[ZawGyi]


 











 

========================================================

[Unicode]

Rocket League ကို အပြင်မှာ ကားအစစ်တွေနဲ့ ဆော့ကျတဲ့ အခါ

 

Rocket League ဆိုတာ ယောက်ျားလေး အများစုရဲ့ အနှစ်သက်ဆုံး ဝာသနာ ၃ ခုကို ပေါင်းစပ်ထားသလိုပါပဲ။ ဘောလုံးရယ် ကားရယ် ဂိမ်းရယ် ပေါင်းစပ်ပြီး ထွက်ပေါ်လာတာပါ။ တစ်ဖက်ကို ၄ ယောက်စီ အများဆုံး ပါဝင်နိုင်ပြီး Rocket လိုပဲ မြန်ဆန်တဲ့ ကားတွေနဲ့ ဘောလုံးကို တစ်ဖက်ဂိုးအတွင်းရောက်အောင် သွင်းယူရတဲ့ ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။

Rocket League ဟာ နာမည်ကြီး esports ဂိမ်းအမျိုးအစား ဖြစ်တဲ့အတွက် Esports Organization အများစုမှာ Rocket League အသင်းတွေ ပိုင်ဆိုင်ထားကျပါတယ်။
အခုတစ်ခါကတော့ ဂိမ်းထဲမှာဆော့နေသလို မဟုတ်ပဲ အပြင်က ကားအစစ်တွေနဲ့ တကယ်ဆော့ကျမှာပါ။

ပြင်သစ် ထိပ်သီး ဘောလုံး အသင်းဖြစ်တဲ့ AS Monaco မှာ Esports ဌာနခွဲ သီးသန့် ထားရှိပါတယ်။ ဒီ တကယ့်ပြင်ပက Rocket League ပြိုင်ပွဲကိုတော့ AS Monaco Esports ကဦးစီးပြီး Esports Management ဆိုတဲ့ Application က ကူညီ ပံပိုးပေးထားပါတယ်။

ပြင်သစ်နိုင်ငံ မိုနာကိုမှာ ရှိတဲ့ Beaulieu-sur-Mer ဆိပ်ကမ်းမှာ ကျင်းပတာဖြစ်ပြီး မိုနာကိုမြို့ ဆိုတာကလည်း 1929 ခုနှစ် ကတည်းက Formula One ကားပြိုင်ပွဲတွေကို နှစ်စဉ် ကျင်းပနေကျ နာမည်ကျော် မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ပြိုင်ဆိုင်ကျတဲ့ကားတွေကိုတော့ ပြင်သစ် တိုယိုတာ က ပံပိုးပေးပြီး Engine Power 1.2L ရှိတဲ့ Toyota Aygo ကား အမျိုး အစားလေးတွေနဲ့ ယှဉ်ပြိုင်ကျတာပါ။

ဗီဒီယိုကိုတော့ အောက်က AS Monaco Esports ရဲ့ Facebook Page မှာ ကြည့်လို့ရပါတယ်။

 

 

Rocket League dans la vie réelle !

À l'AS MONACO, voilà ce que cela donne lorsque l'on décide de jouer Rocket League avec Esport-management et Toyota France ! 🔥🔥🔥

Posted by AS Monaco Esports on Saturday, 1 June 2019

#RocketLeague #ASMonaco #Esports #Monaco #France #TOYOTA