[Zawgyi]

နာမည္ႀကီး Esports ဂိမ္းေတြမွာ အမုန္းစကားေတြေျပာရင္ ဘယ္လို ဒါဏ္ေပးခံရမလည္း?

 

အြန္လိုင္းဂိမ္းမ်ိဳးစုံရဲ႕ ကစားပြဲမ်ားမွာ ကိုယ္နဲ႔မသိတဲ့သူစိမ္းမ်ားကေတာ့ အျမဲနီးပါး ပါဝင္ေနေလ့ရွိပါတယ္။ ကုိယ့္ရဲ႕ကစားေဖာ္ျဖစ္ေစ ျပိဳင္ဘက္ျဖစ္ေစ ပြဲအတြင္းၾကံဳေတြ႕လာတဲ့ သူစိမ္းမ်ားနဲ႔ စိတ္သေဘာထား မတိုက္ဆိုင္ရင္ေတာ့ စကားေျပာရင္း ကေတာက္ကဆျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလုံးမ်ားနဲ႔ အေႏွာင့္အယွက္ေပးတဲ့ trash talk မ်ားကိုေတာ့ မေျပာသင့္ေၾကာင္း အမ်ားကလက္ခံထားၾကျပီး ဂိမ္းအေတာ္မ်ားမ်ားမွာ ထိုစကားလုံးေျပာတဲ့သူမ်ားကို အျပစ္ေပးစနစ္မ်ား ရွိေနၾကပါတယ္။

Ubisoft ဟာ Rainbow Six: Siege ထဲမွာ racist စကားလုံးေျပာသူ မ်ားျပားလာလို႔ ေျဖရွင္းဖုိ႔ ဖိအားေပးခံခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ developer မ်ားဟာ game chat အတြင္းက racist ေျပာသူမ်ားကို အလိုအေလွ်ာက္ ရွာေဖြေတြ႔ရွိျပီး အျပစ္ဒဏ္ေပးမယ့္ စနစ္တစ္ခုကို ဂိမ္းအတြင္း ထည့္သြင္းခဲ့ရပါတယ္။ ဒါဟာ ဥပမာတစ္ခုသာျဖစ္ျပီး လက္ရွိနာမည္ေက်ာ္ေနတဲ့ဂိမ္းမ်ားထဲမွာ လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလုံးမ်ားနဲ႔ အေႏွာင့္အယွက္ေပးတဲ့ trash talk ေျပာသူမ်ားအတြက္ အျပစ္ဒဏ္ေပးစနစ္မ်ား အသီးသီးရွိၾကပါတယ္။

 

League of Legends

ဂိမ္းအေတာ္မ်ားမ်ားရဲ႕ စည္းကမ္းမ်ားထဲမွာမွ League of Legends ရဲ႕ Summoner’s Code ဟာ အေတာ္က်ယ္ျပန့္ပါတယ္။ League of Legends မွာ လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလံုးမ်ားနဲ႔ တဖက္လူကို နစ္နာေအာင္ေျပာတဲ့ trash talk ေျပာသူမ်ားကို report ျပဳလုပ္တိုင္ၾကားႏိုင္မယ့္ Instant Feedback System တစ္မ်ိဳးပါဝင္ျပီး တိုင္ၾကားခံရသူ ေျပာသြားခဲ့တဲ့ chat log မ်ားကို မိနစ္အနည္းငယ္အတြင္း ျပန္လည္စစ္ေဆးျပီး အျပစ္ေပးပါတယ္။ Report ျပဳလုပ္ခံရတဲ့ ကစားသမား အျပစ္ေပးခံရရင္ တိုင္ၾကားသူထံကို မက္ေဆ့ျပန္လည္ပို႔ေပးေလ့ရွိပါတယ္။

အျပစ္ဒဏ္မ်ားအေနနဲ႔ကေတာ့ ပထမအၾကိမ္အေနနဲ႔ ဂိမ္း ၁၀ ပြဲ chat restriction အျပစ္ေပးခံရမွာျဖစ္ျပီး ဒုတိယအၾကိမ္မွာေတာ့ ၂၅ ပြဲ chat restriction အျပစ္ေပးမွာပါ။ တတိယအၾကိမ္မွာ ဂိမ္းကစားခြင့္ ၂ ပတ္ ရပ္ဆိုင္းခံရမွာျဖစ္ျပီး စတုတၳအၾကိမ္ဆိုရင္ေတာ့ ရာသက္ပန္ ကစားခြင့္ ရပ္ဆိုင္းခံရႏိုင္ပါတယ္။

