[Unicode]

Prize pool ဒေါ်လာ ၅ သန်းကျော် ချီးမြှင့်မယ့် PUBG Mobile World League

 

ယနေ့ခေတ်စားနေတဲ့ Battle Royale ဂိမ်းများထဲမှာ PUBG Mobile ဟာ ထိပ်တန်းနေရာတစ်ခုကို ယူထားနိုင်တဲ့ ဂိမ်းပါ။ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ PUBG Mobile Club Open (PMCO) 2019 Fall Split Global Finals ပြိုင်ပွဲအပြီးမှာ လာမယ့်နှစ်အတွက် Esports အစီအစဉ်တစ်ခုကို Tencent က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

PUBG Mobile Esports ရဲ့ ဒါရိုက်တာ James Yang က ဒီအစီအစဉ်ကို ကြေညာပေးခဲ့တာပါ။ James Yang ရဲ့ ပြောကြားချက်အရ ၂၀၂၀ မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အမြင့်ဆုံး PUBG Mobile လိဂ်ပြိုင်ပွဲ World League ကို ပြုလုပ်သွားမှာဖြစ်ပြီး လိဂ်ပြိုင်ပွဲအဆုံးမှာ PUBG Mobile World Championship ကို ကျင်းပသွားမယ့်အကြောင်းလည်း ပါဝင်ပါတယ်။

လက်ရှိကျင်းပနေတဲ့ PMCO နဲ့ နိုင်ငံအဆင့် Pro League များကို ၂၀၂၀ ပုံစံသစ်အရ Regional Pro League များအဖြစ် ပြောင်းလဲကျင်းပသွားမှာပါ။ အမေရိက၊ ဥရောပနဲ့ အရှေ့တောင်အာရှဒေသ အသီးသီးတို့ရဲ့ Regional Pro League Winner များဟာ World League ကို တက်ရောက်နိုင်ကြမှာဖြစ်ပြီး ယင်းမှတစ်ဆင့်နောက်ဆုံးမှာတော့ World Championship ပြိုင်ပွဲကြီးကို ဝင်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။

 

၂၀၂၀ PUBG Mobile Esports အတွက် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၅ သန်းကျော် ချီးမြှင့်မယ့်အကြောင်းကိုလည်း James Yang က ပြောသွားခဲ့ပါတယ်။ လက်ရှိမှာတော့ Tencent ဟာ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများအတွက် Pro League များကို ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။

PMCO 2019 Fall Split Global Finals မှာ အင်ဒိုနီးရှားအသင်း Bigetron RA က အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေဒေါ်လာ ၂ သိန်းကျော်ကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်စားလှတဲ့ PUBG Mobile ဟာ ဆုကြေးငွေများပြားလှတဲ့ ပြိုင်ပွဲကြီးများကို ကျင်းပပြီး Esports လောကမှာ ပိုမိုထင်ပေါ်လာဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Oneesports.gg


[ZawGyi]

Prize pool ေဒၚလာ ၅ သန္းေက်ာ္ ခ်ီးျမွင့္မယ့္ PUBG Mobile World League


ယေန႔ေခတ္စားေနတဲ့ Battle Royale ဂိမ္းမ်ားထဲမွာ PUBG Mobile ဟာ ထိပ္တန္းေနရာတစ္ခုကို ယူထားႏိုင္တဲ့ ဂိမ္းပါ။ မၾကာေသးမီက က်င္းပျပီးစီးခဲ့တဲ့ PUBG Mobile Club Open (PMCO) 2019 Fall Split Global Finals ျပိဳင္ပြဲအျပီးမွာ လာမယ့္ႏွစ္အတြက္ Esports အစီအစဥ္တစ္ခုကို Tencent က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

PUBG Mobile Esports ရဲ႕ ဒါရိုက္တာ James Yang က ဒီအစီအစဥ္ကို ေၾကညာေပးခဲ့တာပါ။ James Yang ရဲ႕ ေျပာၾကားခ်က္အရ ၂၀၂၀ မွာ တစ္ကမၻာလုံးအတိုင္းအတာအေနနဲ႔ အျမင့္ဆုံး PUBG Mobile လိဂ္ျပိဳင္ပြဲ World League ကို ျပဳလုပ္သြားမွာျဖစ္ျပီး လိဂ္ျပိဳင္ပြဲအဆုံးမွာ PUBG Mobile World Championship ကို က်င္းပသြားမယ့္အေၾကာင္းလည္း ပါဝင္ပါတယ္။

လက္ရွိက်င္းပေနတဲ့ PMCO နဲ႔ ႏိုင္ငံအဆင့္ Pro League မ်ားကို ၂၀၂၀ ပုံစံသစ္အရ Regional Pro League မ်ားအျဖစ္ ေျပာင္းလဲက်င္းပသြားမွာပါ။ အေမရိက၊ ဥေရာပနဲ႔ အေရွ႕ေတာင္အာရွေဒသ အသီးသီးတုိ႔ရဲ႕ Regional Pro League Winner မ်ားဟာ World League ကို တက္ေရာက္ႏိုင္ၾကမွာျဖစ္ျပီး ယင္းမွတစ္ဆင့္ေနာက္ဆုံးမွာေတာ့ World Championship ျပိဳင္ပြဲၾကီးကို ဝင္ေရာက္ႏိုင္ၾကမွာ ျဖစ္ပါတယ္။

 

၂၀၂၀ PUBG Mobile Esports အတြက္ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၅ သန္းေက်ာ္ ခ်ီးျမွင့္မယ့္အေၾကာင္းကိုလည္း James Yang က ေျပာသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ Tencent ဟာ အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံမ်ားအတြက္ Pro League မ်ားကို ေၾကညာထားခဲ့ျပီး ျဖစ္ပါတယ္။

PMCO 2019 Fall Split Global Finals မွာ အင္ဒိုနီးရွားအသင္း Bigetron RA က အႏိုင္ရရွိခဲ့ျပီး ဆုေၾကးေငြေဒၚလာ ၂ သိန္းေက်ာ္ကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ အေရွ႕ေတာင္အာရွမွာ ေခတ္စားလွတဲ့ PUBG Mobile ဟာ ဆုေၾကးေငြမ်ားျပားလွတဲ့ ျပိဳင္ပြဲၾကီးမ်ားကို က်င္းပျပီး Esports ေလာကမွာ ပိုမိုထင္ေပၚလာဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကုိ Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Oneesports.gg