[Unicode]
SEA GAMES Esports Dota2 (Laos Vs Myanmar) Game-2 Review
Team Myanmar – Radiant
Team Laos – Dire (First Pick)
.: Ban Phase :.
Team MM – Puck, Io, Venge, PL, Naga, Void
Team Laos – Treant, Venom, Lina, Sand King, LC, Viper
.: Pick :.
Team MM – KOTL, Nightstalker, Tiny, Invoker (Last pick)
Team Laos – Tusk, Bristleback, CM, Huskar, Juggernaut
ဒီပွဲမှာတော့ မြန်မာဘက်က သူတို့စိတ်ကြိုက်တွေ့နေတဲ့ KOTL, NS အတွဲကိုပဲ First pick phase မှာ ယူထားသလို အရင်ပွဲတွေမှာ ဒုက္ခပေးခဲ့တဲ့ Puck, VS, Naga တို့ကို Ban ထားပါတယ်။
တစ်ဖက်ကလည်း BB ကို First pick phase မှာ ချထားပြီး သူ့ကို အဓိကဒုက္ခပေးနိုင်တဲ့ LC ကို Ban လိုက်တာ တွေ့ရပါတယ်။ ဒါ့အပြင် Mana aura ပေးမယ့် Cm နဲ့အတူ ပထမပွဲမှာ Dominate လုပ်နိုင်ခဲ့တဲ့ Huskar ကိုပါ ထုတ်လာတာကတော့ Last phase မှာ ဘန်းခံရမှာစိုးလို့ထင်ပါတယ်။
.: Laning Phase :.
Top – KOTL(Kenji), NS(Leo) vs BB
Mid – Invo(Insane) vs Huskar
Bot – DS(ShowT), vs Tusk, Jugg, CM
ရှေ့ပိုင်းမှာ လာအိုဘက်က BB, CM နဲ့ 2 1 2 သွားသလိုလုပ်ပြီးမှ အပေါ်မှာ Kotl, DS တို့ကို တွေ့သွားတဲ့နောက် အောက်လမ်းကို Jugg နဲ့ Tri ဆင်းသွားခဲ့ပါတယ်။ ဒီဘက်က Tiny(Rap Rap) ကတော့ ပွဲကို အသာစီးရနိုင်ဖို့အတွက် Roaming ပုံစံ ဆော့လာပါတယ်။
Huskar ကို ဒီတစ်ခါတော့ Insane Invo က အသာယူလာနိုင်ပေမယ့် ကျန်တဲ့ Lane နှစ်ခုကတော့ အခြေအနေ မကောင်းခဲ့ပါဘူး။
2min First Blood – Team Laos
လာအိုရဲ့ Laning အခင်းအကျင်းက First blood ကိုတော့ ရအောင်ယူနိုင်ခဲ့ပါတယ်။ ပိုဆိုးသွားတာက Top ကို သွား Roam တဲ့ Tiny နဲ့အတူ NS ကိုပါ လာအိုဘက်က BB က တစ်ယောက်တည်း Double-kill ပြန်ယူသွားတာပါ။ First blood အချိန်နဲ့ သိပ်မကွာပါဘူး။
6min – Top gank
အပေါ်လမ်းမှာ အရမ်းစွာနေတဲ့ BB ကို လေးယောက်သွား Gank တာအောင်မြင်သွားပြီး Sunstrike နဲ့ Invo က ရသွားပါတယ်။
အဲ့ဒီနောက် Mid ကိုဆင်းခဲ့ရာမှာ Huskar, Tusk, CM တို့ ဝိုင်းလုပ်ခဲ့လို့ သေသွားခဲ့ပေမယ့် Huskar ကို ပြန်ရလိုက်တာ တော်သေးတယ်လို့ ပြောရမှာပါ။
12min – First 10 kills
လာအိုက Cm, Tusk တို့ရဲ့ တွဲလုံးတွေကြောင့် First 10 Hero kill ကတော့ 4 – 10 နဲ့ လာအိုက ရသွားခဲ့ပါတယ်။ ဒါပေမယ့် Raprap Tiny နဲ့ Insane Invo တို့ရဲ့ တွဲဖက်ညီမှုကနေ လာအိုဘက်က Core ၃ ယောက်လုံးကို Kill ရယူနိုင်ခဲ့ပါတယ်။
