[Unicode]

Esports အမျိုးအစားသစ်အဖြစ် လူကြိုက်များလာနိုင်တဲ့ Riot ရဲ့ Shooter ဂိမ်းသစ် Valorant

 

အမေရိကရဲ့အကြီးဆုံးဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Riot Games ဟာ League of Legends ဂိမ်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ပြီးခဲ့နှစ်နှောင်းပိုင်းတုန်းက ကျင်းပခဲ့ပြီး အနာဂတ်မှာ ယင်းတို့ကုမ္ပဏီကနေ ဂိမ်းသစ်ပေါင်းများစွာ ထွက်ရှိလာဦးမှာဖြစ်ကြောင်းကို ပွဲအတွင်းမှာ ကြေညာခဲ့ပါတယ်။ ယင်းတို့ထဲမှာမှ မူလက Project A ဆိုပြီး ပဟေဠိဆန်ဆန်နာမည်နဲ့ ကြေညာထားခဲ့တဲ့ ဂိမ်းသစ်ရဲ့ တရားဝင်နာမည်ကို မကြာသေးမီရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Riot Games က ကြေညာလိုက်တဲ့ ယင်းဂိမ်းသစ်ရဲ့တရားဝင်နာမည်ကတော့ Valorant ပါ။ ယင်းဂိမ်းဟာ တစ်ဖက်ကို ၅ ယောက်စီနဲ့ အသင်း ၂ သင်းခွဲ ကစားနိုင်မယ့် FPS အပစ်အခတ်ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Valorant ဟာ လက်ရှိအချိန်ဈေးကွက်အတွင်းမှာ အထင်အရှားရှိနေတဲ့ CS:GO, Overwatch, Rainbow Six Siege တို့ရဲ့ အပြိုင်အဆိုင်ဂိမ်းအဖြစ် ထွက်ပေါ်လာမှာလည်း ဖြစ်ပါတယ်။

Valorant ထွက်ရှိချိန်မှာ ရွေးချယ်ကစားနိုင်မယ့် ဂိမ်း character ၁၀ ကောင်ခန့် ပါဝင်မှာဖြစ်ပြီး တစ်ကောင်ချင်းစီမှာ မတူညီတဲ့ ability ၄ ခုစီ ပါဝင်မှာပါ။ ယင်း ability များဟာ Overwatch ထဲက character များ ပိုင်ဆိုင်ထားတဲ့ ability များနဲ့ အနည်းငယ်ပုံစံတူပေမယ့် Valorant သေနတ်များကတော့ CS:GO နဲ့ Rainbow Six Siege သေနတ်များလို ပြင်းထန်ထိရောက်မှာ ဖြစ်ပါတယ်။

ဂိမ်းတစ်ပွဲအတွင်းမှာ ၂၄ round အထိ ပါဝင်နိုင်ပြီး ကစားသမားတစ်ဦးဟာ တစ်ပွဲလုံးအတွက် character တစ်ကောင်ကိုသာ ရွေးချယ်ကစားနိုင်မှာပါ။ Bomb defusal လို့ အမည်ပေးထားတဲ့ Valorant ရဲ့ အဓိကဂိမ်း mode မှာ တစ်ဖက်အသင်းက ဗုံးထောင်ပြီး တစ်ဖက်အသင်းက ကာကွယ်ကစားရမှာဖြစ်လို့ CS:GO ကစားပုံနဲ့ လွန်စွာဆင်တူလှပါတယ်။

Riot Games ရဲ့ ကြေညာချက်အရတော့ Valorant ကို server ပြဿနာများ၊ lag များနဲ့ မသမာတဲ့နည်းလမ်းအသုံးပြုကစားသူများ မရှိအောင် အထူးဂရုစိုက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအာမခံပြောကြားချက်ဟာ ဂိမ်မာအများကို အထူးဆွဲဆောင်တဲ့အချက်ဖြစ်ပြီး Valorant ကို အခြားပြိုင်ဘက် FPS ဂိမ်းများထက် ထူးခြားသာလွန်သွားအောင် ပြုလုပ်နိုင်မယ့် အဓိကအချက်လည်းဖြစ်ပါတယ်။

