[Unicode]

PUBG MOBILE မှ 1.0 version အသစ်နှင့် PUBG MOBILE GLOBAL CHAMPIONSHIP တို့ကို ထုတ်ပြန်ကြေညာ

 

အင်တာနေရှင်နယ် မိုဘိုင်းလ်ဂိမ်း PUBG MOBILE မှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည် မြှင့်တင်မှုများ ပါဝင်သည့် 1.0 version အသစ်ကို လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်သွားမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး MOBILE ESPORTS ပွဲဖြစ်သည့် PUBG MOBILE Global Championship ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မည်ဖြစ်သည်။

ရန်ကုန်၊ သြဂုတ်လ ၂၇၊ ၂၀၂၀ ။ ။ PUBG Mobile မှ ပိုမိုကောင်းမွန်သည့် 1.0 version အဆင့်မြှင့်တင်မှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး MOBILE ESPORTS ပွဲဖြစ်သည့် PUBG MOBILE Global Championship (PMGC) ပြိင်ပွဲ အကြောင်းအရာတို့ကို ထုတ်ပြန်ကြေညာလိုက်သည်။

PUBG MOBILE 1.0 version အသစ်

ကမ္ဘာပေါ်တွင် သုံးနှစ်ဆက်တိုက် ရေပန်းအစားဆုံး မိုဘိုင်းလ်ဂိမ်းဖြစ်သည်နှင့်အညီ PUBG Mobile မှ လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် နည်းပညာအသစ်၊ UX အသစ်အပြင် Gameplay Features အသစ်များနှင့်အတူ မိုဘိုင်းလ်ဖုန်းနှင့် ကစားသည့် အခါ ပိုမိုကောင်းမွန်ပြီး လက်တွေ့ဆန်ဆန် ပြိုင်ပွဲဝင်နေသည့် ခံစားချက်ကို ရရှိစေမည့် 1.0 Version ကို စတင် မိတ်ဆက်မည် ဖြစ်သည်။
PUBG MOBILE ကို ၂၀၁၈ ခုနှစ် တွင်ပထမဆုံးအကြိမ် စတင်မိတ်ဆက်ခဲ့ပြီး ၆၀၀ မီလီယံကျော်အထိ ဒေါင်းလုဒ်ရယူခဲ့ကြကာ ကမ္ဘာအနှံ့အပြားတွင် (တရုတ်နိုင်ငံမှအပ) နေ့စဉ်ကစားသူ ၅၀ မီလီယံခန့် ရှိနေပြီဖြစ်သည်။ မယုံကြည်နိုင်စရာကောင်းသော PUBG MOBILE ၏ အောင်မြင်မှုများနှင့် ပုံမှန်ကစားသူအရေအတွက်များ တိုးတက်လာသည့် နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် PUBG MOBILE မှ ဆန်းသစ်ပြီး တိုးတက်လာသည့် ဂိမ်းကစားမှုအတွေ့အကြုံသစ်များကို သုံးစွဲသူ ကစားသမားများ ထံသို့ ဆက်လက် မိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်မည့် 1.0 version နှင့်အတူ လူအများ မျှော်လင့်ထားကြသည့် အံသြဖွယ်ရာလက်ဆောင် အစီအစဥ်များကိုလည်း ထုတ်ဖော် မိတ်ဆက်သွားမည် ဖြစ်သည်။ PUBG MOBILE အနေနှင့် မိုဘိုင်းလ်ဖုန်းနှင့် ကစားရသည်မှာ ပိုမိုစစ်မှန်ပြီး နစ်မျောခံစားနိုင်သည့် အတွေ့အကြုံ ကောင်းများ ရရှိစေရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

အသစ်ထွက်ရှိလာမည့် 1.0 Version ကို ယခင်ကထက် ပိုမိုအသေးစိတ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီး Version အသစ်တွင် ဂိမ်းကစားသည့်အခါ ဂိမ်း၏ အရည်အသွေးကို အကောင်းမွန်ဆုံး ခံစားနိုင်ရန် တိုးမြှင့်လုပ်ဆောင် ထားသည့်အတွက် PUBG MOBILE သုံးစွဲသူများအနေနှင့် ဂိမ်းကစားမှုအတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်သည်။ Version အသစ်တွင် ကစားသူများ၏ Characters, Main Lobby Lights နှင့် ပြောင်မြောက်လှပသည့် ပတ်ဝန်းကျင်များ ပါဝင်အောင် တိုးတက်ဖန်တီးထားသည်။ အမှုန်အမွှားလေးများ၊ မီးခိုးငွေ့များ၊ Air Blast၊ Muzzle Flashes များ၏ မြင်ကွင်းများကို ပိုမိုစစ်မှန်သည်ဟု ခံစားရစေမည်ဖြစ်သည်။ လေထီးခုန်ခြင်း၊ တာဝေးပြေးခြင်းနှင့် အခြားအဓိကကျသော လှုပ်ရှားမှုများကိုလည်း Battle Royale အတွေ့အကြုံကို အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားသည်။ ထို့အပြင် Lighting System နှင့် Texture Quality တို့ကိုပါ ပိုမိုတိုးတက်အောင် ပြုလုပ်ထားသည့်အတွက် မြေပြင်၊ ရေပြင်နှင့် ကောင်းကင် ပုံရိပ်များသည်လည်း အပြင်မှ အတွေ့အကြုံအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ Models နှင့် Texture Quality များကိုပါ ပိုမို ကောင်းမွန်အောင် ပြုပြင်ထားသည့်အတွက် ပိုမိုအရည်အသွေးကောင်း၍ လက်တွေ့ဆန်သော ခံစားမှုအတွေ့အကြုံသစ်များ ရရှိမည်ဖြစ်သည်။

