[Unicode]

လူအများစုဟာ Steam ပေါ်က ဂိမ်းတွေကို ဈေးချိုချိုသာသာနဲ့ ရရှိနိုင်ဖို့ လျော့ဈေးပေးမယ့်အချိန်ကို စောင့်ဆိုင်းဝယ်ယူလေ့ရှိကြပါတယ်။ ဒါပေမယ့် Duncan D. Hunter လို့ အမည်ရတဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်ကတော့ လျော့ဈေးမစောင့်ပဲ Steam ဂိမ်းတွေကို ဈေးကြီးကြီးနဲ့ အလောတကြီး ဝယ်ယူခဲ့ပုံပါပဲ။ Hunter ဟာ ရွေးကောက်ပွဲရန်ပုံငွေအများကြီးကို အလွဲသုံးစားလုပ်ထားလို့ အပြစ်ဒဏ်ပေးခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

တကယ်တမ်း ဒေါ်လာသိန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ထားတာဟာ ဂိမ်းဝယ်ဖို့ သက်သက်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ကနေ ၂၀၁၆ ထိ ကာလအတွင်းမှာ ရန်ပုံငွေတွေကို ဇိမ်ခံပစ္စည်းတွေ၊ ဇိမ်ခံခရီးတွေ၊ စားစရာတွေ စသဖြင့် အများကြီး ဝယ်ယူ သုံးဖြုန်းခဲ့တာပါ။ Hunter ဟာ သူ့ရဲ့ အမျိုးသမီးဖြစ်သူ Margaret လည်း သုံးဖြုန်းနိုင်အောင် ရွေးကောက်ပွဲရန်ပုံငွေခရက်ဒစ်ကတ်ကို ပေးထားခဲ့ပါသေးတယ်။

ဂိမ်းတွေဝယ်ယူတယ်လို့ နာမည်ကြီးသွားတဲ့အကြောင်းရင်းကတော့ US Attorney ရုံးက Hunter အကြောင်း ထုတ်ပြန်လိုက်တဲ့စာထဲမှာ ဗီဒီယိုဂိမ်းနဲ့ ပတ်သတ်လို့ သုံးဖြုန်းတဲ့အကြောင်းတစ်မျိုးထဲ ပါဝင်လို့ပါ။ ၂၀၁၅ အတွင်းမှာ ရန်ပုံငွေကွာဟတဲ့ပြဿနာပေါ်ပေါက်ခဲ့တုန်းကလည်း Steam ပေါ်မှာ စုစုပေါင်း ၁၃၀၂ ဒေါ်လာသုံးစွဲခဲ့ကြောင်း Hunter က ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

ဂိမ်းကိစ္စနဲ့ ပတ်သတ်လို့ Hunter ဟာ သူ့ရဲ့ သားဖြစ်သူကို အပြစ်တင်ခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စအတွက် သုံးထားမိတဲ့ ရန်ပုံငွေတွေ ပြန်ဖြည့်ပေးမယ်လို့ ပြောခဲ့ဖူးပေမယ့် ပြန်ပေးခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ မရှိပါဘူး။ ယခုအချိန်မှာတော့ Hunter ကို ရန်ပုံငွေတွေ တစ်လအတွင်း ပြန်ပေးဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီအမှုနဲ့ ပတ်သတ်တဲ့ စီရင်ချက်ကိုတော့ ၂၀၂၀ မတ်လကျော်မှ ပြုလုပ်မှာပါ။ အများဆုံးအပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ် ဒေါ်လာ၂၅၀,၀၀၀ အထိ ချမှတ်ခြင်းခံရနိုင်ပါတယ်။ လတ်တလော ဂိမ်းဝယ်ယူခြင်းနဲ့ ပတ်သတ်လို့ နာမည်ကြီးနေတဲ့အကြောင်းအရာလေးကို ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

#GamingNoodle #ComBo


 

[Zawgyi]

