[Unicode]

10k MMR ရောက်သူတွေ တစ်ယောက်မှ TI မနိုင်ဖူးသေးကြောင်း ပြောလိုက်တဲ့ MidOne

 

OG အသင်းရဲ့ offlane ကစားသမားဖြစ်သူ MidOne ဟာ Dota 2 သမိုင်းကြောင်းတစ်လျှောက်မှာ 10k MMR ကို ဒုတိယမြောက် စံချိန်တင်ရောက်ရှိနိုင်ခဲ့သူတစ်ဦးပါ။ သူဟာ 10k MMR ကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ရောက်ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ MMR မြင့်မားတဲ့ ကစားသမားများ ဆက်လက်တိုးပွားလာခဲ့ပါတယ်။

မကြာသေးမီက MidOne ဟာ တွစ်တာလူမှုကွန်ယက်ပေါ်မှာ 10k MMR ကစားသမားများနဲ့ ပတ်သက်ပြီး လှောင်ပြောင်တဲ့ ပို့စ်တစ်ခုကို ရေးသားထားခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာတော့ MidOne က 10k MMR ကို ရောက်ရှိဖူးသူ ကစားသမားအားလုံးဟာ The International (TI) မနိုင်ဖူးသူများသာဖြစ်ကြလို့ 10k MMR ရောက်အောင်ကြိုးပမ်းခြင်းဟာ အကျိုးအမြတ်မရှိလှကြောင်း ရည်ရွယ်ရေးသားထားခဲ့ပါတယ်။

ယင်း ရေးသားချက်ဟာ Beastcoast အသင်းရဲ့ support ကစားသမားဖြစ်သူ Scofield တစ်ယောက် 10k MMR ကို ရောက်ရှိကြောင်း ကြေညာချက်အပြီး သိပ်မကြာခင်မှာ ထွက်ပေါ်လာခဲ့တာပါ။ လက်ရှိအချိန်ထိ 10k MMR ရောက်ရှိသူ စုစုပေါင်း ၁၅ ဦးအထိ ရှိသွားပြီဖြစ်ပြီး Scofield ကတော့ တောင်အမေရိက server ပေါ်မှာ ပထမဆုံးစံချိန်တင်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

10k MMR ကစားသမား ၁၅ ဦးရဲ့ အမည်များကတော့

  1. Abed
  2. MidOne
  3. Arteezy
  4. Ramzes666
  5. Raven
  6. Mikoto
  7. w33
  8. Armel
  9. Nothingtosay
  10. No[o]ne
  11. V-Tune
  12. Limmp
  13. SumaiL
  14. Cr1t-
  15. Scofield

တို့ပဲ ဖြစ်ကြပါတယ်။

MidOne & SumaiL in OG

ယင်းတို့ထဲမှာမှ SumaiL ဟာ Evil Geniuses (EG) အသင်းနဲ့အတူ The International 2015 (TI5) ကို အနိုင်ရရှိဖူးသူတစ်ဦးဖြစ်လို့ MidOne ရဲ့ လှောင်ပြောင်ရေးသားချက်ဟာ မှားယွင်းနေခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်အပါအဝင် ကျန်ကစားသမားများအားလုံးကတော့ အမှန်တကယ်ပဲ ယခုအချိန်ထိ TI မနိုင်ဖူးသူများဖြစ်ကြပါတယ်။

ဒါကြောင့် MidOne ရဲ့ ယင်းပို့စ်အောက်မှာ TI ချန်ပီယံဟောင်း SumaiL က “lol” လို့ တုံ့ပြန် ရေးသားထားခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ Dota 2 ကစားသမားတိုင်းရဲ့ ရည်မှန်းချက် ပန်းတိုင်ကြီး ဖြစ်တဲ့ The International ပွဲကြီးကို အနိုင်ရရှိအောင် MidOne ကိုယ်တိုင်ရော စွမ်းဆောင် လာနိုင်မလား ဆိုတာကတော့ ပရိသတ်များ ဆက်လက်စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

10k MMR ေရာက္သူေတြ တစ္ေယာက္မွ TI မႏိုင္ဖူးေသးေၾကာင္း ေျပာလိုက္တဲ့ MidOne

 

