ဒီ Hero ကိုကစားပြီးတော့ Dota2 မှာ MMR တက်အောင်လုပ်လိုက်ပါ

 

ခေါင်းစဉ်လေးအရတော့ dota player တွေအားလုံးပဲ စိတ်ဝင်စားကြလိမ့်မယ် လို့ ထင်ပါတယ်။ ဟုတ်ပါတယ် အခုလက်ရှိ meta မှာ တော်တော်လေးကို reliable ဖြစ်တဲ့ carry တစ်ကောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

သူကတော့ အရင် dota 1 တုန်းကတည်းက မင်းသားတစ်ပါးဖြစ်တဲ့ Rikimaru, the stealth assassin ပဲဖြစ်ပါတယ်။ 7.28 စစထွက်ခါစမှာ အသုံးများခဲ့တဲ့ monkey တို့ Lycan တို့ရဲ့ နောက်မှာ ပျောက်ကွယ် နေခဲ့တဲ့ riki ကတော့ 7.28b မှာ monkey nerf နဲ့အတူ lycan ကိုပါ against ကစားတတ်လာကြတဲ့ အတွက် တစ်ဖန်ပြန်လည် ထွက်ပေါ်လာ ပါတော့တယ်။ Riki ဟာ dota သက်တမ်းတစ်လျှောက် changes တွေ rework တွေ အများကြီးနဲ့ ရှင်သန်လာခဲ့တဲ့ hero တစ်ကောင်ပါ။ အခုလက်ရှိ riki ဟာ dota သက်တမ်းတစ်လျှောက်မှာ အကောင်းဆုံး strong အဖြစ်ဆုံး riki လို့ပြောလို့ရပါတယ်။

အဲဒီတော့ laning ကနေပဲ စကြတာပေါ့။ ရုတ်တရက် riki လို့ဆိုလိုက်ရင် lane မှာ အနည်းငယ် အားနည်းမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း သေချာစဉ်းစားကြည့်မယ် ဆိုရင် Riki ဟာ agility hero ဖြစ်လို့ base armor များတဲ့အပြင် health regen တော်တော်များ တဲ့အထဲမှာပါပါတယ်။ နောက်ပြီး blink ၂ ခါ နဲ့ tirck of the trade က spell ရှောင်လို့ အင်မတန်ကောင်း တဲ့ အပြင် last hit လို့ အင်မတန်ကောင်း harass လို့အင်မတန်ကောင်း တဲ့ spell တွေပါ။

PA ဆိုရင် dagger ရယ် blink ရယ် blur ရယ် သုံးကွက်ပေါင်းတာ တောင် riki ရဲ့ ၂ ကွက်ကိုမမှီပါဘူး။ Armor ကလဲများ base damage ကလဲများတော့ trade လို့လဲကောင်းပါတယ်။ 7.28 မှာ အသစ်ပါလာတဲ့ orb of corrosion ဟာလဲ riki နဲ့ အင်မတန်လိုက်ဖက်ပါတယ်။ Lane item တွေအနေနဲ့ကတော့ ၂ မျိုးခွဲလိုက်ပါမယ်။ ကိုယ်က lane သာတယ် သတ်နိုင်မယ်ဆိုရင် orb + stick rush ပြီးတော့ tango များများနဲ့ kill ကိုဦးစားပေးပါ။ Creep မလွတ်ရင်တော့ ပိုကောင်းပါတယ်။ Kill ရဖို့ creep 2 ကောင်လောက်လွတ်ရမယ် ဆိုရင် လဲ တန်ပါသေးတယ်။

ဘာလို့လဲ ဆိုတော့ riki ကအစပိုင်း မသာဘူးဆိုရင် PA ထက်တောင် recover ရတာခက်ပါတယ်။ ကိုယ်က lane မသာဘူး ဆိုရင် wraith brand + power tread ကိုဦးစားပေးပြီး farming ကိုသာ အာရုံစိုက်ပါ။ မိမိ support နဲ့ ပေါင်းပြီးတော့ ရန်သူကို harass လုပ်နိုင်ပါတယ်။ lvl 6 ရပြီဆိုရင်တော့ farm ရတာ ပိုအဆင်ပြေသွားပါပြီ။