pashaBiceps

အချို့ CS:GO ပရော်ဖက်ရှင်နယ်ကစားသမားများနဲ့ နာမည်ကြီးဂိမ်မာများဟာ Valorant ကို ပြောင်းကစားကြမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာများပေါ်မှာ ရေးသားခဲ့ကြသည်အထိ Valorant ထွက်ရှိမယ့်ကြေညာချက်ဟာ အောင်မြင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ပိုလန်နိုင်ငံသား CS:GO ကစားသမား pashaBiceps ဟာ သူ့ကို Valorant အစမ်းကစားဖို့ Riot Games က ဖိတ်ခေါ်ခဲ့ကြောင်း၊ ဂိမ်းအတွင်းမှာ သူအကြိုက်ဆုံး character ကို တွေ့ရှိခဲ့ကြောင်း အစရှိသဖြင့် Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံသား kioShiMa ကလည်း Valorant ဟာ CS:GO ထက်သာလွန်တဲ့ ကမ္ဘာ့အကြီးဆုံး FPS ဂိမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ရေးသားခဲ့ပါတယ်။ ဒါကြောင့် သူဟာ Valorant ထွက်ပေါ်လာတာနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအဖြစ်ရပ်တည်နိုင်အောင် အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ kioShiMa ဟာ FaZe Clan နဲ့ Cloud9 တို့လို အဖွဲ့အစည်းကြီးများမှာ ကစားခဲ့ဖူးတဲ့ CS:GO ကစားသမားတစ်ဦးဖြစ်ပါတယ်။

kioShiMa

အသက် ၁၅ နှစ်အရွယ်တည်းက FPS ပရော်ဖက်ရှင်ကစားသမားတစ်ဦးဖြစ်လာခဲ့သူ Braxton “swag” Pierce ကလည်း သူယခုရှိနေတဲ့ CS:GO အသင်းကနေ ထွက်ပြီး Valorant ကိုသာ အဓိကထား စောင့်ဆိုင်းတော့မှာဖြစ်ကြောင်း ရေးသားထားပါတယ်။ Swag ကို IBUYPOWER အသင်းမှာ ရှိခဲ့စဉ်က လုပ်ပွဲကစားလို့ Valve က ban တာ ခံလိုက်ရတဲ့ကစားသမားတစ်ဦးအဖြစ် လူသိများလှပါတယ်။

နာမည်ကြီး streamer တစ်ဦးဖြစ်တဲ့ CS:GO ကစားသမားဟောင်း summit1g ကလည်း သူဟာ Valorant မှာ ပရော်ဖက်ရှင်ကစားသမားအဖြစ်ရပ်တည်ပြီး FPS ဂိမ်းပြိုင်ပွဲများကို ပြန်လည်ဝင်ရောက်မှာဖြစ်လို့ အသင်းဖွဲ့လိုကြောင်း ရေးသားထားခဲ့ပါတယ်။

Counter-Strike 1.6 ခေတ်မှာ ကစားခဲ့ဖူးပြီး FPS ဂိမ်းလောကနဲ့ ဝေးကွာနေခဲ့တဲ့ League of Legends ပရော်ဖက်ရှင်ကစားသမား sOAZ ကတောင် သူဟာလည်း Valorant ပရော်ဖက်ရှင်ကစားသမားအဖြစ် ရပ်တည်မှာဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ sOAZ ဟာ လက်ရှိအချိန်မှာ Immortals အသင်းရဲ့ top lane ကစားသမားတစ်ဦးဖြစ်ပါတယ်။

နာမည်ကြီး streamer တစ်ဦးဖြစ်တဲ့ Dizzy ကလည်း သူ့ရဲ့ Twitter အကောင့် bio မှာ VALORANT Waiting Room လို့ရေးသားခဲ့ပါတယ်။ Dizzy ကို လက်ရှိကမ္ဘာ့အကောင်းဆုံး Apex Legends ကစားသမားတစ်ဦးအဖြစ် အများက သတ်မှတ်ထားကြပါတယ်။

Valorant ထွက်ရှိလာမယ့်အချိန်ကို အတိအကျမကြေညာသေးပေမယ့် ဒီလောက်အထိ အောင်မြင်နေရခြင်းဟာ Riot Games ရဲ့ အရှိန်အဝါနဲ့ ဂိမ်းအတွက် နည်းပညာပိုင်းဆိုင်ရာ အာမခံချက်များကြောင့်ဖြစ်ပါတယ်။ Valorant ဟာ လွန်စွာအောင်မြင်တဲ့ FPS ဂိမ်းမျိုးဆက်သစ်တစ်ခုဖြစ်လာမလားဆိုတာကတော့ ထွက်ရှိချိန်အထိ ဆက်လက်စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: pcgames, oneesports


[ZawGyi]

Esports အမ်ိဳးအစားသစ္အျဖစ္ လူႀကိဳက္မ်ားလာႏိုင္တဲ့ Riot ရဲ႕ Shooter ဂိမ္းသစ္ Valorant

 

