[Unicode]

ပရီးမီးယားလိဂ်က ဘောလုံးသမားတွေကိုယ်တိုင် ယှဉ်ပြိုင်မယ့် ePremier League Invitational FIFA 20 ပြိုင်ပွဲ

 

Covid-19 ရောဂါကို ရှောင်ရှားနိုင်ဖို့အတွက် ရပ်နားထားရတဲ့ အားကစားပွဲများထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်များလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် ယင်းပြိုင်ပွဲမှာ ဝင်ရောက်ကစားနေခဲ့ကြတဲ့ နာမည်ကျော်ဘောလုံးသမားများဟာလည်း ယခုလိုအိမ်တွင်းအောင်းနေရချိန်များမှာ ဗီဒီယိုဂိမ်းများကို ကစားလာကြပါတယ်။

ယခုအချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ လုံးက ကိုယ်စားပြုကစားသမားများ ပါဝင်မယ့် FIFA 20 ပြိုင်ပွဲ ePremier League Invitational ကို ကျင်းပမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ယင်းပြိုင်ပွဲရဲ့ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီလ ၂၁ ရက်နေ့က စတင်ကာ ဧပြီလ ၂၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဂရင်းဖိုင်နယ်ပွဲစဉ်များကိုတော့ ဧပြီလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့များမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့်ကစားသမားတွေထဲမှာတော့ မန်ချက်စတာစီးတီး က Raheem Sterling နဲ့ လီဗာပူးက Trent Alexander-Arnold တို့လို ကမ္ဘာကျော်ကစားသမားတွေလည်း ပါဝင်ပါတယ်။ ထို့အပြင် ပရီးမီးယားလိဂ် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ် က “Zaha” အဲဗာတန်က “Andre Gomes” စပါးက “Moussa Sissoko” ဝုဗ်က “Diogo Jota” ချယ်စီးက “Reece James” နောဝှစ်က “Todd Cantwell” လက်စတာက “Ndidi” တို့နဲ့အတူ အခြား ပရီးမီးယားလိဂ် ကစားသမားတွေ ပါဝင်ကြမှာပါ။

ထူးထူးခြားခြားအနေနဲ့ နာမည်ကျော် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ကို ကိုယ်စားပြုမယ့်သူတွေကတော့ ဘောလုံးသမားတွေမဟုတ်ပဲ “Tom Grennan” နဲ့ “Josh Franceschi” ဆိုတဲ့ အဆိုတော် (၂) ယောက်ပဲ ဖြစ်ပါတယ်။ ePremier League Invitational ပြိုင်ပွဲရဲ့အချိန်ဇယားများကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

Round 1
21 April (from 12:00 BST) (မြန်မာအချိန် ညနေ ၅:၃၀)
1A John McGinn (AVL) v Neal Maupay (BHA)
1B Josh Franceschi (ARS) v Nathaniel Chalobah (WAT)
1C Dwight McNeil (BUR) v Ryan Fredericks (WHU)
1D Philip Billing (BOU) v Angus Gunn (SOU)

Last 16
22 April (from 12:00 BST) (မြန်မာအချိန် ညနေ ၅:၃၀)
2A Raheem Sterling (MCI) v Wilfried Zaha (CRY)
2B Tom Grennan (MUN) v Trent Alexander-Arnold (LIV)
2C Reece James (CHE) v Andre Gomes (EVE)
2D Moussa Sissoko (TOT) v Christian Atsu (NEW)

23 April (from 12:00 BST) (မြန်မာအချိန် ညနေ ၅:၃၀)
2E Diogo Jota (WOL) v Wilfred Ndidi (LEI)
2F Todd Cantwell (NOR) v Lys Mousset (SHU)
2G Winner 1A v Winner 1D
2H Winner 1B v Winner 1C

Quarter-finals
24 April (from 12:00 BST) (မြန်မာအချိန် ညနေ ၅:၃၀)
QF1 Winner 2B v Winner 2D
QF2 Winner 2C v Winner 2A
QF3 Winner 2E v Winner 2F
QF4 Winner 2G v Winner 2H

