[Unicode]

Dota 2 စဆော့တော့မယ်ဆိုရင် ဒါကိုဖတ်ပါ

 

Dota ဂိမ်းရဲ့ သက်တမ်းဟာ တစ်ချို့ကစားသမားတွေရဲ့ တစ်သက်လောက်ရှိပြီး Dota 2 ရယ်လို့ ပြောင်းလဲခဲ့တာတော့ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ ဒါပေမယ့် ဂိမ်းတိုင်းမှာ မျိုးဆက်သစ် ကစားသမားဆိုတာ အမြဲတမ်းရှိနေပြီး Dota 2 လို အခြေကျပြီးသား ဂိမ်းမျိုးမှာ အခုမှ စဆော့မယ့်သူတွေအတွက် အခက်အခဲက ပိုများပါတယ်။ သူလည်း စမ်းတဝါးဝါး ကိုယ်လည်း စမ်းတဝါးဝါးနဲ့ အားလုံး စဆော့ရတာက လွယ်သေးတယ်၊ ကိုယ့်ဂိမ်းပွဲထဲက ကျန်တဲ့ ၉ ယောက်က ဆော့လာတာကြာပြီ။ ကိုယ်က အခုမှ စဆော့တာဆိုရင် အဲ့ဒီပွဲကို Enjoy ဖြစ်ဖို့ ခက်တဲ့အထဲမှာ Dota 2 လည်းပါပါတယ်။

ဒီတော့ အခု ကျွန်တော်တို့ အကြံပေးချင်တာက Dota 2 ကို အခုမှ စဆော့မယ့်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် လေးတွေပဲ ဖြစ်ပါတယ်။

၁။ အချိန်ပေးနိုင်မှဆော့ပါ

Longest Dota2 Game

“ကျွန်တော် တစ်နေ့ကို တစ်နာရီလောက်တော့ ဆော့နိုင်ပါတယ်၊ တစ်ပတ်ကို သုံးရက်လောက်ပေါ့” ဆိုရင်တော့ တခြား MOBA ဂိမ်းတစ်ခုကို ရွေးပါ။ Dota 2 မဆော့ပါနဲ့။ Dota 2 ဟာ အချိန်ယူတာ အများဆုံး MOBA ဂိမ်းပါ။ တစ်ပွဲကို တစ်နာရီကျော် ကြာဖို့ဆိုတာ မကြာခဏကြုံတွေ့ရမယ့်အပြင် ပွဲရှာတာလည်း အခန့်မသင့်ရင် ဆယ်မိနစ် ကျော်လောက်ထိ ကြာနိုင်ပါတယ်။ နောက်ပြီး ဒီဂိမ်းကို သေသေချာချာဆော့ချင်တယ်ဆိုရင် သူများတွေ ဆော့တာကို ပုံမှန်လေးကြည့်ပေးမှကို ဖြစ်တာပါ။ ရှုပ်ယှက်ခတ်နေတဲ့ Control စနစ်ကိုလည်း ကိုယ့် Muscle Memory က အလွတ်ရဖို့ လေ့ကျင့်ပေးရပါတယ်။ Ability တွေနဲ့ Item တွေကို ရင်းနှီးဖို့လည်း အချိန်အများကြီးယူပါတယ်။ Playtime များလေ ကောင်းလေပါ။

