[Unicode]

ဂိမ်းပစ္စည်းတွေ နေရာမှာ Mask တွေ ထုတ်လုပ် လှူဒါန်းမယ့် Razer

 

Surgical mask များကို ယခင်တည်းက ရောဂါကာကွယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြပါတယ်။ COVID-19 ရဲ့ ရိုက်ခတ်မှုကို ကြုံတွေ့နေကြရဆဲ လက်ရှိအချိန်မှာ surgical mask လိုအပ်ချက်ဟာ လွန်စွာများပြားလာတဲ့အတွက် နိုင်ငံပေါင်းစုံမှာ mask မလုံလောက်တဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် ဒီပြဿနာကို ကူညီဖြေရှင်းသွားမှာဖြစ်ကြောင်း ဂိမ်းပစ္စည်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Razer ရဲ့ ဥက္ကဌဖြစ်သူ Min-Liang Tan က မကြာသေးမီက ကြေညာလိုက်ပါတယ်။

Razer CEO Min-Liang Tan

ဒီအကြောင်းကို Min-Liang Tan က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ပို့စ်တင်ပြီး ရေးသားထားခဲ့တာပါ။ ယင်းပို့စ်အတွင်းမှာတော့ လက်ရှိလည်ပတ်နေတဲ့ Razer ကုမ္ပဏီကြီးရဲ့ ဂိမ်းပစ္စည်းထုတ်လုပ်ရေးအချို့ကို surgical mask ထုတ်လုပ်ရေးအဖြစ် အသွင်ပြောင်းလဲပြီး COVID-19 ကာကွယ်ရေးအတွက် ထုတ်လုပ်လှူဒါန်းသွားမယ့်အကြောင်း အဓိကရေးသားထားခဲ့ပါတယ်။

Razer ကုမ္ပဏီရဲ့ ဒီဇိုင်နာများနဲ့ အင်ဂျင်နီယာများဟာ ဒီလိုပြောင်းလဲထုတ်လုပ်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းနေကြကြောင်း၊ mask အရေအတွက် ၁ သန်းအထိ ထုတ်လုပ်လှူဒါန်းဖို့ ရည်ရွယ်ထားကြောင်း အစရှိသဖြင့်လည်း ရေးသားထားခဲ့ပါတယ်။ Razer ရဲ့ အရှေ့တောင်အာရှဌာနချုပ် တည်ရှိရာ စင်ကာပူအတွက် အရင်ဆုံးလှူဒါန်းသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံပေါင်းစုံကို လှူဒါန်းသွားဖို့အစီအစဉ်ရှိကြောင်းလည်း ယင်းပို့စ်အတွင်းမှာ ပါဝင်ခဲ့ပါတယ်။

ယခုအချိန်မှာ လူအများဟာ ရောဂါကူးစက်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် အိမ်မှာပဲနေပြီး ဂိမ်းကစားနေကြလို့ ဂိမ်းပစ္စည်းများ လွန်စွာရောင်းကောင်းနေကြောင်း၊ ဒါပေမယ့် Razer အနေနဲ့ မည်သူမဆို ရောဂါတိုက်ဖျက်ရေးမှာ တစ်တပ်တစ်အား ပါဝင်သင့်တာကို နားလည်တဲ့အတွက် ယခုလို ဂိမ်းပစ္စည်းထုတ်လုပ်ရေးအချို့ကို အသွင်ပြောင်းပြီး mask များလှူဒါန်းနိုင်ရန် ပြောင်းလဲထုတ်လုပ်ရခြင်းဖြစ်ကြောင်း အစရှိသဖြင့်လည်း ပါဝင်ခဲ့ပါတယ်။

So I haven’t had much sleep over the past couple of days to get this initiative up and running, but I’m happy to be able…

Posted by Min-Liang Tan on Wednesday, 18 March 2020

မိမိတို့ကိုယ်တိုင်ရော မိသားစုဝင်များပါ ကျန်းမာရေးဂရုစိုက်ကြဖို့၊ အကူအညီပေးနိုင်သူများဖြစ်ပါက လာရောက်ဆက်သွယ်ကြဖို့၊ Razer ရဲ့ ဆိုရှယ်မီဒီယာချန်နယ်များကို follow လုပ်ပေးကြဖို့ စတာတွေကိုလည်း Min-Liang Tan က ရေးသားခဲ့ပါသေးတယ်။ COVID-19 ကာကွယ်ရေးအတွက် Razer ရဲ့ ကြိုးပမ်းမှုဟာ ဂိမ်းလောကအတွက် ဂုဏ်ယူဖွယ်ဖြစ်တာမို့ ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Min-Liang Tan Facebook


[ZawGyi]

ဂိမ္းပစၥည္းေတြ ေနရာမွာ Mask ေတြ ထုတ္လုပ္ လႉဒန္းမယ့္ Razer

 