ထို့အပြင် ကစားသမားများအား ပိုမိုတိကျသော ထိန်းချူပ်မှုအတွေ့အကြုံရရှိစေရန် PUBG MOBILE Users များ၏ Interface နှင့် Interactions၊ Visuals၊ Motions နှင့် Sound Effects အရည်အသွေးများကို ကောင်းမွန်စွာ ပြန်လည်ပြုပြင်မွမ်းမံ ထားသည်။ Interface ကို မျက်လုံးတွင် လွယ်ကူရှင်းလင်းစွာ မြင်ရစေရန် ပြုပြင်ထားပြီး Visual Technology Elements များ ထပ်မံထည့်သွင်းထားသည်။ Dawn Cyan, Smoke Grey ၊ Hope White နှင့် Victory Yellow အရောင်များကို ရွေးချယ်အသုံးပြု ထားသောကြောင့် ထိုအရောင်များကြောင့် ကစားသမားများအနေနှင့် နံနက်အရုဏ်ဉီးအချိန်၊ ရှုံးနိမ့်ပြီးနောက် တစ်ဖန်ပြန်လည် စတင်ခြင်းနှင့် ခက်ခဲကြမ်းတမ်းသော အခြေအနေများကြားထဲမှ အောင်မြင်မှု အခိုက်အတန့် သဘောတရားများကို မြင်သာ စေသည်။

ကစားသမားများအနေဖြင့် မိမိတို့ လိုချင်သောအရာများကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ရန် ပိုမိုတိကျကောင်းမွန်သော ထိန်းချုပ်မှုများကို အဆင့်မြှင့်ပေးခြင်းဖြင့် PUBG MOBILE ၏ သီးသန့် ဆန်းသစ်သော Multi-screen Switching Mode ကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ရှိပြီးသား လုပ်ဆောင်ချက် Function များသည်လည်း Display တွင် ပို၍ စနစ်တကျ ပေါ်လာမည်ဖြစ်သည်။ ကစားသမားများ လွယ်ကူစွာ ဝင်ရောက်နိုင်ရန်နှင့် လျင်မြန်စွာ လုပ်ဆောင်ချက်များကို ရှာဖွေနိုင်ရန် Games၊ Community နှင့် Purchases များကို နေရာ ၃ ခု ခွဲခြား၍ ရိုးရှင်းသေသပ်သော Interface ကိုလည်း ဖန်တီးပေးထားသည်။ ထို့ပြင် ကစားသမားများအနေဖြင့် မိမိ ကိုယ်ပိုင် Layout ကို စိတ်ကြိုက်ပြုပြင်ပြီး လုပ်ဆောင်ချက်များကို ပိုမို သက်သောင့်သက်သာဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကာ ကောင်းမွန်သော User Experience ကိုလည်း ရရှိ‌စေမည်ဖြစ်သည်။

PUBG MOBILE ၏ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ 1.0 Version မိတ်ဆက်တဲ့ ခရီးစဥ်အထိ ကျွန်တော်တို့နဲ့ အတူတူ ပူးပေါင်းပါဝင်ကြတဲ့ ကစားသမား တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ PUBG ရဲ့ ဒီဇိုင်းနဲ့ အခြားဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဥ်တစ်လျှောက်လုံးမှာ PUBG MOBILE ရဲ့ ပင်ကို အထင်ကရ IP နဲ့ Style ကို ထိန်းသိမ်းထားပြီး မိုဘိုင်း ထုတ်ကုန်များအတွက် အကောင်းဆုံးသော ဆန်းသစ်တဲ့ အတွေ့အကြုံများကို ဆက်လက်ပေးအပ်နိုင်အောင် လုပ်ဆောင်ခဲ့ ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ “ဒီ 1.0 version အသစ်ဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆုံးမဟုတ်ပါဘူး။ ဒါဟာ PUBG MOBILE ရဲ့ ခေတ်သစ် အစသာရှိသေးပြီးတော့ ကျွန်တော်တို့မှာ မကြာမီ ပရိသတ်တွေကို ဝေမျှရမယ့် စိတ်လှုပ်ရှားစရာ အစီအစဥ်အသစ်တွေလည်း ရှိပါသေးတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

