[Unicode]

Team Aster ကို ကိုင်တွယ်တော့မယ့် PSG.LGD အသင်းရဲ့ဂန္ဓဝင်နည်းပြဟောင်းကြီး QQQ

 

ပြီးခဲ့တဲ့ TI9 အပြီးထဲက အနားယူနေခဲ့တဲ့ PSG.LGD အသင်းရဲ့ ဂန္ဓဝင်နည်းပြဟောင်းကြီး QQQ ဟာ ၆ လခန့်အကြာမှာတော့ Dota 2 လောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။ ယခုအချိန်မှာတော့ သူဟာ BurNing တည်ထောင်ထားတဲ့ Team Aster အသင်းကို နည်းပြကိုင်တွယ်တော့မှာဖြစ်ကြောင်း ယင်းအသင်းက တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ ကြေညာလိုက်ပါတယ်။

QQQ ဟာ PSG.LGD အသင်းရဲ့ အောင်မြင်မှုများအတွက် အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦးပါ။ စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတင် PSG.LGD အသင်းကို TI7 ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် TI8 နဲ့ TI9 တို့မှာလည်း အဆင့် ၂ နဲ့ အဆင့် ၃ နေရာ ဆွတ်ခူးအောင် ဆက်တိုက်စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ QQQ ဟာ TI4 မှာ Vici Gaming ကို အဆင့် ၂ နေရာရရှိအောင် နည်းပြကိုင်တွယ်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

TI9 ကနေ PSG.LGD အသင်းထွက်ခွာခဲ့ရပြီးနောက်ပိုင်းမှာ QQQ ဟာ အသင်းကနေ နှုတ်ထွက်ပြီး အနားယူနေခဲ့တာပါ။ ထိုစဉ်က PSG.LGD အသင်းဟာ QQQ ရဲ့ထွက်ခွာမှုအတွက် “ကျွန်တော်တို့ဟာ အသင်းအတွက် QQQ ရဲ့ ကြိုးပမ်းပေးခဲ့သမျှကို တကယ်ပဲအသိအမှတ်ပြုပါတယ်။ အသင်းကထွက်ခွာလိုတဲ့ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုကို လေးစားသလို သူ့အတွက် အနာဂတ်ကောင်းများကိုလည်း ဆက်လက်ပိုင်ဆိုင်နေစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်” အစရှိသဖြင့် ပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာတော့ Team Aster အသင်းဟာ QQQ ရဲ့ နည်းပြမှုအောက်မှာ StarLadder ImbaTV Dota 2 Minor Season 3 အတွက် ပြင်ဆင်နေကြပါတယ်။ Team Aster ရဲ့ လက်ရှိကစားသမားစာရင်းကတော့
– ong “Sccc” Chun
– Kee Chyuan “ChYuan” Ng
– Lin “Xxs” Jing
– Ye “BoBoKa” Zhibiao
– Pan “Fade” Yi
– Yao “QQQ” Yi (နည်းပြ)
တို့ပဲ ဖြစ်ကြပါတယ်။

ဒီအကြောင်းများနဲ့ ပတ်သက်လို့ Team Aster က Weibo ပေါ်မှာ “ကျွန်တော်တို့ဟာ ယခင်နည်းပြဟောင်း Mikasa နဲ့ ရင်းနှီးစွာဆွေးနွေးပြီးနောက်ပိုင်း သူရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအရ ဇန်နဝါရီလအကုန်မှာ အသင်းကနေ နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ Mikasa ရဲ့ ကြိုးပမ်းခဲ့မှုများကို ကျွန်တော်တို့အသိအမှတ်ပြုသလို သူ့ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘဝခရီးချောမွေ့နေစေဖို့အတွက် လည်း ဆုတောင်းပေးပါတယ်။

“ယခုအချိန်မှာတော့ QQQ ဟာ အသင်းရဲ့နည်းပြအနေနဲ့ ဝင်ရောက်လာခဲ့ပါပြီ။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအဖြစ်ရပ်တည်ခဲ့ဖူးသလို နည်းပြအနေနဲ့လည်း လွန်စွာအောင်မြင်ခဲ့တဲ့ QQQ ဟာ ကျွန်တော်တို့အသင်းအတွက် ကောင်းမွန်တဲ့အပြောင်းအလဲတွေ သယ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