13min – Top fight
Tusk ကို tiny, invo တို့ pick လုပ်မလို့ ကြိုးစားနေချိန်မှာ CM ကဆင်းလာခဲ့ပေမယ့် ShowT DS က နှစ်ယောက်လုံးကို Invo Meteor ကြဲတဲ့ထဲ Vacuum နဲ့ဆွဲထည့်လိုက်တာကနေ double kill ရလိုက်ပါတယ်။ Raprap Tiny နဲ့ Insane Invo တို့က ဆက်တိုက်ကို လုပ်ကွက်တွေ ထွက်နေခဲ့တာပါ။
15min – Bot fight
အောက်ဘက် Outpost ကို လုဖို့ ကြိုးစားရင်း ဖြစ်ခဲ့တဲ့ Clash မှာတော့ တစ်ဖက်က Huskar နဲ့ ဟီးရိုးတစ်ယောက် ရလိုက်ပေမယ့် ဒီဘက်ကလည်း NS ကလွဲလို့ ကျန်တဲ့လေးယောက်ပြန်ကျသွားပါတယ်။ ဒါပေမယ့် Hero kill က 12 – 16 ထိ နီးကပ်သွားခဲ့ပါတယ်။
20min – Outpost fight
လာအိုက Bot Outpost ကို အချိန်ကိုက်သိမ်းဖို့ ဆင်းလာတာမှာ အောင်မြင်သွားပြီး KOTL ကိုပါ ရသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Roshan ဆီကိုပါ တန်းသွားပြီး Aegis ယူလိုက်နိုင်ပြန်တယ်။ ဒါ့ကြောင့် Team MM အနေနဲ့ ဟိုဘက်က တက်လာတာကို စောင့်ပြီး Defend ရမယ့် အခြေအနေဖြစ်သွားခဲ့တယ်။
22min – Battle
Mid မှာ တစ်ယောက်တည်း ကျွံနေတဲ့ BB ကို အောင်မြင်စွာ ယူလိုက်ပြီးတဲ့နောက် NS Ulti ပါ သုံးလိုက်ရတဲ့ Team MM က ပြန်ဆုတ်သွားခဲ့ပြီး လာအိုဘက်ကတော့ Mid Tower2 ကို ဖိအားတက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Aegis ရှိသေးတဲ့ Team Laos က Mid T2 ကို ယူဖို့ကြိုးစားရာမှာ Raprap Tiny ကိုပါ ရသွားခဲ့တာကြောင့် ပြန်ထွက်လာတဲ့ BB နဲ့အတူ Highground တက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ အကျအဆုံးမရှိခင် ပြန်ဆုတ်သွားခဲ့ပါတယ်။
25min – Mark
25min မှာလည်း Outpost တစ်ခုစီ ရယူထားပြီး Hero kill က 13 – 18 ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် Battle တွေမှာ အလွန်အကျွံတွေ မမြင်ရတော့ဘဲ ရသလောက်ပဲ ပါးပါးနပ်နပ်ယူမယ့် ပုံစံကို နှစ်ဖက်စလုံးက ပြသလာခဲ့ပါတယ်။
26min – Bot push
Team Laos ဘက်က Bot lane ကို တက်လာပေမယ့် Hg ကို သိသာအောင်တောင် မတွန်းတော့ဘဲ ပြန်ဆုတ်သွားပြန်ပါတယ်။ အဲ့ဒီမှာ BKB ရနေပြီဖြစ်တဲ့ NS အားကိုးနဲ့ Team MM က တဖြေးဖြေး လိုက်ကြည့်တဲ့အခါ CM ကို ရလိုက်ပါတယ်။ ဒါပေမယ့် Laos ကပြန်မဆုတ်ဘဲ ထပ်တက်ခဲ့သလို CM ကလည်း Buyback ထွက်လာခဲ့ပါတယ်။
လာအိုဘက်က Tusk ထပ်ကျသွားပေမယ့် NS BKB မရှိသေးတဲ့ အချက်ကို အခွင့်ကောင်းယူပြီး ထပ်တက်ခဲ့ရာမှာ Mid T3 ကိုရရှိခဲ့ပါတယ်။
30mins – Battle