၂။ ကိုယ့်သူငယ်ချင်း ကျွမ်းပြီးသားလူတွေနဲ့ တွဲမဆော့ပါနဲ့

စဆော့ခါစမှာ နိုင်ချင်တာနဲ့ပဲ ကိုယ့်သူငယ်ချင်း MMR များတဲ့ ကောင်တွေနဲ့ ပါတီသွားမဆော့ပါနဲ့။ သူတို့က ပွဲကို ရုန်းပြီး နိုင်သွားရင်တောင် ဒီပွဲအပေါ် ကိုယ့်ရဲ့ပါဝင်မှုက “ဒီ spell ကို သုံးပေး” ဆိုတာလောက်နဲ့ ပြီးသွားဖို့ များပါတယ်။ နောက်ပြီး တစ်ဖက်ကလည်း MMR Balance ဖြစ်အောင် ထည့်ပေးမှာမို့ ဟိုဘက်က ကြမ်းတဲ့ကောင်တွေက ကိုယ့်ကို ပေါ်တာနဲ့ အသေသတ်နေဖို့လည်း ပိုဖြစ်နိုင်ပါတယ်။ ကိုယ့်ဟာကိုယ် စမ်းတဝါးဝါးနဲ့ ဆော့ပါ။ ကိုယ့်ရဲ့ လက်ရှိ Skill range ထဲက လူတွေနဲ့ပဲ အတူကျမှာဖြစ်ပြီး စိတ်ရှည်ရှည်နဲ့ ဆော့ဖို့တော့ လိုပါတယ်။ လိုအပ်ရင် ပွဲစတာနဲ့ ကျန်တဲ့ကိုးယောက်လုံးကို Mute ထားပြီး ကိုယ့်ဟီးရိုးကိုယ်ပဲ အာရုံစိုက်ဆော့တာ အကောင်းဆုံးပါပဲ။

၃။ Role ရွေးပါ

အမှန်တိုင်းပြောရရင် MOBA ဂိမ်းတွေထဲမှာ Dota 2 ဟာ Role ရွေးဖို့ အလွတ်လပ်ဆုံးပါ။ ကြိုက်တဲ့ဟီးရိုးကို ကြိုက်တဲ့ Role ဆော့လို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ်အရမ်းကျွမ်းကျင်သွားမှပါ။ အစမှာတော့ ဒီဟီးရိုးနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ Role ကိုသာ ရွေးရမှာဖြစ်ပြီး ကိုယ်က ဘာ Role ဆော့ချင်တာလဲ? အဲဒီ Role အတွက် ဘာဟီးရိုးတွေကို ဆော့တာ အများဆုံးလဲ? ဆိုတာကို ဂရုတစိုက်ရွေးချယ်သင့်ပါတယ်။ ပြီးရင် ဟီးရိုး ၃ ကောင်လောက်ပဲ ထပ်ခါတလဲလဲကိုင်ပါ။ တခြား ဟီးရိုးတွေမှာ ဘာ Spell တွေ ပါတယ်ဆိုတာ တစ်ခါတည်း အကုန်အလွတ်ရနေဖို့ မလိုပါဘူး။ ကိုယ် ကိုင်တတ်တဲ့ ဟီးရိုးနဲ့ ဘာ item ထည့်ရမလဲ (item build) လောက် သိရင်ကို ဆော့လို့ရနေပါပြီ။ Beginner အဆင့်မှာ ကိုယ့်ရဲ့ Role နဲ့လိုက်ဖက်တဲ့ ဟီးရိုး မရွေးဘဲ စိတ်ထင်ရာ ကောက် Pick လိုက်ခြင်းဟာ ပွဲအစမှာတင် အသင်းစိတ်ဓါတ်ပိုင်းကို ထိခိုက်မှုအကြီးကြီးရှိပါတယ်။ ဆော့နေရင်း နိမ့်လာရင်လည်း အပြစ်ပြောခံရဖို့ သေချာပါတယ်။ သူအပြစ်ပြောတာကို ကိုယ်က ပြန်ဆဲနေရင် အဲ့ပွဲနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