Semi-finals/Final
25 April (from 15:00 BST) (မြန်မာအချိန် ည ၈:၃၀)
SF1 Winner QF1 v Winner QF2
SF2 Winner QF3 v Winner QF4
Final Winner SF1 v Winner SF2

ဒီပြိုင်ပွဲရဲ့ ဆုကြေးငွေများကိုတော့ Covid-19 တိုက်ဖျက်ရေးအတွက်ကြိုးပမ်းနေကြတဲ့ ယူကေရဲ့ National Health Service (NHS) ကို လှူဒါန်းသွားမှာဖြစ်ကြောင်းကိုလည်း ကြေညာထားပါတယ်။ ပြိုင်ပွဲကြေညာချက်အတွင်းမှာ မိမိတို့ဒေသရဲ့သက်ဆိုင်ရာကျန်းမာရေးညွှန်ကြားချက်များအတိုင်းလိုက်နာပြီး အိမ်မှာနေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပွဲစဉ်များကို ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာ၊ အပလီကေးရှင်း၊ YouTube (www.youtube.com/premierleague)၊ Facebook၊ Twitter ချန်နယ်များနဲ့ Sky Sports Youtube၊ Twitch (www.twitch.tv/skysports)၊ Football Daily YouTube ချန်နယ်များမှာ ကြည့်ရှုနိုင်ကြမှာပါ။ ဒါ့အပြင် ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်များကို ယူကေရဲ့ Sky Sports Main Event နဲ့ Sky Sports Premier League များကနေ တိုက်ရိုက်ထုတ်လွှင့်ပြသွားမှာဖြစ်ကြောင်းကိုလည်း ကြေညာထားပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: premierleague.com


[ZawGyi]

ပရီးမီးယားလိဂ္က ေဘာလုံးသမားေတြကိုယ္တိုင္ ယွဥ္ၿပိဳင္မယ့္ ePremier League Invitational FIFA 20 ၿပိဳင္ပြဲ

 

Covid-19 ေရာဂါကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ရပ္နားထားရတဲ့ အားကစားပြဲမ်ားထဲမွာ ပရီးမီးယားလိဂ္ပြဲစဥ္မ်ားလည္း တစ္ခုအပါအဝင္ပါ။ ဒါေၾကာင့္ ယင္းၿပိဳင္ပြဲမွာ ဝင္ေရာက္ကစားေနခဲ့ၾကတဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ားဟာလည္း ယခုလိုအိမ္တြင္းေအာင္းေနရခ်ိန္မ်ားမွာ ဗီဒီယိုဂိမ္းမ်ားကို ကစားလာၾကပါတယ္။

ယခုအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္အသင္း ၂၀ လုံးက ကိုယ္စားျပဳကစားသမားမ်ား ပါဝင္မယ့္ FIFA 20 ၿပိဳင္ပြဲ ePremier League Invitational ကို က်င္းပမွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ ယင္းၿပိဳင္ပြဲရဲ႕ အုပ္စုပတ္လည္ပြဲစဥ္မ်ားကို ဧၿပီလ ၂၁ ရက္ေန႔က စတင္ကာ ဧၿပီလ ၂၃ ရက္ေန႔အထိ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္နဲ႔ ဂရင္းဖိုင္နယ္ပြဲစဥ္မ်ားကိုေတာ့ ဧၿပီလ ၂၄ ရက္ေန႔နဲ႔ ၂၅ ရက္ေန႔မ်ားမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

ပါဝင္ယွဥ္ၿပိဳင္မယ့္ကစားသမားေတြထဲမွာေတာ့ မန္ခ်က္စတာစီးတီး က Raheem Sterling နဲ႔ လီဗာပူးက Trent Alexander-Arnold တို႔လို ကမာၻေက်ာ္ကစားသမားေတြလည္း ပါဝင္ပါတယ္။ ထို႔အျပင္ ပရီးမီးယားလိဂ္ နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ ခရစ္စတယ္ပဲေလ့စ္ က “Zaha” အဲဗာတန္က “Andre Gomes” စပါးက “Moussa Sissoko” ဝုဗ္က “Diogo Jota” ခ်ယ္စီးက “Reece James” ေနာဝွစ္က “Todd Cantwell” လက္စတာက “Ndidi” တို႔နဲ႔အတူ အျခား ပရီးမီးယားလိဂ္ ကစားသမားေတြ ပါဝင္ၾကမွာပါ။