အေမရိကရဲ႕အႀကီးဆုံးဂိမ္းကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Riot Games ဟာ League of Legends ဂိမ္း ၁၀ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကို ၿပီးခဲ့ႏွစ္ေႏွာင္းပိုင္းတုန္းက က်င္းပခဲ့ၿပီး အနာဂတ္မွာ ယင္းတို႔ကုမၸဏီကေန ဂိမ္းသစ္ေပါင္းမ်ားစြာ ထြက္ရွိလာဦးမွာျဖစ္ေၾကာင္းကို ပြဲအတြင္းမွာ ေၾကညာခဲ့ပါတယ္။ ယင္းတို႔ထဲမွာမွ မူလက Project A ဆိုၿပီး ပေဟဠိဆန္ဆန္နာမည္နဲ႔ ေၾကညာထားခဲ့တဲ့ ဂိမ္းသစ္ရဲ႕ တရားဝင္နာမည္ကို မၾကာေသးမီရက္ပိုင္းအတြင္းက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

Riot Games က ေၾကညာလိုက္တဲ့ ယင္းဂိမ္းသစ္ရဲ႕တရားဝင္နာမည္ကေတာ့ Valorant ပါ။ ယင္းဂိမ္းဟာ တစ္ဖက္ကို ၅ ေယာက္စီနဲ႔ အသင္း ၂ သင္းခြဲ ကစားႏိုင္မယ့္ FPS အပစ္အခတ္ဂိမ္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ Valorant ဟာ လက္ရွိအခ်ိန္ေဈးကြက္အတြင္းမွာ အထင္အရွားရွိေနတဲ့ CS:GO, Overwatch, Rainbow Six Siege တို႔ရဲ႕ အၿပိဳင္အဆိုင္ဂိမ္းအျဖစ္ ထြက္ေပၚလာမွာလည္း ျဖစ္ပါတယ္။

Valorant ထြက္ရွိခ်ိန္မွာ ေ႐ြးခ်ယ္ကစားႏိုင္မယ့္ ဂိမ္း character ၁၀ ေကာင္ခန႔္ ပါဝင္မွာျဖစ္ၿပီး တစ္ေကာင္ခ်င္းစီမွာ မတူညီတဲ့ ability ၄ ခုစီ ပါဝင္မွာပါ။ ယင္း ability မ်ားဟာ Overwatch ထဲက character မ်ား ပိုင္ဆိုင္ထားတဲ့ ability မ်ားနဲ႔ အနည္းငယ္ပုံစံတူေပမယ့္ Valorant ေသနတ္မ်ားကေတာ့ CS:GO နဲ႔ Rainbow Six Siege ေသနတ္မ်ားလို ျပင္းထန္ထိေရာက္မွာ ျဖစ္ပါတယ္။

ဂိမ္းတစ္ပြဲအတြင္းမွာ ၂၄ round အထိ ပါဝင္ႏိုင္ၿပီး ကစားသမားတစ္ဦးဟာ တစ္ပြဲလုံးအတြက္ character တစ္ေကာင္ကိုသာ ေ႐ြးခ်ယ္ကစားႏိုင္မွာပါ။ Bomb defusal လို႔ အမည္ေပးထားတဲ့ Valorant ရဲ႕ အဓိကဂိမ္း mode မွာ တစ္ဖက္အသင္းက ဗုံးေထာင္ၿပီး တစ္ဖက္အသင္းက ကာကြယ္ကစားရမွာျဖစ္လို႔ CS:GO ကစားပုံနဲ႔ လြန္စြာဆင္တူလွပါတယ္။

Riot Games ရဲ႕ ေၾကညာခ်က္အရေတာ့ Valorant ကို server ျပႆနာမ်ား၊ lag မ်ားနဲ႔ မသမာတဲ့နည္းလမ္းအသုံးျပဳကစားသူမ်ား မရွိေအာင္ အထူးဂ႐ုစိုက္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီအာမခံေျပာၾကားခ်က္ဟာ ဂိမ္မာအမ်ားကို အထူးဆြဲေဆာင္တဲ့အခ်က္ျဖစ္ၿပီး Valorant ကို အျခားၿပိဳင္ဘက္ FPS ဂိမ္းမ်ားထက္ ထူးျခားသာလြန္သြားေအာင္ ျပဳလုပ္ႏိုင္မယ့္ အဓိကအခ်က္လည္းျဖစ္ပါတယ္။

