[Unicode]

rOtK ပြောတဲ့ တရုတ် Dota လောကနဲ့ Vici Gaming အကြောင်း

 

Vici Gaming ဟာ မကြာသေးမီက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် နည်းပြဖြစ်သူ rOtK လည်း အသင်းနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ ယင်းပြိုင်ပွဲမှာ Vici Gaming က ဗိုလ်စွဲအနိုင်ရရှိပြီးနောက်မှာတော့ rOtK ဟာ ချန်ပီယံဆုတံဆိပ်ကို ကိုင်မြောက်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ “CN Dota Never Die” လို့ ကြွေးကျော်ခဲ့ပါတယ်။

Dota 2 ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ rOtK ဟာ ၂၀၁၈ စက်တင်ဘာလထဲက Vici Gaming ကို နည်းပြအဖြစ်ဝင်ရောက်လာခဲ့တာပါ။ နည်းပြဘဝမှာ အောင်မြင်မှုများ ရရှိထားတဲ့ rOtK ကို တရုတ်ကုမ္ပဏီ MAX+ က ပြိုင်ပွဲအပြီးမှာ အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

Question: မင်္ဂလာပါ။ ပြိုင်ပွဲကို အနိုင်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်နော်။ အခု စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။

Answer: အရမ်းကောင်းတဲ့ ခံစားချက်ပါ။ Major ပြိုင်ပွဲတစ်ခုကို နိုင်လိုက်တာထက်တောင် ပျော်ပါသေးတယ်။ Lower bracket ကနေ တက်လာပြီး ချန်ပီယံဖြစ်ရတဲ့ ခံစားချက်က အတော်လေး ပျော်ဖို့ကောင်းပါတယ်။

Question: ဟုတ်ကဲ့ပါ။ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ရော စီစဉ်ထားသေးလဲ။

Answer: ရက်နည်းနည်းလောက် အရင်နားဦးမှာပါ။ ပြီးရင် ဇန်နဝါရီလကုန်ပိုင်းလောက်ရောက်မှ သေချာ ပြန်လေ့ကျင့်ကြမယ်။ လာမယ့် Major မှာလည်း ဒီလိုပဲ အခြေအနေကောင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Question: ပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားပြီးတော့ “CN Dota Never Die” လို့ ပြောခဲ့တယ်နော်။ အစောထဲက အဲလိုလုပ်ဖို့ စဉ်းစားထားတာလား ဒါမှမဟုတ် အမှတ်မထင် လုပ်ဖြစ်သွားတာလား။

Answer: အစောထဲက စဉ်းစားထားတာပါ။ အစကတော့ “CN Dota Best Dota” လို့ ပြောမလို့ပဲ။ အတော်များများလည်း ကြားဖူးနေကြတာကိုး။ နောက်ကျတော့ “CN Dota Never Die” က ပိုကောင်းမယ်လို့ စဉ်းစားမိတယ်။ ဒီစကားလေးက အားလုံးရဲ့ စိတ်ဓာတ်ကို ပိုတက်ကြွလာစေမယ်လို့ ထင်မိလို့ပါ။

Question: တရုတ် Dota 2 လောကတစ်ခုလုံးကို စိတ်ဓာတ် ပိုတက်ကြွလာအောင် လုပ်ချင်ခဲ့တာမျိုးလား။

Answer: ဟုတ်ပါတယ်။ ဒါကျွန်တော့် ရည်ရွယ်ချက်ပါ။ တရုတ် Dota 2 ကစားသမားတွေကိုရော ပရိသတ်တွေကိုပါ ပြောချင်တာက ကျွန်တော်တို့ဟာ ထိပ်ဆုံးကို ပြန်ရောက်နိုင်ပါသေးတယ် ဆိုတာပါပဲ။

Question: ၂၀၁၉ ထဲမှာ နိုင်ငံတကာပြိုင်ပွဲ ၄ ခုတောင် အနိုင်ရခဲ့တယ်နော်။ Vici Gaming မှာ နည်းပြလုပ်ပြီး သမိုင်းသစ်ရေးနေရတဲ့ ခံစားချက်ကရော ဘယ်လိုမျိုးဖြစ်မလဲ။

Answer: ရလဒ်တွေကတော့ မဆိုးပါဘူး။ ဒါပေမယ့် ဆိုးတာက The International 2019 မှာ အဆင်မပြေခဲ့တာပါပဲ။ ကျွန်တော်မျှော်လင့်တာက The International ကို ရိုးရိုးပြိုင်ပွဲတစ်ခုလို သဘောထားပြီး ဝင်ပြိုင်နိုင်မယ့် စိတ်ဓာတ်မျိုး ကစားသမားတွေဆီမှာ ရှိလာစေချင်တာပါ။ “ဒီပွဲကြီးက TI မို့ မနိုင်လောက်ပါဘူး” ဆိုပြီး စဉ်းစားမနေပဲ အကောင်းဆုံး ကစားကြစေချင်ပါတယ်။

Question: ဒီပွဲကို နိုင်လိုက်ပေမယ့် group stage မှာတုန်းကတော့ သိပ်အခြေအနေမကောင်းသလို ဖြစ်ခဲ့သေးတယ်နော်။ အဲဒီကို ဘယ်လိုမျိုး ဖြေရှင်းလိုက်တာလဲ။