 

Fortnite

Fortnite မွာေတာ့ လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလံုးမ်ားနဲ႔ တဖက္လူကို နစ္နာေအာင္ေျပာတဲ့ trash talk ေျပာသူေတြအတြက္ ဘယ္ေလာက္ထိ ျပစ္ဒဏ္ေပးတယ္ဆိုတာကို တိတိက်က်ေျပာၾကားထားျခင္း မရွိပါဘူး။ Online ေပၚက အခ်ိဳ႕ forum မ်ားမွာေတာ့ racist ေျပာမိလို႔ ခဏတာျဖစ္ေစ ရာသက္ပန္ျဖစ္ ဂိမ္းကစားခြင့္ ပိတ္သိမ္းခံရတဲ့ ကစားသမားမ်ားအေၾကာင္းကို ေရးထားတာေတြရွိပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ အျပစ္ေပးခံရသူ အမ်ားစုကေတာ့ solo mode မွာ အသင္းဖြဲ႔ ကစားသူမ်ား နဲ႔ cheater မ်ားပဲျဖစ္ေနဆဲပါ။

ဂိမ္းထဲမွာ မိမိ ေသသြားျပီးေနာက္ သတ္သြားတဲ့သူကို report လုပ္ႏိုင္မယ့္စနစ္သာ ထည့္သြင္းထားလို႔ အျခားကစားသမားမ်ားကို report လုပ္ခ်င္တယ္ဆိုရင္ေတာ့ feedback ဆုိတဲ့ menu option ကို သြားေရာက္ ျပဳလုပ္ရမွာျဖစ္ပါတယ္။ Report လုပ္ခ်င္တဲ့ ကစားသမားရဲ႕နာမည္ကို မျဖစ္မေန သိဖုိ႔လိုအပ္ျပီး ျပႆနာၾကီးမားတယ္ဆိုရင္ေတာ့ support center ထိ သြားေရာက္တိုင္ၾကားႏိုင္ပါတယ္။

 

Dota 2

Dota 2 အတြင္းမွာေတာ့ report ျပဳလုပ္ခံရတဲ့အၾကိမ္မ်ားေလ အျပစ္ဒဏ္ၾကီးေလပါ။ လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလံုးမ်ားနဲ႔ တဖက္လူကို နစ္နာေအာင္ေျပာတဲ့ trash talk ေျပာသူမ်ားကို communication abuse ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေရြးခ်ယ္ report လုပ္ႏိုင္ျပီး ျဖစ္စဥ္အက်ဥ္းခ်ဳပ္ကို တစ္ပါတည္း ေရးေပးလိုက္သင့္ပါတယ္။ ကစားသမားမ်ားဟာ တစ္ပတ္ကို ၃ ၾကိမ္သာ report ျပဳလုပ္ႏိုင္မွာပါ။ အျပစ္ဒဏ္ေပးျပီးျပီဆိုရင္ တိုင္ၾကားသူကို မက္ေဆ့ျပန္လည္ေပးပို႔ပါတယ္။

အျပစ္ဒဏ္မ်ားအေနနဲ႔ ၁၀ မိနစ္ကေန ၁ နာရီ အထိ ဂိမ္းအတြင္း စကားေျပာခြင့္ ပိတ္ခံရမွာျဖစ္ျပီး ပိုမိုဆိုးရြားရင္ေတာ့ တစ္ရက္လုံးျဖစ္ေစ တစ္ပတ္ျဖစ္ေစ အပိတ္ခံရမွာပါ။ ေနာက္ပိုင္းမွာ တူညီစြာ ထပ္မံ report အလုပ္ခံရရင္ လနဲ႔ခ်ီ အပိတ္ခံရမွာျဖစ္ျပီး အဆိုးရြားဆုံးအျပစ္ဒဏ္ကေတာ့ ၆ လ တိတိ ကစားခြင့္ ပိတ္သိမ္းခံရမယ္လို႔ ဆိုပါတယ္။