PUBG MOBILE Global Championship (PMGC)

ထူးခြားဆန်းသစ်သော 1.0 version ကိုမိတ်ဆက်လိုက်သည့်အပြင် PUBG MOBILE Esports သည် PUBG MOBILE World League (PMWL) နှင့် World Championship တို့ ပူးပေါင်း၍ ကမ္ဘာ့အကြီးဆုံးမိုဘိုင်း Esports ပြိုင်ပွဲဖြစ်သည့် PUBG MOBILE Global Championship (PMGC) ကို ထုတ်ပြန်ကြေညာလိုက်သည်။ PMGC ၏ Season Zero သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း နှင့် တရုတ်နိုင်ငံရှိ ဒေသများမှ ထိပ်တန်းကစားသမားအဖွဲ့များမှ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကာ Global Champions ဆုနှင့် PUBG MOBILE Esports သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးဆုဖြစ်သည့် ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ဆုငွေဆွတ်ခူးရရှိရန် ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ Covid-19 ကပ်ရောဂါကြောင့် PMGC Season Zero ပွဲတွင် အားပေးနိုင်သည့် ပရိသတ်များရှိမည် မဟုတ်သော်လည်း လုံခြုံဘေးကင်းမှုရှိစေရန် ပြိုင်ပွဲကို နိုဝင်ဘာလနှောင်းပိုင်းတွင် စတူဒီယိုများ အသီးသီးတွင် နေရာယူကာ ကျင်းပမည်ဖြစ်သည်။ PMGC ပြိုင်ပွဲကို အဓိကပံ့ပိုးပေးသည်မှာ ကမ္ဘာ့အဆင့်မီ Wireless Technology နည်းပညာလောကတွင် ဦးဆောင်နေပြီး 5G ပိုမိုတွင်ကျယ်လာစေရန်နှင့် မိုဘိုင်းလ်ဂိမ်း ဆန်းသစ်တီထွင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေသည့် QualcommTechnologies ပင်ဖြစ်သည်။

ယခုနှစ်တွင် PUBG MOBILE သည် ကမ္ဘာလုံးဆိုင်ရာနှစ်စဉ် Esports Program ၏ ဖွဲ့စည်းပုံကို ပြီးစီးခဲ့ပြီဖြစ်သည်။ ဤ အစီအစဥ်သည် နိုင်ငံဒေသအနှံ့အပြားရှိ အပျော်တမ်းကစားသမားများမှ စ၍ Semi-pro နှင့် Pro ကစားသမားများအားလုံးကို ထောက်ပံ့ပေးကာ Esports Stardom များဖြစ်လာကြစေရန် လမ်းကြောင်းဖောက်ပေးနေခြင်းဖြစ်သည်။ အချို့နိုင်ငံများ၌ ကစားသမားတိုင်း အတွက် ကျင်းပလျက်ရှိသော National နှင့် Campus Championships များအပြင် အခြားသော 3rd Party ပြိုင်ပွဲများ ကဲ့သို့သော ပွဲများသည်နောက်ပိုင်းတွင် နိုင်ငံအမြောက်အမြား၌ ကျင်းပလာကြမည်ဖြစ်သည်။ ယခုနှစ်တွင် Semi-pro Player များအတွက် PUBG MOBILE Club Open (PMCO) ကို နိုင်ငံပေါင်း ၁၅၀ ရှိ ဒေသ ၁၆ ခုတွင် ဖွင့်လှစ်ထားရှိသည်။ Spring မှ Fall အတွင်း ပြိုင်ပွဲဝင် စာရင်းပေးသွင်းသူ စုစုပေါင်း အယောက် ၁၂၀,၀၀၀ ကျော်အထိ ရရှိခဲ့ပြီး PUBG MOBILE Esports ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသူများ ပိုမိုများပြားလာသည်။

စဥ်ဆက်မပြတ် ပြောင်းလဲပြီး တိုးတက်လာသည့် Esports Ecosystem ဖြစ်လာစေမည့် PUBG MOBILE Pro League (PMPL)ကို ပြိုင်ပွဲတွင် Professional အဆင့်အဖြစ် ယှဥ်ပြိုင်ရန်မိတ်ဆက်ခဲ့သည်။ PMPL သည် နေရာဒေသ ၇ ခုတွင် အသင်း ပေါင်း ၁၅၂ ခု ပါဝင်ကစားခဲ့ပြီး စုစုပေါင်းနာရီ ၂၈ မီလီယံကျော်သည်အထိ ကြည့်ရှုခြင်းခံကာ တစ်ဟုန်ထိုး အောင်မြင်မှု ရရှိခဲ့ သည်။ ဇူလိုင်လနှင့် သြဂုတ်လအတွင်း PUBG MOBILE World League (PMWL) Season Zero အသစ်တွင် “East နှင့် West League”မှ အသင်း ၄၀ သည် ထူးထူးခြားခြား ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်ကို ပြသခဲ့ကြသည်။ ပရိသတ်ပေါင်း ၁.၁ မီလီယံ​​ကျော် ကြည့်ရှုခဲ့ပြီး စုစုပေါင်း နာရီ ၄၀ မီလီယံကျော်ရှိပြီး ကြည့်ရှုမှု အမြင့်ဆုံး ရောက်ရှိခဲ့သည်။ ယင်းသည် PUBG MOBILE esports သမိုင်းတစ်လျှောက်တွင် အများဆုံးကြည့်ရှုသူအဖြစ်စံချိန်ချိုးခဲ့သည်။ Esports Charts မှ မှတ်တမ်းများအရ PUBG MOBILE World League 2020 East သည် လူကြိုက်အများဆုံးအွန်လိုင်းသီးသန့် ပြိုင်ပွဲတစ်ခု ဖြစ်ကြောင်းသိရှိရသည်။

