History of Quincy Crew

2018 ခုႏွစ္၊ ၾသဂုတ္လ၊ (၂၉) ရက္တုန္းက Valve ရဲ႕ DPC သတ္မွတ္ခ်က္ေတြေၾကာင့္ ေျမာက္အေမရိက အေျခစုိက္အသင္းတစ္ခုျဖစ္တဲ့ VGJ.Strom အသင္းဟာ အသင္းကုိ ဖ်က္သိမ္းခဲ့ရျပီး ကစားသမားမ်ားကုိ ႏႈတ္ထြက္ခြင့္ျပဳခဲ့ရပါတယ္။

ဒါေၾကာင့္ အဆုိပါ ကာလတုန္းက VGJ.Storm အသင္းမွ ကစားသမား (၄) ဦးျဖစ္တဲ့
Resolution
Yawar
MSS
SVG တုိ႔ ဟာ SneyKing ေနရာမွာ Universe ကုိ အစားထုိးလုိက္ျပီး Quincy Crew ဆုိတဲ့ အမည္အသစ္ျဖင့္ အသင္းတစ္ခုကုိ တည္ေဆာက္ခဲ့ပါတယ္။ ထုိ႔ေနာက္ အဆိုပါ Quincy Crew ကုိ Forward Gaming မွာ Sponsor ေပးကာ ေခၚယူခဲ့တဲ့အတြက္ အသင္းနာမည္ဟာ Forward Gaming အျဖစ္သုိ႔ ေျပာင္းလဲသြားကာ ေနာက္ထပ္လူအေျပာင္းအလဲမ်ားျပဳလုပ္ျပီး 2018-2019 DPC အတြက္ ေျမာက္အေမရိက အေျခစုိက္အသင္းတစ္ခုအျဖစ္ ဝင္ေရာက္ယွဥ္ျပဳိင္ကာ ေအာင္ျမင္မႈမ်ား ရရွိခဲ့တာကုိ အားလုံးသိျပီးျဖစ္ပါတယ္။

ယခုအခါမွာေတာ့ Quincy Crew အသင္းကုိ ဖြဲ႔စည္းခဲ့ျပီး တစ္ႏွစ္ နဲ႕ တစ္လ အၾကာမွာေတာ့ Forward Gaming/ Newbee ရဲ႕ ကစားသမားေဟာင္းမ်ားဟာ Evil Geniuses မွာ နာမည္ၾကီး Mid Player တစ္ဦးျဖစ္တဲ့ Sumail နဲ႕ ပူးေပါင္းျပီး အသင္းကုိ ျပန္လည္ဖြဲ႕စည္းခဲ့ျပီပဲ ျဖစ္ပါတယ္။

1. Sumail
2. QUINN (CCNC)
3. Yawar
4. MSS
5. SVG ဆုိတဲ့ Position မ်ားအတုိင္း ဖြဲ႕စည္းခဲ့တဲ့ Quincy Crew အသင္းဟာ TI9 အျပီးေနာက္ပုိင္း ထြက္ရွိခဲ့တဲ့ ေကာလဟလမ်ားအတုိင္း Sumail နဲ႕ Yawar တုိ႔ ညီအစ္ကုိႏွစ္ဦး ေပါင္းစည္းကာ အသင္းတစ္ခုအေနနဲ႕ ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။ Quincy Crew အသင္းရဲ႕ သမုိင္းေၾကာင္းအတုိင္း Sponsor တစ္ခုကို ေစာင့္ျပီး နာမည္အသစ္နဲ႕ပဲ ထက္မံ ထြက္ေပၚလာမလား၊ ဒီ အသင္းနာမည္အတုိင္းကုိ Official Logo နဲ႕ ထြက္လာမလား၊ ျပည္သူ႔အခ်စ္ေတာ္ Sumail ဟာ လာမယ့္ DPC 2019-2020 မွာ Quincy Crew အသင္းနဲ႕အတူ ေအာင္ျမင္မႈေတြ ၾကီးၾကီးမားမားကုိ ဆြတ္ခူးႏုိင္ဦးမလားဆုိတာကေတာ့ လြန္စြာမွ စိတ္ဝင္စားဖုိ႔ ေကာင္းပါေတာ့တယ္ခင္ဗ်ာ။