 

PlayerUnknown’s Battlegrounds

PUBG မွာ အျခားကစားသမားမ်ားကို အေႏွာင့္အယွက္ျဖစ္ေအာင္ ျပဳလုပ္သူကေတာ့ ပထမဆုံးအျပစ္ဒဏ္အေနနဲ႔ ၃ ရက္ ban ျခင္းကို ခံရမွာပါ။ ဒုတိယအၾကိမ္နဲ႔ တတိယအၾကိမ္တို႔မွာ တစ္ပတ္နဲ႔ တစ္လ စီ ban ခံရမွာျဖစ္ျပီး စတုတၳအၾကိမ္ထပ္ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ ရာသက္ပန္ ban ခံရမွာပါ။

PUBG မွာ ဂိမ္းအတြင္း မိမိကို သတ္သြားသူကိုသာ report လုပ္ႏိုင္တာျဖစ္ျပီး အျခားသူမ်ားကို report လုပ္ဖုိ႔ မပါဝင္ပါဘူး။ Racist နဲ႔ trash talk ေျပာသူမ်ားအတြက္ အနီးစပ္ဆုံး report လုပ္ႏိုင္တဲ့ ေခါင္းစဥ္အေနနဲ႔ improper nickname သာ ရွိျပီး ဂိမ္းအတြင္း အေႏွာက္အယွက္ေပးေျပာဆိုျခင္းမ်ားအတြက္ report သီးသန္႔ မလုပ္ႏိုင္ပါဘူး။ PUBG ရဲ႕ တာဝန္ရွိသူမ်ားကေတာ့ PUBG forum မွာ report လုပ္ခ်င္တဲ့ ကစားသမားရဲ႕ နာမည္၊ report ျပဳလုပ္ရတဲ့အေၾကာင္းအရာ၊ အခ်ိန္နဲ႔ ေန႔စြဲတို႔ကို အတိအက် တင္ျပီး ျပဳလုပ္ႏိုင္ပါတယ္လို႔ေတာ့ ေျပာထားၾကပါတယ္။

 

CS: GO

CS: GO ဟာ cheater မ်ားကို အလုိအေလွ်ာက္ဖမ္းမိႏိုင္မယ့္ VACnet ဆိုတဲ့ စနစ္ရွိေပမယ့္လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလံုးမ်ားနဲ႔ တဖက္လူကို နစ္နာေအာင္ေျပာတဲ့ trash talk ေျပာဆိုသူမ်ားကို အလိုအေလွ်ာက္ ဖမ္းေပးမယ့္ စနစ္ေတာ့ မပါဝင္ပါဘူး။ VACnet နဲ႔ တြဲဘက္ Overwatch စနစ္ ႏွစ္ခုတို႔ဟာ cheater မ်ားနဲ႔ hacker မ်ားကိုသာ ထိထိေရာက္ေရာက္ဖမ္းျပီး ျပစ္ဒဏ္ေပးၾကပါတယ္။

ျပစ္ဒဏ္အေနနဲ႔ကေတာ့ ရက္ ၃၀ ေလာက္ ban ခံရေစမယ့္ minorly disruptive နဲ႔ ရာသက္ပန္ ban ခံရေစမယ့္ majorly disruptive တို႔ ပါဝင္ပါတယ္။ အေႏွာက္အယွက္ျဖစ္ေအာင္ အေျပာခံရမယ္ဆိုရင္ေတာ့ ပြဲအတြင္းမွာ Abusive text and voice chat ျပဳလုပ္ေၾကာင္း report တင္ႏိုင္ပါတယ္။ Block communications ျပဳလုပ္ျပီးလည္း ေျပာတဲ့သူကို mute လုပ္ထားႏိုင္ပါတယ္။

 