“ဒါပေမယ့် တရုတ်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပြဿနာကြောင့် QQQ ဟာ လောလောဆယ်မှာတော့ အသင်းဆီကို ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်သေးပါဘူး။ ဒါကြောင့် မကြာမီစတင်တော့မယ့် SLi S3 Minor အတွက် လုံလောက်တဲ့လေ့ကျင့်မှုများ ပြုလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့အသင်းဟာ Team Sirius ရဲ့ နည်းပြ LaNm ကို ယာယီနည်းပြအဖြစ် ခေါ်ယူထားပါတယ်” လို့ ရေးသားထားခဲ့ပါတယ်။

Team Aster ဟာ လက်ရှိအချိန်မှာ DPC point 340 စုဆောင်းရရှိထားပြီး ကမ္ဘာ့အဆင့် ၁၁ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ယင်းတို့ဟာ မတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် Minor ပြိုင်ပွဲကနေတစ်ဆင့် ESL One Los Angeles Major ကို တက်ရောက်ခွင့်ရအောင် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ နည်းပြကြီး QQQ ရဲ့ ကိုင်တွယ်မှုအောက်မှာ Team Aster အသင်းထွန်းတောက်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: VPEsports


[ZawGyi]

Team Aster ကို ကိုင္တြယ္ေတာ့မယ့္ PSG.LGD အသင္းရဲ႕ဂႏၶဝင္နည္းျပေဟာင္းၾကီး QQQ

 

ၿပီးခဲ့တဲ့ TI9 အၿပီးထဲက အနားယူေနခဲ့တဲ့ PSG.LGD အသင္းရဲ႕ ဂႏၶဝင္နည္းျပေဟာင္းႀကီး QQQ ဟာ ၆ လခန႔္အၾကာမွာေတာ့ Dota 2 ေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ပါၿပီ။ ယခုအခ်ိန္မွာေတာ့ သူဟာ BurNing တည္ေထာင္ထားတဲ့ Team Aster အသင္းကို နည္းျပကိုင္တြယ္ေတာ့မွာျဖစ္ေၾကာင္း ယင္းအသင္းက တ႐ုတ္လူမႈကြန္ယက္ Weibo ေပၚမွာ ေၾကညာလိုက္ပါတယ္။

QQQ ဟာ PSG.LGD အသင္းရဲ႕ ေအာင္ျမင္မႈမ်ားအတြက္ အလြန္အေရးပါတဲ့အခန္းက႑ကေန ပါဝင္ခဲ့သူတစ္ဦးပါ။ စတင္ဝင္ေရာက္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာတင္ PSG.LGD အသင္းကို TI7 ရဲ႕ အဆင့္ ၄ ေနရာမွာ ရပ္တည္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ TI8 နဲ႔ TI9 တို႔မွာလည္း အဆင့္ ၂ နဲ႔ အဆင့္ ၃ ေနရာ ဆြတ္ခူးေအာင္ ဆက္တိုက္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါေသးတယ္။ QQQ ဟာ TI4 မွာ Vici Gaming ကို အဆင့္ ၂ ေနရာရရွိေအာင္ နည္းျပကိုင္တြယ္ေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