“PUBG MOBILE World League Season Zero ရဲ့ အောင်မြင်မှုအပြီးမှာ ပိုမိုမြင့်မားအောင် မြှင့်တင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ အားကစားအစီအစဉ်အသစ်ကို ပထမနှစ်မှာ အဆုံးသတ်နိုင်ရန်အတွက် ထူးခြားပြောက်မြောက်တဲ့ အရာတစ်ခု ဖန်တီးရမယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့ နားလည်သိရှိခဲ့ပါတယ်”ဟု PUBG MOBILE Global Esports ၏ ဒါရိုက်တာဖြစ်သူ James Yang က ပြောကြားခဲ့သည်။ “၂၀၂၀ ဟာ လူတိုင်းအတွက်က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကစားနည်းတွေ၊ အားကစားတွေကနေတစ်ဆင့် ကမ္ဘာကို အပြုသဘောနဲ့ အားပေးမှုတွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာတစ်ဝန်း ပျော်ရွင်စေဖို့၊ ကစားသမားများနဲ့ လူမှုဝန်းကျင်အတွက် အံ့မခန်းဖွယ်ရာပြိုင်ပွဲတစ်ခုဖန်တီးဖို့ နေရာ ဒေသများကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။


[ZawGyi]

PUBG MOBILE မွ 1.0 version အသစ္ႏွင့္ PUBG MOBILE GLOBAL CHAMPIONSHIP တို႔ကို ထုတ္ျပန္ေၾကညာ

 

အင္တာေနရွင္နယ္ မိုဘိုင္းလ္ဂိမ္း PUBG MOBILE မွ ပိုမိုေကာင္းမြန္ေသာ စြမ္းေဆာင္ရည္ ျမႇင့္တင္မႈမ်ား ပါဝင္သည့္ 1.0 version အသစ္ကို လာမည့္ စက္တင္ဘာလ ၈ ရက္ေန႔တြင္ စတင္မိတ္ဆက္သြားမည္ျဖစ္သည္။
ကမာၻလုံးဆိုင္ရာ အႀကီးမားဆုံး MOBILE ESPORTS ပြဲျဖစ္သည့္ PUBG MOBILE Global Championship ၿပိဳင္ပြဲကို လာမည့္ ႏိုဝင္ဘာလ ေႏွာင္းပိုင္းတြင္ က်င္းပမည္ျဖစ္ၿပီး ဆုေၾကးေငြေပါင္း အေမရိကန္ေဒၚလာ ၂ သန္း ခ်ီးျမႇင့္မည္ျဖစ္သည္။

ရန္ကုန္၊ ၾသဂုတ္လ ၂၇၊ ၂၀၂၀ ။ ။ PUBG Mobile မွ ပိုမိုေကာင္းမြန္သည့္ 1.0 version အဆင့္ျမႇင့္တင္မႈမ်ားႏွင့္အတူ ကမာၻလုံးဆိုင္ရာ အႀကီးမားဆုံး MOBILE ESPORTS ပြဲျဖစ္သည့္ PUBG MOBILE Global Championship (PMGC) ၿပိင္ပြဲ အေၾကာင္းအရာတို႔ကို ထုတ္ျပန္ေၾကညာလိုက္သည္။

PUBG MOBILE 1.0 version အသစ္

ကမာၻေပၚတြင္ သုံးႏွစ္ဆက္တိုက္ ေရပန္းအစားဆုံး မိုဘိုင္းလ္ဂိမ္းျဖစ္သည္ႏွင့္အညီ PUBG Mobile မွ လာမည့္ စက္တင္ဘာလ ၈ ရက္ေန႔တြင္ နည္းပညာအသစ္၊ UX အသစ္အျပင္ Gameplay Features အသစ္မ်ားႏွင့္အတူ မိုဘိုင္းလ္ဖုန္းႏွင့္ ကစားသည့္ အခါ ပိုမိုေကာင္းမြန္ၿပီး လက္ေတြ႕ဆန္ဆန္ ၿပိဳင္ပြဲဝင္ေနသည့္ ခံစားခ်က္ကို ရရွိေစမည့္ 1.0 Version ကို စတင္ မိတ္ဆက္မည္ ျဖစ္သည္။
PUBG MOBILE ကို ၂၀၁၈ ခုႏွစ္ တြင္ပထမဆုံးအႀကိမ္ စတင္မိတ္ဆက္ခဲ့ၿပီး ၆၀၀ မီလီယံေက်ာ္အထိ ေဒါင္းလုဒ္ရယူခဲ့ၾကကာ ကမာၻအႏွံ႔အျပားတြင္ (တ႐ုတ္ႏိုင္ငံမွအပ) ေန႔စဥ္ကစားသူ ၅၀ မီလီယံခန႔္ ရွိေနၿပီျဖစ္သည္။ မယုံၾကည္ႏိုင္စရာေကာင္းေသာ PUBG MOBILE ၏ ေအာင္ျမင္မႈမ်ားႏွင့္ ပုံမွန္ကစားသူအေရအတြက္မ်ား တိုးတက္လာသည့္ ေနာက္ဆက္တြဲ အက်ိဳးဆက္ အေနျဖင့္ PUBG MOBILE မွ ဆန္းသစ္ၿပီး တိုးတက္လာသည့္ ဂိမ္းကစားမႈအေတြ႕အႀကဳံသစ္မ်ားကို သုံးစြဲသူ ကစားသမားမ်ား ထံသို႔ ဆက္လက္ မိတ္ဆက္ေဆာင္႐ြက္သြားမည္ျဖစ္သည္။ စက္တင္ဘာလ ၈ ရက္ေန႔တြင္ စတင္မိတ္ဆက္မည့္ 1.0 version ႏွင့္အတူ လူအမ်ား ေမွ်ာ္လင့္ထားၾကသည့္ အံၾသဖြယ္ရာလက္ေဆာင္ အစီအစဥ္မ်ားကိုလည္း ထုတ္ေဖာ္ မိတ္ဆက္သြားမည္ ျဖစ္သည္။ PUBG MOBILE အေနႏွင့္ မိုဘိုင္းလ္ဖုန္းႏွင့္ ကစားရသည္မွာ ပိုမိုစစ္မွန္ၿပီး နစ္ေမ်ာခံစားႏိုင္သည့္ အေတြ႕အႀကဳံ ေကာင္းမ်ား ရရွိေစရန္ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္သည္။

အသစ္ထြက္ရွိလာမည့္ 1.0 Version ကို ယခင္ကထက္ ပိုမိုအေသးစိတ္က်သည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ထားၿပီး Version အသစ္တြင္ ဂိမ္းကစားသည့္အခါ ဂိမ္း၏ အရည္အေသြးကို အေကာင္းမြန္ဆုံး ခံစားႏိုင္ရန္ တိုးျမႇင့္လုပ္ေဆာင္ ထားသည့္အတြက္ PUBG MOBILE သုံးစြဲသူမ်ားအေနႏွင့္ ဂိမ္းကစားမႈအေတြ႕အႀကဳံေကာင္းမ်ား ရရွိႏိုင္မည္ဟု ေမွ်ာ္လင့္သည္။ Version အသစ္တြင္ ကစားသူမ်ား၏ Characters, Main Lobby Lights ႏွင့္ ေျပာင္ေျမာက္လွပသည့္ ပတ္ဝန္းက်င္မ်ား ပါဝင္ေအာင္ တိုးတက္ဖန္တီးထားသည္။ အမႈန္အမႊားေလးမ်ား၊ မီးခိုးေငြ႕မ်ား၊ Air Blast၊ Muzzle Flashes မ်ား၏ ျမင္ကြင္းမ်ားကို ပိုမိုစစ္မွန္သည္ဟု ခံစားရေစမည္ျဖစ္သည္။ ေလထီးခုန္ျခင္း၊ တာေဝးေျပးျခင္းႏွင့္ အျခားအဓိကက်ေသာ လႈပ္ရွားမႈမ်ားကိုလည္း Battle Royale အေတြ႕အႀကဳံကို အေကာင္းမြန္ဆုံးျဖစ္ေအာင္ ဖန္တီးထားသည္။ ထို႔အျပင္ Lighting System ႏွင့္ Texture Quality တို႔ကိုပါ ပိုမိုတိုးတက္ေအာင္ ျပဳလုပ္ထားသည့္အတြက္ ေျမျပင္၊ ေရျပင္ႏွင့္ ေကာင္းကင္ ပုံရိပ္မ်ားသည္လည္း အျပင္မွ အေတြ႕အႀကဳံအတိုင္း ျမင္ေတြ႕ရမည္ျဖစ္သည္။ Models ႏွင့္ Texture Quality မ်ားကိုပါ ပိုမို ေကာင္းမြန္ေအာင္ ျပဳျပင္ထားသည့္အတြက္ ပိုမိုအရည္အေသြးေကာင္း၍ လက္ေတြ႕ဆန္ေသာ ခံစားမႈအေတြ႕အႀကဳံသစ္မ်ား ရရွိမည္ျဖစ္သည္။

