[Zawgyi]

ရွံုးေႂကြးဆပ္ရဖို႔ အသင့္ျဖစ္ေနတဲ့ PSG.LGD – TI9 Team Profile

 

PSG.LGD ဟာ လြန္ခဲ့တဲ့ႏွစ္ TI8 တုန္းက ဒုတိယ ရရွိထားတဲ့ တရုတ္ DotA2 အသင္းၾကီး ျဖစ္ပါတယ္။ မူလက For The Dream ဆိုတဲ့ နာမည္နဲ႔ စတင္ခဲ့တဲ့ အသင္းဟာ SMM 2009 မွာ အႏိုင္ရရွိျပီးေနာက္ LGD က sponsor ေပးခဲ့တဲ့အတြက္ အသင္းနာမည္ကိုပါ LGD လို႔ေျပာင္းလဲခဲ့ပါတယ္။ ေနာက္ပိုင္း LGD ဟာ ၂၀၁၈ ဧျပီလမွာ ျပင္သစ္ေဘာလုံးကလပ္အသင္း Paris Saint-Germain (PSG) နဲ႔ ပူးေပါင္းခဲ့ျပီး ယေန႔ျမင္ေတြ႔ေနရတဲ့ PSG.LGD ဆိုတဲ့ နာမည္ျဖစ္လာခဲ့ပါတယ္။ PSG.LGD ဟာ လက္ရွိမွာ Ame, Somnus丶M, Chalice, Fy နဲ႔ xNova တို႔ျဖင့္ TI8 တုန္းကအတိုင္း မေျပာင္းလဲဲပဲဖြဲ႔စည္းထားပါတယ္။ PSG.LGD ဟာ တရုတ္အင္အားၾကီး အသင္းအေနနဲ႔ ရပ္တည္ေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ပါျပီ။

PSG.LGD ဆိုျပီး အသင္းနာမည္ကုိ အတိအက်ေျပာင္းလိုက္ျပီးခ်ိန္ကေန ယခု အခ်ိန္ထိ ထင္ရွားလွတဲ့ ေအာင္ျမင္မႈေတြကေတာ့ TI8 ရဲ႕ ဒုတိယေနရာအျပင္ EPICENTER XL နဲ႔ MDL Changsha Major 2018 တို႔မွာလည္း ပထမေနရာမ်ား ရရွိခဲ့ပါတယ္။ PSG.LGD အျဖစ္အသင္းနာမည္မေျပာင္းရေသးခင္မွာလည္း ဒီလူစာရင္းနဲ႕ပဲ Dota 2 Asia Championships 2018 မွာ ဒုတိယ ရယူႏိုင္ခဲ့ပါေသးတယ္။ Somnus丶M နဲ႕ Ame တို႔ဟာ အသင္းထဲကိုေရာက္ရွိေနတာ ၾကာျပီျဖစ္ေပမယ့္ လက္ရွိအသင္းေခါင္းေဆာင္ျဖစ္သူ Fy နဲ႔ Chalice တို့ကေတာ့ TI7 အျပီး ၂၀၁၇ အသင္းသားအေျပာင္းအလဲမွာမွ ေရာက္လာခဲ့တာပါ။ xNova ကေတာ့ ၂၀၁၈ မွာ ေရာက္ရွိလာခဲ့ပါတယ္။

LGD 2015 Roster – DDC, Sylar, rOtk, Maybe and MMY!.

Maybe လုိ႔ လူသိမ်ားတဲ့ Somnus丶M ဟာ အသင္းထဲကို ၂၀၁၅ ထဲက ေရာက္ေနခဲ့တာျဖစ္ျပီး လက္ရွိ PSG.LGD အသင္းသားေတြထဲမွာ သူဟာ အေစာဆုံးေရာက္ရွိသူျဖစ္ပါတယ္။ ေရာက္လာျပီး သိပ္မၾကာခင္မွာပဲ ထိုစဥ္က သူ႔ရဲ႕အသင္းဟာ i-League Season 3 မွာ ပထမ ရခဲ့သလို TI5 တတိယေနရာ ရရွိေအာင္လည္း စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ TI5 ခ်န္ပီယံျဖစ္ခဲ့တဲ့ Evil Geniuses နဲ႔ ျပိဳင္ခဲ့တဲ့ပြဲမ်ားကိုသာ မရႈံးနိမ့္ခဲ့ရင္ grand final ထိ တက္သြားႏိုင္ခဲ့တာပါ။ ထိုႏွစ္ထဲမွာပဲ World Cyber Arena 2015 မွာ ဒုတိယရခဲ့ပါတယ္။ ထုိစဥ္က Somnus丶M နဲ႔ တြဲေဆာ့ခဲ့တဲ့ TI5 ဝင္ အသင္းသားမ်ားကေတာ့ Sylar, Yao, Xiao8 နဲ႔ MMY! တို႔ပဲ ျဖစ္ပါတယ္။