Answer: တကယ်တော့ ကျွန်တော်တို့အသင်းက တခြားအသင်းတွေထက် ပြိုင်ပွဲတစ်ခုမှာ အသားကျဖို့ အချိန်ယူတယ်ဗျ။ အဲဒါကြောင့် ဘယ်ပွဲပဲ ဝင်ပြိုင်ပြိုင် စစချင်းဆို အခြေအနေမကောင်းတာများပါတယ်။ ဒါပေမယ့် တခြားအသင်းတွေနဲ့ ပြိုင်ရင်း ပြိုင်ရင်း တဖြည်းဖြည်း အသားကျပြီး ပိုကောင်းလာတတ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် တခြားအသင်းတွေဆီက သင်ယူစရာတွေလည်း အများကြီးရခဲ့ပါတယ်။ သူတို့ရဲ့ နည်းဗျူဟာတွေ အားသာချက်တွေကို ကျွန်တော်တို့ ကိုယ်ပိုင်နည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး ပိုကောင်းအောင် ကြိုးစားခဲ့ပါတယ်။

Question: ပြိုင်ပွဲထဲမှာ တခြား တရုတ်အသင်းတွေ အခြေအနေ သိပ်မကောင်းခဲ့တဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

Answer: ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ တရုတ်အသင်းတွေ အားနည်းနေသေးတယ်လို့ မြင်တယ်ဗျ။ ဒီလိုဖြစ်နေတာကလည်း တစ်နှစ်လောက်တော့ ရှိပြီ။

တရုတ်မှာ တစ်ချို့လေ့ကျင့်မှုတွေက လက်တွေ့မဆန်ဖြစ်နေပြီး မထိရောက်တာကိုလည်း တွေ့ရတယ်။ ဒီတော့ လေ့ကျင့်တာက အားနည်းလာတယ်။ ဒါတွေကို အားလုံး အချိန်မီပြင်နိုင်ကြဖို့ လိုပါတယ်။ ဒါပေမယ့် “မိသားစုတိုင်းမှာ ပြဿနာကိုယ်စီ ရှိတယ်” ဆိုတဲ့ တရုတ်စကားပုံလိုပါပဲ။ အသင်းတွေမှာလဲ သူ့ပြဿနာနဲ့သူ ရှိကြပါတယ်။

တခြားအသင်းတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်မပြောတတ်ပါဘူး။ ကျွန်တော့်အသင်းကတော့ ပြိုင်ပွဲမတိုင်မီ အတော်လေးကြိုးစားလေ့ကျင့်ခဲ့သလို ထိရောက်မှုရှိတယ်လို့လည်း အစက ထင်ခဲ့တယ်။ ဒါပေမယ့် တခြားအသင်းတွေနဲ့လည်း တကယ်ပြိုင်ရရော လေ့ကျင့်ခဲ့တာတွေက မထိရောက်သလို ခံစားမိပြန်တယ်။ ဒါကြောင့်လည်း ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ ခြုံပြောရရင်တော့ တရုတ်အသင်းအတော်များများက ဒီ season အတွင်းမှာ ရလဒ်မကောင်း ဖြစ်နေကြပါသေးတယ်။

Question: ပွဲထဲမှာ ချခဲ့တဲ့ draft တွေက အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ အသင်းနဲ့လည်း လိုက်ဖက်မှုရှိတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာအောင် ဘယ်လိုကြိုးပမ်းခဲ့ရလဲဆိုတာလေး ပြောပြပေးပါဦး။

Answer: အရေးကြီးပြိုင်ပွဲမှန်သမျှကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပါတယ်။ ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း သေသေချာချာ plan ချတယ်။ တစ်ခါတစ်လေကျတော့ ကျွန်တော်ရော ကစားသမားတွေရော ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ထင်ပြီးမှ ပွဲထဲရောက်တော့ draft ပိုင်းမှာ ပြဿနာဖြစ်နေတာမျိုးလေးတွေ ရှိတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲတစ်ခုနိုင်သွားရင် ချီးမွန်းခံရပြီး ရှုံးရင်တော့ အမှားတွေလုပ်သွားတယ်လို့ ထင်ကြမှာပါပဲ။ Draft တွေ ကောင်းတယ်လို့ထင်ရတာ နိုင်သွားလို့ပါ။ ရှုံးရင်တော့ မကောင်းဘူးပဲ အထင်ခံရမှာဗျ။

Question: ရှုံးရင် မကောင်းဘူး ထင်တယ်ဆိုတော့ Chengdu Major တုန်းက မကောင်းခဲ့ဘူးလို့ ထင်တာပေါ့နော်။

Answer: ဟုတ်ပါတယ်။ ပထမဆုံး ၂ ပွဲ မှာ draft ချပြီးတော့ ကိုယ့်ကိုယ်ကို အတော်လေး စိတ်မကျေနပ်ဘူး ဖြစ်သွားတယ်။ အမှားလုပ်လိုက်တာကိုလည်း သိတယ်။ Professional တွေ သုံးသပ်ပြတဲ့ နည်းဗျူဟာတွေကိုပဲ စဉ်းစားမိပြီး ပရိသတ်ပြောတာတွေကို ထည့်မစဉ်းစားမိဘူး။ တစ်ချို့ ပရိသတ်တွေက ကျွန်တော့်ကို လှောင်ပြောင်ချင်ကြပေမယ့် တစ်ချို့ကတော့ နည်းဗျူဟာပိုင်းတွေ draft ပိုင်းတွေကို ကျွန်တော်နဲ့ သေချာဆွေးနွေးပြီးကို ပြောပြချင်ကြတာဗျ။ သူတို့ဆို ကျွန်တော်တို့အသင်းရဲ့ ပွဲတွေကို ကြည့်ပြီး သုံးသပ်ကြတယ်။ ပြီးတော့ ကျွန်တော့်ကို မေးလ်တွေ မက်ဆေ့တွေ ပို့တယ်။ သူတို့ ပြောတဲ့အချက်လေးတွေကလည်း အတော်လေးကောင်းတာကို တွေ့ရပါတယ်။

