[Zawgyi]

PUBG ကို PS4 ႏွင့္ Xbox One တို့ေပၚမွာ cross-play ကစားႏိုင္ေတာ့မည္

 

PlayerUnknown’s Battlegrounds (PUBG) ဟာ PC, mobile နဲ႕ console မ်ားေပၚမွာ ကစားႏိုင္တဲ့ဂိမ္းတစ္ခုျဖစ္ျပီး လာမယ့္ ေအာက္တိုဘာလမွာေတာ့ PS4 နဲ႔ Xbox One ႏွစ္ခုမွာ cross-play ကစားႏိုင္ေအာင္ ျပဳလုပ္ေပးေတာ့မွာပါ။ Cross-play ဆိုတာကေတာ့ မတူညီတဲ့ console ႏွစ္ခုေပၚက ကစားသမားမ်ား ပြဲတစ္ခုထဲအတြင္း အတူတကြ ပါဝင္ကစားခြင့္ပဲ ျဖစ္ပါတယ္။ စမ္းသပ္ေဆာ့ကစားႏိုင္ဖုိ႔ test server မ်ားကို စက္တင္ဘာ လကုန္ပိုင္းေလာက္ထဲက ဖြင့္ေပးထားမွာ ျဖစ္ျပီး တရားဝင္ထြက္လာခ်ိန္မွာ update ထပ္မံျပဳလုပ္သြားႏိုင္ပါတယ္။

မၾကာေသးမီက Microsoft ဟာ PUBG ရဲ႕ Xbox Inside stream တစ္ခုကို Gamescom မွာ ထုတ္ေဖာ္ျပသျပီး ဒီအစီအစဥ္ကို ေၾကညာခဲ့တာပါ။ PS4 နဲ႔ Xbox One ကစားသမားမ်ားဟာ အခ်င္းခ်င္း ခ်ိတ္ဆက္ကစားႏိုင္ေပမယ့္ console သီးသန္႔အျဖစ္ ကန္႔သတ္ထားေသးလို႔ PC ေပၚက ကစားသမားမ်ားနဲ႔ေတာ့ ခ်ိတ္ဆက္ႏိုင္ျခင္း မရွိေသးပါဘူး။ လက္ရွိမွာ console အသိုင္းအဝိုင္းေပၚကသူမ်ားအခ်င္းခ်င္း ပူးေပါင္းကစားႏိုင္ဖုိ႔အတြက္သာ ရည္ရြယ္ထားပါတယ္။ Control စနစ္မတူညီတဲ့ PC ထက္စာရင္၊ တူညီတဲ့ Console အခ်င္းခ်င္း ကစားရတာက ပုိအဆင္ေျပမွာပါ။

“ကြ်ႏု္ပ္တို႔ရဲ႕ ပထမဆုံးရည္ရြယ္ခ်က္ကေတာ့ PS4 နဲ႔ Xbox One တို့ေပၚက ကစားသမားမ်ား အတူတကြ ကစားႏိုင္ၾကဖုိ႔ပါ။ ပြဲတစ္ပြဲထဲမွာ console ႏွစ္ခုလုံးက ကစားသမားေပါင္း အေယာက္တစ္ရာ ပါဝင္ကစားႏိုင္မွာျဖစ္ပါတယ္။” လို႔ PUBG Corporation ရဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာခဲ့ပါတယ္။ “ဒုတိယရည္ရြယ္ခ်က္ကေတာ့ console မ်ားေပၚက ကစားသူမ်ားအတြက္ matchmaking time ကို တိုေတာင္းေစဖုိ႔ပါ။ Console ႏွစ္ခုလုံးေပၚက ကစားသမားမ်ား ပါဝင္မွာျဖစ္လို႔ matchmaking ျမန္ျမန္လုပ္ႏိုင္ျပီး အခ်ိန္ကုန္သက္သာေစမွာလည္း ျဖစ္ပါတယ္။” လုိ႔ ေျပာခဲ့ပါေသးတယ္။

PUBG ဟာ cross-play ျပဳလုပ္ဖုိ႔ ေၾကညာတာ မၾကာေသးေပမယ့္ Fortnite နဲ႔ Rocket League တို့လို ဂိမ္းမ်ားကေတာ့ လြန္ခဲ့တဲ့ႏွစ္ထဲက support ျပဳလုပ္ေပးထားတာျဖစ္ျပီး tournament မ်ားမွာေတာင္ ကစားခြင့္ျပဳခဲ့ပါတယ္။ ယခုလို ျပဳလုပ္ျခင္းမ်ားနဲ႔ အတူ ေနာင္အနာဂတ္မွာ cross-play support ေပးထားတဲ့ဂိမ္းအေျမာက္အမ်ား ထပ္မံေပၚထြက္လာႏိုင္ပါတယ္။