TI9 ကေန PSG.LGD အသင္းထြက္ခြာခဲ့ရၿပီးေနာက္ပိုင္းမွာ QQQ ဟာ အသင္းကေန ႏႈတ္ထြက္ၿပီး အနားယူေနခဲ့တာပါ။ ထိုစဥ္က PSG.LGD အသင္းဟာ QQQ ရဲ႕ထြက္ခြာမႈအတြက္ “ကြၽန္ေတာ္တို႔ဟာ အသင္းအတြက္ QQQ ရဲ႕ ႀကိဳးပမ္းေပးခဲ့သမွ်ကို တကယ္ပဲအသိအမွတ္ျပဳပါတယ္။ အသင္းကထြက္ခြာလိုတဲ့ သူ႔ရဲ႕ကိုယ္ပိုင္ေ႐ြးခ်ယ္မႈကို ေလးစားသလို သူ႔အတြက္ အနာဂတ္ေကာင္းမ်ားကိုလည္း ဆက္လက္ပိုင္ဆိုင္ေနေစဖို႔ ကြၽန္ေတာ္တို႔ ဆုေတာင္းေပးပါတယ္” အစရွိသျဖင့္ ေျပာၾကားခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ Team Aster အသင္းဟာ QQQ ရဲ႕ နည္းျပမႈေအာက္မွာ StarLadder ImbaTV Dota 2 Minor Season 3 အတြက္ ျပင္ဆင္ေနၾကပါတယ္။ Team Aster ရဲ႕ လက္ရွိကစားသမားစာရင္းကေတာ့
– ong “Sccc” Chun
– Kee Chyuan “ChYuan” Ng
– Lin “Xxs” Jing
– Ye “BoBoKa” Zhibiao
– Pan “Fade” Yi
– Yao “QQQ” Yi (နည္းျပ)
တို႔ပဲ ျဖစ္ၾကပါတယ္။

ဒီအေၾကာင္းမ်ားနဲ႔ ပတ္သက္လို႔ Team Aster က Weibo ေပၚမွာ “ကြၽန္ေတာ္တို႔ဟာ ယခင္နည္းျပေဟာင္း Mikasa နဲ႔ ရင္းႏွီးစြာေဆြးေႏြးၿပီးေနာက္ပိုင္း သူရဲ႕ကိုယ္ပိုင္စိတ္ဆႏၵအရ ဇန္နဝါရီလအကုန္မွာ အသင္းကေန ႏႈတ္ထြက္ခြင့္ျပဳခဲ့ပါတယ္။ Mikasa ရဲ႕ ႀကိဳးပမ္းခဲ့မႈမ်ားကို ကြၽန္ေတာ္တို႔အသိအမွတ္ျပဳသလို သူ႔ရဲ႕ ေရွ႕ဆက္ေလွ်ာက္လွမ္းရမယ့္ဘဝခရီးေခ်ာေမြ႕ေနေစဖို႔အတြက္ လည္း ဆုေတာင္းေပးပါတယ္။

“ယခုအခ်ိန္မွာေတာ့ QQQ ဟာ အသင္းရဲ႕နည္းျပအေနနဲ႔ ဝင္ေရာက္လာခဲ့ပါၿပီ။ ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ဦးအျဖစ္ရပ္တည္ခဲ့ဖူးသလို နည္းျပအေနနဲ႔လည္း လြန္စြာေအာင္ျမင္ခဲ့တဲ့ QQQ ဟာ ကြၽန္ေတာ္တို႔အသင္းအတြက္ ေကာင္းမြန္တဲ့အေျပာင္းအလဲေတြ သယ္ေဆာင္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

“ဒါေပမယ့္ တ႐ုတ္ႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ျပႆနာေၾကာင့္ QQQ ဟာ ေလာေလာဆယ္မွာေတာ့ အသင္းဆီကို ကိုယ္တိုင္ကိုယ္က် မလာေရာက္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ မၾကာမီစတင္ေတာ့မယ့္ SLi S3 Minor အတြက္ လုံေလာက္တဲ့ေလ့က်င့္မႈမ်ား ျပဳလုပ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔အသင္းဟာ Team Sirius ရဲ႕ နည္းျပ LaNm ကို ယာယီနည္းျပအျဖစ္ ေခၚယူထားပါတယ္” လို႔ ေရးသားထားခဲ့ပါတယ္။

Team Aster ဟာ လက္ရွိအခ်ိန္မွာ DPC point 340 စုေဆာင္းရရွိထားၿပီး ကမာၻ႔အဆင့္ ၁၁ ေနရာမွာ ရပ္တည္လ်က္ရွိပါတယ္။ ယင္းတို႔ဟာ မတ္လ ၅ ရက္ေန႔မွာ က်င္းပမယ့္ Minor ၿပိဳင္ပြဲကေနတစ္ဆင့္ ESL One Los Angeles Major ကို တက္ေရာက္ခြင့္ရေအာင္ ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။ နည္းျပႀကီး QQQ ရဲ႕ ကိုင္တြယ္မႈေအာက္မွာ Team Aster အသင္းထြန္းေတာက္လာႏိုင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: VPEsports