Question: ပရိသတ်တွေရဲ့ အထင်အမြင်တွေကလည်း အထောက်အကူဖြစ်စေတယ်လို့ ယူဆတာပေါ့နော်။

Answer: ဟုတ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုယူဆပါတယ်။

Question: ဟိုးအရင်ပြိုင်ပွဲတွေတုန်းက စောစောစီးစီးပဲ lower bracket ဆင်းပြီးရင် ပြုတ်တာ များတယ်နော်။ ဘာလို့ အဲလိုဖြစ်ခဲ့တယ်လို့ ထင်လဲ။ အဲဒီအခြေအနေကို ကျော်လွှားနိုင်အောင်ရော ဘယ်လိုကြိုးပမ်းခဲ့လဲ။

Answer: ကျွန်တော်ထင်တာကတော့ လိုအပ်ခဲ့တာက စိတ်ဓာတ်ပိုင်းဆိုင်ရာပါပဲ။ Season အစတုန်းက ကျွန်တော်တို့ရဲ့ အသင်းသားသစ်တွေကို အကုန်စုပြီး အစည်းအဝေးမှာ ပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ချန်ပီယံဆုတွေရဖို့ မဟုတ်ဘူး၊ တက်ညီလက်ညီဖြစ်လာပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာတွေလည်း ကြံ့ခိုင်ကောင်းမွန်လာဖို့ လို့။ အဲဒီလိုစဉ်းစားထားတာ အတော်ထိရောက်ပါတယ်။ ဆက်ပြီးတော့လည်း ကောင်းအောင် ကြိုးစားသွားမှာပါ။

VG.Eurus

Question: ပြိုင်ပွဲတွေမှာ Dota 2 hero Slark ကို လူကြိုက် မများပေမယ့် ကစားသမား Eurus ကတော့ Slark ကိုင်တိုင်းနိုင်ပြီး win rate ၁၀၀ ရာခိုင်နှုန်းတောင် ရထားတာနော်။ ဒါနဲ့ ပတ်သတ်ပြီးတော့ရော ဘယ်လိုထင်လဲ။ Eurus ကစားတာ ကောင်းလို့လား၊ ဒါမှမဟုတ် ဒီ patch မှာ Slark ကို buff ထားလို့လား။

Answer: Eurus က hero တော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ပါတယ်။ Slark ကို buff ထားတယ်လို့ ထင်ရတာက သူနဲ့ တွဲလို့ရတဲ့ တွဲလုံး combo နဲ့ နည်းဗျူဟာတွေ ကောင်းနေလို့ပါ။ တကယ်က patch တိုင်း meta တိုင်းမှာ strong ဖြစ်တဲ့ hero တွေ ရှိပါတယ်။ ဒါပေမယ့် combo ကောင်းကောင်းတွဲလို့ မရရင်တော့ သူတို့ရဲ့ အစွမ်းကို ထုတ်ပြနိုင်ဖို့ မလွယ်ပါဘူး။

Question: လာမယ့် Leipzig Major ကို တရုတ်နွေဦးရာသီပွဲတော် လုပ်နေတုန်း သွားကစားရမှာနော်။ ကိုယ့်နိုင်ငံမှာ ပွဲတော်ကျင်းပနေတုန်း တခြားနိုင်ငံသွားပြီး ပြိုင်ပွဲဝင်ရမယ့် ခံစားချက်ကရော ဘယ်လိုဖြစ်မလဲ။

Answer: ဆိုးပါတယ်။ ကျွန်တော်က နွေဦးရာသီပွဲတော်မှာ မိသားစုနဲ့အတူတူရှိချင်တာပါ။ သူတို့ကို အချိန်မပေးနိုင်တာလည်း ကြာပြီမို့ ဒီနှစ်ဆို ပိုပြီးတော့ အတူတူရှိပေးချင်ပါတယ်။ အစက ကစားသမားတွေချည်းပဲ လွှတ်လိုက်မယ်လို့တောင် စဉ်းစားမိသေးတယ်။ ဒါပေမယ့် ဘယ်သူမှ လက်မခံကြသလို အတူသွားသင့်တာလည်းအမှန်ပဲမို့ ကျွန်တော်ပါ လိုက်သွားမှာပါ။ နွေဦးရာသီပွဲတော်ပြီးရင်တော့ ခဏနားမယ်။ အဲဒီတော့မှပဲ မိသားစုကို အချိန်ပေးတော့မယ်။