OG အသင္းရဲ႕ offlane ကစားသမားျဖစ္သူ MidOne ဟာ Dota 2 သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ 10k MMR ကို ဒုတိယေျမာက္ စံခ်ိန္တင္ေရာက္ရွိႏိုင္ခဲ့သူတစ္ဦးပါ။ သူဟာ 10k MMR ကို လြန္ခဲ့တဲ့ ၂ ႏွစ္ခန႔္က ေရာက္ရွိခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ MMR ျမင့္မားတဲ့ ကစားသမားမ်ား ဆက္လက္တိုးပြားလာခဲ့ပါတယ္။

မၾကာေသးမီက MidOne ဟာ တြစ္တာလူမႈကြန္ယက္ေပၚမွာ 10k MMR ကစားသမားမ်ားနဲ႔ ပတ္သက္ၿပီး ေလွာင္ေျပာင္တဲ့ ပို႔စ္တစ္ခုကို ေရးသားထားခဲ့ပါတယ္။ ယင္းပို႔စ္အတြင္းမွာေတာ့ MidOne က 10k MMR ကို ေရာက္ရွိဖူးသူ ကစားသမားအားလုံးဟာ The International (TI) မႏိုင္ဖူးသူမ်ားသာျဖစ္ၾကလို႔ 10k MMR ေရာက္ေအာင္ႀကိဳးပမ္းျခင္းဟာ အက်ိဳးအျမတ္မရွိလွေၾကာင္း ရည္႐ြယ္ေရးသားထားခဲ့ပါတယ္။

ယင္း ေရးသားခ်က္ဟာ Beastcoast အသင္းရဲ႕ support ကစားသမားျဖစ္သူ Scofield တစ္ေယာက္ 10k MMR ကို ေရာက္ရွိေၾကာင္း ေၾကညာခ်က္အၿပီး သိပ္မၾကာခင္မွာ ထြက္ေပၚလာခဲ့တာပါ။ လက္ရွိအခ်ိန္ထိ 10k MMR ေရာက္ရွိသူ စုစုေပါင္း ၁၅ ဦးအထိ ရွိသြားၿပီျဖစ္ၿပီး Scofield ကေတာ့ ေတာင္အေမရိက server ေပၚမွာ ပထမဆုံးစံခ်ိန္တင္ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။

10k MMR ကစားသမား ၁၅ ဦးရဲ႕ အမည္မ်ားကေတာ့

  1. Abed
  2. MidOne
  3. Arteezy
  4. Ramzes666
  5. Raven
  6. Mikoto
  7. w33
  8. Armel
  9. Nothingtosay
  10. No[o]ne
  11. V-Tune
  12. Limmp
  13. SumaiL
  14. Cr1t-
  15. Scofield

တို႔ပဲ ျဖစ္ၾကပါတယ္။

MidOne & SumaiL in OG

ယင္းတို႔ထဲမွာမွ SumaiL ဟာ Evil Geniuses (EG) အသင္းနဲ႔အတူ The International 2015 (TI5) ကို အႏိုင္ရရွိဖူးသူတစ္ဦးျဖစ္လို႔ MidOne ရဲ႕ ေလွာင္ေျပာင္ေရးသားခ်က္ဟာ မွားယြင္းေနခဲ့ပါတယ္။ ဒါေပမယ့္ သူကိုယ္တိုင္အပါအဝင္ က်န္ကစားသမားမ်ားအားလုံးကေတာ့ အမွန္တကယ္ပဲ ယခုအခ်ိန္ထိ TI မႏိုင္ဖူးသူမ်ားျဖစ္ၾကပါတယ္။

ဒါေၾကာင့္ MidOne ရဲ႕ ယင္းပို႔စ္ေအာက္မွာ TI ခ်န္ပီယံေဟာင္း SumaiL က “lol” လို႔ တုံ႔ျပန္ ေရးသားထားခဲ့ပါတယ္။ မည္သို႔ပင္ျဖစ္ေစ Dota 2 ကစားသမားတိုင္းရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ႀကီး ျဖစ္တဲ့ The International ပြဲႀကီးကို အႏိုင္ရရွိေအာင္ MidOne ကိုယ္တိုင္ေရာ စြမ္းေဆာင္ လာႏိုင္မလား ဆိုတာကေတာ့ ပရိသတ္မ်ား ဆက္လက္ေစာင့္ၾကည့္ၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming