[Unicode]

Onepay နှင့် ပူးပေါင်းလိုက်တဲ့ မြန်မာ/ထိုင်း Esports အသင်း Pyramid

 

ရန်ကုန်၊ မြန်မာ – မိုဘိုင်းဖုန်းပေါ်မှ ငွေပေးချေမှု ပြုလုပ်နိုင်သော application ဖြစ်သည့် Onepay က မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် Pyramid Esports ၏ လှုပ်ရှားဆောင်ရွက်မှုများ အတွက် လက်တွဲသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Pyramid Esports သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် ပထမဆုံး မြန်မာ Esports အသင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ထိုင်း၊ မြန်မာ၊ ဗီယမ်နမ် အာဆီယံ နိုင်ငံ ၃ နိုင်ငံမှ ကစားသမားပေါင်း ၁၇ ယောက်နှင့် အတူ ထိုင်းနိုင်ငံတွင် Pro Evolution Soccer (PES) နှင့် PUBG Mobile၊ မြန်မာနိုင်ငံတွင် DOTA 2 ဂိမ်း အမျိုးအစားတို့ကို လှုပ်ရှားနေသည်။ PUBG Mobile Pro League Thailand တွင် အောင်မြင်မှုများ ရထားသည့် နိုင်ငံခြား Esports အသင်းအနည်းငယ်ထဲမှ တစ်သင်းဖြစ်သည်။

Onepay ၏ လက်တွဲဆောင်ရွက်မှုနှင့် အတူ Pyramid Esports မှ အီလက်ထရောနစ် အားကစား (Esports) ကို စိတ်ဝင်စားသူများ အတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်သစ်များ ပိုမိုဖန်တီးပေးခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှ ငွေပေးချေမှု အပြောင်းအလဲသစ်ကို ဖော်ဆောင်ခြင်း နှင့် မြန်မာနိုင်ငံ Esports အသိုင်းအဝိုင်း ပိုမို အားကောင်းလာအောင် အတူ ဆောင်ရွက်သွားကြမည် ဖြစ်သည်။

Pyamid Esports PES Team

One Pay Company Limited ၏ Head of Marketing ဖြစ်သူ James Faulkner မှ “တိုးတက်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ Esports လောကမှာ ကျွန်တော်တို့ အနေနဲ့ Pyramid Esports အတွက် Official Fintech Partner အဖြစ် ပူးပေါင်းရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ Onepay အနေနဲ့ gamer တွေ အတွက် ဝယ်ယူ အသုံးပြုမှု အတွက် အဆင်ပြေမှုတွေ ပိုပိုပြီး ရရှိလာအောင် အမြဲတမ်း ကြိုးစားအားထုတ်နေသလို အီလက်ထရောနစ် အားကစားစျေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ တည်ရှိမှု ပိုပြီး ခိုင်မြဲအောင် ကာလရှည်လက်တွဲလုပ်ဆောင်ဖို့တွေလည်း ရှိပါတယ်။ Pyramid Esports နဲ့ လက်တွဲဆောင်ရွက်တဲ့ ကိစ္စမှာလည်း ကျွန်တော်တို့ရဲ့ e-gaming လောကအတွက် အကောင်အထည်ဖော်နေတဲ့ အစီအစဉ်တွေနဲ့ အလွန်ကိုက်ညီမှုရှိပြီး ဒီ အခွင့်အရေးကောင်းဟာ ကျွန်တော်တို့ အတွက် Esports လောကဘက်ကို အမြင်သစ်တစ်ခုနဲ့ ကြည့်မြင်ခွင့်ရမှာ ဖြစ်ပါတယ်။”

“အခုလို Esports ရဲ့ အနာဂါတ် နဲ့ Team Pyramid ကို အပြည့်အဝ ယုံကြည်တဲ့ Fintech လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းခွင့်ရရှိခြင်းက ကျွန်တော်တို့ အသင်းအတွက် မှတ်တိုင် တစ်ခုပါ။ Esports ဆိုတာ လူမျိုးဘာသာ၊ နယ်မြေဒေသ၊ အသက်အရွယ် စတာတွေ ခွဲခြားသတ်မှတ်ထားခြင်း မရှိတာကြောင့် လူတော်တော်များများ အတွက် တူညီတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီ Esports မှာ အာဆီယံနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အခွင့်အရေးကောင်း တစ်ခုလည်း ရှိနေပါတယ်။ ကျွန်တော်တို့ အတူတကွ အောင်မြင်ဖို့ကို မျှော်လင့်ပါတယ်။” ဟု Pyramid Esports ၏ Business Director ဖြစ်သူ ကိုဝင်းကိုကိုအောင်မှ ဆိုသည်။

Pyramid Esports အကြောင်းကို ပိုမို သိရှိလိုပါက: https://www.facebook.com/pyramidesports/

Onepay အကြောင်းကို ပိုမို သိရှိလိုပါက: https://www.facebook.com/onepaymm/


[ZawGyi]

Onepay ႏွင့္ ပူးေပါင္းလိုက္တဲ့ ျမန္မာ/ထိုင္း Esports အသင္း Pyramid

 