Question: ဒါဆို တတိယမြောက် Major ကို ဝင်မပြိုင်ဘူးလို့ ဆိုလိုတာလား။

Answer: မပြိုင်ဖြစ်ဖို့များပါတယ်။

Question: Yang ရဲ့ ဗီဇာကိစ္စကြောင့်များ မပြိုင်ဖြစ်တာ ဖြစ်မလား။

Answer: အဲဒါလည်း ပါပါတယ်။ Yang အတွက် U.S ဝင်ခွင့်ဗီဇာလျှောက်တာ ၆ ခေါက် ၇ ခေါက်လောက်ရှိနေပေမယ့် ခုထိ အဆင်မပြေပါဘူး။ ဒီတော့ U.S မှာလုပ်မယ့် တတိယမြောက် Major ကိုလည်း မပြိုင်ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့ အနားယူဖို့ လိုနေတာလည်း ပါတယ်။ ပြင်းပြင်းထန်ထန်ပြိုင်ရတဲ့ ပွဲတိုင်းကို အမြဲသွားကစားနေဖို့က ပင်ပန်းပြီး မလွယ်ကူလှပါဘူး။

Question: လာမယ့် Major မှာရော ဆုရဖို့မှန်းထားလား။

Answer: ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ချန်ပီယံဆုတွေ ရယူဖို့ မဟုတ်ပါဘူး။ အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို ပိုပြီးကြံ့ခိုင်ကောင်းမွန်လာအောင်လုပ်ဖို့ရယ် ပြိုင်ပွဲတွေကနေ သင်ယူလေ့လာဖို့ရယ် တစ်သင်းလုံး ပိုမိုတိုးတက်လာအောင်လုပ်ဖို့တွေပါ။ အသင်းကိုရောက်လာတာ မကြာသေးတဲ့ ကစားသမား Pyw က The International မှာ ကစားဖူးပေမယ့် pro လောကနဲ့ စိမ်းနေပါသေးတယ်။ သူ့ကို လက်စွမ်းကုန်ထုတ် ကစားလာနိုင်အောင် ပျိုးထောင်မယ်။ ဒါပါပဲ။

Question: Pyw အကြောင်းနဲ့ ပတ်သတ်လို့ သတိထားမိတာလေး တစ်ခုက rOtK အနေနဲ့ ချန်ပီယံဆုတံဆိပ်ကို စင်ပေါ်မှာ ကိုင်မြောက်ပြီးတာနဲ့ သူ့ကို လှမ်းပေးလိုက်တယ်နော်။ တိုက်ဆိုင်သွားတာလား ဒါမှမဟုတ် တမင်ပေးလိုက်တာလား။

Answer: တမင်ပေးလိုက်တာပါ။ ဒါက Vici Gaming ရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ကစားသမားသစ် ပြိုင်ပွဲဝင်ပြီဆိုတာနဲ့ ဆုတံဆိပ်ရရင် သူ့ကို အရင်ဆုံးလက်ဆင့်ကမ်းပေးပါတယ်။ မိသားစုဆန်ဆန် နွေးထွေးမှု ခံစားနိုင်အောင်ပါ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အသင်းကို Fade ရောက်လာပြီး ဆုရတုန်းကလည်း ဒီလိုပဲ သူ့ကို လက်ဆင့်ကမ်းပေးခဲ့ဖူးပါတယ်။

Question: ဟုတ်ကဲ့ပါ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ လာမယ့်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရရှိနိုင်ပါစေ။

Answer: ဟုတ်ကဲ့။ ကျေးဇူးပါခင်ဗျာ။

source: vpesports


[ZawGyi]

rOtK ေျပာတဲ့ တ႐ုတ္ Dota ေလာကနဲ႔ Vici Gaming အေၾကာင္း

 

Vici Gaming ဟာ မၾကာေသးမီက စင္ကာပူႏိုင္ငံမွာ က်င္းပတဲ့ ONE Esports Dota 2 World Pro Invitational Singapore ျပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့အတြက္ နည္းျပျဖစ္သူ rOtK လည္း အသင္းနဲ႔အတူ လိုက္ပါလာခဲ့ပါတယ္။ ယင္းျပိဳင္ပြဲမွာ Vici Gaming က ဗိုလ္စြဲအႏိုင္ရရွိျပီးေနာက္မွာေတာ့ rOtK ဟာ ခ်န္ပီယံဆုတံဆိပ္ကို ကိုင္ေျမာက္ျပီး ဂုဏ္ယူဝင့္ၾကြားစြာနဲ႔ “CN Dota Never Die” လို႕ ေၾကြးေက်ာ္ခဲ့ပါတယ္။

Dota 2 ကစားသမားေဟာင္းတစ္ဦးျဖစ္ခဲ့တဲ့ rOtK ဟာ ၂၀၁၈ စက္တင္ဘာလထဲက Vici Gaming ကို နည္းျပအျဖစ္ဝင္ေရာက္လာခဲ့တာပါ။ နည္းျပဘဝမွာ ေအာင္ျမင္မႈမ်ား ရရွိထားတဲ့ rOtK ကို တရုတ္ကုမၸဏီ MAX+ က ျပိဳင္ပြဲအျပီးမွာ အင္တာဗ်ဴးျပဳလုပ္ခဲ့ပါတယ္။

Question: မဂၤလာပါ။ ျပိဳင္ပြဲကို အႏိုင္ရသြားတဲ့အတြက္ ဂုဏ္ယူပါတယ္ေနာ္။ အခု စိတ္ထဲမွာ ဘယ္လိုခံစားေနရလဲ။

Answer: အရမ္းေကာင္းတဲ့ ခံစားခ်က္ပါ။ Major ျပိဳင္ပြဲတစ္ခုကို ႏိုင္လိုက္တာထက္ေတာင္ ေပ်ာ္ပါေသးတယ္။ Lower bracket ကေန တက္လာျပီး ခ်န္ပီယံျဖစ္ရတဲ့ ခံစားခ်က္က အေတာ္ေလး ေပ်ာ္ဖုိ႔ေကာင္းပါတယ္။