Rocket League

Rocket League မွာ racist ေျပာဆိုသူမ်ားကို အလိုအေလွ်ာက္ ban ေပးမယ့္ စနစ္ပါဝင္ပါတယ္။ ၂၀၁၇ မွာ Rocket League အတြင္းေျပာရင္ ျပစ္ဒဏ္ေပးခံရမယ့္ စကားလုံး ၂၀ ရွိခဲ့ျပီး ဆင္တူတဲ့စကားလုံးမ်ား ေျပာတာကိုလည္း လက္မခံပါဘူး။ စကားလုံးတစ္လုံးခ်င္းစီအတြက္ အျပစ္ဒဏ္မ်ားဟာ ကြဲျပားျပီး ၂၄ နာရီ စတင္ ban ခံရတာကေန ၃ ရက္၊ တစ္ပတ္ နဲ႔ ေနာက္ဆုံး လုံးဝ ကစားခြင့္ရပ္ဆိုင္းခံရတာအထိ ျဖစ္ႏိုင္ပါတယ္။

ဂိမ္းအတြင္း လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလံုးမ်ားနဲ႔ တဖက္လူကို နစ္နာေအာင္ေျပာတဲ့ trash talk ေျပာသူမ်ားကို တိုက္ရိုက္ report လုပ္ႏိုင္မယ့္ စနစ္လည္း ပါဝင္ျပီး ေျပာသူအျပစ္ရွိတာ မွန္ကန္ရင္ ၂၄ နာရီကေန တစ္လ အထိ ဂိမ္းအတြင္း စကားေျပာဆိုခြင့္ ပိတ္ပင္ခံရႏိုင္ပါတယ္။ Ban ခံရသူမ်ားနဲ႔ အျခားျပစ္ဒဏ္ေပးခံရသူမ်ားအတြက္ ဂိမ္းရဲ႕ main menu မွာ ျပစ္ဒဏ္ေပးေၾကာင္း notification ေပၚလာမွာျဖစ္ပါတယ္။

 

Overwatch

Overwatch ထဲမွာ အရင္က လူမ်ိဳးေရးခြဲျခားတဲ့ racist စကားလံုးမ်ားနဲ႔ တဖက္လူကို နစ္နာေအာင္ေျပာတဲ့ trash talk ေျပာဆိုသူမ်ားကို စကားေျပာလို႔ မရေအာင္ mute ပဲ ျပဳလုပ္ခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ ဂိမ္းကစားလို႔ မရေအာင္ပါ ကန္႔သတ္ခဲ့ပါတယ္။ Report လုပ္ခံရတဲ့ ကစားသမားမ်ားဟာ စ စ ခ်င္းမွာ သတိေပးျခင္းသာ ခံရမွာျဖစ္ျပီး ေနာက္ပိုင္းမွာေတာ့ report လုပ္ခံရတဲ့အၾကိမ္မ်ားရင္ မ်ားသေလာက္ အျပစ္ဒဏ္တိုးေပးသြားပါတယ္။ ဘယ္လို စံခ်ိန္စံႏႈန္းနဲ႔ အျပစ္ဒဏ္တိုးလဲဆိုတာ တိတိက်က် မေျပာထားေပမယ့္ ရာသက္ပန္ ကစားခြင့္ ရပ္ဆိုင္းတဲ့ထိ ပါဝင္တယ္လို႔ေတာ့ ဆိုပါတယ္။

ကစားသမားမ်ားဟာ report ျပဳလုပ္တာအျပင္ ပြဲအတြင္းမွာျဖစ္ေစ ပြဲျပီးခ်ိန္မွာျဖစ္ေစ အျခားကစားသမားႏွစ္ေယာက္အထိကို ‘avoid as teammate’ ျပဳလုပ္ႏိုင္မွာပါ။ ဒီလိုျပဳလုပ္ထားျခင္းအားျဖင့္ ေနာက္ပြဲမ်ားမွာ ထုိကစားသမားမ်ား မပါဝင္လာေအာင္ ကန့္သတ္ထားႏိုင္ပါတယ္။

 

