[ZawGyi]

ျမန္မာႏိုင္ငံအတြက္ တရားဝင္ သတင္းထုတ္ျပန္မႈေတြစတင္မယ့္ PUBG Mobile

 

Tencent ကုမၸဏီကေန ထုတ္လုပ္ထားတဲ့ PlayerUnknown’s Battlegrounds မုိဘုိင္းဂိမ္းဟာ သူတို႔ရဲ႕ ျမန္မာႏိုင္ငံအတြက္ တရားဝင္ သတင္းထုတ္ျပန္မယ့္ Facebook စာမ်က္ႏွာကို ေၾကညာခဲ့ပါတယ္။ “PUBG MOBILE” ဆိုတဲ့ နာမည္နဲ႔ Blue Mark ပါဝင္ၿပီး Like ၆ သန္းေက်ာ္ရွိတဲ့ အဆိုပါ Facebook Page ကေန ျမန္မာႏိုင္ငံနဲ႔ ပါတ္သတ္တဲ့ သတင္းေတြ ေၾကညာခ်က္ေတြအားလံုကို ျပဳလုပ္သြားမယ္လို႔ သိရွိရပါတယ္။

2018 March လက စတင္ၿပီး တကမာၻလံုးကို ျဖန္႔ခ်ိခဲ့တဲ့ ဒီဂိမ္းသက္တမ္းဟာ ၁ ႏွစ္ေက်ာ္ခန္႔သာ ရွိေသးေသာ္လည္း ႏိုင္ငံတကာမွာသာမက ျမန္မာႏိုင္ငံမွာပါ လူႀကိဳက္အမ်ားဆံုး Mobile Game အမ်ိဳးအစားထဲမွာပါဝင္ေနၿပီး Golden Joystick Award ရဲ႕ Mobile Game of the Year 2018 ဆုကိုလည္း ရရွိပိုင္ဆိုင္ထားႏိုင္ပါတယ္။

ျမန္မာႏိုင္ငံ မွာလည္း Samsung Galaxy နဲ႔ Claw Esports တို႔ ပူးေပါင္းက်င္းပတဲ့ Galaxy Challenge PUBG Mobile Tournament ဟာလည္း ၅ ရက္အတြင္း အသင္းေပါင္း ၅၀၀ အထိ စာရင္းေပးသြင္းခဲ့ၾကပါတယ္။

PUBG Mobile ရဲ႕ မိခင္ ကုမၸဏီျဖစ္တဲ့ Tencent Games မွတာဝန္ရွိသူတစ္ဦးကေတာ့ “PUBG Mobile Game ဟာ ျမန္မာႏိုင္ငံမွာ အလားအလာရွိေၾကာင္း သက္ေသျပခဲ့ၿပီ ျဖစ္ေၾကာင္း၊ သူတို႔ရဲ႕ ေရွ႕ဆက္ ရည္ရြယ္ခ်က္အေနနဲ႔ ျမန္မာ ကစားသမားေတြအတြက္ ကမာၻ႔ အဆင့္ Esports ဂိမ္းတစ္မ်ိဳးျဖစ္ေအာင္ တည္ေဆာက္ေပးမွာျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါတယ္။


[Unicode]

မြန်မာနိုင်ငံအတွက် တရားဝင် သတင်းထုတ်ပြန်မှုတွေစတင်မယ့် PUBG Mobile

Tencent ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ PlayerUnknown’s Battlegrounds မိုဘိုင်းဂိမ်းဟာ သူတို့ရဲ့ မြန်မာနိုင်ငံအတွက် တရားဝင် သတင်းထုတ်ပြန်မယ့် Facebook စာမျက်နှာကို ကြေညာခဲ့ပါတယ်။ “PUBG MOBILE” ဆိုတဲ့ နာမည်နဲ့ Blue Mark ပါဝင်ပြီး Like ၆ သန်းကျော်ရှိတဲ့ အဆိုပါ Facebook Page ကနေ မြန်မာနိုင်ငံနဲ့ ပါတ်သတ်တဲ့ သတင်းတွေ ကြေညာချက်တွေအားလုံကို ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

2018 March လက စတင်ပြီး တကမ္ဘာလုံးကို ဖြန့်ချိခဲ့တဲ့ ဒီဂိမ်းသက်တမ်းဟာ ၁ နှစ်ကျော်ခန့်သာ ရှိသေးသော်လည်း နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာပါ လူကြိုက်အများဆုံး Mobile Game အမျိုးအစားထဲမှာပါဝင်နေပြီး Golden Joystick Award ရဲ့ Mobile Game of the Year 2018 ဆုကိုလည်း ရရှိပိုင်ဆိုင်ထားနိုင်ပါတယ်။

မြန်မာနိုင်ငံ မှာလည်း Samsung Galaxy နဲ့ Claw Esports တို့ ပူးပေါင်းကျင်းပတဲ့ Galaxy Challenge PUBG Mobile Tournament ဟာလည်း ၅ ရက်အတွင်း အသင်းပေါင်း ၅၀၀ အထိ စာရင်းပေးသွင်းခဲ့ကြပါတယ်။

PUBG Mobile ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Tencent Games မှတာဝန်ရှိသူတစ်ဦးကတော့ “PUBG Mobile Game ဟာ မြန်မာနိုင်ငံမှာ အလားအလာရှိကြောင်း သက်သေပြခဲ့ပြီ ဖြစ်ကြောင်း၊ သူတို့ရဲ့ ရှေ့ဆက် ရည်ရွယ်ချက်အနေနဲ့ မြန်မာ ကစားသမားတွေအတွက် ကမ္ဘာ့ အဆင့် Esports ဂိမ်းတစ်မျိုးဖြစ်အောင် တည်ဆောက်ပေးမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။