Question: ဟုတ္ကဲ့ပါ။ ေရွ႕ဆက္ျပီး ဘာေတြ ဆက္လုပ္မယ္လို႔ေရာ စီစဥ္ထားေသးလဲ။

Answer: ရက္နည္းနည္းေလာက္ အရင္နားဦးမွာပါ။ ျပီးရင္ ဇန္နဝါရီလကုန္ပိုင္းေလာက္ေရာက္မွ ေသခ်ာ ျပန္ေလ့က်င့္ၾကမယ္။ လာမယ့္ Major မွာလည္း ဒီလိုပဲ အေျခအေနေကာင္းႏိုင္ဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။

Question: ျပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္သြားျပီးေတာ့ “CN Dota Never Die” လို႔ ေျပာခဲ့တယ္ေနာ္။ အေစာထဲက အဲလိုလုပ္ဖုိ႔ စဥ္းစားထားတာလား ဒါမွမဟုတ္ အမွတ္မထင္ လုပ္ျဖစ္သြားတာလား။

Answer: အေစာထဲက စဥ္းစားထားတာပါ။ အစကေတာ့ “CN Dota Best Dota” လို႔ ေျပာမလို႔ပဲ။ အေတာ္မ်ားမ်ားလည္း ၾကားဖူးေနၾကတာကိုး။ ေနာက္က်ေတာ့ “CN Dota Never Die” က ပိုေကာင္းမယ္လို႔ စဥ္းစားမိတယ္။ ဒီစကားေလးက အားလုံးရဲ႕ စိတ္ဓာတ္ကို ပိုတက္ၾကြလာေစမယ္လို့ ထင္မိလို႕ပါ။

Question: တရုတ္ Dota 2 ေလာကတစ္ခုလုံးကို စိတ္ဓာတ္ ပိုတက္ၾကြလာေအာင္ လုပ္ခ်င္ခဲ့တာမ်ိဳးလား။

Answer: ဟုတ္ပါတယ္။ ဒါကြ်န္ေတာ့္ ရည္ရြယ္ခ်က္ပါ။ တရုတ္ Dota 2 ကစားသမားေတြကိုေရာ ပရိသတ္ေတြကိုပါ ေျပာခ်င္တာက ကြ်န္ေတာ္တို႔ဟာ ထိပ္ဆုံးကို ျပန္ေရာက္ႏိုင္ပါေသးတယ္ ဆိုတာပါပဲ။

Question: ၂၀၁၉ ထဲမွာ ႏိုင္ငံတကာျပိဳင္ပြဲ ၄ ခုေတာင္ အႏိုင္ရခဲ့တယ္ေနာ္။ Vici Gaming မွာ နည္းျပလုပ္ျပီး သမိုင္းသစ္ေရးေနရတဲ့ ခံစားခ်က္ကေရာ ဘယ္လိုမ်ိဳးျဖစ္မလဲ။

Answer: ရလဒ္ေတြကေတာ့ မဆိုးပါဘူး။ ဒါေပမယ့္ ဆိုးတာက The International 2019 မွာ အဆင္မေျပခဲ့တာပါပဲ။ ကြ်န္ေတာ္ေမွ်ာ္လင့္တာက The International ကို ရိုးရိုးျပိဳင္ပြဲတစ္ခုလို သေဘာထားျပီး ဝင္ျပိဳင္ႏိုင္မယ့္ စိတ္ဓာတ္မ်ိဳး ကစားသမားေတြဆီမွာ ရွိလာေစခ်င္တာပါ။ “ဒီပြဲၾကီးက TI မို႔ မႏိုင္ေလာက္ပါဘူး” ဆိုျပီး စဥ္းစားမေနပဲ အေကာင္းဆုံး ကစားၾကေစခ်င္ပါတယ္။

Question: ဒီပြဲကို ႏိုင္လိုက္ေပမယ့္ group stage မွာတုန္းကေတာ့ သိပ္အေျခအေနမေကာင္းသလို ျဖစ္ခဲ့ေသးတယ္ေနာ္။ အဲဒီကို ဘယ္လိုမ်ိဳး ေျဖရွင္းလိုက္တာလဲ။

Answer: တကယ္ေတာ့ ကြ်န္ေတာ္တို႔အသင္းက တျခားအသင္းေတြထက္ ျပိဳင္ပြဲတစ္ခုမွာ အသားက်ဖုိ႔ အခ်ိန္ယူတယ္ဗ်။ အဲဒါေၾကာင့္ ဘယ္ပြဲပဲ ဝင္ျပိဳင္ျပိဳင္ စစခ်င္းဆို အေျခအေနမေကာင္းတာမ်ားပါတယ္။ ဒါေပမယ့္ တျခားအသင္းေတြနဲ႔ ျပိဳင္ရင္း ျပိဳင္ရင္း တျဖည္းျဖည္း အသားက်ျပီး ပိုေကာင္းလာတတ္ပါတယ္။ ျပိဳင္ပြဲတစ္ေလ်ွာက္ တျခားအသင္းေတြဆီက သင္ယူစရာေတြလည္း အမ်ားၾကီးရခဲ့ပါတယ္။ သူတို႔ရဲ႕ နည္းဗ်ဴဟာေတြ အားသာခ်က္ေတြကို ကြ်န္ေတာ္တို႔ ကိုယ္ပိုင္နည္းစနစ္ေတြနဲ႔ ေပါင္းစပ္ျပီး ပိုေကာင္းေအာင္ ၾကိဳးစားခဲ့ပါတယ္။

