[Unicode]

Fortnite ကို Apple App Store နဲ့ Google Play Store တို့က ဘာကြောင့် ဖယ်ရှားခဲ့ကြတာလဲ

 

နာမည်ကြီး battle royale ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ဟာ PC ဂိမ်းတစ်ခုအဖြစ်သာမကပဲ PS4, Nintendo Switch, Xbox One စတဲ့ console များပေါ်မှာရော iOS နဲ့ Android မိုဘိုင်းလ်ပလက်ဖောင်းများပေါ်မှာ အောင်မြင်ကျော်ကြားလှတဲ့ဂိမ်းတစ်ခုပါ။ ဒါပေမယ့် မကြာသေးမီကတော့ Apple နဲ့ Google တို့ဟာ ယင်းတို့ရဲ့ store များပေါ်ကနေ Fortnite ကို ဖယ်ရှားခဲ့ကြလို့ ဒီလိုပြုလုပ်ခဲ့ရတဲ့အကြောင်းအရင်းကို လူအများက စိတ်ဝင်တစား သိချင်နေခဲ့ကြပါတယ်။

ယခုလလယ်ပိုင်းတုန်းက Epic Games ဟာ ယင်းရဲ့ Fortnite ဂိမ်းတွင်းငွေပေးချေဝယ်ယူမှုများအတွက် in-app payment စနစ်သစ်တစ်ခုကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Fortnite Mega Drop လို့ အမည်ပေးထားတဲ့ ယင်းစနစ်သစ်ကို ပလက်ဖောင်းမျိုးစုံအတွက် ထည့်သွင်းပေးလိုက်တာဖြစ်ပြီး ယင်းကို V-buck လို့ ခေါ်တဲ့ Fortnite ဂိမ်းတွင်းငွေကြေးများ ဝယ်ယူဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ယင်း စနစ်သစ်ကို အသုံးပြုသူများဟာ ဂိမ်းတွင်းက မူလရှိပြီးသားစနစ်ကို အသုံးပြုသူများထက် ၂၀% လျော့ဈေးနဲ့ V-buck များကို Epic Games ကနေ တိုက်ရိုက်ဝယ်ယူနိုင်ကြမှာပါ။ ဒီစနစ်သစ်ကို ထည့်သွင်းလိုက်တဲ့အတွက် PC နဲ့ console များပေါ်မှာ အငြင်းပွားမှုတစ်စုံတစ်ရာ မဖြစ်လာခဲ့ပေမယ့် iOS နဲ့ Android တို့ပေါ်မှာတော့ ပြဿနာများပေါ်ပေါက်လာခဲ့ရပါတယ်။

Apple ရဲ့ App Store နဲ့ Google Play Store တို့ဟာ ယင်းတို့ပေါ်မှာ တင်ထားတဲ့ app နဲ့ ဂိမ်းများအတွင်း ဝယ်ယူမှုများကနေ ရရှိတဲ့ငွေပမဏရဲ့ ၃၀% ကို အကျိုးအမြတ်အဖြစ် ကောက်ခံကြပါတယ်။ ဒါပေမယ့် Epic Games က ထည့်သွင်းပေးလိုက်တဲ့ တိုက်ရိုက်ဝယ်ယူနိုင်တဲ့ စနစ်သစ်ဟာ Fortnite ဂိမ်းတွင်းဝယ်ယူမှုများကို စျေးသက်သာသွားစေသလို Apple နဲ့ Google တို့ကို အကျိုးအမြတ်ပေးစရာမလိုအောင် ရှောင်တိမ်းထားသလိုလည်း ဖြစ်နေပါတယ်။

ဒါကြောင့် ဒီစနစ်သစ်ကို ထည့်သွင်းအပြီးမှာ Apple နဲ့ Google တို့ဟာ Fortnite ကို ယင်းတို့ရဲ့ store များပေါ်ကနေ ဖယ်ရှားပစ်ခဲ့ကြပါတယ်။ Apple ရဲ့ ကြေညာချက်အတွင်းမှာတော့ Epic Games ဟာ App Store ရဲ့ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ကြောင်း၊ ယင်းတို့အနေနဲ့ store ပေါ်က developer များအားလုံးကို ညီမျှစွာရှိနေစေပြီး အသုံးပြုသူများရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ထိန်းသိမ်းထားလိုကြောင်း၊
ဒါကြောင့် ယခုအချိန်မှာတော့ Fornite ကို App Store ပေါ်ကနေ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း၊ Epic က ထည့်သွင်းပေးလိုက်တဲ့ ယခု feature သစ်ကို Apple အနေနဲ့ စိစစ်ဆုံးဖြတ်မှုများ မလုပ်ခဲ့ဖူးသလို ခွင့်ပြုချက်လည်း မပေးခဲ့ဖူးကြောင်း၊ ယခုလိုပြုလုပ်လိုက်တာဟာ App Store က ချမှတ်ထားတဲ့ in-app payments စည်းကမ်းများကို ချိုးဖောက်လိုက်တာပဲဖြစ်ကြောင်း၊ Fortnite ကို App Store ပေါ်မှာ ပြန်တင်နိုင်ဖို့အတွက်တော့ Epic Games နဲ့အတူ လုပ်ဆောင်ဦးမှာဖြစ်ကြောင်း စသဖြင့် ဖော်ပြထားခဲ့ပါတယ်။

Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “Android ရဲ့ ပွင့်လင်းတဲ့ သဘောသဘာဝဟာ developer များအတွက် ယင်းတို့ရဲ့ app များကို မတူညီတဲ့ app store ပေါင်းစုံပေါ်မှာ တင်နိုင်ဖို့ ခွင့်ပြုပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Play Store ကို အသုံးပြုမယ်ဆိုရင်တော့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဖို့ လိုအပ်ပါတယ်။ ယင်းစည်းမျဉ်းစည်းကမ်းများကို developer များရော အသုံးပြုသူများပါ လုံခြုံစိတ်ချရမှုရှိနေဖို့နဲ့ အဆင်ပြေချောမွေ့စေဖို့အတွက် ချမှတ်ပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုအချိန်မှာ Fornite ကို Play Store ပေါ်မှာ ဆက်တင်ထားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် Fortnite ကို Android ပေါ်မှာ ဆက်ရှိနေစေဖို့တော့ ခွင့်ပြုပေးထားပါတယ်။ ဒီဂိမ်းကို Play Store ပေါ်မှာ ပြန်တင်နိုင်ဖို့အတွက် Epic Games က လာရောက်ဆွေးနွေးမှုများ ပြုလုပ်မယ်ဆိုရင်လည်း ကြိုဆိုသွားမှာဖြစ်ပါတယ်” လို့ The Verge ကို ပြောသွားခဲ့ပါတယ်။

ဒီကိစ္စများဖြစ်ပွားအပြီးမှာ Epic Games ဟာ Apple နဲ့ Google တို့ကို တရားစွဲဆိုခဲ့ပါတယ်။ Epic Games ရဲ့ အဆိုအရ ယင်းတို့ဟာ ဘီလီယံဒေါ်လာများစွာတန်ဖိုးရှိတဲ့ ဈေးကွက်ကို ပြိုင်ဘက်မရှိ လက်ဝါးကြီးအုပ်ချင်နေတာဖြစ်တဲ့အတွက် တရားစွဲဆိုတာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

ယခုအချိန်မှာတော့ အင်တာနက်ပေါ်မှာ #FreeFortnite ဆိုတဲ့ hashtag နဲ့အတူ Epic Games က တရားဝင်ထုတ်လွှင့်လိုက်တဲ့ Fortnite ဗီဒီယိုတစ်ခုလည်း ပြန့်နှံ့နေပါတယ်။ ယင်းဗီဒီယိုကတော့ Apple ရဲ့ နာမည်ကျော် 1984 Macintosh ကြော်ငြာဗီဒီယိုကို ပုံစံတူပြန်လည်ဖန်တီးပြီး လှောင်ပြောင်ထားတာပါ။ Epic Games ရဲ့ ဗီဒီယိုအဆုံးမှာတော့ Apple ဟာ App Store နဲ့အတူ စျေးကွက်ကို လက်ဝါးကြီးအုပ်ထားသလို Fornite ဂိမ်းကို ဘီလီယံနဲ့ ချီတဲ့ iOS device များပေါ်မှာ ပိတ်ပင်တားမြစ်နေပြီဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: gamespot


[ZawGyi]

Fortnite ကို Apple App Store နဲ႔ Google Play Store တို႔က ဘာေၾကာင့္ ဖယ္ရွားခဲ့ၾကတာလဲ

 