ထုိ႔ေနာက္ ၂၀၁၆ ေႏွာင္းပိုင္းမွာ Ame ေရာက္ရွိလာခဲ့ပါတယ္။ Ame နဲ႔ Somnus丶M တို႔ရဲ႕အသင္းဟာ ၂၀၁၆ ႏွစ္ကုန္အထိနဲ႔ ၂၀၁၇ ႏွစ္တစ္ဝက္ေလာက္မွာ ထူးထူးျခားျခား ဆုၾကီး ရရွိျခင္း မရွိေသးေပမယ့္ တျဖည္းျဖည္း ကစားပုံမ်ား ပိုမိုေကာင္းမြန္လာျပီးေနာက္ Mars Dota 2 League 2017 မွာ ပထမ ရရွိလာပါတယ္။ ေနာက္တစ္လခန္႔အၾကာမွာ TI7 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကရာ lower bracket မွာ ဆက္တိုက္ႏိုင္လာခဲ့မယ့္ ထိုႏွစ္ TI7 ခ်န္ပီယံ Team Liquid ကို ေနာက္ဆုံးအေျခအေနမွာ ရႈံးနိမ့္ခဲ့လို႔ စတုတၳေနရာနဲ႔ ေက်နပ္ခဲ့ရတာပါ။ ထိုစဥ္က Ame နဲ႔ Somnus丶M တို႔ရဲ႕ အသင္းေဖာ္မ်ားဟာ eLeVeN, Yao နဲ႔ Victoria တို႔ ျဖစ္ျပီး နည္းျပကေတာ့ QQQ ျဖစ္ပါတယ္။

LGD TI7 Roster – Victoria, Yao, Somnus丶M, eLeVeN, and Ame

TI7 အျပီး Fy, Chalice နဲ႔ xNova တို႔ ပါဝင္တဲ့ လက္ရွိလူစာရင္းျပည့္ PSG.LGD အျဖစ္နဲ႔ Epicenter XL ကို ဝင္ေရာက္ကစားခဲ့ရာမွာေတာ့ TI7 တုန္းက ရႈံးနိမ့္ခဲ့ရတဲ့ Team Liquid ကို final မွာ အႏိုင္ရရွိျပီး ပထမ ရ လက္စားေခ်ႏိုင္ခဲ့ပါတယ္။ ပြဲစဥ္တစ္ေလွ်ာက္ Virtus.pro လုိ အင္အားၾကီးအသင္းမ်ားကိုလည္း အႏိုင္ရရွိခဲ့တာပါ။ MDL Changsha Major 2018 မွာ အႏိုင္ရရွိျပီး ေနာက္ PSG.LGD ဟာ TI8 ကို ဝင္ေရာက္ခြင့္ရခဲ့ျပီး အႏိုင္ရရွိေရးအတြက္ မ်ားစြာ ၾကိဳးပမ္းခဲ့ပါတယ္။

TI8 Roster

TI8 upper bracket မွာ Virtus.pro ကို ၂ပြဲျပတ္နဲ႔ ႏိုင္လာတဲ့ PSG.LGD ဟာ ဆက္လက္ကစားတဲ့ပြဲစဥ္မ်ားမွာ ခ်န္ပီယံေဟာင္း Team Liquid ကိုပါ ၂ပြဲျပတ္ ထပ္ႏိုင္ျပီး lower bracket ကို ပို႔ႏိုင္ခဲ့ပါတယ္။ Hero pool က်ယ္တဲ့အသင္းသားမ်ားဟာ ျပိဳင္ဘက္ကို ပုံစံမ်ိဳးစံုနဲ႔ ဖိအားေပး ကစားႏိုင္ခဲ့ပါတယ္။ Lane ၃ ခုလုံးမွာ teamwork ညီစြာ အေကာင္းဆုံးကစားတဲ့ ပုံစံနဲ႕ PSG.LGD ဟာ လုံးဝေလ်ာ့တြက္လို႔ မရခဲ့တာပါ။ Team Liquid ကို အႏိုင္ရ အျပီး OG နဲ႔ Bo3 သုံးပြဲ ကစားခဲ့ရာမွာေတာ့ ရႈံးနိမ့္ခဲ့ျပီး lower bracket ကို ဆင္းကာ grand final ကို တက္ေရာက္ခြင့္ရေရး ဆက္လက္ ယွဥ္ျပိဳင္ကစားခဲ့ရပါတယ္။

OG နဲ႔ ပထမဆုံးပြဲမွာ ရန္သူအသင္းရဲ႕ IO+Gyro အတြဲကို မယွဥ္ႏိုင္ျဖစ္ခဲ့ရျပီး PSG.LGD ဘက္က Drow Ranger, Huskar နဲ႕ Weaver တို႔ဟာ late game မွာ support Wraith King ကိုေတာင္ မသတ္ႏိုင္ျဖစ္ကာ ရႈံးနိမ့္ခဲ့တာပါ။ ဒုတိယပြဲမွာေတာ့ Ame ရဲ႕ Clinkz ေရာ Somnus丶M ရဲ႕ Storm Spirit ပါ လက္စြမ္းျပ ကစားႏိုင္ခဲ့ျပီး အႏိုင္ရရွိခဲ့ပါတယ္။ တတိယေျမာက္ပြဲမွာေတာ့ ပြဲအေစာတည္းက ဖိကစားေနခဲ့တဲ့ PSG.LGD ဟာ တဖက္အသင္းရဲ႕ Throne ကို ရိုက္ဖုိ႔ၾကိဳးစားရာမွာ စိတ္ေလာၾကီးေနတဲ့ Ame ရဲ႕ Terrorblade အပါအဝင္ တစ္သင္းလုံးနီးပါးကို ရန္သူ Earth Shaker က ခုန္အုပ္ ultimate သုံးျပီး ေခ်မႈန္းခံခဲ့ရပါတယ္။ Pushing ေကာင္းတဲ့ ရန္သူ Arc Warden နဲ႔ Pugna တို႔ေၾကာင့္ ျပိဳင္ဘက္ OG အလ်င္အျမန္ ျပန္လည္ အႏိုင္ရသြားခဲ့တာပါ။

ဒါေပမယ့္ PSG.LGD ဟာ lower bracket မွာ EG ကို လြယ္လြယ္ကူကူ ႏွစ္ပြဲျပတ္ႏိုင္ျပီး TI8 grand final ၾကီးကို OG နဲ႔ ယွဥ္ျပိဳင္ဖုိ႔ ျပန္တက္လာပါေတာ့တယ္။ TI8 grand final မွာ ပထမဆုံးပြဲအမွားအေနနဲ႔ကေတာ့ OG ကို Spectre ေပးထုတ္လိုက္ျပီး ရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယပြဲမွာ ျမင္ဖူးျပီးသား ရန္သူရဲ႕ IO+Gyro အတြဲကို Kunkka နဲ႔ လြယ္လြယ္ကူကူ ျဖည္ျပီး အႏိုင္ယူသြားခဲ့သလို တတိယပြဲမွာလည္း Alchemist, Weaver တို႔နဲ႔ အျမန္ farm ျပီး ဂိမ္းကို အႏိုင္နဲ႔ ပြဲသိမ္းႏိုင္ခဲ့တာပါ။ စတုတၳပြဲမွာေတာ့ ရန္သူ Axe ရဲ႕ counter, Tuskar ရွိေနခဲ့ေပမယ့္ PSG.LGD ရဲ႕ core ကစားသမားမ်ားဟာ ပါးနပ္လြန္းလွတဲ့ Axe ရဲ႕ ခုန္ဖမ္းျခင္းကို ခဏခဏ ခံရျပီး ရႈံးၾကပါေတာ့တယ္။ စတုတၳပြဲမွာသာ မရႈံးနိမ့္ခဲ့ပဲ အႏိုင္ရရွိခဲ့မယ္ဆိုရင္ PSG.LGD ကို ယေန႔ေခတ္ TI8 ခ်န္ပီယံအျဖစ္ျမင္ေတြ႔ၾကရမယ့္ အေျခအေနအထိ အသင္းသားမ်ား အားလုံးဟာ စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။