Question: ျပိဳင္ပြဲထဲမွာ တျခား တရုတ္အသင္းေတြ အေျခအေန သိပ္မေကာင္းခဲ့တဲ့အေပၚမွာေရာ ဘယ္လိုျမင္လဲ။

Answer: ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ တရုတ္အသင္းေတြ အားနည္းေနေသးတယ္လို႔ ျမင္တယ္ဗ်။ ဒီလိုျဖစ္ေနတာကလည္း တစ္ႏွစ္ေလာက္ေတာ့ ရွိျပီ။

တရုတ္မွာ တစ္ခ်ိဳ႕ေလ့က်င့္မႈေတြက လက္ေတြ႕မဆန္ျဖစ္ေနျပီး မထိေရာက္တာကိုလည္း ေတြ႔ရတယ္။ ဒီေတာ့ ေလ့က်င့္တာက အားနည္းလာတယ္။ ဒါေတြကို အားလုံး အခ်ိန္မီျပင္ႏိုင္ၾကဖုိ႔ လိုပါတယ္။ ဒါေပမယ့္ “မိသားစုတိုင္းမွာ ျပႆနာကိုယ္စီ ရွိတယ္” ဆိုတဲ့ တရုတ္စကားပုံလိုပါပဲ။ အသင္းေတြမွာလဲ သူ့ျပႆနာနဲ႕သူ ရွိၾကပါတယ္။

တျခားအသင္းေတြနဲ႔ ပတ္သက္လို႔ေတာ့ ကြ်န္ေတာ္မေျပာတတ္ပါဘူး။ ကြ်န္ေတာ့္အသင္းကေတာ့ ျပိဳင္ပြဲမတိုင္မီ အေတာ္ေလးၾကိဳးစားေလ့က်င့္ခဲ့သလို ထိေရာက္မႈရွိတယ္လို႔လည္း အစက ထင္ခဲ့တယ္။ ဒါေပမယ့္ တျခားအသင္းေတြနဲ႔လည္း တကယ္ျပိဳင္ရေရာ ေလ့က်င့္ခဲ့တာေတြက မထိေရာက္သလို ခံစားမိျပန္တယ္။ ဒါေၾကာင့္လည္း ပိုေကာင္းေအာင္ ၾကိဳးစားသြားမွာပါ။ ျခံဳေျပာရရင္ေတာ့ တရုတ္အသင္းအေတာ္မ်ားမ်ားက ဒီ season အတြင္းမွာ ရလဒ္မေကာင္း ျဖစ္ေနၾကပါေသးတယ္။

Question: ပြဲထဲမွာ ခ်ခဲ့တဲ့ draft ေတြက အေတာ္ေလးေကာင္းမြန္တာကို ေတြ႕ရပါတယ္။ အသင္းနဲ႔လည္း လိုက္ဖက္မႈရွိတယ္။ ဒီလိုအေျခအေနမ်ိဳးျဖစ္လာေအာင္ ဘယ္လိုၾကိဳးပမ္းခဲ့ရလဲဆိုတာေလး ေျပာျပေပးပါဦး။

Answer: အေရးၾကီးျပိဳင္ပြဲမွန္သမွ်ကို အေကာင္းဆုံးၾကိဳးစားယွဥ္ျပိဳင္ပါတယ္။ ဘယ္လိုလုပ္မယ္ဆိုတာကိုလည္း ေသေသခ်ာခ်ာ plan ခ်တယ္။ တစ္ခါတစ္ေလက်ေတာ့ ကြ်န္ေတာ္ေရာ ကစားသမားေတြေရာ ျပိဳင္ပြဲဝင္ဖုိ႔ အဆင္သင့္ျဖစ္ျပီလို႔ ထင္ျပီးမွ ပြဲထဲေရာက္ေတာ့ draft ပိုင္းမွာ ျပႆနာျဖစ္ေနတာမ်ိဳးေလးေတြ ရွိတတ္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပိဳင္ပြဲတစ္ခုႏိုင္သြားရင္ ခ်ီးမြန္းခံရျပီး ရႈံးရင္ေတာ့ အမွားေတြလုပ္သြားတယ္လို႔ ထင္ၾကမွာပါပဲ။ Draft ေတြ ေကာင္းတယ္လို႔ထင္ရတာ ႏိုင္သြားလို႔ပါ။ ရႈံးရင္ေတာ့ မေကာင္းဘူးပဲ အထင္ခံရမွာဗ်။

Question: ရႈံးရင္ မေကာင္းဘူး ထင္တယ္ဆိုေတာ့ Chengdu Major တုန္းက မေကာင္းခဲ့ဘူးလို႔ ထင္တာေပါ့ေနာ္။

Answer: ဟုတ္္ပါတယ္။ ပထမဆုံး ၂ ပြဲ မွာ draft ခ်ျပီးေတာ့ ကိုယ့္ကိုယ္ကို အေတာ္ေလး စိတ္မေက်နပ္ဘူး ျဖစ္သြားတယ္။ အမွားလုပ္လိုက္တာကိုလည္း သိတယ္။ Professional ေတြ သုံးသပ္ျပတဲ့ နည္းဗ်ဴဟာေတြကိုပဲ စဥ္းစားမိျပီး ပရိသတ္ေျပာတာေတြကို ထည့္မစဥ္းစားမိဘူး။ တစ္ခ်ိဳ႕ ပရိသတ္ေတြက ကြ်န္ေတာ့္ကို ေလွာင္ေျပာင္ခ်င္ၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ နည္းဗ်ဴဟာပိုင္းေတြ draft ပိုင္းေတြကို ကြ်န္ေတာ္နဲ႔ ေသခ်ာေဆြးေႏြးျပီးကို ေျပာျပခ်င္ၾကတာဗ်။ သူတို့ဆို ကြ်န္ေတာ္တို႔အသင္းရဲ႕ ပြဲေတြကို ၾကည့္ျပီး သုံးသပ္ၾကတယ္။ ျပီးေတာ့ ကြ်န္ေတာ့္ကို ေမးလ္ေတြ မက္ေဆ့ေတြ ပို႔တယ္။ သူတို႔ ေျပာတဲ့အခ်က္ေလးေတြကလည္း အေတာ္ေလးေကာင္းတာကို ေတြ႔ရပါတယ္။

Question: ပရိသတ္ေတြရဲ႕ အထင္အျမင္ေတြကလည္း အေထာက္အကူျဖစ္ေစတယ္လို႔ ယူဆတာေပါ့ေနာ္။

Answer: ဟုတ္ပါတယ္။ ကြ်န္ေတာ္ကေတာ့ အဲဒီလိုယူဆပါတယ္။

Question: ဟိုးအရင္ျပိဳင္ပြဲေတြတုန္းက ေစာေစာစီးစီးပဲ lower bracket ဆင္းျပီးရင္ ျပဳတ္တာ မ်ားတယ္ေနာ္။ ဘာလို႔ အဲလိုျဖစ္ခဲ့တယ္လို႔ ထင္လဲ။ အဲဒီအေျခအေနကို ေက်ာ္လႊားႏိုင္ေအာင္ေရာ ဘယ္လိုၾကိဳးပမ္းခဲ့လဲ။

Answer: ကြ်န္ေတာ္ထင္တာကေတာ့ လိုအပ္ခဲ့တာက စိတ္ဓာတ္ပိုင္းဆိုင္ရာပါပဲ။ Season အစတုန္းက ကြ်န္ေတာ္တို႔ရဲ႕ အသင္းသားသစ္ေတြကို အကုန္စုျပီး အစည္းအေဝးမွာ ေျပာခဲ့တယ္။ ကြ်န္ေတာ္တို႔ရဲ႕ ပန္းတိုင္က ခ်န္ပီယံဆုေတြရဖုိ႔ မဟုတ္ဘူး၊ တက္ညီလက္ညီျဖစ္လာျပီး စိတ္ဓာတ္ပိုင္းဆိုင္ရာေတြလည္း ၾကံ႕ခိုင္ေကာင္းမြန္လာဖုိ႔ လို႔။ အဲဒီလိုစဥ္းစားထားတာ အေတာ္ထိေရာက္ပါတယ္။ ဆက္ျပီးေတာ့လည္း ေကာင္းေအာင္ ၾကိဳးစားသြားမွာပါ။

VG.Eurus

Question: ျပိဳင္ပြဲေတြမွာ Dota 2 hero Slark ကို လူၾကိဳက္ မမ်ားေပမယ့္ ကစားသမား Eurus ကေတာ့ Slark ကိုင္တိုင္းႏိုင္ျပီး win rate ၁၀၀ ရာခိုင္ႏႈန္းေတာင္ ရထားတာေနာ္။ ဒါနဲ႔ ပတ္သတ္ျပီးေတာ့ေရာ ဘယ္လိုထင္လဲ။ Eurus ကစားတာ ေကာင္းလို႔လား၊ ဒါမွမဟုတ္ ဒီ patch မွာ Slark ကို buff ထားလုိ႔လား။

Answer: Eurus က hero ေတာ္ေတာ္မ်ားမ်ားကို ကြ်မ္းကြ်မ္းက်င္က်င္ ကစားႏိုင္ပါတယ္။ Slark ကို buff ထားတယ္လို႔ ထင္ရတာက သူနဲ႔ တြဲလို႔ရတဲ့ တြဲလုံး combo နဲ႔ နည္းဗ်ဴဟာေတြ ေကာင္းေနလို႔ပါ။ တကယ္က patch တိုင္း meta တိုင္းမွာ strong ျဖစ္တဲ့ hero ေတြ ရွိပါတယ္။ ဒါေပမယ့္ combo ေကာင္းေကာင္းတြဲလို႔ မရရင္ေတာ့ သူတို႔ရဲ႕ အစြမ္းကို ထုတ္ျပႏိုင္ဖုိ႔ မလြယ္ပါဘူး။

Question: လာမယ့္ Leipzig Major ကို တရုတ္ေႏြဦးရာသီပြဲေတာ္ လုပ္ေနတုန္း သြားကစားရမွာေနာ္။ ကိုယ့္ႏိုင္ငံမွာ ပြဲေတာ္က်င္းပေနတုန္း တျခားႏိုင္ငံသြားျပီး ျပိဳင္ပြဲဝင္ရမယ့္ ခံစားခ်က္ကေရာ ဘယ္လိုျဖစ္မလဲ။