အခုလာမယ့် အချိန်ကတော့ laning stage အလွန် farming စတဲ့ အချိန်ပါ။ Rikiက တစ်ခြားcarry လို သာသာယာယာ တောတိုးပြီး လိုတဲ့ item farm အချိန်တန်ရင် ancient creep စား item ထွက်လို့မရပါဘူး။ ဒီအချိန်ဟာ riki အတွက် weak အဖြစ်ဆုံးအချိန်ပါပဲ။ Lane မှာ တတ်နိုင်သမျှ ပေကပ်ပြီးတော့ ရအောင်နေပြီး အန္တရာယ်ကင်းမယ့် lane ကို ရွှေ့ပြီး battle fury ထွက်အောင် farm ရပါမယ်။ Laning နဲ့ fury timing ကြားဟာ အခက်ဆုံးအချိန်ပါပဲ။ Fury ထွက်သွားရင်တော့ farm ရတာလွယ်သွားပါပြီ။

ဒီနေရာမှာ Trick တစ်ခုအနေနဲ့ကတော့ neutral camp တွေကို trick of the trade နဲ့ farm မယ်ဆိုရင် တစ်ချက်အရင်ခုတ်ပြီးမှ သုံးရင် creep တွေဟာ မရွေ့တော့ပါဘူး။ တစ်ချက် အရင်မခုတ်ရင်တော့ creep တွေက AoE ကွင်းထဲကနေထွက်ပြေးသွားမှာပါ။

Skill build အနေနဲ့ကတော့ 2-3-2-3-2-6-2-3-1 နဲ့ talent တွေအနေနဲ့ကတော့ lvl 10 မှာ attack speed, 15 မှာ smoke screen cooldown, 20 မှာ blink cast range နဲ့ 25 မှာ Trick of the trade Cooldown ယူတာများပါတယ်။ 90% of the games တွေမှာ အလုပ်ဖြစ်ပါတယ်။

Item build အနေနဲ့ကတော့ power tread, wraith band, fury, aghanim, daedalus တို့ကို ပုံသေထားပြီးသွားနိုင်ပါတယ်။ Orb of corrosion ကိုလဲမေ့မထားပါနဲ့။ fury ပြီးမှတောင် ပြန်သွားချင်ရင် သွားလို့ရပါတယ်။ Slow + armor reduction က killing အတွက်ရော farmingအတွက်ပါ ကောင်းပါတယ်။ပွဲအခြေအနေပေါ်မူတည်ပြီး aghanim ပြီးတဲ့အခါ manta သွားသင့်ရင် လဲ သွားနိုင်ပါတယ်။

ခြုံပြောရမယ်ဆိုရင် Riki ဟာ PA on steroid လို့ပြောလို့ရပါတယ်။ Talent + aghanim နဲ့သာဆိုရင် ဖမ်းရတာ အင်မတန်ခက်တဲ့ hero တစ်ကောင်ပါ။ Damage အနေနဲ့ကလဲ fury+aghanim+daedalus နဲ့ Trick of the trade ကွင်းထဲမှာဆိုရင် PA ရဲ့ crit ထသလိုကို အချက်တိုင်းထွက်နေမှာပါ။ Lane မှာလဲ သေသေချာချာ ကစားမယ် ဆိုရင် တော်ရုံနဲ့ မရှုံးတဲ့ အပြင်ကို late game damage လဲအများကြီးထွက်ပါတယ်။

တစ်ခုရှိတာကတော့ Harass နဲ့ kill ဖို့အတွက် Co-ordination ကောင်းကောင်းလိုတဲ့ အတွက် မိမိရဲ့ lane partner pos5 က brain dead နေမယ်ဆိုရင် တော့ တော်တော်ကစားရခက်ပါမယ်။ Riki ရဲ့ အားအနည်းဆုံး အချိန်ဖြစ်တဲ့ laning နဲ့ fury timing ကြားက အချိန်ကိုသာ အတတ်နိုင်ဆုံး လျှော့ချနိုင်မယ် ဆိုရင် တစ်ကယ်ကို solo carry လို့ရနိုင်ပါတယ်။ အဲဒီ့တော့ နောက် patch မှာ သေချာပေါက်nerf မယ့် ဒီ riki လေးကို patch အသစ်မထွက်ခင်လေး ကောင်းကောင်း abuse ပြီးတော့ rank တွေတင်ထားကြပါဦးလို့။
iNtAnGibL3