ထို႔အျပင္ ကစားသမားမ်ားအား ပိုမိုတိက်ေသာ ထိန္းခ်ဴပ္မႈအေတြ႕အႀကဳံရရွိေစရန္ PUBG MOBILE Users မ်ား၏ Interface ႏွင့္ Interactions၊ Visuals၊ Motions ႏွင့္ Sound Effects အရည္အေသြးမ်ားကို ေကာင္းမြန္စြာ ျပန္လည္ျပဳျပင္မြမ္းမံ ထားသည္။ Interface ကို မ်က္လုံးတြင္ လြယ္ကူရွင္းလင္းစြာ ျမင္ရေစရန္ ျပဳျပင္ထားၿပီး Visual Technology Elements မ်ား ထပ္မံထည့္သြင္းထားသည္။ Dawn Cyan, Smoke Grey ၊ Hope White ႏွင့္ Victory Yellow အေရာင္မ်ားကို ေ႐ြးခ်ယ္အသုံးျပဳ ထားေသာေၾကာင့္ ထိုအေရာင္မ်ားေၾကာင့္ ကစားသမားမ်ားအေနႏွင့္ နံနက္အ႐ုဏ္ဉီးအခ်ိန္၊ ရႈံးနိမ့္ၿပီးေနာက္ တစ္ဖန္ျပန္လည္ စတင္ျခင္းႏွင့္ ခက္ခဲၾကမ္းတမ္းေသာ အေျခအေနမ်ားၾကားထဲမွ ေအာင္ျမင္မႈ အခိုက္အတန႔္ သေဘာတရားမ်ားကို ျမင္သာ ေစသည္။

ကစားသမားမ်ားအေနျဖင့္ မိမိတို႔ လိုခ်င္ေသာအရာမ်ားကို ပိုမိုလြယ္ကူစြာ ရွာေဖြႏိုင္ရန္ ပိုမိုတိက်ေကာင္းမြန္ေသာ ထိန္းခ်ဳပ္မႈမ်ားကို အဆင့္ျမႇင့္ေပးျခင္းျဖင့္ PUBG MOBILE ၏ သီးသန႔္ ဆန္းသစ္ေသာ Multi-screen Switching Mode ကိုလည္း မိတ္ဆက္ေပးသြားမည္ျဖစ္သည္။ ရွိၿပီးသား လုပ္ေဆာင္ခ်က္ Function မ်ားသည္လည္း Display တြင္ ပို၍ စနစ္တက် ေပၚလာမည္ျဖစ္သည္။ ကစားသမားမ်ား လြယ္ကူစြာ ဝင္ေရာက္ႏိုင္ရန္ႏွင့္ လ်င္ျမန္စြာ လုပ္ေဆာင္ခ်က္မ်ားကို ရွာေဖြႏိုင္ရန္ Games၊ Community ႏွင့္ Purchases မ်ားကို ေနရာ ၃ ခု ခြဲျခား၍ ႐ိုးရွင္းေသသပ္ေသာ Interface ကိုလည္း ဖန္တီးေပးထားသည္။ ထို႔ျပင္ ကစားသမားမ်ားအေနျဖင့္ မိမိ ကိုယ္ပိုင္ Layout ကို စိတ္ႀကိဳက္ျပဳျပင္ၿပီး လုပ္ေဆာင္ခ်က္မ်ားကို ပိုမို သက္ေသာင့္သက္သာျဖင့္ ျပဳလုပ္ႏိုင္မည္ျဖစ္ကာ ေကာင္းမြန္ေသာ User Experience ကိုလည္း ရရွိ‌ေစမည္ျဖစ္သည္။

PUBG MOBILE ၏ တာဝန္ရွိသူတစ္ဦးက “ကြၽန္ေတာ္တို႔ရဲ႕ 1.0 Version မိတ္ဆက္တဲ့ ခရီးစဥ္အထိ ကြၽန္ေတာ္တို႔နဲ႔ အတူတူ ပူးေပါင္းပါဝင္ၾကတဲ့ ကစားသမား တစ္ဦးတစ္ေယာက္စီတိုင္းကို အထူးေက်းဇူးတင္ပါတယ္။ PUBG ရဲ႕ ဒီဇိုင္းနဲ႔ အျခားဖြံ႕ၿဖိဳး တိုးတက္မႈ လုပ္ငန္းစဥ္တစ္ေလွ်ာက္လုံးမွာ PUBG MOBILE ရဲ႕ ပင္ကို အထင္ကရ IP နဲ႔ Style ကို ထိန္းသိမ္းထားၿပီး မိုဘိုင္း ထုတ္ကုန္မ်ားအတြက္ အေကာင္းဆုံးေသာ ဆန္းသစ္တဲ့ အေတြ႕အႀကဳံမ်ားကို ဆက္လက္ေပးအပ္ႏိုင္ေအာင္ လုပ္ေဆာင္ခဲ့ ပါတယ္” ဟု ေျပာၾကားခဲ့သည္။ ဆက္လက္၍ “ဒီ 1.0 version အသစ္ဟာ ဖြံ႕ၿဖိဳးတိုးတက္မႈရဲ႕ အဆုံးမဟုတ္ပါဘူး။ ဒါဟာ PUBG MOBILE ရဲ႕ ေခတ္သစ္ အစသာရွိေသးၿပီးေတာ့ ကြၽန္ေတာ္တို႔မွာ မၾကာမီ ပရိသတ္ေတြကို ေဝမွ်ရမယ့္ စိတ္လႈပ္ရွားစရာ အစီအစဥ္အသစ္ေတြလည္း ရွိပါေသးတယ္” ဟု ထပ္မံေျပာၾကားခဲ့သည္။