 

===============================

 

History of Quincy Crew

2018 ခုနှစ်၊ သြဂုတ်လ၊ (၂၉) ရက်တုန်းက Valve ရဲ့ DPC သတ်မှတ်ချက်တွေကြောင့် မြောက်အမေရိက အခြေစိုက်အသင်းတစ်ခုဖြစ်တဲ့ VGJ.Strom အသင်းဟာ အသင်းကို ဖျက်သိမ်းခဲ့ရပြီး ကစားသမားများကို နှုတ်ထွက်ခွင့်ပြုခဲ့ရပါတယ်။

ဒါကြောင့် အဆိုပါ ကာလတုန်းက VGJ.Storm အသင်းမှ ကစားသမား (၄) ဦးဖြစ်တဲ့
Resolution
Yawar
MSS
SVG တို့ ဟာ SneyKing နေရာမှာ Universe ကို အစားထိုးလိုက်ပြီး Quincy Crew ဆိုတဲ့ အမည်အသစ်ဖြင့် အသင်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ထို့နောက် အဆိုပါ Quincy Crew ကို Forward Gaming မှာ Sponsor ပေးကာ ခေါ်ယူခဲ့တဲ့အတွက် အသင်းနာမည်ဟာ Forward Gaming အဖြစ်သို့ ပြောင်းလဲသွားကာ နောက်ထပ်လူအပြောင်းအလဲများပြုလုပ်ပြီး 2018-2019 DPC အတွက် မြောက်အမေရိက အခြေစိုက်အသင်းတစ်ခုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်မြင်မှုများ ရရှိခဲ့တာကို အားလုံးသိပြီးဖြစ်ပါတယ်။

ယခုအခါမှာတော့ Quincy Crew အသင်းကို ဖွဲ့စည်းခဲ့ပြီး တစ်နှစ် နဲ့ တစ်လ အကြာမှာတော့ Forward Gaming/ Newbee ရဲ့ ကစားသမားဟောင်းများဟာ Evil Geniuses မှာ နာမည်ကြီး Mid Player တစ်ဦးဖြစ်တဲ့ Sumail နဲ့ ပူးပေါင်းပြီး အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီပဲ ဖြစ်ပါတယ်။

1. Sumail
2. QUINN (CCNC)
3. Yawar
4. MSS
5. SVG ဆိုတဲ့ Position များအတိုင်း ဖွဲ့စည်းခဲ့တဲ့ Quincy Crew အသင်းဟာ TI9 အပြီးနောက်ပိုင်း ထွက်ရှိခဲ့တဲ့ ကောလဟလများအတိုင်း Sumail နဲ့ Yawar တို့ ညီအစ်ကိုနှစ်ဦး ပေါင်းစည်းကာ အသင်းတစ်ခုအနေနဲ့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ Quincy Crew အသင်းရဲ့ သမိုင်းကြောင်းအတိုင်း Sponsor တစ်ခုကို စောင့်ပြီး နာမည်အသစ်နဲ့ပဲ ထက်မံ ထွက်ပေါ်လာမလား၊ ဒီ အသင်းနာမည်အတိုင်းကို Official Logo နဲ့ ထွက်လာမလား၊ ပြည်သူ့အချစ်တော် Sumail ဟာ လာမယ့် DPC 2019-2020 မှာ Quincy Crew အသင်းနဲ့အတူ အောင်မြင်မှုတွေ ကြီးကြီးမားမားကို ဆွတ်ခူးနိုင်ဦးမလားဆိုတာကတော့ လွန်စွာမှ စိတ်ဝင်စားဖို့ ကောင်းပါတော့တယ်ခင်ဗျာ။