လူအမ်ားစုဟာ Steam ေပၚက ဂိမ္းေတြကို ေစ်းခ်ိဳခ်ိဳသာသာနဲ႔ ရရွိႏိုင္ဖုိ႔ ေလ်ာ့ေစ်းေပးမယ့္အခ်ိန္ကို ေစာင့္ဆိုင္းဝယ္ယူေလ့ရွိၾကပါတယ္။ ဒါေပမယ့္ Duncan D. Hunter လုိ႔ အမည္ရတဲ့ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ ေလ်ာ့ေစ်းမေစာင့္ပဲ Steam ဂိမ္းေတြကို ေစ်းၾကီးၾကီးနဲ႔ အေလာတၾကီး ဝယ္ယူခဲ့ပုံပါပဲ။ Hunter ဟာ ေရြးေကာက္ပြဲရန္ပုံေငြအမ်ားၾကီးကို အလြဲသုံးစားလုပ္ထားလုိ႔ အျပစ္ဒဏ္ေပးခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

တကယ္တမ္း ေဒၚလာသိန္းေပါင္းမ်ားစြာကို အလြဲသုံးစားလုပ္ထားတာဟာ ဂိမ္းဝယ္ဖုိ႔ သက္သက္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၀ ကေန ၂၀၁၆ ထိ ကာလအတြင္းမွာ ရန္ပုံေငြေတြကို ဇိမ္ခံပစၥည္းေတြ၊ ဇိမ္ခံခရီးေတြ၊ စားစရာေတြ စသျဖင့္ အမ်ားၾကီး ဝယ္ယူ သုံးျဖဳန္းခဲ့တာပါ။ Hunter ဟာ သူ႔ရဲ႕ အမ်ိဳးသမီးျဖစ္သူ Margaret လည္း သုံးျဖဳန္းႏိုင္ေအာင္ ေရြးေကာက္ပြဲရန္ပုံေငြခရက္ဒစ္ကတ္ကို ေပးထားခဲ့ပါေသးတယ္။

ဂိမ္းေတြဝယ္ယူတယ္လို႔ နာမည္ၾကီးသြားတဲ့အေၾကာင္းရင္းကေတာ့ US Attorney ရုံးက Hunter အေၾကာင္း ထုတ္ျပန္လိုက္တဲ့စာထဲမွာ ဗီဒီယိုဂိမ္းနဲ႔ ပတ္သတ္လို႔ သုံးျဖဳန္းတဲ့အေၾကာင္းတစ္မ်ိဳးထဲ ပါဝင္လို႔ပါ။ ၂၀၁၅ အတြင္းမွာ ရန္ပုံေငြကြာဟတဲ့ျပႆနာေပၚေပါက္ခဲ့တုန္းကလည္း Steam ေပၚမွာ စုစုေပါင္း ၁၃၀၂ ေဒၚလာသုံးစြဲခဲ့ေၾကာင္း Hunter က ေျဖရွင္းခ်က္ထုတ္ခဲ့ပါတယ္။

ဂိမ္းကိစၥနဲ႔ ပတ္သတ္လို႔ Hunter ဟာ သူ႔ရဲ႕ သားျဖစ္သူကို အျပစ္တင္ခဲ့ပါတယ္။ ကိုယ္ေရးကိုယ္တာကိစၥအတြက္ သုံးထားမိတဲ့ ရန္ပုံေငြေတြ ျပန္ျဖည့္ေပးမယ္လို႔ ေျပာခဲ့ဖူးေပမယ့္ ျပန္ေပးခဲ့ေၾကာင္း ခိုင္လုံတဲ့ သက္ေသအေထာက္အထားေတြ မရွိပါဘူး။ ယခုအခ်ိန္မွာေတာ့ Hunter ကို ရန္ပုံေငြေတြ တစ္လအတြင္း ျပန္ေပးဖုိ႔ အမိန္႔ထုတ္ထားပါတယ္။

ဒီအမႈနဲ႔ ပတ္သတ္တဲ့ စီရင္ခ်က္ကိုေတာ့ ၂၀၂၀ မတ္လေက်ာ္မွ ျပဳလုပ္မွာပါ။ အမ်ားဆုံးအျပစ္ဒဏ္အေနနဲ႕ ေထာင္ဒဏ္ငါးႏွစ္နဲ႔ ေငြဒဏ္ ေဒၚလာ၂၅၀,၀၀၀ အထိ ခ်မွတ္ျခင္းခံရႏိုင္ပါတယ္။ လတ္တေလာ ဂိမ္းဝယ္ယူျခင္းနဲ႔ ပတ္သတ္လို႔ နာမည္ၾကီးေနတဲ့အေၾကာင္းအရာေလးကို ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

#GamingNoodle #ComBo