PUBG MOBILE Global Championship (PMGC)

ထူးျခားဆန္းသစ္ေသာ 1.0 version ကိုမိတ္ဆက္လိုက္သည့္အျပင္ PUBG MOBILE Esports သည္ PUBG MOBILE World League (PMWL) ႏွင့္ World Championship တို႔ ပူးေပါင္း၍ ကမာၻ႔အႀကီးဆုံးမိုဘိုင္း Esports ၿပိဳင္ပြဲျဖစ္သည့္ PUBG MOBILE Global Championship (PMGC) ကို ထုတ္ျပန္ေၾကညာလိုက္သည္။ PMGC ၏ Season Zero သည္ ႏိုဝင္ဘာလ ေႏွာင္းပိုင္းတြင္ စတင္မည္ျဖစ္ၿပီး အေမရိကန္၊ ဥေရာပ၊ ေတာင္အာရွ၊ အေရွ႕ေတာင္အာရွ၊ အေရွ႕အလယ္ပိုင္း ႏွင့္ တ႐ုတ္ႏိုင္ငံရွိ ေဒသမ်ားမွ ထိပ္တန္းကစားသမားအဖြဲ႕မ်ားမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ကာ Global Champions ဆုႏွင့္ PUBG MOBILE Esports သမိုင္းတစ္ေလွ်ာက္တြင္ အျမင့္ဆုံးဆုျဖစ္သည့္ ဆုေၾကးေငြေပါင္း အေမရိကန္ေဒၚလာ ၂ သန္း ဆုေငြဆြတ္ခူးရရွိရန္ ၿပိဳင္ဆိုင္ၾကရမည္ျဖစ္သည္။ ကမာၻလုံးဆိုင္ရာ Covid-19 ကပ္ေရာဂါေၾကာင့္ PMGC Season Zero ပြဲတြင္ အားေပးႏိုင္သည့္ ပရိသတ္မ်ားရွိမည္ မဟုတ္ေသာ္လည္း လုံၿခဳံေဘးကင္းမႈရွိေစရန္ ၿပိဳင္ပြဲကို ႏိုဝင္ဘာလေႏွာင္းပိုင္းတြင္ စတူဒီယိုမ်ား အသီးသီးတြင္ ေနရာယူကာ က်င္းပမည္ျဖစ္သည္။ PMGC ၿပိဳင္ပြဲကို အဓိကပံ့ပိုးေပးသည္မွာ ကမာၻ႔အဆင့္မီ Wireless Technology နည္းပညာေလာကတြင္ ဦးေဆာင္ေနၿပီး 5G ပိုမိုတြင္က်ယ္လာေစရန္ႏွင့္ မိုဘိုင္းလ္ဂိမ္း ဆန္းသစ္တီထြင္မႈတို႔ကို ပိုမိုေကာင္းမြန္ေစရန္ ေဆာင္႐ြက္ေနသည့္ QualcommTechnologies ပင္ျဖစ္သည္။

ယခုႏွစ္တြင္ PUBG MOBILE သည္ ကမာၻလုံးဆိုင္ရာႏွစ္စဥ္ Esports Program ၏ ဖြဲ႕စည္းပုံကို ၿပီးစီးခဲ့ၿပီျဖစ္သည္။ ဤ အစီအစဥ္သည္ ႏိုင္ငံေဒသအႏွံ႔အျပားရွိ အေပ်ာ္တမ္းကစားသမားမ်ားမွ စ၍ Semi-pro ႏွင့္ Pro ကစားသမားမ်ားအားလုံးကို ေထာက္ပံ့ေပးကာ Esports Stardom မ်ားျဖစ္လာၾကေစရန္ လမ္းေၾကာင္းေဖာက္ေပးေနျခင္းျဖစ္သည္။ အခ်ိဳ႕ႏိုင္ငံမ်ား၌ ကစားသမားတိုင္း အတြက္ က်င္းပလ်က္ရွိေသာ National ႏွင့္ Campus Championships မ်ားအျပင္ အျခားေသာ 3rd Party ၿပိဳင္ပြဲမ်ား ကဲ့သို႔ေသာ ပြဲမ်ားသည္ေနာက္ပိုင္းတြင္ ႏိုင္ငံအေျမာက္အျမား၌ က်င္းပလာၾကမည္ျဖစ္သည္။ ယခုႏွစ္တြင္ Semi-pro Player မ်ားအတြက္ PUBG MOBILE Club Open (PMCO) ကို ႏိုင္ငံေပါင္း ၁၅၀ ရွိ ေဒသ ၁၆ ခုတြင္ ဖြင့္လွစ္ထားရွိသည္။ Spring မွ Fall အတြင္း ၿပိဳင္ပြဲဝင္ စာရင္းေပးသြင္းသူ စုစုေပါင္း အေယာက္ ၁၂၀,၀၀၀ ေက်ာ္အထိ ရရွိခဲ့ၿပီး PUBG MOBILE Esports ၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား ပိုမိုမ်ားျပားလာသည္။