Console cross-play ကစားခြင့္ဟာ console ကစားသမားမ်ား ပိုမိုခ်ိတ္ဆက္ကစားႏိုင္မယ့္ သတင္းေကာင္းပါ။ အနာဂတ္မွာ အျခား ဘယ္ platform မ်ားကို ထပ္ျပီး cross-play ျပဳလုပ္ေပးဦးမယ္ ဆိုတာကလည္း စိတ္ဝင္စားစရာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

PUBG ကို PS4 နှင့် Xbox One တို့ပေါ်မှာ cross-play ကစားနိုင်တော့မည်

 

PlayerUnknown’s Battlegrounds (PUBG) ဟာ PC, mobile နဲ့ console များပေါ်မှာ ကစားနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာတော့ PS4 နဲ့ Xbox One နှစ်ခုမှာ cross-play ကစားနိုင်အောင် ပြုလုပ်ပေးတော့မှာပါ။ Cross-play ဆိုတာကတော့ မတူညီတဲ့ console နှစ်ခုပေါ်က ကစားသမားများ ပွဲတစ်ခုထဲအတွင်း အတူတကွ ပါဝင်ကစားခွင့်ပဲ ဖြစ်ပါတယ်။ စမ်းသပ်ဆော့ကစားနိုင်ဖို့ test server များကို စက်တင်ဘာ လကုန်ပိုင်းလောက်ထဲက ဖွင့်ပေးထားမှာ ဖြစ်ပြီး တရားဝင်ထွက်လာချိန်မှာ update ထပ်မံပြုလုပ်သွားနိုင်ပါတယ်။

မကြာသေးမီက Microsoft ဟာ PUBG ရဲ့ Xbox Inside stream တစ်ခုကို Gamescom မှာ ထုတ်ဖော်ပြသပြီး ဒီအစီအစဉ်ကို ကြေညာခဲ့တာပါ။ PS4 နဲ့ Xbox One ကစားသမားများဟာ အချင်းချင်း ချိတ်ဆက်ကစားနိုင်ပေမယ့် console သီးသန့်အဖြစ် ကန့်သတ်ထားသေးလို့ PC ပေါ်က ကစားသမားများနဲ့တော့ ချိတ်ဆက်နိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိမှာ console အသိုင်းအဝိုင်းပေါ်ကသူများအချင်းချင်း ပူးပေါင်းကစားနိုင်ဖို့အတွက်သာ ရည်ရွယ်ထားပါတယ်။ Control စနစ်မတူညီတဲ့ PC ထက်စာရင်၊ တူညီတဲ့ Console အချင်းချင်း ကစားရတာက ပိုအဆင်ပြေမှာပါ။

“ကျွနု်ပ်တို့ရဲ့ ပထမဆုံးရည်ရွယ်ချက်ကတော့ PS4 နဲ့ Xbox One တို့ပေါ်က ကစားသမားများ အတူတကွ ကစားနိုင်ကြဖို့ပါ။ ပွဲတစ်ပွဲထဲမှာ console နှစ်ခုလုံးက ကစားသမားပေါင်း အယောက်တစ်ရာ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။” လို့ PUBG Corporation ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ “ဒုတိယရည်ရွယ်ချက်ကတော့ console များပေါ်က ကစားသူများအတွက် matchmaking time ကို တိုတောင်းစေဖို့ပါ။ Console နှစ်ခုလုံးပေါ်က ကစားသမားများ ပါဝင်မှာဖြစ်လို့ matchmaking မြန်မြန်လုပ်နိုင်ပြီး အချိန်ကုန်သက်သာစေမှာလည်း ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါသေးတယ်။

PUBG ဟာ cross-play ပြုလုပ်ဖို့ ကြေညာတာ မကြာသေးပေမယ့် Fortnite နဲ့ Rocket League တို့လို ဂိမ်းများကတော့ လွန်ခဲ့တဲ့နှစ်ထဲက support ပြုလုပ်ပေးထားတာဖြစ်ပြီး tournament များမှာတောင် ကစားခွင့်ပြုခဲ့ပါတယ်။ ယခုလို ပြုလုပ်ခြင်းများနဲ့ အတူ နောင်အနာဂတ်မှာ cross-play support ပေးထားတဲ့ဂိမ်းအမြောက်အများ ထပ်မံပေါ်ထွက်လာနိုင်ပါတယ်။

Console cross-play ကစားခွင့်ဟာ console ကစားသမားများ ပိုမိုချိတ်ဆက်ကစားနိုင်မယ့် သတင်းကောင်းပါ။ အနာဂတ်မှာ အခြား ဘယ် platform များကို ထပ်ပြီး cross-play ပြုလုပ်ပေးဦးမယ် ဆိုတာကလည်း စိတ်ဝင်စားစရာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။