pashaBiceps

အခ်ိဳ႕ CS:GO ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားနဲ႔ နာမည္ႀကီးဂိမ္မာမ်ားဟာ Valorant ကို ေျပာင္းကစားၾကမွာျဖစ္ေၾကာင္း ဆိုရွယ္မီဒီယာမ်ားေပၚမွာ ေရးသားခဲ့ၾကသည္အထိ Valorant ထြက္ရွိမယ့္ေၾကညာခ်က္ဟာ ေအာင္ျမင္ခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ပိုလန္ႏိုင္ငံသား CS:GO ကစားသမား pashaBiceps ဟာ သူ႔ကို Valorant အစမ္းကစားဖို႔ Riot Games က ဖိတ္ေခၚခဲ့ေၾကာင္း၊ ဂိမ္းအတြင္းမွာ သူအႀကိဳက္ဆုံး character ကို ေတြ႕ရွိခဲ့ေၾကာင္း အစရွိသျဖင့္ Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံသား kioShiMa ကလည္း Valorant ဟာ CS:GO ထက္သာလြန္တဲ့ ကမာၻ႔အႀကီးဆုံး FPS ဂိမ္းတစ္ခုျဖစ္လာႏိုင္ေၾကာင္း ေရးသားခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ Valorant ထြက္ေပၚလာတာနဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦးအျဖစ္ရပ္တည္ႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားသြားမယ္လို႔လည္း ဆိုပါတယ္။ kioShiMa ဟာ FaZe Clan နဲ႔ Cloud9 တို႔လို အဖြဲ႕အစည္းႀကီးမ်ားမွာ ကစားခဲ့ဖူးတဲ့ CS:GO ကစားသမားတစ္ဦးျဖစ္ပါတယ္။

kioShiMa

အသက္ ၁၅ ႏွစ္အ႐ြယ္တည္းက FPS ပေရာ္ဖက္ရွင္ကစားသမားတစ္ဦးျဖစ္လာခဲ့သူ Braxton “swag” Pierce ကလည္း သူယခုရွိေနတဲ့ CS:GO အသင္းကေန ထြက္ၿပီး Valorant ကိုသာ အဓိကထား ေစာင့္ဆိုင္းေတာ့မွာျဖစ္ေၾကာင္း ေရးသားထားပါတယ္။ Swag ကို IBUYPOWER အသင္းမွာ ရွိခဲ့စဥ္က လုပ္ပြဲကစားလို႔ Valve က ban တာ ခံလိုက္ရတဲ့ကစားသမားတစ္ဦးအျဖစ္ လူသိမ်ားလွပါတယ္။

နာမည္ႀကီး streamer တစ္ဦးျဖစ္တဲ့ CS:GO ကစားသမားေဟာင္း summit1g ကလည္း သူဟာ Valorant မွာ ပေရာ္ဖက္ရွင္ကစားသမားအျဖစ္ရပ္တည္ၿပီး FPS ဂိမ္းၿပိဳင္ပြဲမ်ားကို ျပန္လည္ဝင္ေရာက္မွာျဖစ္လို႔ အသင္းဖြဲ႕လိုေၾကာင္း ေရးသားထားခဲ့ပါတယ္။

Counter-Strike 1.6 ေခတ္မွာ ကစားခဲ့ဖူးၿပီး FPS ဂိမ္းေလာကနဲ႔ ေဝးကြာေနခဲ့တဲ့ League of Legends ပေရာ္ဖက္ရွင္ကစားသမား sOAZ ကေတာင္ သူဟာလည္း Valorant ပေရာ္ဖက္ရွင္ကစားသမားအျဖစ္ ရပ္တည္မွာျဖစ္ေၾကာင္း ေရးသားထားခဲ့ပါတယ္။ sOAZ ဟာ လက္ရွိအခ်ိန္မွာ Immortals အသင္းရဲ႕ top lane ကစားသမားတစ္ဦးျဖစ္ပါတယ္။

နာမည္ႀကီး streamer တစ္ဦးျဖစ္တဲ့ Dizzy ကလည္း သူ႔ရဲ႕ Twitter အေကာင့္ bio မွာ VALORANT Waiting Room လို႔ေရးသားခဲ့ပါတယ္။ Dizzy ကို လက္ရွိကမာၻ႔အေကာင္းဆုံး Apex Legends ကစားသမားတစ္ဦးအျဖစ္ အမ်ားက သတ္မွတ္ထားၾကပါတယ္။

Valorant ထြက္ရွိလာမယ့္အခ်ိန္ကို အတိအက်မေၾကညာေသးေပမယ့္ ဒီေလာက္အထိ ေအာင္ျမင္ေနရျခင္းဟာ Riot Games ရဲ႕ အရွိန္အဝါနဲ႔ ဂိမ္းအတြက္ နည္းပညာပိုင္းဆိုင္ရာ အာမခံခ်က္မ်ားေၾကာင့္ျဖစ္ပါတယ္။ Valorant ဟာ လြန္စြာေအာင္ျမင္တဲ့ FPS ဂိမ္းမ်ိဳးဆက္သစ္တစ္ခုျဖစ္လာမလားဆိုတာကေတာ့ ထြက္ရွိခ်ိန္အထိ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: pcgames, oneesports