ဂိမ္းအတြင္း အျခားသူမ်ားကို အေႏွာက္အယွက္ျဖစ္ေအာင္ racist စကားလံုးမ်ားနဲ႔ trash talk ေျပာဆိုျခင္းမ်ားဟာ မျပဳလုပ္သင့္တဲ့အရာမ်ားပါ။ ျပစ္ဒဏ္ေပးခံရျခင္းမ်ားအျပင္ အသင္းေဖာ္အခ်င္းခ်င္းေျပာဆိုရင္ ဂိမ္းပြဲကို ရႈံးနိမ့္ေအာင္ ျပဳလုပ္သလိုျဖစ္ႏိုင္ျပီး ျပိဳင္ဘက္အသင္းမွ ကစားသမားမ်ားကုိ ေျပာသူမ်ားဟာလည္း esports စိတ္ဓာတ္ မရွိသူမ်ားအျဖစ္သတ္မွတ္ျခင္း ခံရႏိုင္ပါတယ္။ ကစားသမားတိုင္းဟာ အေႏွာင့္အယွက္ေပး ေျပာဆိုခံရတာ နည္းပါးျပီး ေပ်ာ္ရႊင္ဖုိ႔ေကာင္းတဲ့ ကစားပြဲမ်ားကိုသာ အလိုရွိေနၾကတာပဲ ျဖစ္ပါေတာ့တယ္။

Source: PCgamer


[Unicode]

နာမည်ကြီး Esports ဂိမ်းတွေမှာ အမုန်းစကားတွေပြောရင် ဘယ်လို ဒါဏ်ပေးခံရမလည်း?

 

အွန်လိုင်းဂိမ်းမျိုးစုံရဲ့ ကစားပွဲများမှာ ကိုယ်နဲ့မသိတဲ့သူစိမ်းများကတော့ အမြဲနီးပါး ပါဝင်နေလေ့ရှိပါတယ်။ ကိုယ့်ရဲ့ကစားဖော်ဖြစ်စေ ပြိုင်ဘက်ဖြစ်စေ ပွဲအတွင်းကြုံတွေ့လာတဲ့ သူစိမ်းများနဲ့ စိတ်သဘောထား မတိုက်ဆိုင်ရင်တော့ စကားပြောရင်း ကတောက်ကဆဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လူမျိုးရေးခွဲခြားတဲ့ racist စကားလုံးများနဲ့ အနှောင့်အယှက်ပေးတဲ့ trash talk များကိုတော့ မပြောသင့်ကြောင်း အများကလက်ခံထားကြပြီး ဂိမ်းအတော်များများမှာ ထိုစကားလုံးပြောတဲ့သူများကို အပြစ်ပေးစနစ်များ ရှိနေကြပါတယ်။

Ubisoft ဟာ Rainbow Six: Siege ထဲမှာ racist စကားလုံးပြောသူ များပြားလာလို့ ဖြေရှင်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ developer များဟာ game chat အတွင်းက racist ပြောသူများကို အလိုအလျှောက် ရှာဖွေတွေ့ရှိပြီး အပြစ်ဒဏ်ပေးမယ့် စနစ်တစ်ခုကို ဂိမ်းအတွင်း ထည့်သွင်းခဲ့ရပါတယ်။ ဒါဟာ ဥပမာတစ်ခုသာဖြစ်ပြီး လက်ရှိနာမည်ကျော်နေတဲ့ဂိမ်းများထဲမှာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးများ ပြောသူများအတွက် အပြစ်ဒဏ်ပေးစနစ်များ အသီးသီးရှိကြပါတယ်။

 

League of Legends

ဂိမ်းအတော်များများရဲ့ စည်းကမ်းများထဲမှာမှ League of Legends ရဲ့ Summoner’s Code ဟာ အတော်ကျယ်ပြန့်ပါတယ်။ League of Legends မှာ လူမျိုးရေးခွဲခြားတဲ့ racist စကားလုံးများနဲ့ တဖက်လူကို နစ်နာအောင်ပြောတဲ့ trash talk ပြောသူများကို report ပြုလုပ်တိုင်ကြားနိုင်မယ့် Instant Feedback System တစ်မျိုးပါဝင်ပြီး တိုင်ကြားခံရသူ ပြောသွားခဲ့တဲ့ chat log များကို မိနစ်အနည်းငယ်အတွင်း ပြန်လည်စစ်ဆေးပြီး အပြစ်ပေးပါတယ်။ Report ပြုလုပ်ခံရတဲ့ ကစားသမား အပြစ်ပေးခံရရင် တိုင်ကြားသူထံကို မက်ဆေ့ပြန်လည်ပို့ပေးလေ့ရှိပါတယ်။

