ထူးခြားကွဲပြားတဲ့ အသွင်အပြင်နဲ့ gaming ကုလားထိုင်သစ်ကို Herman Miller စတင်ပွဲထုတ်

 

အမေရိကန်အခြေစိုက် ပရိဘောဂကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Herman Miller ဟာ ရုံးသုံး ပရိဘောဂများကို ထုတ်လုပ်လာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သလို ယင်းတို့ရဲ့ သက်တောင့်သက်သာရှိပြီး ဈေးနှုန်းမြင့်မားလှတဲ့ ရုံးသုံး ကုလားထိုင်များကြောင့်လည်း နာမည်ကျော်ကြားလူသိများလှပါတယ်။ ယခုအချိန်မှာတော့ Herman Miller ဟာ ထူးခြားတဲ့အသွင်အပြင်ရှိတဲ့ Sayl gaming ကုလားထိုင်သစ်ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း မကြာသေးမီကကြေညာလိုက်ပါတယ်။

Herman Miller ဟာ ယခင်တည်းက Sayl နာမည်နဲ့ ရုံးသုံးကုလားထိုင်များကို ထုတ်လုပ်ရောင်းချနေခဲ့တာပါ။ ယခုထုတ်လုပ်လိုက်တဲ့ gaming ကုလားထိုင်များဟာ ယခင်ထုတ်လုပ်ခဲ့ဖူးတဲ့ Sayl ရုံးသုံး ကုလားထိုင်များရဲ့ ပုံစံကို ပြန်လည်အတုယူထားတာဖြစ်ပြီး အသုံးပြုသူကို သက်တောင့်သက်သာရှိနေစေမှာဖြစ်သလို ကျန်းမာရေးအတွက် သိပ္ပံနည်းကျပြုလုပ်ထားတာလည်း​​ဖြစ်တယ်လို့ Herman Miller က ဆိုပါတယ်။

Herman Miller ရဲ့ gaming ပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ Jon Campbell က ဒီအကြောင်းနဲ့ပတ်သက်လို့ Sayl gaming ကုလားထိုင်များဟာ ဂိမ်မာများနဲ့ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားတဲ့အတွက် အချိန်ကြာမြင့်စွာ ဂိမ်းကစားလေ့ရှိသူများကို သက်တောင့်သက်သာရှိနေစေမှာဖြစ်ကြောင်း၊ တစ်နေရာတည်းမှ ကြာကြာမထိုင်နိုင်ပဲ ဂိမ်းအလွန်ကစားလေ့ရှိသူများအတွက် Sayl gaming ကုလားထိုင်ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Sayl gaming ကုလားထိုင်များကို အနက်ရောင်နဲ့ မီးခိုးဖြူနုရောင် ၂ မျိုး ရရှိယူနိုင်ပြီး နောက်မှီနဲ့ အော​က်ခံအရောင်များကိုတော့ အနက်/အနီ၊ အဖြူ/အနီ၊ ပန်းရောင်၊ အစိမ်းနု၊ အနီ နဲ့ စိမ်းပြာရောင်များထဲက ရွေးချယ်နိုင်ပါတယ်။ Sayl gaming ကုလားထိုင်နောက်မှီများကို အရောင်တောက်ပပြီး ထင်ရှားပေါ်လွင်အောင် ပြုလုပ်ထားတာကို တွေ့ရပါတယ်။

Sayl gaming ကုလားထိုင်များကို အရည်အသွေးပိုင်းကောင်းမွန်အောင် အလေးပေး ထုတ်လုပ်ထားတယ် လို့လည်း ဆိုပါတယ်။ Sayl gaming ကုလားထိုင်များဟာ အခြား Herman Miller ကုလားထိုင်များလိုပဲ လက်တင်အနိမ့်အမြင့်နဲ့ အကျယ်၊ ထိုင်ခုံအနိမ့်အမြင့်၊ ခုံခြေထောက်အနိမ့်အမြင့် စတာတွေကို လိုအပ်သလို ပြောင်းလဲနိုင်သလို အရှေ့ဘက်ကိုရော အနောက်ဘက်ကိုပါ ယိမ်းလို့လည်း ရပါတယ်။ Sayl gaming ကုလားထိုင်တစ်လုံးချင်းစီအတွက် အာမခံကာလကိုလည်း ၁၂ နှစ်အထိ သတ်မှတ်ပေးထားပါတယ်။

Sayl gaming ကုလားထိုင်ကို ဝယ်ယူမယ်ဆိုရင်တော့ တစ်လုံးကို ၇၂၅ ဒေါ်လာနဲ့ ၇၇၅ ဒေါ်လာကြား ကျသင့်မှာပါ။ Sayl gaming ကုလားထိုင်များဟာ Herman Miller ရဲ့ ယခင် Aeron gaming ကုလားထိုင်များထက် ဈေးထက်ဝက်ခန့် သက်သာသလို အခြား gaming ကုလားထိုင်များနဲ့မတူပဲ ထူးခြားကွဲပြားတဲ့ပုံစံရှိတာကြောင့် ဂိမ်မာအများအတွက် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports, Herman Miller