Roshan pit နားမှာ Leo NS နောက်ကို လိုက်ဖမ်းတဲ့ Cm, Tusk တို့ကို ပြန်ရလိုက်ပြီး Team MM က ဆက်တိုက် လိုက်ဖိရာမှာ Jugg ကိုပါ Mid မှာ ထပ်ရလိုက်ပါတယ်။ Jugg ချက်ချင်း bb ထွက်လာတဲ့အခါ Raprap ပြန်ကျသွားပေမယ့် Team MM က အောင်မြင်စွာ ပြန်ဆုတ်ခဲ့ပါတယ်။
31min – Roshan
Bb ထွက်လာရလို့ တစ်ခုခု တန်အောင်လုပ်မှ ရမယ့် Jugg အတွက် အဆင်ပြေသွားတာကတော့ 2nd Roshan ပါပဲ။ လာအိုဘက်က ဒုတိယ RS ကိုပါ ရလိုက်ပြီး Aegis ကို ထုံးစံအတိုင်း Huskar ကပဲ ယူခဲ့ပါတယ်။ မြန်မာဘက်က သူတို့မရှိတဲ့ Lane တွေကို DS, Tiny, Invo တို့ Spell တွေနဲ့ Creep ဖြတ်တားတာတော့ အောင်မြင်တယ်လို့ ဆိုရမှာပါ။
NS နဲ့ Tiny တို့အပြင် Will-O-Wisp အားကိုးနဲ့ မြန်မာဘက်က ပြန်လိုက်ဖမ်းလာပေမယ့် တစ်ဖက်မှာလည်း BB, Huskar တို့က BKB ရနေပြီဖြစ်တာကြောင့် မလွယ်တော့ မလွယ်လှပါဘူး။
34min မှာ Hero kill 18 – 20 ထိတော့ နီးကပ်လာခဲ့ပြီး လာအိုဘက်က သာနေပေမယ့် Networth က 4k သာကွာပါတယ်။
35min – Top push
Aegis ရှိနေတဲ့ Huskar ကို ဦးတည်ပြီး တက်လာရာမှာ Team MM ဘက်က မဖြစ်မနေ ကာရပါတယ်။ ဒီအချိန်မှာ Combo တွေ မိခဲ့သော်လည်း တစ်ဖက်က Jugg Blade Fury နဲ့ BKB ပါလာတဲ့ core နှစ်ယောက်ကြောင့် Will-O-Wisp လည်း ခနလေးနဲ့ ဖျက်ဆီးခံလိုက်ရပြီး Top T3 နဲ့ Mid Mega ပေးလိုက်ရပါတယ်။
Tusk နဲ့ Huskar တို့ သေသွားခဲ့ပေမယ့် ဒီဘက်က NS, Tiny တို့ buyback ပေးလိုက်ရပါတယ်။
37min – Bot battle
Bot Outpost ကိုလာသိမ်းတဲ့ BB နဲ့ CM တို့ကို ရလိုက်ပေမယ့် လာအိုက အကုန်ဆင်းလာတဲ့အခါမှာ BB ကိုသတ်ဖို့ ရှိသမျှ Spell အကုန်သုံးလိုက်ရတဲ့ Team MM အနေနဲ့ ပြန်ဆုတ်ရာမှာ Insane Invo ကို ပေးလိုက်ရပြန်ပါတယ်။ Outpost တွေကတော့ ခုချိန်ထိ တစ်ယောက်တစ်ခုစီ တစ်လှည့်စီသိမ်းနေတုန်းပါပဲ။ Networth ကလည်း သိသာအောင် ကွာခြားမှု မရှိပါဘူး။ ခက်တာက လာအိုဘက်က သူတို့လိုချင်တဲ့ Objective တွေ အကုန်ရထားခဲ့တာပါ။
41min – Third Roshan and All Mega
တတိယ RS ထွက်ထွက်ချင်းမှာ လာအိုမသိသေးခင် မြန်မာက ရယူနိုင်ခဲ့ပေမယ့် Damage နည်းတာကြောင့် နည်းနည်းကြာသွားခဲ့ပါတယ်။
လာအိုက သိသွားပြီး လာဆိုင်တဲ့အခါမှာတော့ Huskar, CM တို့ကို ရပေမယ့် Invo Aegis အပြင် buyback ပါ ပေးလိုက်ရပါတယ်။ NS လည်း ကျသွားခဲ့တဲ့အတွက် လာအိုအနေနဲ့ တစ်ခါတည်း All Mega ယူသွားခဲ့ပါတယ်။ ဒါ့ကြောင့် 3rd Roshan ကို ရယူနိုင်ခဲ့ပေမယ့် ပွဲအခြေအနေကို ပြောင်းလဲနိုင်ဖို့တော့ မအောင်မြင်ခဲ့ပါဘူး။
48min – HG Push