OG vs LGD.PSG TI8 Grand Final

TI8 grand final ရဲ႕ ေနာက္ဆုံးပြဲအရႈံးရလာဒ္ကေတာ့ PSG.LGD အတြက္ ရင္နင့္စရာပါ။ ျပိဳင္ဘက္ OG အေပၚ Draft အသာစီးရရွိထားခဲ့သလို ပထမပိုင္း ၁၇ မိနစ္အထိ Kill 18-4 အသာနဲ႔ ကစားေနႏိုင္ခဲ့တာပါ။ ႏိုင္ျပီလို႔ အားလုံး အပိုင္ယူဆထားၾကေပမယ့္ Roshan pit battle မွာ ဆုံးျဖတ္ခ်က္မ်ား မွားယြင္းခဲ့တဲ့အခ်ိန္က စ လို႔ ဆက္တိုက္ျပန္လည္ ရႈံးနိမ့္သြားခဲ့ပါတယ္။ Somnus丶M ဟာ mid lane Kunkka ကို အမာ item မ်ား ထည့္တဲ့အတြက္ေတာ့ အနည္းငယ္ ေဝဖန္ခံခဲ့ရပါတယ္။ PSG.LGD ဟာ TI8 မွာ ဒုတိယပဲရခဲ့ေပမယ့္ တရုတ္ပရိတ္သတ္မ်ားေရာ တစ္ကမၻာလုံးက DotA ပြဲၾကည့္ ပရိတ္သတ္မ်ားရဲ႕ ရင္ထဲကို ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အသင္းျဖစ္လာခဲ့ပါတယ္။

အတိတ္မွာ ျဖစ္ခဲ့တဲ့သင္ခန္းစာမ်ားကို ရယူကာ PSG.LGD ဟာ ယခု လာမယ့္ TI9 မွာ ျပန္လည္ ယွဥ္ျပိဳင္ဦးမွာျဖစ္ပါတယ္။ ျပိဳင္ဘက္အေပၚအထင္ေသးတတ္ျခင္းနဲ႔ စိတ္ဆႏၵေလာျခင္းတို႔ကို ျပဳျပင္ကာ PSG.LGD ဟာ တစ္ႏွစ္တာလုံး အေကာင္းဆုံးေလ့က်င့္ေနခဲ့တာျဖစ္ပါတယ္။ ဖုန္းမသုံးရန္ ႏွင့္ ေဆးလိပ္ မေသာက္ရန္ စေသာ တင္းၾကပ္သည့္ စည္းကမ္းမ်ားနဲ႔ ေလ့က်င့္ေနတဲ့ အေၾကာင္းလည္း မၾကာေသးခင္က ထုတ္ျပန္ခဲ့ပါတယ္။ TI8 မွာ လြဲေခ်ာ္ခဲ့တဲ့ အသင္းၾကီးဟာ TI9 ခ်န္ပီယံ ျဖစ္ဖုိ့ အျပင္းအထန္ၾကိဳးစား ကစားေနတာကို မၾကာခင္မွာ အားလုံးေတြ႔ျမင္ၾကရေတာ့မွာပဲ ျဖစ္ပါတယ္။

By Combo (Htet Wai Yan)


[Unicode]

ရှုံးကြွေးဆပ်ရဖို့ အသင့်ဖြစ်နေတဲ့ PSG.LGD – TI9 Team Profile

 

PSG.LGD ဟာ လွန်ခဲ့တဲ့နှစ် TI8 တုန်းက ဒုတိယ ရရှိထားတဲ့ တရုတ် DotA2 အသင်းကြီး ဖြစ်ပါတယ်။ မူလက For The Dream ဆိုတဲ့ နာမည်နဲ့ စတင်ခဲ့တဲ့ အသင်းဟာ SMM 2009 မှာ အနိုင်ရရှိပြီးနောက် LGD က sponsor ပေးခဲ့တဲ့အတွက် အသင်းနာမည်ကိုပါ LGD လို့ပြောင်းလဲခဲ့ပါတယ်။ နောက်ပိုင်း LGD ဟာ ၂၀၁၈ ဧပြီလမှာ ပြင်သစ်ဘောလုံးကလပ်အသင်း Paris Saint-Germain (PSG) နဲ့ ပူးပေါင်းခဲ့ပြီး ယနေ့မြင်တွေ့နေရတဲ့ PSG.LGD ဆိုတဲ့ နာမည်ဖြစ်လာခဲ့ပါတယ်။ PSG.LGD ဟာ လက်ရှိမှာ Ame, Somnus丶M, Chalice, Fy နဲ့ xNova တို့ဖြင့် TI8 တုန်းကအတိုင်း မပြောင်းလဲပဲဖွဲ့စည်းထားပါတယ်။ PSG.LGD ဟာ တရုတ်အင်အားကြီး အသင်းအနေနဲ့ ရပ်တည်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။

