[Zawgyi]

XANOVA အမွတ္တံဆိပ္နဲ႔လက္တြဲလိုက္တဲ့ Reckoning Esports

 

Reckoning Esports အသင္းဟာ ကြန္ျပဴတာနဲ႔ကြန္ဆုိးဂိမ္းစက္ Accessories ေတြထုတ္လုပ္တဲ့ XANOVA နဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိေၾကာင္း ေၾကျငာလိုက္ၿပီး အိႏၵိယႏုိင္ငံ၊ မြန္ဘုိင္းမွာရွိတဲ့ Reckoning Esports ရဲ႕ ေလ့က်င့္ေရးစခန္းနဲ႔ အနာဂါတ္ၿပိဳင္ပြဲေတြမွာ XANOVA ရဲ႕ထုတ္ကုန္ေတြကို သုံးစြဲသြားမွာျဖစ္ပါတယ္။

ဒီေၾကျငာခ်က္ဟာ လက္ရွိ ESL India Premiership (ESL IP) Summer Season 2019 LAN Finale ပြဲစဥ္နဲ႔ တုိက္ဆုိင္ေနၿပီး ဇြန္လ ၂၉ ရက္ေန႔နဲ႔ ၃၀ ရက္ေန႔တုိ႔မွာ က်င္းပသြားမယ့္ ESL IP ပြဲဟာ အိႏၵိယႏုိင္ငံရဲ႕ အေကာင္းဆုံး Dota 2 အသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္လို႔ အႏုိင္ရသူဟာ ေဒသတြင္းမွာ အေကာင္းဆုံးအသင္းလို႔ သတ္မွတ္ခံႏုိင္မွာ ျဖစ္ပါတယ္။ လက္ရွိ ESL IP Season မွာ လက္စြမ္းျပေနတဲ့ Reckoning Esports အသင္းဟာ Challengers League ကေန Masters’ League အဆင့္ကို တက္လွမ္းခဲ့ၿပီး LAN ဖိုင္နယ္ပြဲစဥ္ေတြကို ဝင္ေရာက္ေဆာ့ကစားရေတာ့မွာျဖစ္ပါတယ္။

“Reckoning Esports ရဲ႕ေနာက္ခံဇာတ္ေၾကာင္းဟာ အတုယူစရာျဖစ္ၿပီး ဒီအသင္းနဲ႔ လက္တြဲရတာ ေပ်ာ္ရႊင္ပါတယ္။ သူတုိ႔ဟာ Esports က႑မွာ ဘယ္ေတာ့မွလက္မေလ်ာ့တတ္ဘဲ ဇြဲနပဲနဲ႔ ေဆာ့ကစားတတ္တဲ့အတြက္ ကၽြန္ေတာ္တုိ႔ရဲ႕ ေတြးေခၚပုံနဲ႔လည္း တူညီေနတာပါ။ Reckoning အသင္းနဲ႔ လက္တြဲရလို႔ စိတ္လႈပ္ရွားေနၿပီး ေအာင္ျမင္မႈေတြ ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္” လို႔ Galax Xanova ႏုိင္ငံတကာလီမိတက္ရဲ႕ ေစ်းကြက္တုိးခ်ဲ႕ေရး မန္ေနဂ်ာျဖစ္သူ Sashank Bhandaru မွေျပာၾကားခဲ့ပါတယ္။

XANOVA ကုမၸဏီဟာ ကြန္ျပဴတာဂိမ္းနဲ႔ ကြန္ဆုိးဂိမ္းနယ္ပယ္မွာ ကၽြမ္းက်င္သူဝါရင့္ေတြျဖစ္တဲ့ မစၥတာ Jari Zenoardo နဲ႔ မစၥ Connie Chiu တုိ႔မွ တည္ေထာင္ထားၿပီး ရုံးခ်ဳပ္က Imperia Italy မွာတည္ရွိကာ အေရာင္းနဲ႔ မားကက္တင္းဌာနရုံးက စင္ကာပူအေျခစုိက္ျဖစ္ပါတယ္။ ဒါ့အျပင္ ဂရပ္ဖစ္ကတ္နဲ႔ SSD ေရာင္းခ်သူ GALAX နဲ႔ ပူးေပါင္းထားတာပါ။

Reckoning Esports ဟာ အိႏၵိယအေျခစိုက္ Yuvin Esports ရဲ႕လက္ေအာက္ခံျဖစ္ၿပီး Yuvin ရဲ႕ တည္ေထာင္သူနဲ႔ မန္ေနဂ်င္းဒါရုိက္တာျဖစ္တဲ့ Sharang Naicker ကလည္း SEA ေဒသအတြင္း လူသိမ်ားၿပီး အိႏၵိယကို စတင္ထုိးေဖာက္လာတဲ့ XANOVA နဲ႔လက္တြဲခြင့္ရတဲ့အတြက္ အလြန္ဝမ္းေျမာက္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