၄။ ကိုယ့်ရဲ့ Role ဟာ ဘာလုပ်ရလဲ လေ့လာပါ

Role ရွေးပြီးပြီဆိုရင်တော့ ဒီ Role ဟာ ဘယ်အချိန်မှာ ဘာလုပ်ရလဲ ဆိုတာကို အရင်လေ့လာပါ။ ဖြစ်နိုင်ရင် Youtube စသဖြင့် ပလက်ဖောင်းတွေကနေ ဒီဟီးရိုးကို သူများတွေ ဘယ်လိုကိုင်လဲဆိုတာ စကြည့်သင့်တယ်။ Dota 2 မှာ ရှုပ်ထွေးပြီး လွတ်လပ်တဲ့ Game Mechanism ပါဝင်တာကြောင့် လမ်းပေါ်မှာထွက်လာတဲ့ Creep ကို တောအုပ်ထဲက Neutral Camp နဲ့ တိုက်တာ၊ Neutral Camp ကို တစ်မိနစ်တစ်ခါ နှစ်အုပ်ဖြစ်သွားအောင် Stack နိုင်တာ၊ နှစ်မိနစ်တစ်ခါ Rune ကောက်ရတာ၊ ငါးမိနစ်တစ်ခါ Bounty Rune ကောက်ရတာနဲ့ ဆယ်မိနစ်တစ်ခါ Outpost သိမ်းရတာ စသဖြင့် ချိန်သားကိုက် လုပ်ဆောင်မှု မြောက်များစွာရှိပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို အကုန်လုပ်တတ်စရာ မလိုပါဘူး။ ဘယ်အချိန်မှာ ဘာလုပ်ရမယ် ဆိုတာလောက် အကြမ်းဖျင်းသိထားရင် ကိုယ့်ဘက်က တစ်ခုခု လုပ်ဖို့ ရွှေ့လျားတဲ့အခါ ကိုယ်ကလည်း အလိုက်သင့်ရွှေ့လျားနိုင်မှာ ဖြစ်ပါတယ်။

၅။ ကိုယ့် Positioning ကို အမြဲသတိထားပါ

တစ်ခါတလေ ကိုယ့်ကို ဒုက္ခပေးတာ ကိုယ့်အသင်းဖော် ဖြစ်တတ်သလို အဲ့ဒီလူက ကိုယ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ချင်တာကိုပဲ အာရုံစိုက်မနေဘဲ ကိုယ့်ဟီးရိုးက ကိုယ့်အသင်းဖော် ဟီးရိုးနဲ့ အရမ်းကပ်နေလား၊ ဟိုဘက်က Spell သုံးလာရင် ၂ ယောက်လုံး ထိနိုင်လား၊ ကိုယ့်ဘက်က စဝင်ရင်ရော ကိုယ်က လိုက်ပါပေးနိုင်လား ဆိုတာကို အမြဲသတိထားရမှာ ဖြစ်ပါတယ်။ lane ပေါ်မှာ ကိုယ်က ဘယ်မှာ နေမလား ညာမှာ နေမလား ဆိုတာအစ တွက်နေသင့်ပါတယ်။

၆။ ရှုံးရင် စိတ်မညစ်ပါနဲ့

ခုမှ စဆော့တဲ့ဂိမ်းကို ရှုံးတယ်ဆိုတာ မထူးဆန်းပါဘူး။ ရှုံးနေတဲ့အချိန်မှာတောင် ကိုယ် ဘာလုပ်နိုင်မလဲ ဆိုတာကိုပဲ တွေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက စဆော့ခါစမှ မဟုတ်ဘူး၊ ကျွမ်းကျင်သွားလို့ MMR တင်မယ်ဆိုရင်လည်း အမြဲထားရမယ့် Mentality တစ်ခုပါ။ ပွဲတစ်ပွဲရှုံးရင် ငါက သူတို့ထက် ပိုကောင်းရက်နဲ့ ရှုံးရတယ်လို့ တွေးပြီး အသင်းဖော်တွေကို မ Blame ပါနဲ့။ ငါသာ ပိုကောင်းကောင်းဆော့နိုင်ခဲ့ရင် နိုင်မှာဆိုတဲ့စိတ်နဲ့ ပွဲတလျှောက်လုံး စိတ်နှစ်ပြီး Role အလိုက် တာဝန်ကျေအောင် တစ်ဖက်အသင်းရဲ့ Flow ကို ရပ်တန့်ဖြတ်တောက်နိုင်အောင်သာ ကြိုးစားပါ။ ဆော့တာ အချိန်ကြာလာတာနဲ့ တိုးတက်လာပါလိမ့်မယ်။