PSG.LGD ဆိုပြီး အသင်းနာမည်ကို အတိအကျပြောင်းလိုက်ပြီးချိန်ကနေ ယခု အချိန်ထိ ထင်ရှားလှတဲ့ အောင်မြင်မှုတွေကတော့ TI8 ရဲ့ ဒုတိယနေရာအပြင် EPICENTER XL နဲ့ MDL Changsha Major 2018 တို့မှာလည်း ပထမနေရာများ ရရှိခဲ့ပါတယ်။ PSG.LGD အဖြစ်အသင်းနာမည်မပြောင်းရသေးခင်မှာလည်း ဒီလူစာရင်းနဲ့ပဲ Dota 2 Asia Championships 2018 မှာ ဒုတိယ ရယူနိုင်ခဲ့ပါသေးတယ်။ Somnus丶M နဲ့ Ame တို့ဟာ အသင်းထဲကိုရောက်ရှိနေတာ ကြာပြီဖြစ်ပေမယ့် လက်ရှိအသင်းခေါင်းဆောင်ဖြစ်သူ Fy နဲ့ Chalice တို့ကတော့ TI7 အပြီး ၂၀၁၇ အသင်းသားအပြောင်းအလဲမှာမှ ရောက်လာခဲ့တာပါ။ xNova ကတော့ ၂၀၁၈ မှာ ရောက်ရှိလာခဲ့ပါတယ်။

LGD 2015 Roster – DDC, Sylar, rOtk, Maybe and MMY!.

Maybe လို့ လူသိများတဲ့ Somnus丶M ဟာ အသင်းထဲကို ၂၀၁၅ ထဲက ရောက်နေခဲ့တာဖြစ်ပြီး လက်ရှိ PSG.LGD အသင်းသားတွေထဲမှာ သူဟာ အစောဆုံးရောက်ရှိသူဖြစ်ပါတယ်။ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ထိုစဉ်က သူ့ရဲ့အသင်းဟာ i-League Season 3 မှာ ပထမ ရခဲ့သလို TI5 တတိယနေရာ ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ TI5 ချန်ပီယံဖြစ်ခဲ့တဲ့ Evil Geniuses နဲ့ ပြိုင်ခဲ့တဲ့ပွဲများကိုသာ မရှုံးနိမ့်ခဲ့ရင် grand final ထိ တက်သွားနိုင်ခဲ့တာပါ။ ထိုနှစ်ထဲမှာပဲ World Cyber Arena 2015 မှာ ဒုတိယရခဲ့ပါတယ်။ ထိုစဉ်က Somnus丶M နဲ့ တွဲဆော့ခဲ့တဲ့ TI5 ဝင် အသင်းသားများကတော့ Sylar, Yao, Xiao8 နဲ့ MMY! တို့ပဲ ဖြစ်ပါတယ်။

ထို့နောက် ၂၀၁၆ နှောင်းပိုင်းမှာ Ame ရောက်ရှိလာခဲ့ပါတယ်။ Ame နဲ့ Somnus丶M တို့ရဲ့အသင်းဟာ ၂၀၁၆ နှစ်ကုန်အထိနဲ့ ၂၀၁၇ နှစ်တစ်ဝက်လောက်မှာ ထူးထူးခြားခြား ဆုကြီး ရရှိခြင်း မရှိသေးပေမယ့် တဖြည်းဖြည်း ကစားပုံများ ပိုမိုကောင်းမွန်လာပြီးနောက် Mars Dota 2 League 2017 မှာ ပထမ ရရှိလာပါတယ်။ နောက်တစ်လခန့်အကြာမှာ TI7 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ lower bracket မှာ ဆက်တိုက်နိုင်လာခဲ့မယ့် ထိုနှစ် TI7 ချန်ပီယံ Team Liquid ကို နောက်ဆုံးအခြေအနေမှာ ရှုံးနိမ့်ခဲ့လို့ စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ရတာပါ။ ထိုစဉ်က Ame နဲ့ Somnus丶M တို့ရဲ့ အသင်းဖော်များဟာ eLeVeN, Yao နဲ့ Victoria တို့ ဖြစ်ပြီး နည်းပြကတော့ QQQ ဖြစ်ပါတယ်။