အပြစ်ဒဏ်များအနေနဲ့ကတော့ ပထမအကြိမ်အနေနဲ့ ဂိမ်း ၁၀ ပွဲ chat restriction အပြစ်ပေးခံရမှာဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ ၂၅ ပွဲ chat restriction အပြစ်ပေးမှာပါ။ တတိယအကြိမ်မှာ ဂိမ်းကစားခွင့် ၂ ပတ် ရပ်ဆိုင်းခံရမှာဖြစ်ပြီး စတုတ္ထအကြိမ်ဆိုရင်တော့ ရာသက်ပန် ကစားခွင့် ရပ်ဆိုင်းခံရနိုင်ပါတယ်။

 

Fortnite

Fortnite မှာတော့ လူမျိုးရေးခွဲခြားတဲ့ racist စကားလုံးများနဲ့ တဖက်လူကို နစ်နာအောင်ပြောတဲ့ trash talk ပြောသူတွေအတွက် ဘယ်လောက်ထိ ပြစ်ဒဏ်ပေးတယ်ဆိုတာကို တိတိကျကျပြောကြားထားခြင်း မရှိပါဘူး။ Online ပေါ်က အချို့ forum များမှာတော့ racist ပြောမိလို့ ခဏတာဖြစ်စေ ရာသက်ပန်ဖြစ် ဂိမ်းကစားခွင့် ပိတ်သိမ်းခံရတဲ့ ကစားသမားများအကြောင်းကို ရေးထားတာတွေရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိ အပြစ်ပေးခံရသူ အများစုကတော့ solo mode မှာ အသင်းဖွဲ့ ကစားသူများ နဲ့ cheater များပဲဖြစ်နေဆဲပါ။

ဂိမ်းထဲမှာ မိမိ သေသွားပြီးနောက် သတ်သွားတဲ့သူကို report လုပ်နိုင်မယ့်စနစ်သာ ထည့်သွင်းထားလို့ အခြားကစားသမားများကို report လုပ်ချင်တယ်ဆိုရင်တော့ feedback ဆိုတဲ့ menu option ကို သွားရောက် ပြုလုပ်ရမှာဖြစ်ပါတယ်။ Report လုပ်ချင်တဲ့ ကစားသမားရဲ့နာမည်ကို မဖြစ်မနေ သိဖို့လိုအပ်ပြီး ပြဿနာကြီးမားတယ်ဆိုရင်တော့ support center ထိ သွားရောက်တိုင်ကြားနိုင်ပါတယ်။

 

Dota 2

Dota 2 အတွင်းမှာတော့ report ပြုလုပ်ခံရတဲ့အကြိမ်များလေ အပြစ်ဒဏ်ကြီးလေပါ။ လူမျိုးရေးခွဲခြားတဲ့ racist စကားလုံးများနဲ့ တဖက်လူကို နစ်နာအောင်ပြောတဲ့ trash talk ပြောသူများကို communication abuse ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေးချယ် report လုပ်နိုင်ပြီး ဖြစ်စဉ်အကျဉ်းချုပ်ကို တစ်ပါတည်း ရေးပေးလိုက်သင့်ပါတယ်။ ကစားသမားများဟာ တစ်ပတ်ကို ၃ ကြိမ်သာ report ပြုလုပ်နိုင်မှာပါ။ အပြစ်ဒဏ်ပေးပြီးပြီဆိုရင် တိုင်ကြားသူကို မက်ဆေ့ပြန်လည်ပေးပို့ပါတယ်။