အခုမှ Dota 2 စဆော့မယ့် သူတွေကိုလည်း ကျွန်တော်တို့ ခေတ်ကာလရဲ့ အကောင်းဆုံး ဗီဒီယိုဂိမ်း စနစ်တွေထဲက တစ်ခုဖြစ်တဲ့ ဒီဂိမ်းကို ဆော့ချင်ရင် ဆော့ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အချိန်ကြာမြင့်စွာ ကစားရသလို Event တွေလည်း ရှားပါးပေမယ့် သူ့ရဲ့ Gameplay က Community ထဲမှာ ဆယ်စုနှစ် ၂ ခုနီးပါး အအောင်မြင်ဆုံး မာလ်တီပလေယာ ဂိမ်းတစ်ခုအဖြစ် ရပ်တည်နေနိုင်သေးတာ၊ Loyal Fanbase ကြီး ရှိနေတာကိုကြည့်ရင် ဘယ်လောက်ဆွဲဆောင်နိုင်လဲ ဆိုတာ သိမှာပါပဲ။ အပေါ်က အကြံပေးချက်တွေက လူတိုင်းတွေ့ရတတ်တဲ့ ယေဘုယျ အမှားတွေဖြစ်ပါတယ်။ ဆော့နေချိန်မှာ တချိန်လုံး ဦးနှောက်ကိုပါ အလုပ်ပေးနေရတာက ဒီဂိမ်းရဲ့ အားသာချက်တစ်ခုပါ။
#GamingNoodle #Kyitha #Dota2BeginnerGuide


[ZawGyi]

Dota 2 စေဆာ့ေတာ့မယ္ဆိုရင္ ဒါကိုဖတ္ပါ

 

Dota ဂိမ္းရဲ႕ သက္တမ္းဟာ တစ္ခ်ိဳ႕ကစားသမားေတြရဲ႕ တစ္သက္ေလာက္ရွိၿပီး Dota 2 ရယ္လို႔ ေျပာင္းလဲခဲ့တာေတာ့ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ ဒါေပမယ့္ ဂိမ္းတိုင္းမွာ မ်ိဳးဆက္သစ္ ကစားသမားဆိုတာ အၿမဲတမ္းရွိေနၿပီး Dota 2 လို အေျခက်ၿပီးသား ဂိမ္းမ်ိဳးမွာ အခုမွ စေဆာ့မယ့္သူေတြအတြက္ အခက္အခဲက ပိုမ်ားပါတယ္။ သူလည္း စမ္းတဝါးဝါး ကိုယ္လည္း စမ္းတဝါးဝါးနဲ႔ အားလုံး စေဆာ့ရတာက လြယ္ေသးတယ္၊ ကိုယ့္ဂိမ္းပြဲထဲက က်န္တဲ့ ၉ ေယာက္က ေဆာ့လာတာၾကာၿပီ။ ကိုယ္က အခုမွ စေဆာ့တာဆိုရင္ အဲ့ဒီပြဲကို Enjoy ျဖစ္ဖို႔ ခက္တဲ့အထဲမွာ Dota 2 လည္းပါပါတယ္။

ဒီေတာ့ အခု ကြၽန္ေတာ္တို႔ အႀကံေပးခ်င္တာက Dota 2 ကို အခုမွ စေဆာ့မယ့္သူေတြအတြက္ ေဆာင္ရန္၊ ေရွာင္ရန္ ေလးေတြပဲ ျဖစ္ပါတယ္။

၁။ အခ်ိန္ေပးႏိုင္မွေဆာ့ပါ

Longest Dota2 Game

“ကြၽန္ေတာ္ တစ္ေန႔ကို တစ္နာရီေလာက္ေတာ့ ေဆာ့ႏိုင္ပါတယ္၊ တစ္ပတ္ကို သုံးရက္ေလာက္ေပါ့” ဆိုရင္ေတာ့ တျခား MOBA ဂိမ္းတစ္ခုကို ေ႐ြးပါ။ Dota 2 မေဆာ့ပါနဲ႔။ Dota 2 ဟာ အခ်ိန္ယူတာ အမ်ားဆုံး MOBA ဂိမ္းပါ။ တစ္ပြဲကို တစ္နာရီေက်ာ္ ၾကာဖို႔ဆိုတာ မၾကာခဏႀကဳံေတြ႕ရမယ့္အျပင္ ပြဲရွာတာလည္း အခန႔္မသင့္ရင္ ဆယ္မိနစ္ ေက်ာ္ေလာက္ထိ ၾကာႏိုင္ပါတယ္။ ေနာက္ၿပီး ဒီဂိမ္းကို ေသေသခ်ာခ်ာေဆာ့ခ်င္တယ္ဆိုရင္ သူမ်ားေတြ ေဆာ့တာကို ပုံမွန္ေလးၾကည့္ေပးမွကို ျဖစ္တာပါ။ ရႈပ္ယွက္ခတ္ေနတဲ့ Control စနစ္ကိုလည္း ကိုယ့္ Muscle Memory က အလြတ္ရဖို႔ ေလ့က်င့္ေပးရပါတယ္။ Ability ေတြနဲ႔ Item ေတြကို ရင္းႏွီးဖို႔လည္း အခ်ိန္အမ်ားႀကီးယူပါတယ္။ Playtime မ်ားေလ ေကာင္းေလပါ။