LGD TI7 Roster – Victoria, Yao, Somnus丶M, eLeVeN, and Ame

TI7 အပြီး Fy, Chalice နဲ့ xNova တို့ ပါဝင်တဲ့ လက်ရှိလူစာရင်းပြည့် PSG.LGD အဖြစ်နဲ့ Epicenter XL ကို ဝင်ရောက်ကစားခဲ့ရာမှာတော့ TI7 တုန်းက ရှုံးနိမ့်ခဲ့ရတဲ့ Team Liquid ကို final မှာ အနိုင်ရရှိပြီး ပထမ ရ လက်စားချေနိုင်ခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက် Virtus.pro လို အင်အားကြီးအသင်းများကိုလည်း အနိုင်ရရှိခဲ့တာပါ။ MDL Changsha Major 2018 မှာ အနိုင်ရရှိပြီး နောက် PSG.LGD ဟာ TI8 ကို ဝင်ရောက်ခွင့်ရခဲ့ပြီး အနိုင်ရရှိရေးအတွက် များစွာ ကြိုးပမ်းခဲ့ပါတယ်။

TI8 Roster

TI8 upper bracket မှာ Virtus.pro ကို ၂ပွဲပြတ်နဲ့ နိုင်လာတဲ့ PSG.LGD ဟာ ဆက်လက်ကစားတဲ့ပွဲစဉ်များမှာ ချန်ပီယံဟောင်း Team Liquid ကိုပါ ၂ပွဲပြတ် ထပ်နိုင်ပြီး lower bracket ကို ပို့နိုင်ခဲ့ပါတယ်။ Hero pool ကျယ်တဲ့အသင်းသားများဟာ ပြိုင်ဘက်ကို ပုံစံမျိုးစုံနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ Lane ၃ ခုလုံးမှာ teamwork ညီစွာ အကောင်းဆုံးကစားတဲ့ ပုံစံနဲ့ PSG.LGD ဟာ လုံးဝလျော့တွက်လို့ မရခဲ့တာပါ။ Team Liquid ကို အနိုင်ရ အပြီး OG နဲ့ Bo3 သုံးပွဲ ကစားခဲ့ရာမှာတော့ ရှုံးနိမ့်ခဲ့ပြီး lower bracket ကို ဆင်းကာ grand final ကို တက်ရောက်ခွင့်ရရေး ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

OG နဲ့ ပထမဆုံးပွဲမှာ ရန်သူအသင်းရဲ့ IO+Gyro အတွဲကို မယှဉ်နိုင်ဖြစ်ခဲ့ရပြီး PSG.LGD ဘက်က Drow Ranger, Huskar နဲ့ Weaver တို့ဟာ late game မှာ support Wraith King ကိုတောင် မသတ်နိုင်ဖြစ်ကာ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပွဲမှာတော့ Ame ရဲ့ Clinkz ရော Somnus丶M ရဲ့ Storm Spirit ပါ လက်စွမ်းပြ ကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ တတိယမြောက်ပွဲမှာတော့ ပွဲအစောတည်းက ဖိကစားနေခဲ့တဲ့ PSG.LGD ဟာ တဖက်အသင်းရဲ့ Throne ကို ရိုက်ဖို့ကြိုးစားရာမှာ စိတ်လောကြီးနေတဲ့ Ame ရဲ့ Terrorblade အပါအဝင် တစ်သင်းလုံးနီးပါးကို ရန်သူ Earth Shaker က ခုန်အုပ် ultimate သုံးပြီး ချေမှုန်းခံခဲ့ရပါတယ်။ Pushing ကောင်းတဲ့ ရန်သူ Arc Warden နဲ့ Pugna တို့ကြောင့် ပြိုင်ဘက် OG အလျင်အမြန် ပြန်လည် အနိုင်ရသွားခဲ့တာပါ။