အပြစ်ဒဏ်များအနေနဲ့ ၁၀ မိနစ်ကနေ ၁ နာရီ အထိ ဂိမ်းအတွင်း စကားပြောခွင့် ပိတ်ခံရမှာဖြစ်ပြီး ပိုမိုဆိုးရွားရင်တော့ တစ်ရက်လုံးဖြစ်စေ တစ်ပတ်ဖြစ်စေ အပိတ်ခံရမှာပါ။ နောက်ပိုင်းမှာ တူညီစွာ ထပ်မံ report အလုပ်ခံရရင် လနဲ့ချီ အပိတ်ခံရမှာဖြစ်ပြီး အဆိုးရွားဆုံးအပြစ်ဒဏ်ကတော့ ၆ လ တိတိ ကစားခွင့် ပိတ်သိမ်းခံရမယ်လို့ ဆိုပါတယ်။

 

PlayerUnknown’s Battlegrounds

PUBG မှာ အခြားကစားသမားများကို အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်သူကတော့ ပထမဆုံးအပြစ်ဒဏ်အနေနဲ့ ၃ ရက် ban ခြင်းကို ခံရမှာပါ။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့မှာ တစ်ပတ်နဲ့ တစ်လ စီ ban ခံရမှာဖြစ်ပြီး စတုတ္ထအကြိမ်ထပ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ ရာသက်ပန် ban ခံရမှာပါ။

PUBG မှာ ဂိမ်းအတွင်း မိမိကို သတ်သွားသူကိုသာ report လုပ်နိုင်တာဖြစ်ပြီး အခြားသူများကို report လုပ်ဖို့ မပါဝင်ပါဘူး။ Racist နဲ့ trash talk ပြောသူများအတွက် အနီးစပ်ဆုံး report လုပ်နိုင်တဲ့ ခေါင်းစဉ်အနေနဲ့ improper nickname သာ ရှိပြီး ဂိမ်းအတွင်း အနှောက်အယှက်ပေးပြောဆိုခြင်းများအတွက် report သီးသန့် မလုပ်နိုင်ပါဘူး။ PUBG ရဲ့ တာဝန်ရှိသူများကတော့ PUBG forum မှာ report လုပ်ချင်တဲ့ ကစားသမားရဲ့ နာမည်၊ report ပြုလုပ်ရတဲ့အကြောင်းအရာ၊ အချိန်နဲ့ နေ့စွဲတို့ကို အတိအကျ တင်ပြီး ပြုလုပ်နိုင်ပါတယ်လို့တော့ ပြောထားကြပါတယ်။

 

CS: GO

CS: GO ဟာ cheater များကို အလိုအလျှောက်ဖမ်းမိနိုင်မယ့် VACnet ဆိုတဲ့ စနစ်ရှိပေမယ့် လူမျိုးရေးခွဲခြားတဲ့ racist စကားလုံးများနဲ့ တဖက်လူကို နစ်နာအောင်ပြောတဲ့ trash talk ပြောဆိုသူများကို အလိုအလျှောက် ဖမ်းပေးမယ့် စနစ်တော့ မပါဝင်ပါဘူး။ VACnet နဲ့ တွဲဘက် Overwatch စနစ် နှစ်ခုတို့ဟာ cheater များနဲ့ hacker များကိုသာ ထိထိရောက်ရောက်ဖမ်းပြီး ပြစ်ဒဏ်ပေးကြပါတယ်။

ပြစ်ဒဏ်အနေနဲ့ကတော့ ရက် ၃၀ လောက် ban ခံရစေမယ့် minorly disruptive နဲ့ ရာသက်ပန် ban ခံရစေမယ့် majorly disruptive တို့ ပါဝင်ပါတယ်။ အနှောက်အယှက်ဖြစ်အောင် အပြောခံရမယ်ဆိုရင်တော့ ပွဲအတွင်းမှာ Abusive text and voice chat ပြုလုပ်ကြောင်း report တင်နိုင်ပါတယ်။ Block communications ပြုလုပ်ပြီးလည်း ပြောတဲ့သူကို mute လုပ်ထားနိုင်ပါတယ်။

 