၂၀၁၉ အတြင္းမွာ ျမန္မာကစားသမားငါးဦးကို ေခၚယူၿပီးတဲ့ေနာက္ Reckoning Esports ရဲ႕အမွတ္တံဆိပ္ဟာ ျမန္မာႏုိင္ငံနဲ႔ အိႏၵိယႏုိင္ငံ ႏွစ္ခုလုံးမွာ အားေပးသူေတြၾကား ေရပန္းစားလာခဲ့ၿပီး ယခုအခါ ESL IP LAN ပြဲစဥ္မွာ သူတုိ႔ရဲ႕ လက္စြမ္းကို ျပသသြားေတာ့မွာပါ။

————————————————————-

[Unicode]

XANOVA အမှတ်တံဆိပ်နဲ့လက်တွဲလိုက်တဲ့ Reckoning Esports

 

Reckoning Esports အသင်းဟာ ကွန်ပြူတာနဲ့ကွန်ဆိုးဂိမ်းစက် Accessories တွေထုတ်လုပ်တဲ့ XANOVA နဲ့ သဘောတူစာချုပ်ချုပ်ဆိုကြောင်း ကြေငြာလိုက်ပြီး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှာရှိတဲ့ Reckoning Esports ရဲ့ လေ့ကျင့်ရေးစခန်းနဲ့ အနာဂါတ်ပြိုင်ပွဲတွေမှာ XANOVA ရဲ့ထုတ်ကုန်တွေကို သုံးစွဲသွားမှာဖြစ်ပါတယ်။

ဒီကြေငြာချက်ဟာ လက်ရှိ ESL India Premiership (ESL IP) Summer Season 2019 LAN Finale ပွဲစဉ်နဲ့ တိုက်ဆိုင်နေပြီး ဇွန်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တို့မှာ ကျင်းပသွားမယ့် ESL IP ပွဲဟာ အိန္ဒိယနိုင်ငံရဲ့ အကောင်းဆုံး Dota 2 အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်လို့ အနိုင်ရသူဟာ ဒေသတွင်းမှာ အကောင်းဆုံးအသင်းလို့ သတ်မှတ်ခံနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ESL IP Season မှာ လက်စွမ်းပြနေတဲ့ Reckoning Esports အသင်းဟာ Challengers League ကနေ Masters’ League အဆင့်ကို တက်လှမ်းခဲ့ပြီး LAN ဖိုင်နယ်ပွဲစဉ်တွေကို ဝင်ရောက်ဆော့ကစားရတော့မှာဖြစ်ပါတယ်။

“Reckoning Esports ရဲ့နောက်ခံဇာတ်ကြောင်းဟာ အတုယူစရာဖြစ်ပြီး ဒီအသင်းနဲ့ လက်တွဲရတာ ပျော်ရွှင်ပါတယ်။ သူတို့ဟာ Esports ကဏ္ဍမှာ ဘယ်တော့မှလက်မလျော့တတ်ဘဲ ဇွဲနပဲနဲ့ ဆော့ကစားတတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံနဲ့လည်း တူညီနေတာပါ။ Reckoning အသင်းနဲ့ လက်တွဲရလို့ စိတ်လှုပ်ရှားနေပြီး အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ Galax Xanova နိုင်ငံတကာလီမိတက်ရဲ့ ဈေးကွက်တိုးချဲ့ရေး မန်နေဂျာဖြစ်သူ Sashank Bhandaru မှပြောကြားခဲ့ပါတယ်။

XANOVA ကုမ္ပဏီဟာ ကွန်ပြူတာဂိမ်းနဲ့ ကွန်ဆိုးဂိမ်းနယ်ပယ်မှာ ကျွမ်းကျင်သူဝါရင့်တွေဖြစ်တဲ့ မစ္စတာ Jari Zenoardo နဲ့ မစ္စ Connie Chiu တို့မှ တည်ထောင်ထားပြီး ရုံးချုပ်က Imperia Italy မှာတည်ရှိကာ အရောင်းနဲ့ မားကက်တင်းဌာနရုံးက စင်ကာပူအခြေစိုက်ဖြစ်ပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်ကတ်နဲ့ SSD ရောင်းချသူ GALAX နဲ့ ပူးပေါင်းထားတာပါ။

Reckoning Esports ဟာ အိန္ဒိယအခြေစိုက် Yuvin Esports ရဲ့လက်အောက်ခံဖြစ်ပြီး Yuvin ရဲ့ တည်ထောင်သူနဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်တဲ့ Sharang Naicker ကလည်း SEA ဒေသအတွင်း လူသိများပြီး အိန္ဒိယကို စတင်ထိုးဖောက်လာတဲ့ XANOVA နဲ့လက်တွဲခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။

၂၀၁၉ အတွင်းမှာ မြန်မာကစားသမားငါးဦးကို ခေါ်ယူပြီးတဲ့နောက် Reckoning Esports ရဲ့အမှတ်တံဆိပ်ဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်ခုလုံးမှာ အားပေးသူတွေကြား ရေပန်းစားလာခဲ့ပြီး ယခုအခါ ESL IP LAN ပွဲစဉ်မှာ သူတို့ရဲ့ လက်စွမ်းကို ပြသသွားတော့မှာပါ။