၂။ ကိုယ့္သူငယ္ခ်င္း ကြၽမ္းၿပီးသားလူေတြနဲ႔ တြဲမေဆာ့ပါနဲ႔

စေဆာ့ခါစမွာ ႏိုင္ခ်င္တာနဲ႔ပဲ ကိုယ့္သူငယ္ခ်င္း MMR မ်ားတဲ့ ေကာင္ေတြနဲ႔ ပါတီသြားမေဆာ့ပါနဲ႔။ သူတို႔က ပြဲကို ႐ုန္းၿပီး ႏိုင္သြားရင္ေတာင္ ဒီပြဲအေပၚ ကိုယ့္ရဲ႕ပါဝင္မႈက “ဒီ spell ကို သုံးေပး” ဆိုတာေလာက္နဲ႔ ၿပီးသြားဖို႔ မ်ားပါတယ္။ ေနာက္ၿပီး တစ္ဖက္ကလည္း MMR Balance ျဖစ္ေအာင္ ထည့္ေပးမွာမို႔ ဟိုဘက္က ၾကမ္းတဲ့ေကာင္ေတြက ကိုယ့္ကို ေပၚတာနဲ႔ အေသသတ္ေနဖို႔လည္း ပိုျဖစ္ႏိုင္ပါတယ္။ ကိုယ့္ဟာကိုယ္ စမ္းတဝါးဝါးနဲ႔ ေဆာ့ပါ။ ကိုယ့္ရဲ႕ လက္ရွိ Skill range ထဲက လူေတြနဲ႔ပဲ အတူက်မွာျဖစ္ၿပီး စိတ္ရွည္ရွည္နဲ႔ ေဆာ့ဖို႔ေတာ့ လိုပါတယ္။ လိုအပ္ရင္ ပြဲစတာနဲ႔ က်န္တဲ့ကိုးေယာက္လုံးကို Mute ထားၿပီး ကိုယ့္ဟီး႐ိုးကိုယ္ပဲ အာ႐ုံစိုက္ေဆာ့တာ အေကာင္းဆုံးပါပဲ။