Team Laos က ပွဲကို သိမ်းနိုင်ဖို့ တက်လာတဲ့အခါမှာ Team MM က အကောင်းဆုံး ခံစစ်ပုံစံကို ပြသခဲ့ပြီး လာအိုဘက်က Tusk ကလွဲပြီး ကျန်တဲ့လေးယောက်ကျသွားခဲ့ပါတယ်။
တစ်ဖက်က Huskar bb မရှိတော့တာကြောင့် Mid ကို တစ်ခါတည်း ပြန်တက်ရာမှာ Mega ယူပြီး T4 ကိုပါ ရိုက်ဖို့ ကြိုးစားတဲ့အတွက် လာအိုဘက်က BB နဲ့ CM တို့ Buyback ထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာ Team MM ဘက်က ပြန်ဆုတ်ခွာခဲ့ပေမယ့် Hero Kill 30 – 28 ဖြစ်သွားပြီး Networth တောင် မြန်မာဘက်က ပြန်သာသွားခဲ့ပါတယ်။
51min – 4th Roshan
Team Laos ဘက်က လူစုံတက်စုံထွက်လာပြီး လေးကြိမ်မြောက် Roshan ယူတဲ့အခါမှာတော့ Mega creep ထိန်းနေတဲ့ Team MM ဘက်က သွားမကာနိုင်တော့ပါဘူး။ Networth အားသာချက်လည်း Team Laos ဘက် ပြန်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဘက်မှာ BB, CM တို့ Buyback မရှိဘဲ မြန်မာဘက်မှာ Tiny ကလွဲလို့ အားလုံး Buyback အသင့်ပါ။
55min – bot push
Bot ကနေ NS ကို ဖမ်းပြီး တက်ဖို့ ကြိုးစားတဲ့ Huskar နဲ့ Tusk တို့ကို လှလှပပ Combo နဲ့ ဖမ်းလိုက်ပြီး Aegis နဲ့ပါ Huskar နှစ်ခါပြန်သေသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အပေါ်ကနေ တွန်းနေတဲ့ Jugg ကိုပါ ထပ်ရလိုက်ပြီး မြန်မာအသင်းက တစ်ဖက်အသင်း HG ကို ပြေးတက်ခဲ့ပါတယ်။
ဒီချိန်မှာ Tusk, Tuskar တို့ buyback လာပြီး CM ကလည်း Bot mega တွန်းနေလို့ ပြန်လာဆိုင်လိုက်ရပါတယ်။ အဲ့ဒီအခါမှာတော့ တွန်းနေတဲ့ CM ကို အောင်မြင်စွာရယူနိုင်ခဲ့ပြီး CM က ချက်ချင်းဆိုသလို ပြန်ဝယ်ထွက်လာပြန်ပါတယ်။ WESG ပွဲမှာ အကောင်းဆုံးပုံစံ ပြသခဲ့တဲ့ Team MM ရဲ့ HG Defense ကတော့ ဒီပွဲမှာ အပြည့်အဝ ပြန်မြင်ရတာပါပဲ။
61min – Roshan
Team Laos ဘက်က ကျွံနေတဲ့ Tusk ကို ယူပြီးတဲ့နောက် ငါးကြိမ်မြောက် Roshan ကိုနှစ်ဖက်လုံးက ချောင်းနေခဲ့ပါတယ်။ Tusk ပြန်ထွက်ဖို့ 20sec လောက် အလိုမှာ Roshan battle စဖြစ်လာခဲ့ပြီး ရုတ်ရုတ်သဲသဲတွေကြားမှာ Huskar Aegis Snatch သွားတာကြောင့် Team Laos အသာစီးရသွားခဲ့ပါတယ်။
ဒါပေမယ့် Insane Invo buyback ပြန်ထွက်လာပြီး Huskar Aegis gone သွားတဲ့အပြင် Tusk, CM တို့ပါ သေသွားတာကြောင့် လာအိုဘက်ကတော့ ရှေ့ဆက်တက်မလာခဲ့ပါဘူး။ Battle ထဲမှာ ShowT ရဲ့ Parallel Wall of Replica တွေဟာ Hashtag (#) ပုံစံ လှလှပပလေးပါ မြင်တွေ့ခဲ့ရပြီး Huskar Aegis ရှိတာနဲ့ Jugg သွေးတစ်စက်နဲ့ လွတ်သွားတာကြောင့်သာ အရေးနိမ့်သွားတာပါ။
