[ZawGyi]

Razer နဲ့ လက်တွဲခဲ့တဲ့ Evil Genuises

 





EG endorsed Razer BlackWidow keyboard – Photo Credit : Razer

==============================================

[Unicode]

Razer နဲ့ လကျတှဲခဲ့တဲ့ Evil Genuises

 

USA အခြေစိုက် နာမည်ကြီး Esports Organization တစ်ခုဖြစ်တဲ့ Evil Geniuses (EG) ဟာ ကမ္ဘာကျော် Gaming Hardware ကုမ္ပဏီတစ်ခုဖြစ်တဲ့ “Razer” နဲ့ ၂ နှစ်စာ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Razer အနေနဲ့ Evil Genuises ရဲ့ ကစားသမားတွေ အားလုံကို Gaming Accessories တွေဖြစ်တဲ့ Mouse, Keyboard, Mousemat, Headset, Joysticks တွေကို 2021 ခုနှစ်အထိ ထောက်ပံပေးသွားမှာပဲ ဖြစ်ပါတယ်။ Evil Geniuses banner အောက်မှာတော့ Dota2, Fortnite, Artifact, Rocket League, Rainbow Six, Super Smash Bros နဲ့ Street Fighter အသင်းတွေရှိနေပြီး သူတို့ရဲ့ Dota2 နဲ့ Call of Duty အသင်းတွေဟာ သက်ဆိုင်ရာ ဂိမ်းတွေရဲ့ အမြင့်ဆုံးအောင်မြင်မှုတွေ ပိုင်ဆိုင်ထား နိုင်ပါတယ်။

Singapore အခြေစိုက်ဖြစ်တဲ့ Razer ဟာ အခုမှ EG နဲ့ စတင်လက်တွဲဖူးတာ မဟုတ်ပဲနဲ့ 2013 ကနေ 2015 အထိ အလုပ်လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှသာ “Steelseries” နဲ့ လက်တွဲခဲ့ပြီး ယခုတစ်ခါမှ Razer နဲ့ ပြန်လည် ပေါင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း မကြာသေးမီကမှ KMD Company အနေနဲ့ Razer ကို တစ်ဦးတည်း ကိုယ်စားလှည် Authorized Distributor အဖြစ် ရယူထားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

 

#Razer #EG #Dota2 #COD #KMD