၃။ Role ေ႐ြးပါ

အမွန္တိုင္းေျပာရရင္ MOBA ဂိမ္းေတြထဲမွာ Dota 2 ဟာ Role ေ႐ြးဖို႔ အလြတ္လပ္ဆုံးပါ။ ႀကိဳက္တဲ့ဟီး႐ိုးကို ႀကိဳက္တဲ့ Role ေဆာ့လို႔ ရပါတယ္။ ဒါေပမယ့္ အဲ့ဒါက ကိုယ္အရမ္းကြၽမ္းက်င္သြားမွပါ။ အစမွာေတာ့ ဒီဟီး႐ိုးနဲ႔ အလိုက္ဖက္ဆုံးျဖစ္တဲ့ Role ကိုသာ ေ႐ြးရမွာျဖစ္ၿပီး ကိုယ္က ဘာ Role ေဆာ့ခ်င္တာလဲ? အဲဒီ Role အတြက္ ဘာဟီး႐ိုးေတြကို ေဆာ့တာ အမ်ားဆုံးလဲ? ဆိုတာကို ဂ႐ုတစိုက္ေ႐ြးခ်ယ္သင့္ပါတယ္။ ၿပီးရင္ ဟီး႐ိုး ၃ ေကာင္ေလာက္ပဲ ထပ္ခါတလဲလဲကိုင္ပါ။ တျခား ဟီး႐ိုးေတြမွာ ဘာ Spell ေတြ ပါတယ္ဆိုတာ တစ္ခါတည္း အကုန္အလြတ္ရေနဖို႔ မလိုပါဘူး။ ကိုယ္ ကိုင္တတ္တဲ့ ဟီး႐ိုးနဲ႔ ဘာ item ထည့္ရမလဲ (item build) ေလာက္ သိရင္ကို ေဆာ့လို႔ရေနပါၿပီ။ Beginner အဆင့္မွာ ကိုယ့္ရဲ႕ Role နဲ႔လိုက္ဖက္တဲ့ ဟီး႐ိုး မေ႐ြးဘဲ စိတ္ထင္ရာ ေကာက္ Pick လိုက္ျခင္းဟာ ပြဲအစမွာတင္ အသင္းစိတ္ဓါတ္ပိုင္းကို ထိခိုက္မႈအႀကီးႀကီးရွိပါတယ္။ ေဆာ့ေနရင္း နိမ့္လာရင္လည္း အျပစ္ေျပာခံရဖို႔ ေသခ်ာပါတယ္။ သူအျပစ္ေျပာတာကို ကိုယ္က ျပန္ဆဲေနရင္ အဲ့ပြဲႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။

၄။ ကိုယ့္ရဲ႕ Role ဟာ ဘာလုပ္ရလဲ ေလ့လာပါ

Role ေ႐ြးၿပီးၿပီဆိုရင္ေတာ့ ဒီ Role ဟာ ဘယ္အခ်ိန္မွာ ဘာလုပ္ရလဲ ဆိုတာကို အရင္ေလ့လာပါ။ ျဖစ္ႏိုင္ရင္ Youtube စသျဖင့္ ပလက္ေဖာင္းေတြကေန ဒီဟီး႐ိုးကို သူမ်ားေတြ ဘယ္လိုကိုင္လဲဆိုတာ စၾကည့္သင့္တယ္။ Dota 2 မွာ ရႈပ္ေထြးၿပီး လြတ္လပ္တဲ့ Game Mechanism ပါဝင္တာေၾကာင့္ လမ္းေပၚမွာထြက္လာတဲ့ Creep ကို ေတာအုပ္ထဲက Neutral Camp နဲ႔ တိုက္တာ၊ Neutral Camp ကို တစ္မိနစ္တစ္ခါ ႏွစ္အုပ္ျဖစ္သြားေအာင္ Stack ႏိုင္တာ၊ ႏွစ္မိနစ္တစ္ခါ Rune ေကာက္ရတာ၊ ငါးမိနစ္တစ္ခါ Bounty Rune ေကာက္ရတာနဲ႔ ဆယ္မိနစ္တစ္ခါ Outpost သိမ္းရတာ စသျဖင့္ ခ်ိန္သားကိုက္ လုပ္ေဆာင္မႈ ေျမာက္မ်ားစြာရွိပါတယ္။ ဒါေပမယ့္ အဲ့ဒါေတြကို အကုန္လုပ္တတ္စရာ မလိုပါဘူး။ ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္ ဆိုတာေလာက္ အၾကမ္းဖ်င္းသိထားရင္ ကိုယ့္ဘက္က တစ္ခုခု လုပ္ဖို႔ ေ႐ႊ႕လ်ားတဲ့အခါ ကိုယ္ကလည္း အလိုက္သင့္ေ႐ႊ႕လ်ားႏိုင္မွာ ျဖစ္ပါတယ္။