ရန္ကုန္၊ ျမန္မာ – မိုဘိုင္းဖုန္းေပၚမွ ေငြေပးေခ်မႈ ျပဳလုပ္ႏိုင္ေသာ application ျဖစ္သည့္ Onepay က ျမန္မာႏိုင္ငံသားမ်ား တည္ေထာင္ထားသည့္ Pyramid Esports ၏ လႈပ္ရွားေဆာင္႐ြက္မႈမ်ား အတြက္ လက္တြဲသြားမည္ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Pyramid Esports သည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ား တည္ေထာင္ထားသည့္ ပထမဆုံး ျမန္မာ Esports အသင္းျဖစ္သည္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ စတင္တည္ေထာင္ခဲ့ၿပီး ယခုအခါ ထိုင္း၊ ျမန္မာ၊ ဗီယမ္နမ္ အာဆီယံ ႏိုင္ငံ ၃ ႏိုင္ငံမွ ကစားသမားေပါင္း ၁၇ ေယာက္ႏွင့္ အတူ ထိုင္းႏိုင္ငံတြင္ Pro Evolution Soccer (PES) ႏွင့္ PUBG Mobile၊ ျမန္မာႏိုင္ငံတြင္ DOTA 2 ဂိမ္း အမ်ိဳးအစားတို႔ကို လႈပ္ရွားေနသည္။ PUBG Mobile Pro League Thailand တြင္ ေအာင္ျမင္မႈမ်ား ရထားသည့္ ႏိုင္ငံျခား Esports အသင္းအနည္းငယ္ထဲမွ တစ္သင္းျဖစ္သည္။

Onepay ၏ လက္တြဲေဆာင္႐ြက္မႈႏွင့္ အတူ Pyramid Esports မွ အီလက္ထေရာနစ္ အားကစား (Esports) ကို စိတ္ဝင္စားသူမ်ား အတြက္ အသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္သစ္မ်ား ပိုမိုဖန္တီးေပးျခင္း၊ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေပၚမွ ေငြေပးေခ်မႈ အေျပာင္းအလဲသစ္ကို ေဖာ္ေဆာင္ျခင္း ႏွင့္ ျမန္မာႏိုင္ငံ Esports အသိုင္းအဝိုင္း ပိုမို အားေကာင္းလာေအာင္ အတူ ေဆာင္႐ြက္သြားၾကမည္ ျဖစ္သည္။

Pyamid Esports PES Team

One Pay Company Limited ၏ Head of Marketing ျဖစ္သူ James Faulkner မွ “တိုးတက္ေျပာင္းလဲေနတဲ့ ျမန္မာႏိုင္ငံရဲ႕ Esports ေလာကမွာ ကြၽန္ေတာ္တို႔ အေနနဲ႔ Pyramid Esports အတြက္ Official Fintech Partner အျဖစ္ ပူးေပါင္းရတာ စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္။ Onepay အေနနဲ႔ gamer ေတြ အတြက္ ဝယ္ယူ အသုံးျပဳမႈ အတြက္ အဆင္ေျပမႈေတြ ပိုပိုၿပီး ရရွိလာေအာင္ အၿမဲတမ္း ႀကိဳးစားအားထုတ္ေနသလို အီလက္ထေရာနစ္ အားကစားေစ်းကြက္ထဲမွာ ကြၽန္ေတာ္တို႔ရဲ႕ တည္ရွိမႈ ပိုၿပီး ခိုင္ၿမဲေအာင္ ကာလရွည္လက္တြဲလုပ္ေဆာင္ဖို႔ေတြလည္း ရွိပါတယ္။ Pyramid Esports နဲ႔ လက္တြဲေဆာင္႐ြက္တဲ့ ကိစၥမွာလည္း ကြၽန္ေတာ္တို႔ရဲ႕ e-gaming ေလာကအတြက္ အေကာင္အထည္ေဖာ္ေနတဲ့ အစီအစဥ္ေတြနဲ႔ အလြန္ကိုက္ညီမႈရွိၿပီး ဒီ အခြင့္အေရးေကာင္းဟာ ကြၽန္ေတာ္တို႔ အတြက္ Esports ေလာကဘက္ကို အျမင္သစ္တစ္ခုနဲ႔ ၾကည့္ျမင္ခြင့္ရမွာ ျဖစ္ပါတယ္။”

“အခုလို Esports ရဲ႕ အနာဂါတ္ နဲ႔ Team Pyramid ကို အျပည့္အဝ ယုံၾကည္တဲ့ Fintech လုပ္ငန္းတစ္ခုနဲ႔ ပူးေပါင္းခြင့္ရရွိျခင္းက ကြၽန္ေတာ္တို႔ အသင္းအတြက္ မွတ္တိုင္ တစ္ခုပါ။ Esports ဆိုတာ လူမ်ိဳးဘာသာ၊ နယ္ေျမေဒသ၊ အသက္အ႐ြယ္ စတာေတြ ခြဲျခားသတ္မွတ္ထားျခင္း မရွိတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား အတြက္ တူညီတဲ့ အခြင့္အေရးေတြ ရွိပါတယ္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္တဲ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အေနနဲ႔လည္း ဒီ Esports မွာ အာဆီယံနဲ႔ ရင္ေဘာင္တန္းႏိုင္ဖို႔ အခြင့္အေရးေကာင္း တစ္ခုလည္း ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ အတူတကြ ေအာင္ျမင္ဖို႔ကို ေမွ်ာ္လင့္ပါတယ္။” ဟု Pyramid Esports ၏ Business Director ျဖစ္သူ ကိုဝင္းကိုကိုေအာင္မွ ဆိုသည္။

Pyramid Esports အေၾကာင္းကို ပိုမို သိရွိလိုပါက: https://www.facebook.com/pyramidesports/

Onepay အေၾကာင္းကို ပိုမို သိရွိလိုပါက: https://www.facebook.com/onepaymm/