ထူးထူးျခားျခားအေနနဲ႔ နာမည္ေက်ာ္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ အာဆင္နယ္ တို႔ကို ကိုယ္စားျပဳမယ့္သူေတြကေတာ့ ေဘာလုံးသမားေတြမဟုတ္ပဲ “Tom Grennan” နဲ႔ “Josh Franceschi” ဆိုတဲ့ အဆိုေတာ္ (၂) ေယာက္ပဲ ျဖစ္ပါတယ္။ ePremier League Invitational ၿပိဳင္ပြဲရဲ႕အခ်ိန္ဇယားမ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။

Round 1
21 April (from 12:00 BST) (ျမန္မာအခ်ိန္ ညေန ၅:၃၀)
1A John McGinn (AVL) v Neal Maupay (BHA)
1B Josh Franceschi (ARS) v Nathaniel Chalobah (WAT)
1C Dwight McNeil (BUR) v Ryan Fredericks (WHU)
1D Philip Billing (BOU) v Angus Gunn (SOU)

Last 16
22 April (from 12:00 BST) (ျမန္မာအခ်ိန္ ညေန ၅:၃၀)
2A Raheem Sterling (MCI) v Wilfried Zaha (CRY)
2B Tom Grennan (MUN) v Trent Alexander-Arnold (LIV)
2C Reece James (CHE) v Andre Gomes (EVE)
2D Moussa Sissoko (TOT) v Christian Atsu (NEW)

23 April (from 12:00 BST) (ျမန္မာအခ်ိန္ ညေန ၅:၃၀)
2E Diogo Jota (WOL) v Wilfred Ndidi (LEI)
2F Todd Cantwell (NOR) v Lys Mousset (SHU)
2G Winner 1A v Winner 1D
2H Winner 1B v Winner 1C

Quarter-finals
24 April (from 12:00 BST) (ျမန္မာအခ်ိန္ ညေန ၅:၃၀)
QF1 Winner 2B v Winner 2D
QF2 Winner 2C v Winner 2A
QF3 Winner 2E v Winner 2F
QF4 Winner 2G v Winner 2H

Semi-finals/Final
25 April (from 15:00 BST) (ျမန္မာအခ်ိန္ ည ၈:၃၀)
SF1 Winner QF1 v Winner QF2
SF2 Winner QF3 v Winner QF4
Final Winner SF1 v Winner SF2

ဒီၿပိဳင္ပြဲရဲ႕ ဆုေၾကးေငြမ်ားကိုေတာ့ Covid-19 တိုက္ဖ်က္ေရးအတြက္ႀကိဳးပမ္းေနၾကတဲ့ ယူေကရဲ႕ National Health Service (NHS) ကို လႉဒါန္းသြားမွာျဖစ္ေၾကာင္းကိုလည္း ေၾကညာထားပါတယ္။ ၿပိဳင္ပြဲေၾကညာခ်က္အတြင္းမွာ မိမိတို႔ေဒသရဲ႕သက္ဆိုင္ရာက်န္းမာေရးၫႊန္ၾကားခ်က္မ်ားအတိုင္းလိုက္နာၿပီး အိမ္မွာေနၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ပြဲစဥ္မ်ားကို ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ဝက္ဘ္စာမ်က္ႏွာ၊ အပလီေကးရွင္း၊ YouTube (www.youtube.com/premierleague)၊ Facebook၊ Twitter ခ်န္နယ္မ်ားနဲ႔ Sky Sports Youtube၊ Twitch (www.twitch.tv/skysports)၊ Football Daily YouTube ခ်န္နယ္မ်ားမွာ ၾကည့္ရႈႏိုင္ၾကမွာပါ။ ဒါ့အျပင္ ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္ပြဲစဥ္မ်ားကို ယူေကရဲ႕ Sky Sports Main Event နဲ႔ Sky Sports Premier League မ်ားကေန တိုက္႐ိုက္ထုတ္လႊင့္ျပသြားမွာျဖစ္ေၾကာင္းကိုလည္း ေၾကညာထားပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: premierleague.com