[Unicode]

PMCO Global Finals သွားရောက်ကြည့်ရှုခွင့်ရရှိမယ့် PUBG Mobile ရဲ့ Finger Dance Challenge

 

PUBG Mobile ဟာ နာမည်ကြီး DJ တစ်ဦးဖြစ်တဲ့ Alan Walker နဲ့ ပူးပေါင်းပြီး အွန်လိုင်းပေါ်က ယှဉ်ပြိုင်နိုင်မယ့် Finger Dance challenge ကို ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ပါဝင်ဆင်နွှဲနိုင်မယ့် ဒီ challenge ဟာ Alan Walker ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Live Fast ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

Finger Dance challenge မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူများဟာ မိမိတို့ ကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ finger dance ဗီဒီယိုတစ်ခုကို ပြုလုပ်ရမှာပါ။ ဗီဒီယိုထဲမှာ Alan Walker ရဲ့ Live Fast သီချင်းကို ဖြစ်စေ Live Fast ရဲ့ remix ဗားရှင်းကို ဖြစ်စေ နောက်ခံသီချင်းအဖြစ် ထည့်သွင်းအသုံးပြုရမှာလည်း ဖြစ်ပါတယ်။ Finger dance နမူနာဗီဒီယိုကို အောက်တွင် ဖော်ပြပေးထားပါတယ်။

ရိုက်ကူးလိုက်တဲ့ ဗီဒီယိုကိုတော့ Facebook ပေါ်ဖြစ်စေ Instagram ပေါ်ဖြစ်စေ YouTube ပေါ်ဖြစ်စေ upload တင်ပေးရမှာပါ။ ဗီဒီယိုရဲ့ description မှာ #PUBGMFingerDance ဆိုတဲ့ စာသားကို အသုံးပြုပြီး PUBG Mobile ကို tag ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အားလုံးပြီးစီးသွားရင်တော့ ယင်းဗီဒီယို link ကို www.pubgmcontest.com/FingerDance ကို ပေးပို့ရမှာပါ။

ဒီ Finger Dance challenge မှာ vote အများဆုံးရရှိသူ ၅ ဦးကို အနိုင်ရရှိသူများအဖြစ် သတ်မှတ်ရွေးချယ်မှာ ဖြစ်ပါတယ်။ အနိုင်ရရှိသူများဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် PUBG Mobile Club Open (PMCO) Fall Split Global Finals ပြိုင်ပွဲကြီးကို ၃ ရက်တာ အခမဲ့သွားရောက်ကြည့်ရှုခွင့် ရမှာပါ။ ပြိုင်ပွဲဝင်အချို့ကိုလည်း ကျပန်းရွေးချယ်ပြီး PUBG Mobile ရဲ့ exclusive gift များ လက်ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။

PUBGM ရဲ့ Finger Dance challenge ဟာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ challenge တစ်ခုဖြစ်သလို ဆုလက်ဆောင်များလည်း ရရှိနိုင်တာဖြစ်လို့ အချိန်မီ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ဖော်ပြပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Dotesports


[Zawgyi]

PMCO Global Finals သြားေရာက္ၾကည့္ရႈခြင့္ရရွိမယ့္ PUBG Mobile ရဲ႕ Finger Dance Challenge

 

PUBG Mobile ဟာ နာမည္ႀကီး DJ တစ္ဦးျဖစ္တဲ့ Alan Walker နဲ႔ ပူးေပါင္းၿပီး အြန္လိုင္းေပၚက ယွဥ္ၿပိဳင္ႏိုင္မယ့္ Finger Dance challenge ကို ေၾကညာလိုက္ပါတယ္။ ႏိုဝင္ဘာလ ၁၇ ရက္ေန႔အထိ ပါဝင္ဆင္ႏႊဲႏိုင္မယ့္ ဒီ challenge ဟာ Alan Walker ရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Live Fast ေပၚမွာ အေျခခံထားတာ ျဖစ္ပါတယ္။

Finger Dance challenge မွာ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ားဟာ မိမိတို႔ ကိုယ္တိုင္ ပါဝင္႐ိုက္ကူးထားတဲ့ finger dance ဗီဒီယိုတစ္ခုကို ျပဳလုပ္ရမွာပါ။ ဗီဒီယိုထဲမွာ Alan Walker ရဲ႕ Live Fast သီခ်င္းကို ျဖစ္ေစ Live Fast ရဲ႕ remix ဗားရွင္းကို ျဖစ္ေစ ေနာက္ခံသီခ်င္းအျဖစ္ ထည့္သြင္းအသုံးျပဳရမွာလည္း ျဖစ္ပါတယ္။ Finger dance နမူနာဗီဒီယိုကို ေအာက္တြင္ ေဖာ္ျပေပးထားပါတယ္။

႐ိုက္ကူးလိုက္တဲ့ ဗီဒီယိုကိုေတာ့ Facebook ေပၚျဖစ္ေစ Instagram ေပၚျဖစ္ေစ YouTube ေပၚျဖစ္ေစ upload တင္ေပးရမွာပါ။ ဗီဒီယိုရဲ႕ description မွာ #PUBGMFingerDance ဆိုတဲ့ စာသားကို အသုံးျပဳၿပီး PUBG Mobile ကို tag ျပဳလုပ္ေပးဖို႔လည္း လိုအပ္ပါတယ္။ အားလုံးၿပီးစီးသြားရင္ေတာ့ ယင္းဗီဒီယို link ကို www.pubgmcontest.com/FingerDance ကို ေပးပို႔ရမွာပါ။

ဒီ Finger Dance challenge မွာ vote အမ်ားဆုံးရရွိသူ ၅ ဦးကို အႏိုင္ရရွိသူမ်ားအျဖစ္ သတ္မွတ္ေ႐ြးခ်ယ္မွာ ျဖစ္ပါတယ္။ အႏိုင္ရရွိသူမ်ားဟာ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပမယ့္ PUBG Mobile Club Open (PMCO) Fall Split Global Finals ၿပိဳင္ပြဲႀကီးကို ၃ ရက္တာ အခမဲ့သြားေရာက္ၾကည့္ရႈခြင့္ ရမွာပါ။ ၿပိဳင္ပြဲဝင္အခ်ိဳ႕ကိုလည္း က်ပန္းေ႐ြးခ်ယ္ၿပီး PUBG Mobile ရဲ႕ exclusive gift မ်ား လက္ေဆာင္ေပးသြားမွာလည္း ျဖစ္ပါတယ္။

PUBGM ရဲ႕ Finger Dance challenge ဟာ အလြယ္တကူ ျပဳလုပ္ႏိုင္တဲ့ challenge တစ္ခုျဖစ္သလို ဆုလက္ေဆာင္မ်ားလည္း ရရွိႏိုင္တာျဖစ္လို႔ အခ်ိန္မီ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ားအတြက္ ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Dotesports