(English Version Below)

[Zawgyi]


 


Credit: ESL India







============================================

[Unicode]

ESL India ပြိုင်ပွဲရဲ့ Main Event ကိုတက်ရောက်သွားတဲ့ Reckoning Esports

မြန်မာ Dota2 Player ၅ ယောက် (InsaNe, Leo, ShowT, RapRap, Kenji) နဲ့ဖွဲ့စည်းထားတဲ့ အိန္ဒိယ အခြေစိုက် Reckoning Esports အသင်းဟာ India နိုင်ငံရဲ့အကြီးမားဆုံး ပြည်တွင်း အမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ ESL India Premiership 2019 Masters League Phase 2 မှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ခဲ့တဲ့အတွက် Main Event ကိုတက်ရောက်ခွင့်ရရှိသွားပြီပဲ ဖြစ်ပါတယ်။ Main Event ကိုတော့ လာမယ့် ဇွန်လ ၂၉ နဲ့ ၃၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ Dublin Square မှာကျင်းပမှာပါ။

Credit: ESL India

Reckoning Esports နဲ့အတူ Signify, Entity Gaming နဲ့ Global eSports အသင်းတို့ပါဝင်ကြမယ့် ပြိုင်ပွဲကတော့ ဆုကြေးငွေ အိန္ဒိယ ရူပီး တစ်သန်းကျော် (မြန်မာကျပ်ငွေ သိန်း ၂၂၄ ကျော်) ပေးအပ်မှာ ဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ရမှာပါ။ ပထမရရှိတဲ့ အသင်းက မြန်မာငွေ သိန်း ၁၁၅ ခန့်၊ ဒုတိယရရှိတဲ့ အသင်း မြန်မာငွေ ၅၅ သိန်းခန့်နဲ့ တတိယနဲ့ စတုတ္ထအသင်းတွေက မြန်မာငွေ ၂၇ သိန်းခန့်စီ ရရှိမှာ ဖြစ်ပါတယ်။

မြန်မာ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Reckoning Esports ကတော့ အုပ်စုတွင်းမှာ ၅ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ရရှိခဲ့ပြီး Hero Kill အရေအတွက်ကြောင့် အဆင့် ၃ နေရာခဲ့တာပဲ ဖြစ်ပါတယ်။ Group Stage ပွဲစဉ်တွေမှာ လက်စွမ်းပြခဲ့ပေမယ့် ရှုံးထားတဲ့ ၂ သင်းဟာ အခု Main Event ကို တူတူတက်ရောက်လာမယ့် Signify နဲ့ Entity Gaming ဖြစ်နေတာကြောင့် Main Event မှာတော့ အမှားနည်းအောင် ဆော့ကစားဖို့တော့ လိုနေပါတယ်။

League Standing : ESL India

Main Event မှာတော့ အသင်း ၄ သင်းဟာ Single Elimination Format နဲ့ ပွဲစဉ်တိုင်းကို BO3 ဆော့ကစားရမှာ ဖြစ်ပြီး Reckoning Esports အနေနဲ့ ဇွန်လ ၂၉ ရက်နေ့မှာ Signify အသင်းနဲ့စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိပါက Global Esports နဲ့ Entity Gaming တို့ ၂ သင်းမှ အနိုင်ရတဲ့အသင်းနဲ့ Grand Final အဖြစ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိ အိန္ဒိယနိုင်ငံမှာ စခန်းသွင်းလေ့ကျင့်နေတဲ့ Reckoning Esports အသင်းအတွက် သူတို့ရဲ့ လက်စွမ်းအမှန်ကို သက်သေပြနိုင်မယ့် အခွင့်အရေးဖြစ်ပြီး WESG 2018 Main Event က လက်စွမ်းကိုသာ ပြန်လည်ရရှိခဲ့မယ်ဆိုရင် ချန်ပီယံဆုဆိုတာ Reckoning Esports အတွက်ပဲလို့ ယုံကြည်နေပါတယ် ခင်ဗျာ။

P.S – RG Player တွေဖြစ်တဲ့ Kenji နဲ့ ShowT ရယ် Gaming Noodle Founder တစ်ဦးဖြစ်တဲ့ ကိုဘူးရဲ့ အင်တာဗျူးကို အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ပါတယ်။

============================================

[English]

Reckoning Esports advance to Main Event of ESL India 2019 Summer Season

 

Reckoning Esports, which signed Myanmar Dota2 Team “Veteran” in February 2019, advance to the biggest local league in India, ESL India Premiership 2019 Masters League Phase 2. Main event will be held on 29th and 30th June 2019 at Dublin Square from Mumbai, India.

Credit: ESL India

Together with Reckoning Esports, Signify, Entity Gaming and Global eSports from India will fight for 1,025,000 Indian Rupees (around 14,800 USD) on the main stage. First team will take around 7,600 USD home and second team will be awarded around 3,600 USD. Third and fourth team will receive around 1,800 USD each.

InsaNe, Leo, ShowT, RapRap and Kenji of Reckoning Esports performed well in group stage with 5 wins 2 loss in 7 games and placed third with Hero Kills differences. Since they lost to two out of three teams from Main Event in group stage matches, Signify and Entity Gaming, they need to learn from their mistakes in group stage and play their best in Main Event.

League Standing : ESL India

Main Event format is single elimination with Bo3 for all games. Reckoning Esports will be playing with Signify first and if they win, they will face the winner of Global Esports and Entity Gaming as Grand Final match.

This is the first challenge for Reckoning Esports players who just started bootcamping in India just a month ago. If they have settled at new bootcamp and can perform like they did in WESG 2018, you will see five Burmese players who will be lifting the trophy of ESL India Premiership Summer Season on 30th July in Dublin Square.

P.S – You can watch the exclusive interview of Kenji and ShowT from RG Dota2 and Gaming Noodle’s founder ‘KoBoo” here.

Source : ESL India & Reckoning Esports