Esports နယ်ပယ်ထဲကို PUBG Mobile နဲ့ဝင်လာတဲ့ SAMSUNG

ကမ္ဘာကျော် ဖုန်းနဲ့အီလက်ထရောနစ် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Samsung ဟာ မြန်မာနိုင်ငံ Esports Community အတွက် အကျိုးရှိစေမယ့် အပြောင်းအလဲတစ်ခုအနေနဲ့ လက်ရှိခေတ်စားနေတဲ့ နာမည်ကြီးမိုဘိုင်းဂိမ်း PUBG Mobile အတွက် ဆုကြေးငွေ သိန်း ၁၀၀ ကျော်ပေးအပ်မယ့် ပြိုင်ပွဲကို မကြာမီ ကျင်းပပေးတော့မှာပါ။ ဒီပြိုင်ပွဲကို Galaxy Challenge Samsung 2019 လို့အမည်ပေးထားပါတယ်။

နောက်ထပ်တစ်ခုကတော့ Samsung က မြန်မာနိုင်ငံရဲ့ နာမည်ကြီး Streamer တစ်ယောက်ဖြစ်တဲ့ Arkar Tun (AkgoLive) ကိုလည်း Samsung Mobile Game Brand Ambassador အဖြစ် ခန့်အပ်လိုက်တာပါပဲ။

နောက်ဆုံးတစ်ခုကတော့ ပြည်တွင်းအခြေစိုက် PUBG Mobile အသင်းတစ်သင်းဖြစ်တဲ့ “Claw Esports” အသင်းကိုလည်း Samsung မှ Official Sponsor အဖြစ် ထောက်ပံပေးတော့မှာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း brand တစ်ခုအနေနဲ့ Esports အသင်းတစ်သင်းကို ဒုတိယအကြိမ် Sponsor ပေးခြင်းဖြစ်ပြီး ပထမဦးဆုံးကတော့ Huawei Mobile က Burmese Ghouls အသင်းကို Sponsor ပေးခြင်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအနေနဲ့လည်း Galaxy Challenge ပြိုင်ပွဲရလဒ်တွေကို စောင့်ကြည့်ပြီး Galaxy Team ဆိုပြီး တည်ထောင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

#LocalNews
#Samsung
#PUBGMobile
#ClawsEsports
#AKgoLive

 

Photo Credit : AKgoLive