ စင္ကာပူတုိ႔ကို ဘယ္လုိဆုံးျဖတ္မလဲ ဆုိတာ မသိရေသးပါဘူး။ အုပ္စု (ခ) မွာေတာ့ အင္ဒိုနဲ႔ ဖိလစ္ပုိင္တုိ႔ကပဲ ခန္႔မွန္းခဲ့သလုိ တက္ေရာက္သြားခဲ့ပါတယ္။

မနက္ျဖန္ ဒီဇင္ဘာ (၇) ရက္ေန႔မွာေတာ့ Dota 2 နဲ႔ AoV တုိ႔ စတင္ယွဥ္ၿပိဳင္ေတာ့မွာပါ။ Dota 2 အတြက္ ျမန္မာကုိယ္စားျပဳအျဖစ္ ဝါရင့္ Team Veteran က ယွဥ္ၿပိဳင္သြားမွာျဖစ္ကာ AoV မွာေတာ့ Burmese Ghouls အသင္းက ယွဥ္ၿပိဳင္ကစားသြားမွာပါ။

Dota2 မွာ ျမန္မာအသင္းဟာ ဒီၿပိဳင္ပြဲရဲ႕အခက္ခဲဆုံးၿပိဳင္ဘက္လုိ႔ ဆုိရမယ့္ အိမ္ရွင္ဖိလစ္ပိုင္အျပင္ နာမည္ေက်ာ္ ကစားသမားေတြပါဝင္မယ့္ အင္ဒို၊ WESG တုန္းက အေကာင္းဆုံးဖ်က္ျမင္းအျဖစ္ စြမ္းေဆာင္ျပခဲ့တဲ့ လာအုိ တုိ႔နဲ႔အတူ အုပ္စု-ခ မွာ က်ေရာက္လ်က္ရွိပါတယ္။ AoV မွာလည္း အိမ္ရွင္ဖိလစ္ပိုင္၊ ထိုင္းနဲ႔ ဗီယက္နမ္ တုိ႔ပါဝင္တဲ့ အုပ္စုထဲ က်ေရာက္ေနတာပါ။

မနက္ျဖန္မွာ ယွဥ္ၿပိဳင္ရမယ့္ Esports အားကစားသမားမ်ားကို လက္စြမ္းျပၿပီး ေအာင္ပြဲေတြရယူႏုိင္ပါေစလို႔ Gaming Noodle က ဆုေတာင္းလိုက္ပါတယ္။

Photo Credit : MESL