၅။ ကိုယ့္ Positioning ကို အၿမဲသတိထားပါ

တစ္ခါတေလ ကိုယ့္ကို ဒုကၡေပးတာ ကိုယ့္အသင္းေဖာ္ ျဖစ္တတ္သလို အဲ့ဒီလူက ကိုယ္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္လုပ္ခ်င္တာကိုပဲ အာ႐ုံစိုက္မေနဘဲ ကိုယ့္ဟီး႐ိုးက ကိုယ့္အသင္းေဖာ္ ဟီး႐ိုးနဲ႔ အရမ္းကပ္ေနလား၊ ဟိုဘက္က Spell သုံးလာရင္ ၂ ေယာက္လုံး ထိႏိုင္လား၊ ကိုယ့္ဘက္က စဝင္ရင္ေရာ ကိုယ္က လိုက္ပါေပးႏိုင္လား ဆိုတာကို အၿမဲသတိထားရမွာ ျဖစ္ပါတယ္။ lane ေပၚမွာ ကိုယ္က ဘယ္မွာ ေနမလား ညာမွာ ေနမလား ဆိုတာအစ တြက္ေနသင့္ပါတယ္။

၆။ ရႈံးရင္ စိတ္မညစ္ပါနဲ႔

ခုမွ စေဆာ့တဲ့ဂိမ္းကို ရႈံးတယ္ဆိုတာ မထူးဆန္းပါဘူး။ ရႈံးေနတဲ့အခ်ိန္မွာေတာင္ ကိုယ္ ဘာလုပ္ႏိုင္မလဲ ဆိုတာကိုပဲ ေတြးဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါက စေဆာ့ခါစမွ မဟုတ္ဘူး၊ ကြၽမ္းက်င္သြားလို႔ MMR တင္မယ္ဆိုရင္လည္း အၿမဲထားရမယ့္ Mentality တစ္ခုပါ။ ပြဲတစ္ပြဲရႈံးရင္ ငါက သူတို႔ထက္ ပိုေကာင္းရက္နဲ႔ ရႈံးရတယ္လို႔ ေတြးၿပီး အသင္းေဖာ္ေတြကို မ Blame ပါနဲ႔။ ငါသာ ပိုေကာင္းေကာင္းေဆာ့ႏိုင္ခဲ့ရင္ ႏိုင္မွာဆိုတဲ့စိတ္နဲ႔ ပြဲတေလွ်ာက္လုံး စိတ္ႏွစ္ၿပီး Role အလိုက္ တာဝန္ေက်ေအာင္ တစ္ဖက္အသင္းရဲ႕ Flow ကို ရပ္တန႔္ျဖတ္ေတာက္ႏိုင္ေအာင္သာ ႀကိဳးစားပါ။ ေဆာ့တာ အခ်ိန္ၾကာလာတာနဲ႔ တိုးတက္လာပါလိမ့္မယ္။

အခုမွ Dota 2 စေဆာ့မယ့္ သူေတြကိုလည္း ကြၽန္ေတာ္တို႔ ေခတ္ကာလရဲ႕ အေကာင္းဆုံး ဗီဒီယိုဂိမ္း စနစ္ေတြထဲက တစ္ခုျဖစ္တဲ့ ဒီဂိမ္းကို ေဆာ့ခ်င္ရင္ ေဆာ့ၾကည့္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။ အခ်ိန္ၾကာျမင့္စြာ ကစားရသလို Event ေတြလည္း ရွားပါးေပမယ့္ သူ႔ရဲ႕ Gameplay က Community ထဲမွာ ဆယ္စုႏွစ္ ၂ ခုနီးပါး အေအာင္ျမင္ဆုံး မာလ္တီပေလယာ ဂိမ္းတစ္ခုအျဖစ္ ရပ္တည္ေနႏိုင္ေသးတာ၊ Loyal Fanbase ႀကီး ရွိေနတာကိုၾကည့္ရင္ ဘယ္ေလာက္ဆြဲေဆာင္ႏိုင္လဲ ဆိုတာ သိမွာပါပဲ။ အေပၚက အႀကံေပးခ်က္ေတြက လူတိုင္းေတြ႕ရတတ္တဲ့ ေယဘုယ် အမွားေတြျဖစ္ပါတယ္။ ေဆာ့ေနခ်ိန္မွာ တခ်ိန္လုံး ဦးေႏွာက္ကိုပါ အလုပ္ေပးေနရတာက ဒီဂိမ္းရဲ႕ အားသာခ်က္တစ္ခုပါ။
#GamingNoodle #Kyitha #Dota2BeginnerGuide