Rocket League

Rocket League မှာ racist စကားလုံးများ ပြောဆိုသူများကို အလိုအလျှောက် ban ပေးမယ့် စနစ်ပါဝင်ပါတယ်။ ၂၀၁၇ မှာ Rocket League အတွင်းပြောရင် ပြစ်ဒဏ်ပေးခံရမယ့် စကားလုံး ၂၀ ရှိခဲ့ပြီး ဆင်တူတဲ့စကားလုံးများ ပြောတာကိုလည်း လက်မခံပါဘူး။ စကားလုံးတစ်လုံးချင်းစီအတွက် အပြစ်ဒဏ်များဟာ ကွဲပြားပြီး ၂၄ နာရီ စတင် ban ခံရတာကနေ ၃ ရက်၊ တစ်ပတ် နဲ့ နောက်ဆုံး လုံးဝ ကစားခွင့်ရပ်ဆိုင်းခံရတာအထိ ဖြစ်နိုင်ပါတယ်။

ဂိမ်းအတွင်း racist စကားလုံးများ နဲ့ trash talk ပြောသူများကို တိုက်ရိုက် report လုပ်နိုင်မယ့် စနစ်လည်း ပါဝင်ပြီး ပြောသူအပြစ်ရှိတာ မှန်ကန်ရင် ၂၄ နာရီကနေ တစ်လ အထိ ဂိမ်းအတွင်း စကားပြောဆိုခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။ Ban ခံရသူများနဲ့ အခြားပြစ်ဒဏ်ပေးခံရသူများအတွက် ဂိမ်းရဲ့ main menu မှာ ပြစ်ဒဏ်ပေးကြောင်း notification ပေါ်လာမှာဖြစ်ပါတယ်။

 

Overwatch

Overwatch ထဲမှာ အရင်က လူမျိုးရေးခွဲခြားတဲ့ racist စကားလုံးများနဲ့ တဖက်လူကို နစ်နာအောင်ပြောတဲ့ trash talk ပြောဆိုသူများကို စကားပြောလို့ မရအောင် mute ပဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂိမ်းကစားလို့ မရအောင်ပါ ကန့်သတ်ခဲ့ပါတယ်။ Report လုပ်ခံရတဲ့ ကစားသမားများဟာ စ စ ချင်းမှာ သတိပေးခြင်းသာ ခံရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ report လုပ်ခံရတဲ့အကြိမ်များရင် များသလောက် အပြစ်ဒဏ်တိုးပေးသွားပါတယ်။ ဘယ်လို စံချိန်စံနှုန်းနဲ့ အပြစ်ဒဏ်တိုးလဲဆိုတာ တိတိကျကျ မပြောထားပေမယ့် ရာသက်ပန် ကစားခွင့် ရပ်ဆိုင်းတဲ့ထိ ပါဝင်တယ်လို့တော့ ဆိုပါတယ်။

ကစားသမားများဟာ report ပြုလုပ်တာအပြင် ပွဲအတွင်းမှာဖြစ်စေ ပွဲပြီးချိန်မှာဖြစ်စေ အခြားကစားသမားနှစ်ယောက်အထိကို ‘avoid as teammate’ ပြုလုပ်နိုင်မှာပါ။ ဒီလိုပြုလုပ်ထားခြင်းအားဖြင့် နောက်ပွဲများမှာ ထိုကစားသမားများ မပါဝင်လာအောင် ကန့်သတ်ထားနိုင်ပါတယ်။

 

ဂိမ်းအတွင်း အခြားသူများကို အနှောက်အယှက်ဖြစ်အောင် racist စကားလုံးများ နဲ့ trash talk ပြောဆိုခြင်းများဟာ မပြုလုပ်သင့်တဲ့အရာများပါ။ ပြစ်ဒဏ်ပေးခံရခြင်းများအပြင် အသင်းဖော်အချင်းချင်းပြောဆိုရင် ဂိမ်းပွဲကို ရှုံးနိမ့်အောင် ပြုလုပ်သလိုဖြစ်နိုင်ပြီး ပြိုင်ဘက်အသင်းမှ ကစားသမားများကို ပြောသူများဟာလည်း esports စိတ်ဓာတ် မရှိသူများအဖြစ်သတ်မှတ်ခြင်း ခံရနိုင်ပါတယ်။ ကစားသမားတိုင်းဟာ အနှောင့်အယှက်ပေး ပြောဆိုခံရတာ နည်းပါးပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ ကစားပွဲများကိုသာ အလိုရှိနေကြတာပဲ ဖြစ်ပါတော့တယ်။

 

Source: PC Gamer