Surgical mask မ်ားကို ယခင္တည္းက ေရာဂါကာကြယ္ေရးအတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာခဲ့ၾကပါတယ္။ COVID-19 ရဲ႕ ႐ိုက္ခတ္မႈကို ႀကဳံေတြ႕ေနၾကရဆဲ လက္ရွိအခ်ိန္မွာ surgical mask လိုအပ္ခ်က္ဟာ လြန္စြာမ်ားျပားလာတဲ့အတြက္ ႏိုင္ငံေပါင္းစုံမွာ mask မလုံေလာက္တဲ့ျပႆနာကို ရင္ဆိုင္ေနၾကရပါတယ္။ ဒါေၾကာင့္ ဒီျပႆနာကို ကူညီေျဖရွင္းသြားမွာျဖစ္ေၾကာင္း ဂိမ္းပစၥည္းကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Razer ရဲ႕ ဥကၠဌျဖစ္သူ Min-Liang Tan က မၾကာေသးမီက ေၾကညာလိုက္ပါတယ္။

Razer CEO Min-Liang Tan

ဒီအေၾကာင္းကို Min-Liang Tan က သူ႔ရဲ႕ ကိုယ္ပိုင္ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ ပို႔စ္တင္ၿပီး ေရးသားထားခဲ့တာပါ။ ယင္းပို႔စ္အတြင္းမွာေတာ့ လက္ရွိလည္ပတ္ေနတဲ့ Razer ကုမၸဏီႀကီးရဲ႕ ဂိမ္းပစၥည္းထုတ္လုပ္ေရးအခ်ိဳ႕ကို surgical mask ထုတ္လုပ္ေရးအျဖစ္ အသြင္ေျပာင္းလဲၿပီး COVID-19 ကာကြယ္ေရးအတြက္ ထုတ္လုပ္လႉဒါန္းသြားမယ့္အေၾကာင္း အဓိကေရးသားထားခဲ့ပါတယ္။

 

Razer ကုမၸဏီရဲ႕ ဒီဇိုင္နာမ်ားနဲ႔ အင္ဂ်င္နီယာမ်ားဟာ ဒီလိုေျပာင္းလဲထုတ္လုပ္ဖို႔အတြက္ အျပင္းအထန္ႀကိဳးပမ္းေနၾကေၾကာင္း၊ mask အေရအတြက္ ၁ သန္းအထိ ထုတ္လုပ္လႉဒါန္းဖို႔ ရည္႐ြယ္ထားေၾကာင္း အစရွိသျဖင့္လည္း ေရးသားထားခဲ့ပါတယ္။ Razer ရဲ႕ အေရွ႕ေတာင္အာရွဌာနခ်ဳပ္ တည္ရွိရာ စင္ကာပူအတြက္ အရင္ဆုံးလႉဒါန္းသြားမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ႏိုင္ငံေပါင္းစုံကို လႉဒါန္းသြားဖို႔အစီအစဥ္ရွိေၾကာင္းလည္း ယင္းပို႔စ္အတြင္းမွာ ပါဝင္ခဲ့ပါတယ္။

ယခုအခ်ိန္မွာ လူအမ်ားဟာ ေရာဂါကူးစက္ျခင္းကို ေရွာင္ရွားႏိုင္ဖို႔အတြက္ အိမ္မွာပဲေနၿပီး ဂိမ္းကစားေနၾကလို႔ ဂိမ္းပစၥည္းမ်ား လြန္စြာေရာင္းေကာင္းေနေၾကာင္း၊ ဒါေပမယ့္ Razer အေနနဲ႔ မည္သူမဆို ေရာဂါတိုက္ဖ်က္ေရးမွာ တစ္တပ္တစ္အား ပါဝင္သင့္တာကို နားလည္တဲ့အတြက္ ယခုလို ဂိမ္းပစၥည္းထုတ္လုပ္ေရးအခ်ိဳ႕ကို အသြင္ေျပာင္းၿပီး mask မ်ားလႉဒါန္းႏိုင္ရန္ ေျပာင္းလဲထုတ္လုပ္ရျခင္းျဖစ္ေၾကာင္း အစရွိသျဖင့္လည္း ပါဝင္ခဲ့ပါတယ္။

So I haven’t had much sleep over the past couple of days to get this initiative up and running, but I’m happy to be able…

Posted by Min-Liang Tan on Wednesday, 18 March 2020

မိမိတို႔ကိုယ္တိုင္ေရာ မိသားစုဝင္မ်ားပါ က်န္းမာေရးဂ႐ုစိုက္ၾကဖို႔၊ အကူအညီေပးႏိုင္သူမ်ားျဖစ္ပါက လာေရာက္ဆက္သြယ္ၾကဖို႔၊ Razer ရဲ႕ ဆိုရွယ္မီဒီယာခ်န္နယ္မ်ားကို follow လုပ္ေပးၾကဖို႔ စတာေတြကိုလည္း Min-Liang Tan က ေရးသားခဲ့ပါေသးတယ္။ COVID-19 ကာကြယ္ေရးအတြက္ Razer ရဲ႕ ႀကိဳးပမ္းမႈဟာ ဂိမ္းေလာကအတြက္ ဂုဏ္ယူဖြယ္ျဖစ္တာမို႔ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: Min-Liang Tan facebook