နာမည္ႀကီး battle royale ဂိမ္းတစ္ခုျဖစ္တဲ့ Fortnite ဟာ PC ဂိမ္းတစ္ခုအျဖစ္သာမကပဲ PS4, Nintendo Switch, Xbox One စတဲ့ console မ်ားေပၚမွာေရာ iOS နဲ႔ Android မိုဘိုင္းလ္ပလက္ေဖာင္းမ်ားေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားလွတဲ့ဂိမ္းတစ္ခုပါ။ ဒါေပမယ့္ မၾကာေသးမီကေတာ့ Apple နဲ႔ Google တို႔ဟာ ယင္းတို႔ရဲ႕ store မ်ားေပၚကေန Fortnite ကို ဖယ္ရွားခဲ့ၾကလို႔ ဒီလိုျပဳလုပ္ခဲ့ရတဲ့အေၾကာင္းအရင္းကို လူအမ်ားက စိတ္ဝင္တစား သိခ်င္ေနခဲ့ၾကပါတယ္။

ယခုလလယ္ပိုင္းတုန္းက Epic Games ဟာ ယင္းရဲ႕ Fortnite ဂိမ္းတြင္းေငြေပးေခ်ဝယ္ယူမႈမ်ားအတြက္ in-app payment စနစ္သစ္တစ္ခုကို စတင္မိတ္ဆက္ေပးခဲ့ပါတယ္။ Fortnite Mega Drop လို႔ အမည္ေပးထားတဲ့ ယင္းစနစ္သစ္ကို ပလက္ေဖာင္းမ်ိဳးစုံအတြက္ ထည့္သြင္းေပးလိုက္တာျဖစ္ၿပီး ယင္းကို V-buck လို႔ ေခၚတဲ့ Fortnite ဂိမ္းတြင္းေငြေၾကးမ်ား ဝယ္ယူဖို႔အတြက္ အသုံးျပဳႏိုင္ပါတယ္။

ယင္း စနစ္သစ္ကို အသုံးျပဳသူမ်ားဟာ ဂိမ္းတြင္းက မူလရွိၿပီးသားစနစ္ကို အသုံးျပဳသူမ်ားထက္ ၂၀% ေလ်ာ့ေဈးနဲ႔ V-buck မ်ားကို Epic Games ကေန တိုက္႐ိုက္ဝယ္ယူႏိုင္ၾကမွာပါ။ ဒီစနစ္သစ္ကို ထည့္သြင္းလိုက္တဲ့အတြက္ PC နဲ႔ console မ်ားေပၚမွာ အျငင္းပြားမႈတစ္စုံတစ္ရာ မျဖစ္လာခဲ့ေပမယ့္ iOS နဲ႔ Android တို႔ေပၚမွာေတာ့ ျပႆနာမ်ားေပၚေပါက္လာခဲ့ရပါတယ္။

Apple ရဲ႕ App Store နဲ႔ Google Play Store တို႔ဟာ ယင္းတို႔ေပၚမွာ တင္ထားတဲ့ app နဲ႔ ဂိမ္းမ်ားအတြင္း ဝယ္ယူမႈမ်ားကေန ရရွိတဲ့ေငြပမဏရဲ႕ ၃၀% ကို အက်ိဳးအျမတ္အျဖစ္ ေကာက္ခံၾကပါတယ္။ ဒါေပမယ့္ Epic Games က ထည့္သြင္းေပးလိုက္တဲ့ တိုက္႐ိုက္ဝယ္ယူႏိုင္တဲ့ စနစ္သစ္ဟာ Fortnite ဂိမ္းတြင္းဝယ္ယူမႈမ်ားကို ေစ်းသက္သာသြားေစသလို Apple နဲ႔ Google တို႔ကို အက်ိဳးအျမတ္ေပးစရာမလိုေအာင္ ေရွာင္တိမ္းထားသလိုလည္း ျဖစ္ေနပါတယ္။