စဥ္ဆက္မျပတ္ ေျပာင္းလဲၿပီး တိုးတက္လာသည့္ Esports Ecosystem ျဖစ္လာေစမည့္ PUBG MOBILE Pro League (PMPL)ကို ၿပိဳင္ပြဲတြင္ Professional အဆင့္အျဖစ္ ယွဥ္ၿပိဳင္ရန္မိတ္ဆက္ခဲ့သည္။ PMPL သည္ ေနရာေဒသ ၇ ခုတြင္ အသင္း ေပါင္း ၁၅၂ ခု ပါဝင္ကစားခဲ့ၿပီး စုစုေပါင္းနာရီ ၂၈ မီလီယံေက်ာ္သည္အထိ ၾကည့္ရႈျခင္းခံကာ တစ္ဟုန္ထိုး ေအာင္ျမင္မႈ ရရွိခဲ့ သည္။ ဇူလိုင္လႏွင့္ ၾသဂုတ္လအတြင္း PUBG MOBILE World League (PMWL) Season Zero အသစ္တြင္ “East ႏွင့္ West League”မွ အသင္း ၄၀ သည္ ထူးထူးျခားျခား ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၎တို႔၏ အေကာင္းဆုံး စြမ္းရည္ကို ျပသခဲ့ၾကသည္။ ပရိသတ္ေပါင္း ၁.၁ မီလီယံ​​ေက်ာ္ ၾကည့္ရႈခဲ့ၿပီး စုစုေပါင္း နာရီ ၄၀ မီလီယံေက်ာ္ရွိၿပီး ၾကည့္ရႈမႈ အျမင့္ဆုံး ေရာက္ရွိခဲ့သည္။ ယင္းသည္ PUBG MOBILE esports သမိုင္းတစ္ေလွ်ာက္တြင္ အမ်ားဆုံးၾကည့္ရႈသူအျဖစ္စံခ်ိန္ခ်ိဳးခဲ့သည္။ Esports Charts မွ မွတ္တမ္းမ်ားအရ PUBG MOBILE World League 2020 East သည္ လူႀကိဳက္အမ်ားဆုံးအြန္လိုင္းသီးသန႔္ ၿပိဳင္ပြဲတစ္ခု ျဖစ္ေၾကာင္းသိရွိရသည္။

“PUBG MOBILE World League Season Zero ရဲ႕ ေအာင္ျမင္မႈအၿပီးမွာ ပိုမိုျမင့္မားေအာင္ ျမႇင့္တင္ဖို႔နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ အားကစားအစီအစဥ္အသစ္ကို ပထမႏွစ္မွာ အဆုံးသတ္ႏိုင္ရန္အတြက္ ထူးျခားေျပာက္ေျမာက္တဲ့ အရာတစ္ခု ဖန္တီးရမယ္ ဆိုတဲ့ အခ်က္ကို ကြၽန္ေတာ္တို႔ နားလည္သိရွိခဲ့ပါတယ္”ဟု PUBG MOBILE Global Esports ၏ ဒါ႐ိုက္တာျဖစ္သူ James Yang က ေျပာၾကားခဲ့သည္။ “၂၀၂၀ ဟာ လူတိုင္းအတြက္က ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခု ျဖစ္ပါတယ္။ ကစားနည္းေတြ၊ အားကစားေတြကေနတစ္ဆင့္ ကမာၻကို အျပဳသေဘာနဲ႔ အားေပးမႈေတြ ေဆာင္ၾကဥ္းေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကမာၻတစ္ဝန္း ေပ်ာ္႐ြင္ေစဖို႔၊ ကစားသမားမ်ားနဲ႔ လူမႈဝန္းက်င္အတြက္ အံ့မခန္းဖြယ္ရာၿပိဳင္ပြဲတစ္ခုဖန္တီးဖို႔ ေနရာ ေဒသမ်ားကို ဖိတ္ေခၚခ်င္ပါတယ္” ဟု ဆက္လက္ေျပာၾကားခဲ့သည္။