ဒါပေမယ့် PSG.LGD ဟာ lower bracket မှာ EG ကို လွယ်လွယ်ကူကူ နှစ်ပွဲပြတ်နိုင်ပြီး TI8 grand final ကြီးကို OG နဲ့ ယှဉ်ပြိုင်ဖို့ ပြန်တက်လာပါတော့တယ်။ TI8 grand final မှာ ပထမဆုံးပွဲအမှားအနေနဲ့ကတော့ OG ကို Spectre ပေးထုတ်လိုက်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပွဲမှာ မြင်ဖူးပြီးသား ရန်သူရဲ့ IO+Gyro အတွဲကို Kunkka နဲ့ လွယ်လွယ်ကူကူ ဖြည်ပြီး အနိုင်ယူသွားခဲ့သလို တတိယပွဲမှာလည်း Alchemist, Weaver တို့နဲ့ အမြန် farm ပြီး ဂိမ်းကို အနိုင်နဲ့ ပွဲသိမ်းနိုင်ခဲ့တာပါ။ စတုတ္ထပွဲမှာတော့ ရန်သူ Axe ရဲ့ counter, Tuskar ရှိနေခဲ့ပေမယ့် PSG.LGD ရဲ့ core ကစားသမားများဟာ ပါးနပ်လွန်းလှတဲ့ Axe ရဲ့ ခုန်ဖမ်းခြင်းကို ခဏခဏ ခံရပြီး ရှုံးကြပါတော့တယ်။ စတုတ္ထပွဲမှာသာ မရှုံးနိမ့်ခဲ့ပဲ အနိုင်ရရှိခဲ့မယ်ဆိုရင် PSG.LGD ကို ယနေ့ခေတ် TI8 ချန်ပီယံအဖြစ်မြင်တွေ့ကြရမယ့် အခြေအနေအထိ အသင်းသားများ အားလုံးဟာ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

OG vs LGD.PSG TI8 Grand Final

TI8 grand final ရဲ့ နောက်ဆုံးပွဲအရှုံးရလာဒ်ကတော့ PSG.LGD အတွက် ရင်နင့်စရာပါ။ ပြိုင်ဘက် OG အပေါ် Draft အသာစီးရရှိထားခဲ့သလို ပထမပိုင်း ၁၇ မိနစ်အထိ Kill 18-4 အသာနဲ့ ကစားနေနိုင်ခဲ့တာပါ။ နိုင်ပြီလို့ အားလုံး အပိုင်ယူဆထားကြပေမယ့် Roshan pit battle မှာ ဆုံးဖြတ်ချက်များ မှားယွင်းခဲ့တဲ့အချိန်က စ လို့ ဆက်တိုက်ပြန်လည် ရှုံးနိမ့်သွားခဲ့ပါတယ်။ Somnus丶M ဟာ mid lane Kunkka ကို အမာ item များ ထည့်တဲ့အတွက်တော့ အနည်းငယ် ဝေဖန်ခံခဲ့ရပါတယ်။ PSG.LGD ဟာ TI8 မှာ ဒုတိယပဲရခဲ့ပေမယ့် တရုတ်ပရိတ်သတ်များရော တစ်ကမ္ဘာလုံးက DotA ပွဲကြည့် ပရိတ်သတ်များရဲ့ ရင်ထဲကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းဖြစ်လာခဲ့ပါတယ်။

အတိတ်မှာ ဖြစ်ခဲ့တဲ့သင်ခန်းစာများကို ရယူကာ PSG.LGD ဟာ ယခု လာမယ့် TI9 မှာ ပြန်လည် ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။ ပြိုင်ဘက်အပေါ်အထင်သေးတတ်ခြင်းနဲ့ စိတ်ဆန္ဒလောခြင်းတို့ကို ပြုပြင်ကာ PSG.LGD ဟာ တစ်နှစ်တာလုံး အကောင်းဆုံးလေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ ဖုန်းမသုံးရန် နှင့် ဆေးလိပ် မသောက်ရန် စသော တင်းကြပ်သည့် စည်းကမ်းများနဲ့ လေ့ကျင့်နေတဲ့ အကြောင်းလည်း မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ TI8 မှာ လွဲချော်ခဲ့တဲ့ အသင်းကြီးဟာ TI9 ချန်ပီယံ ဖြစ်ဖို့ အပြင်းအထန်ကြိုးစား ကစားနေတာကို မကြာခင်မှာ အားလုံးတွေ့မြင်ကြရတော့မှာပဲ ဖြစ်ပါတယ်။

By Combo (Htet Wai Yan)