Hero Kill တောင် 37 – 31 နဲ့ မြန်မာက ဦးဆောင်ထားပြီး Networth ကွာခြားမှုလည်း အရမ်းမကြီးသေးတဲ့ အနေအထားရှိပါတယ်။ တစ်နာရီကျော်လာပေမယ့် ဘယ်သူမှ Level 30 လည်း မရသေးပါဘူး။
လာအိုဘက်က ပွဲသိမ်းချင်ပေမယ့် တက်တိုင်း ရိုက်ချခံနေရသလိုဖြစ်တာကြောင့် ဆိုင်ဖို့ တော်တော်လေး စဉ်းစားလာပြီး Mega Creep တွေကိုပဲ ဦးစားပေးတွန်းလာခဲ့ပါတယ်။
66min – DC
66min မှာတော့ လာအိုဘက်က BB, Tusk, Huskar နဲ့ Jugg တို့ Reconnect လုပ်လာပါတယ်။ RC လုပ်ပြီးတာနဲ့ တစ်ခါတည်း ထပ်တက်တဲ့အခါမှာတော့ Huskar, Tusk တို့ ထပ်သေသွားပြီး ဒီဘက်က ShowT buyback ပေးလိုက်ရပါတယ်။
68min – Bot Battle and GG
အောက်မှာ ShowT DS ကို ဖမ်းလာတဲ့ CM ကို သတ်လိုက်နိုင်ပေမယ့် ShowT Die back ဖြစ်သွားခဲ့တာတော့ ဆိုးသွားခဲ့ပါတယ်။ CM ကလည်း ချက်ချင်း Buyback ထွက်လာခဲ့ပြီး Ancient ကို ပြေးရိုက်တဲ့အခါမှာတော့ ShowT မရှိတော့တဲ့ Battle ကို မခုခံနိုင်တော့ဘဲ အရှုံးပေးလိုက်ရပါတော့တယ်။
Team Laos ဟာ WESG တုန်းက မြန်မာနဲ့ တစ်အုပ်စုတည်း အတူကျခဲ့တဲ့ Aggressive Slayers အသင်းသား တွေနဲ့ပဲ ဖွဲ့စည်းလာတာပါ။ အဲ့တုန်းကလည်း အုပ်စုအဆင့်မှာ မြန်မာအသင်းကို အနိုင်ရခဲ့ပေမယ့် တတိယလုပွဲမှာတော့ မြန်မာက ၂ – ၁ နဲ့ ရှုံးကြွေးဆပ်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အင်ဒိုအသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့ပြီးမှ တစ်ပွဲပြန်ပေးခဲ့ရသလို လာအိုကိုပါ နှစ်ပွဲပြတ် ရှုံးသွားတဲ့အတွက် နောက်ပွဲမှာ အိမ်ရှင်ဖိလစ်ပိုင်တစ်သင်းတည်းနဲ့သာ ရင်ဆိုင်ဖို့ ကျန်ပါတော့တယ်။
[ZawGyi]
SEA GAMES Esports Dota2 (Laos Vs Myanmar) Game-2 Review
Team Myanmar – Radiant
Team Laos – Dire (First Pick)
.: Ban Phase :.
Team MM – Puck, Io, Venge, PL, Naga, Void
Team Laos – Treant, Venom, Lina, Sand King, LC, Viper
.: Pick :.
Team MM – KOTL, Nightstalker, Tiny, Invoker (Last pick)
Team Laos – Tusk, Bristleback, CM, Huskar, Juggernaut
.: Laning Phase :.
6min – Top gank
12min – First 10 kills
13min – Top fight
15min – Bot fight
20min – Outpost fight
22min – Battle
25min – Mark
26min – Bot push
30mins – Battle
31min – Roshan
35min – Top push
37min – Bot battle
48min – HG Push
51min – 4th Roshan
55min – bot push
61min – Roshan
66min – DC
68min – Bot Battle and GG