ဒါေၾကာင့္ ဒီစနစ္သစ္ကို ထည့္သြင္းအၿပီးမွာ Apple နဲ႔ Google တို႔ဟာ Fortnite ကို ယင္းတို႔ရဲ႕ store မ်ားေပၚကေန ဖယ္ရွားပစ္ခဲ့ၾကပါတယ္။ Apple ရဲ႕ ေၾကညာခ်က္အတြင္းမွာေတာ့ Epic Games ဟာ App Store ရဲ႕ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း၊ ယင္းတို႔အေနနဲ႔ store ေပၚက developer မ်ားအားလုံးကို ညီမွ်စြာရွိေနေစၿပီး အသုံးျပဳသူမ်ားရဲ႕ ယုံၾကည္စိတ္ခ်မႈကိုလည္း ထိန္းသိမ္းထားလိုေၾကာင္း၊
ဒါေၾကာင့္ ယခုအခ်ိန္မွာေတာ့ Fornite ကို App Store ေပၚကေန ဖယ္ရွားလိုက္ၿပီျဖစ္ေၾကာင္း၊ Epic က ထည့္သြင္းေပးလိုက္တဲ့ ယခု feature သစ္ကို Apple အေနနဲ႔ စိစစ္ဆုံးျဖတ္မႈမ်ား မလုပ္ခဲ့ဖူးသလို ခြင့္ျပဳခ်က္လည္း မေပးခဲ့ဖူးေၾကာင္း၊ ယခုလိုျပဳလုပ္လိုက္တာဟာ App Store က ခ်မွတ္ထားတဲ့ in-app payments စည္းကမ္းမ်ားကို ခ်ိဳးေဖာက္လိုက္တာပဲျဖစ္ေၾကာင္း၊ Fortnite ကို App Store ေပၚမွာ ျပန္တင္ႏိုင္ဖို႔အတြက္ေတာ့ Epic Games နဲ႔အတူ လုပ္ေဆာင္ဦးမွာျဖစ္ေၾကာင္း စသျဖင့္ ေဖာ္ျပထားခဲ့ပါတယ္။

Google ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း “Android ရဲ႕ ပြင့္လင္းတဲ့ သေဘာသဘာဝဟာ developer မ်ားအတြက္ ယင္းတို႔ရဲ႕ app မ်ားကို မတူညီတဲ့ app store ေပါင္းစုံေပၚမွာ တင္ႏိုင္ဖို႔ ခြင့္ျပဳၿပီးသားပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ Play Store ကို အသုံးျပဳမယ္ဆိုရင္ေတာ့ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာဖို႔ လိုအပ္ပါတယ္။ ယင္းစည္းမ်ဥ္းစည္းကမ္းမ်ားကို developer မ်ားေရာ အသုံးျပဳသူမ်ားပါ လုံၿခဳံစိတ္ခ်ရမႈရွိေနဖို႔နဲ႔ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ ခ်မွတ္ေပးထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယခုအခ်ိန္မွာ Fornite ကို Play Store ေပၚမွာ ဆက္တင္ထားဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ Fortnite ကို Android ေပၚမွာ ဆက္ရွိေနေစဖို႔ေတာ့ ခြင့္ျပဳေပးထားပါတယ္။ ဒီဂိမ္းကို Play Store ေပၚမွာ ျပန္တင္ႏိုင္ဖို႔အတြက္ Epic Games က လာေရာက္ေဆြးေႏြးမႈမ်ား ျပဳလုပ္မယ္ဆိုရင္လည္း ႀကိဳဆိုသြားမွာျဖစ္ပါတယ္” လို႔ The Verge ကို ေျပာသြားခဲ့ပါတယ္။

ဒီကိစၥမ်ားျဖစ္ပြားအၿပီးမွာ Epic Games ဟာ Apple နဲ႔ Google တို႔ကို တရားစြဲဆိုခဲ့ပါတယ္။ Epic Games ရဲ႕ အဆိုအရ ယင္းတို႔ဟာ ဘီလီယံေဒၚလာမ်ားစြာတန္ဖိုးရွိတဲ့ ေဈးကြက္ကို ၿပိဳင္ဘက္မရွိ လက္ဝါးႀကီးအုပ္ခ်င္ေနတာျဖစ္တဲ့အတြက္ တရားစြဲဆိုတာျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ အင္တာနက္ေပၚမွာ #FreeFortnite ဆိုတဲ့ hashtag နဲ႔အတူ Epic Games က တရားဝင္ထုတ္လႊင့္လိုက္တဲ့ Fortnite ဗီဒီယိုတစ္ခုလည္း ျပန႔္ႏွံ႔ေနပါတယ္။ ယင္းဗီဒီယိုကေတာ့ Apple ရဲ႕ နာမည္ေက်ာ္ 1984 Macintosh ေၾကာ္ျငာဗီဒီယိုကို ပုံစံတူျပန္လည္ဖန္တီးၿပီး ေလွာင္ေျပာင္ထားတာပါ။ Epic Games ရဲ႕ ဗီဒီယိုအဆုံးမွာေတာ့ Apple ဟာ App Store နဲ႔အတူ ေစ်းကြက္ကို လက္ဝါးႀကီးအုပ္ထားသလို Fornite ဂိမ္းကို ဘီလီယံနဲ႔ ခ်ီတဲ့ iOS device မ်ားေပၚမွာ ပိတ္ပင္တားျမစ္ေနၿပီျဖစ္ေၾကာင္း ေဖာ္ျပသြားခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: gamespot