Sumail နေရာမှာ Resolut1on ကိုအစားထိုးယှဉ်ပြိုင်သွားမယ့် Just Error

 

လက်ရှိကျင်းပလျက်ရှိတဲ့ Epic League ပြိုင်ပွဲရဲ့ Play-in အဆင့်မှာ Yellow Submarine အသင်းကိုရှုံးနိမ့်ပြီး Division 2 ကိုရောက်ရှိလာတဲ့ Just Error အသင်းကတော့ လက်ကျန်ပွဲစဉ်တွေမှာ Resolut1on ကို Sumail နေရာအစားထိုးပြီး ဆက်လက်ယှဉ်ပြိုင်သွားတော့မှာပါ။ အဆိုပါသတင်းကို ရုရှားအခြေစိုက် Esports သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Cybersport.ru ကထုတ်ပြန်ခဲ့တာဖြစ်ပြီး Resolut1on ဟာ Just Error ရဲ့ ပထမဦးဆုံး Division 2 ပွဲစဉ်ဖြစ်တဲ့ Live to Win နဲ့ပွဲကနေ စတင်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အကြောင်းကိုပါ အတည်ပြုပေးခဲ့ပါတယ်။

Resolut1on

CIS ရဲ့အကောင်းဆုံးကစားသမားတွေထဲက ၄ ဦးဖြစ်တဲ့ VP အသင်းသားဟောင်းတွေနဲ့ Sumail တို့ပါဝင်တဲ့ Just Error အသင်းဟာ Epic League မစခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုအများအပြားရရှိခဲ့ပေမယ့် တကယ့်ပြိုင်ပွဲမှာတော့ မျှော်မှန်းထားသလောက်လက်စွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။ Just Error အသင်းဟာ ပြိုင်ပွဲစီစဉ်သူရဲ့မျက်နှာသာပေးမှုနဲ့အတူ Closed Qualifier မှာ Yellow Submarine အသင်းနဲ့ BO5 တစ်ပွဲတည်းသာကစားခဲ့ပြီး 3-1 နဲ့အနိုင်ရရှိခဲ့တာကြောင့် Division 1 ကိုတက်လှမ်းလာနိုင်ခဲ့ပေမယ့်လည်း Group Stage မှာ ၂ ပွဲနိုင် ၇ ပွဲရှုံးရလဒ်သာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရလဒ်တူ ၂ သင်းနဲ့အတူ Tie Breaker ကစားခဲ့ရပြီး အနိုင်ရရှိခဲ့တာကြောင့် Division 2 ကိုတန်းမရောက်ခဲ့ပေမယ့် Play-in အဆင့်မှာတော့ Closed Qualifier တုန်းက ယှဉ်ပြိုင်ခဲ့ရတဲ့ Yellow Submarine အသင်းကို 0-2 ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် Division 1 ကနေထွက်ခွာခဲ့ရပါတယ်။ Division 2 မှာ Just Error အသင်းကို Stand-in အဖြစ်ဝင်ရောက်လာမယ့် Resolut1on ဟာ VP အသင်းမှာတုန်းကလို Position 3 နေရာကိုပဲ ဆက်လက်တာဝန်ယူ ကစားသွားမှာဖြစ်ပြီး No[o]ne ကတော့ မူလ Role ဖြစ်တဲ့ Position 1 နေရာမှာပြန်လည်ဆော့ကစားသွားမှာပါ။

Just Error အသင်းသားတစ်ဦးရဲ့ ပြောပြချက်အရ Resolut1on ကိုအစားထိုးတာဟာ ဒီပြိုင်ပွဲရဲ့လက်ကျန်ပွဲစဉ်အတွက်သာဖြစ်ပြီး Resolut1on, RAMZES, No[o]ne သုံးယောက်စလုံးဟာ Position 3 ဆော့နိုင်တဲ့ ကစားသမားတွေဖြစ်တာကြောင့် Draft ပေါ်ကိုကြည့်ပြီး လိုရင်လိုသလို Role တွေကိုပြောင်းလဲကစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Sumail အနေနဲ့ Epic League ပြိုင်ပွဲမှာ Ping အမြင့်နဲ့ကစားခဲ့ရသလို မြောက်အမေရိကနဲ့ ဥရောပ အချိန်ကွာဟချက်ကြောင့် အိပ်ချိန်တွေမှာပါကစားခဲ့ရပါတယ်။ အဲဒီလိုအဆင်မပြေမှုတွေကြောင့် Sumail အနေနဲ့ Division 2 ကိုဆက်လက်မယှဉ်ပြိုင်တော့ဘဲ အနားယူဖို့ဆုံးဖြတ်လိုက်ပုံပါပဲ။ Division 1 ပွဲစဉ်ကစားခဲ့စဉ်က အင်တာဗျူးအစီအစဉ်မှာ Sumail ဟာ ဒီအသင်းဟာ Epic League အတွက်သာ ဖွဲ့စည်းထားတဲ့ Stack မဟုတ်ဘဲ Team တစ်ခုဖြစ်ပြီး ဒီဇင်ဘာလလယ်လောက်မှာ သူ့အနေနဲ့ ရုရှားနိုင်ငံကို သွားရောက်ပြီး အသင်းလိုက် Camp ဝင်ဖို့စီစဉ်ထားတယ်လို့ဆိုခဲ့တာကြောင့် ကြားထဲမှာ အပြောင်းအလဲ ကြီးကြီးမားမားသာ မရှိခဲ့ရင် Sumail ကို Just Error အသင်းမှာဆက်လက်မြင်သွားရဦးမှာဖြစ်ပါတယ်။

Just Error အသင်းဟာ Resolut1on အစားထိုးဝင်ရောက်လာပြီးနောက်ပိုင်း ပထမဦးဆုံးကစားရတဲ့ Division 2 ပွဲစဉ်ဖြစ်တဲ့ Live to Win နဲ့ပွဲစဉ်မှာလည်း 0-2 နဲ့ရှုံးနိမ့်သွားပြန်တာကြောင့် Lower Bracket ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ Lower Bracket မှာ Alliance အသင်းနဲ့ယှဉ်ပြိုင်ဆော့ကစားရမှာဖြစ်ပြီး Just Error အနေနဲ့ အနိုင်ရယူပြီး နောက်တစ်ဆင့်ကိုပဲတက်သွားမလား၊ အရှုံးနဲ့ပဲအိမ်ပြန်ရမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref~ Cybersport.eu, vpesports