Answer: ဆိုးပါတယ္။ ကြ်န္ေတာ္က ေႏြဦးရာသီပြဲေတာ္မွာ မိသားစုနဲ႔အတူတူရွိခ်င္တာပါ။ သူတို႔ကို အခ်ိန္မေပးႏိုင္တာလည္း ၾကာျပီမို႔ ဒီႏွစ္ဆို ပိုျပီးေတာ့ အတူတူရွိေပးခ်င္ပါတယ္။ အစက ကစားသမားေတြခ်ည္းပဲ လႊတ္လိုက္မယ္လို႔ေတာင္ စဥ္းစားမိေသးတယ္။ ဒါေပမယ့္ ဘယ္သူမွ လက္မခံၾကသလို အတူသြားသင့္တာလည္းအမွန္ပဲမို႔ ကြ်န္ေတာ္ပါ လိုက္သြားမွာပါ။ ေႏြဦးရာသီပြဲေတာ္ျပီးရင္ေတာ့ ခဏနားမယ္။ အဲဒီေတာ့မွပဲ မိသားစုကို အခ်ိန္ေပးေတာ့မယ္။

Question: ဒါဆို တတိယေျမာက္ Major ကို ဝင္မျပိဳင္ဘူးလို႔ ဆိုလိုတာလား။

Answer: မျပိဳင္ျဖစ္ဖုိ႔မ်ားပါတယ္။

Question: Yang ရဲ႕ ဗီဇာကိစၥေၾကာင့္မ်ား မျပိဳင္ျဖစ္တာ ျဖစ္မလား။

Answer: အဲဒါလည္း ပါပါတယ္။ Yang အတြက္ U.S ဝင္ခြင့္ဗီဇာေလ်ွာက္တာ ၆ ေခါက္ ၇ ေခါက္ေလာက္ရွိေနေပမယ့္ ခုထိ အဆင္မေျပပါဘူး။ ဒီေတာ့ U.S မွာလုပ္မယ့္ တတိယေျမာက္ Major ကိုလည္း မျပိဳင္ျဖစ္ဖုိ႔မ်ားပါတယ္။ ကြ်န္ေတာ္တို႔ အနားယူဖုိ႔ လိုေနတာလည္း ပါတယ္။ ျပင္းျပင္းထန္ထန္ျပိဳင္ရတဲ့ ပြဲတိုင္းကို အျမဲသြားကစားေနဖုိ႔က ပင္ပန္းျပီး မလြယ္ကူလွပါဘူး။

Question: လာမယ့္ Major မွာေရာ ဆုရဖုိ့မွန္းထားလား။

Answer: ကြ်န္ေတာ္ေျပာခဲ့သလိုပါပဲ။ ကြ်န္ေတာ္တို႔ရဲ႕ ပန္းတိုင္က ခ်န္ပီယံဆုေတြ ရယူဖုိ႔ မဟုတ္ပါဘူး။ အေရးၾကီးဆုံးက ကြ်န္ေတာ္တို႔ရဲ႕ စိတ္ဓာတ္ေတြကို ပိုျပီးၾကံ႕ခိုင္ေကာင္းမြန္လာေအာင္လုပ္ဖုိ႔ရယ္ ျပိဳင္ပြဲေတြကေန သင္ယူေလ့လာဖုိ႔ရယ္ တစ္သင္းလုံး ပိုမိုတိုးတက္လာေအာင္လုပ္ဖုိ႔ေတြပါ။ အသင္းကိုေရာက္လာတာ မၾကာေသးတဲ့ ကစားသမား Pyw က The International မွာ ကစားဖူးေပမယ့္ pro ေလာကနဲ႔ စိမ္းေနပါေသးတယ္။ သူ႔ကို လက္စြမ္းကုန္ထုတ္ ကစားလာႏိုင္ေအာင္ ပ်ိဳးေထာင္မယ္။ ဒါပါပဲ။

Question: Pyw အေၾကာင္းနဲ႔ ပတ္သတ္လို႔ သတိထားမိတာေလး တစ္ခုက rOtK အေနနဲ႔ ခ်န္ပီယံဆုတံဆိပ္ကို စင္ေပၚမွာ ကိုင္ေျမာက္ျပီးတာနဲ႔ သူ႔ကို လွမ္းေပးလိုက္တယ္ေနာ္။ တိုက္ဆိုင္သြားတာလား ဒါမွမဟုတ္ တမင္ေပးလိုက္တာလား။

Answer: တမင္ေပးလိုက္တာပါ။ ဒါက Vici Gaming ရဲ႕ အစဥ္အလာလည္း ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ဆီမွာ ကစားသမားသစ္ ျပိဳင္ပြဲဝင္ျပီဆိုတာနဲ႔ ဆုတံဆိပ္ရရင္ သူ႔ကို အရင္ဆုံးလက္ဆင့္ကမ္းေပးပါတယ္။ မိသားစုဆန္ဆန္ ေႏြးေထြးမႈ ခံစားႏိုင္ေအာင္ပါ။ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္က အသင္းကို Fade ေရာက္လာျပီး ဆုရတုန္းကလည္း ဒီလိုပဲ သူ႔ကို လက္ဆင့္ကမ္းေပးခဲ့ဖူးပါတယ္။

Question: ဟုတ္ကဲ့ပါ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ေနာ္။ လာမယ့္ပြဲေတြမွာလည္း ေအာင္ျမင္မႈေတြ ရရွိႏိုင္ပါေစ။

Answer: ဟုတ္ကဲ့။ ေက်းဇူးပါခင္ဗ်ာ။

source: vpesports