[Unicode]

Dota 2 Battle Pass ကို ကမ္ဘာ့ level အမြင့်ဆုံးအထိ ၃ နှစ်ဆက်တိုက်တင်လာခဲ့တဲ့ ဆော်ဒီမင်းသား

 

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားရဲ့ မင်းသားတစ်ဦးဖြစ်သူ Abdullah bin Salman bin Abdulaziz Al Saud ဟာ Dota 2 အမာခံပရိသတ်တစ်ဦးပါ။ သူ့ရဲ့ Steam အကောင့်မှာ Dota 2 ကို နာရီစုစုပေါင်း ၁၀,၀၀၀ ကျော်အထိ ကစားထားခဲ့သလို ၂၀၁၈ နဲ့ ၂၀၁၉ The International Battle Pass များမှာလည်း ကမ္ဘာ့ level အမြင့်ဆုံးအထိ ရောက်ရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Prince Abdullah bin Salman bin Abdulaziz Al Saud

TI10 Battle Pass ထွက်ရှိတာ ရက်ပိုင်းသာရှိသေးတဲ့ ယခုအချိန်မှာလည်း ဆော်ဒီမင်းသားဟာ Battle Pass level 14437 နဲ့ leaderboard ရဲ့ ထိပ်ဆုံးကို ရောက်ရှိလို့နေပါပြီ။ လက်ရှိအချိန်အထိ TI10 Battle Pass အတွင်းမှာ မင်းသားအသုံးပြုခဲ့တဲ့ ငွေကြေးပမာဏကိုတော့ ဒေါ်လာ ၆,၀၀၀ ကျော် ရှိကြောင်း ဖော်ပြထားပါတယ်။

၂၀၁၈ Battle Pass မှာ မင်းသားအသုံးပြုခဲ့တဲ့ ငွေကြေးစုစုပေါင်းဟာ ဒေါ်လာ ၄၂,၀၀၀ ကျော်အထိ ရှိခဲ့ပြီး level 101,127 အထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၉ Battle Pass မှာတော့ ငွေကြေးပမာဏကို ယခင်နှစ်ထက် ထက်ဝက်လျော့ချပြီး ဒေါ်လာ ၂၁,၀၀၀ ကျော်အသုံးပြုကာ level 51,354 အထိ ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ် Battle Pass အတွင်း မင်းသားအသုံးပြုမယ့် ငွေကြေးပမာဏဟာ ဆက်လက်မြင့်တက်ဖို့ အနေအထားမှာ ရှိနေပါတယ်။

မင်းသားရဲ့ Dotabuff profile အရတော့ သူဟာ Legend IV မှာ ကစားနေသူတစ်ဦးဖြစ်ပြီး support role ကို အဓိကကစားလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ community အတွက် Crystal Maiden, Dazzle, Lina နဲ့ Skywrath Mage hero guide များကိုလည်း ရေးသားခဲ့ဖူးပါတယ်။

ကြီးမားတဲ့ Dota 2 item စုဆောင်းသူတစ်ဦးဖြစ်တဲ့ မင်းသားရဲ့ ဂိမ်း inventory ဟာ ရှားပါးပြီး အလွန်ဈေးကြီးလှတဲ့ cosmetic item များနဲ့ ပြည့်နှက်လို့နေပါတယ်။ ယင်းတို့ထဲမှာမှ ဥပမာများအဖြစ် ဒေါ်လာ ၂၀,၀၀၀ အကုန်ကျခံပြီး ဝယ်ယူထားတဲ့ Gingerbread Baby Roshan နဲ့ ဒေါ်လာ ၂၅,၀၀၀ အကုန်ခံပြီး ဝယ်ယူထားတဲ့ Skywrath Mage ရဲ့ Golden Wings of the Manticore တို့အကြောင်းကို သူ့ရဲ့အကောင့်ပေါ်မှာ တင်ခဲ့ဖူးပါတယ်။

ယခုနှစ်မှာ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် The International 2020 ကျင်းပမယ့်အချိန်ရွှေ့ဆိုင်းသွားခဲ့ရပေမယ့် TI10 Battle Pass ကတော့ မကြာသေးမီကထွက်ပေါ်လာခဲ့ပြီး ၂ ရက်အတွင်းမှာတင် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ 11 သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ ခေတ်အဆက်ဆက်က Dota 2 ကို ချစ်မြတ်နိုးလာခဲ့ကြတဲ့ ပရိသတ်များရဲ့ အားပေးမှုကတော့ ယခုအချိန်ထိ အားကောင်းစွာ ရှင်သန်နေဆဲ ပဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpesports


[ZawGyi]

Dota 2 Battle Pass ကို ကမာၻ႔ level အျမင့္ဆုံးအထိ ၃ ႏွစ္ဆက္တိုက္တင္လာခဲ့တဲ့ ေဆာ္ဒီမင္းသား

 

အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေဆာ္ဒီအာေရးဗီးယားရဲ႕ မင္းသားတစ္ဦးျဖစ္သူ Abdullah bin Salman bin Abdulaziz Al Saud ဟာ Dota 2 အမာခံပရိသတ္တစ္ဦးပါ။ သူ႔ရဲ႕ Steam အေကာင့္မွာ Dota 2 ကို နာရီစုစုေပါင္း ၁၀,၀၀၀ ေက်ာ္အထိ ကစားထားခဲ့သလို ၂၀၁၈ နဲ႔ ၂၀၁၉ The International Battle Pass မ်ားမွာလည္း ကမာၻ႔ level အျမင့္ဆုံးအထိ ေရာက္ရွိသူအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

Prince Abdullah bin Salman bin Abdulaziz Al Saud

TI10 Battle Pass ထြက္ရွိတာ ရက္ပိုင္းသာရွိေသးတဲ့ ယခုအခ်ိန္မွာလည္း ေဆာ္ဒီမင္းသားဟာ Battle Pass level 14437 နဲ႔ leaderboard ရဲ႕ ထိပ္ဆုံးကို ေရာက္ရွိလို႔ေနပါၿပီ။ လက္ရွိအခ်ိန္အထိ TI10 Battle Pass အတြင္းမွာ မင္းသားအသုံးျပဳခဲ့တဲ့ ေငြေၾကးပမာဏကိုေတာ့ ေဒၚလာ ၆,၀၀၀ ေက်ာ္ ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

၂၀၁၈ Battle Pass မွာ မင္းသားအသုံးျပဳခဲ့တဲ့ ေငြေၾကးစုစုေပါင္းဟာ ေဒၚလာ ၄၂,၀၀၀ ေက်ာ္အထိ ရွိခဲ့ၿပီး level 101,127 အထိ ေရာက္ရွိခဲ့ပါတယ္။ ၂၀၁၉ Battle Pass မွာေတာ့ ေငြေၾကးပမာဏကို ယခင္ႏွစ္ထက္ ထက္ဝက္ေလ်ာ့ခ်ၿပီး ေဒၚလာ ၂၁,၀၀၀ ေက်ာ္အသုံးျပဳကာ level 51,354 အထိ ေရာက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ယခုႏွစ္ Battle Pass အတြင္း မင္းသားအသုံးျပဳမယ့္ ေငြေၾကးပမာဏဟာ ဆက္လက္ျမင့္တက္ဖို႔ အေနအထားမွာ ရွိေနပါတယ္။

မင္းသားရဲ႕ Dotabuff profile အရေတာ့ သူဟာ Legend IV မွာ ကစားေနသူတစ္ဦးျဖစ္ၿပီး support role ကို အဓိကကစားေလ့ရွိသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ community အတြက္ Crystal Maiden, Dazzle, Lina နဲ႔ Skywrath Mage hero guide မ်ားကိုလည္း ေရးသားခဲ့ဖူးပါတယ္။

ႀကီးမားတဲ့ Dota 2 item စုေဆာင္းသူတစ္ဦးျဖစ္တဲ့ မင္းသားရဲ႕ ဂိမ္း inventory ဟာ ရွားပါးၿပီး အလြန္ေဈးႀကီးလွတဲ့ cosmetic item မ်ားနဲ႔ ျပည့္ႏွက္လို႔ေနပါတယ္။ ယင္းတို႔ထဲမွာမွ ဥပမာမ်ားအျဖစ္ ေဒၚလာ ၂၀,၀၀၀ အကုန္က်ခံၿပီး ဝယ္ယူထားတဲ့ Gingerbread Baby Roshan နဲ႔ ေဒၚလာ ၂၅,၀၀၀ အကုန္ခံၿပီး ဝယ္ယူထားတဲ့ Skywrath Mage ရဲ႕ Golden Wings of the Manticore တို႔အေၾကာင္းကို သူ႔ရဲ႕အေကာင့္ေပၚမွာ တင္ခဲ့ဖူးပါတယ္။

ယခုႏွစ္မွာ Covid-19 ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ The International 2020 က်င္းပမယ့္အခ်ိန္ေ႐ႊ႕ဆိုင္းသြားခဲ့ရေပမယ့္ TI10 Battle Pass ကေတာ့ မၾကာေသးမီကထြက္ေပၚလာခဲ့ၿပီး ၂ ရက္အတြင္းမွာတင္ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ 11 သန္းအထိ ေရာက္ရွိလာခဲ့ပါတယ္။ မည္သို႔ပင္ျဖစ္ေစ ေခတ္အဆက္ဆက္က Dota 2 ကို ခ်စ္ျမတ္ႏိုးလာခဲ့ၾကတဲ့ ပရိသတ္မ်ားရဲ႕ အားေပးမႈကေတာ့ ယခုအခ်ိန္ထိ အားေကာင္းစြာ ရွင္သန္ေနဆဲ ပဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpesports