[Unicode]

လူစာရင်းအပြောင်းအလဲ၊ League စနစ်အကြောင်း စသဖြင့် PSG.LGD အသင်းသစ်နဲ့ အင်တာဗျူး

 

PSG.LGD အသင်းဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တရုတ်နိုင်ငံရဲ့အကောင်းဆုံး Dota2 အသင်းလို့ သတ်မှတ်မယ်ဆိုရင် မှားမယ်မထင်ပါဘူး။ Ti ကိုနှစ်ကြိမ်တိုင် နီးကပ်စွာစိန်ခေါ်ခဲ့ပေမယ့် အရှုံးပေးခဲ့ရပြီး အကောင်းဆုံးအရှုံးသမားတစ်ယောက် ဖြစ်ခဲ့တဲ့သူတို့ဟာ အခု DPC Season အတွင်းမှာတော့ လူစာရင်းမတည်ငြိမ်မှုနဲ့အတူ ရလဒ်တွေဆိုးဝါးလျက်ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုလက်ရှိလူစာရင်းဖြစ်တဲ့ Chalice, Maybe, eLeVeN, fy, xNova တို့နဲ့တော့ နောက်ဆုံးဆော့ခဲ့တဲ့ ပွဲတွေမှာ VG, iG နဲ့ RNG တို့လို ပြည်တွင်းပြိုင်ဘက်ကောင်းတွေကို ရှုံးပွဲတောင်မရှိဘဲ အပြတ်အသတ်အနိုင်ယူပြခဲ့ပါတယ်။ ယခင်က old-eleven နာမည်နဲ့လူသိများတဲ့ eLeVeN ဟာ ယခင် EHOME နဲ့နာမည်ကျော်ခဲ့ပြီး LGD မှာ အရင်ကလည်း အဌားဆော့ခဲ့သလို အခုလည်း အဌားနဲ့ထပ်ရောက်လာတာပါ။ လက်ရှိ Offlane ဖြစ်တဲ့ Chalice က Carry Role ကို ပြောင်းလဲဆော့ခဲ့ပြီးနောက် ထင်မှတ်မထားလောက်တဲ့ ရလဒ်တွေ နေ့ချင်းညချင်းရလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က PSG.LGD ဟာ သူတို့ရဲ့လူစာရင်းသစ်ကို မိတ်ဆက်ခဲ့ပြီးနောက် eSportsFocus မှ သူတို့တစ်သင်းလုံးနဲ့ အင်တာဗျူးခဲ့ပြီး လက်ရှိလူစာရင်းအပြောင်းအလဲ၊ ရည်မှန်းချက်နဲ့ နောက်ရာသီမှာပြောင်းလဲမယ့် League စနစ်အပေါ်အမြင် စတာတွေကို မေးမြန်းခဲ့ပါတယ်။

Maybe/Somus’

Maybe/Somus’
မေး – ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဒုတိယနဲ့တတိယရခဲ့ပေမယ့် Aegis ကို ကိုင်မြှောက်ဖို့နီးကပ်ခဲ့ပြီးမှတော့ ခင်ဗျားတို့ ကျေနပ်မှာ မဟုတ်ဘူးထင်ပါတယ်။ ဒါက စိတ်ဓါတ်ပိုင်းကို ပြောင်းလဲမှုရှိခဲ့သလား?
ဖြေ – အင်း၊ ကျွန်တော်တို့ မလုပ်နိုင်ခဲ့တာ နှမြောစရာပေါ့။ ဒါပေမယ့် ဒါ့ကြောင့်တော့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ပိုင်းကို ထိခိုက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ပန်းတိုင်က အမြဲတမ်းတစ်ခုတည်းပါပဲ – Ti ကိုအနိုင်ရဖို့ပေါ့။

မေး – ဒီရာသီအစမှာ ပုံမှန်လက်စွမ်းထက်နိမ့်ကျခဲ့ရတဲ့အကြောင်းရင်းက ဘာများလဲ?
ဖြေ – ကျွန်တော်တို့ကတော့ ဒါကို ‘ပုံမှန်လက်စွမ်းမပြနိုင်ဘူး’ လို့ မခေါ်ပါဘူး။ ဒါပေမယ့် Patch Update တွေအပြီးမှာ လက်ရှိ Meta ကို လိုက်လျောညီထွေပြောင်းလဲပြီး ကျွမ်းကျင်စွာကစားနိုင်ဖို့ မလုပ်ခဲ့မိဘူး၊ ဒါက ကျွန်တော်တို့ကို ရှုံးပွဲရစေခဲ့တာပါ။ လူစာရင်းအပြောင်းအလဲနဲ့လည်းနည်းနည်းဆိုင်တာပေါ့၊ ပြီးတော့ တွဲဖက်ညီမှုရယ်၊ အသင်းသားသစ်တွေနဲ့ အံဝင်ခွင်ကျမရှိတာရယ်လည်း ပါပါတယ်။

မေး – ခင်ဗျားတို့အနေနဲ့ လူစာရင်းကို မပြောင်းလဲတာကြာခဲ့ပြီနော်၊ အခုရက်ပိုင်း အပြောင်းအလဲတွေက ခင်ဗျားအပေါ် ဘယ်လိုသက်ရောက်သလဲ?
ဖြေ – နည်းနည်းအပြောင်းအလဲလုပ်ကြည့်ကြတာပါ။ old eLeVeN ကိုပြန်ခေါ်ပြီး Chalice ကို Carry ကစားစေတာက ကျွန်တော်တို့ရဲ့ စတိုင်လ်နဲ့ ဗျူဟာပိုင်းကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီလိုအပြောင်းအလဲကို ခံစားရတာကောင်းပါတယ်။

မေး – Chalice တစ်ယောက် Carry ပြောင်းဆော့တာနဲ့ပတ်သက်ပြီး fy က သူ့ဆီက Gold/Exp တွေ ဆက်ပြီး လုယူနေဦးမှာလား တနည်းအားဖြင့် Chalice ကိုသွေးစုပ်နေဦးမှာလား၊ ဒါမှမဟုတ် fy က လူသစ် old eLeVeN (ယခု Offlane) ကိုပဲ အနိုင်ဆက်ကျင့်သွားမှာလား?
ဖြေ – အဲဒီ သွေးစုပ်ကောင် Meme က အမြဲတမ်း Community အကြိုက်တွေ့စရာဖြစ်နေမှာပါ။ fy ရဲ့ အစွမ်းထက်တဲ့ စွမ်းဆောင်ရည်က အမြဲတမ်းပွဲတစ်ပွဲကိုအနိုင်ရဖို့ အဓိကအချက်ဖြစ်နေဦးမှာပါ။ ပရိသတ်တွေကို စိတ်ပျက်စရာပြောရရင် old eLeVeN က fy ဟာ သူ့ကိုဂုတ်သွေးစုပ်နေတယ်လို့ မထင်ပါဘူးဗျာ။ သူက fy နဲ့တွဲဆော့ရတာ အရမ်းသက်တောင့်သက်သာ ရှိနေပါတယ်။

xNova

xNova
မေး – ခင်ဗျားတို့ လူစာရင်းသစ်ရဲ့ပွဲဦးထွက်က WeSave! Charity Play နော်၊ ဒီပွဲမှာ တရုတ်ဒေသအတွက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။ ပရိသတ်တွေကလည်း တစ်ကြော့ပြန် ကြမ်းလာတဲ့ PSG.LGD ကိုမျက်ဝါးထင်ထင်မြင်ရလို့ အရမ်းကျေနပ်အံ့သြနေကြပါတယ်။ iG နဲ့ VG ပွဲစဉ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲ?
ဖြေ – ဒီနှစ်ပွဲရဲ့ရလဒ်တွေက တကယ်တမ်းတော့ သိပ်ပြီးအတည်ယူလို့မရပါဘူး။ သူတို့က အွန်လိုင်းကနေ ကစားခဲ့ပြီး ရန်ပုံငွေပွဲအတွက် အလှပြဆော့ပြခဲ့တာနဲ့ ပိုတူပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေနဲ့ လေ့ကျင့်ပွဲတွေကနေ ကျွန်တော်တို့ အသင်းတွဲဖက်ညီမှုကို စတင်တည်ဆောက်နိုင်လာပြီလို့ ကောင်းမွန်တဲ့ခံစားချက်ကိုတော့ ရထားပါတယ်။

မေး – လက်ရှိမှာ မေဂျာပြိုင်ပွဲနှစ်ခုကို လက်လွတ်ခဲ့ရပြီး နောက်ထပ်သုံးပွဲက ရွှေ့ဆိုင်း သို့ ဖျက်သိမ်းခဲ့တော့ အခုလက်ရှိ DPC အနေအထားကို ဖိအားများတယ်လို့ ခံစားရလား။ ဒါဟာ ခင်ဗျားတို့အတွက် စိန်ခေါ်မှုဖြစ်လာနိုင်သလား?
ဖြေ – လက်ရှိမှာကျန်သေးတဲ့ရာသီကိုဆက်ဆော့နိုင်ပါ့မလား မသိရတဲ့အတွက် ဖိအားတော့ခံရတာ အမှန်ပါပဲ။ ရလာမယ့် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်နိုင်ဖို့ပဲ ကြိုးစားရမှာပါ။

မေး – အသစ်ဖွဲ့စည်းလိုက်တဲ့ တရုတ် Dota2 ပရိုအဖွဲ့အစည်း Chinese DOTA2 Professional Association အတိုကောက် CDA နဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်လဲဗျ?
ဖြေ – ကိုရိုနာဗိုင်းရပ်စ်အခြေအနေအရတော့ လက်ရှိမှာ အားလုံးအတွက် LAN ပြိုင်ပွဲတွေရှိဦးမှာမဟုတ်ပါဘူး။ CDA က အွန်လိုင်းလိဂ်ပြိုင်ပွဲတွေ ကောင်းမွန်စွာစီစဉ်ပေးနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ပြီးတော့ သူတို့အနေနဲ့ အဆင့်မြင့် ပြိုင်ပွဲတွေကျင်းပခွင့်နဲ့အတူ လာမယ့်အွန်လိုင်းပြိုင်ပွဲတွေရဲ့ အရည်အသွေးနဲ့သိက္ခာကိုထိန်းချုပ်နိုင်ဖို့ ကစားသမားတွေအပေါ် စည်းကမ်းချမှတ်နိုင်တဲ့ အာဏာကိုလည်း ရရှိသင့်ပါတယ်။

fy

fy
မေး – နောက်နှစ်ရဲ့ League ပုံစံကို ဘယ်လိုမြင်လဲဗျ၊ ပုံမှန်ထက်စာရင် ကောင်းကျိုးနဲ့ဆိုးကျိုးတွေ ဘယ်လိုရှိလာနိုင်လဲ?
ဖြေ – League ပုံစံ Format ဟာ ပွဲကြည့်ပရိသတ်တွေအတွက်တော့ ပိုပြီးတည်ငြိမ်တဲ့ အချိန်ဇယားကို ယူဆောင်လာသလို အသင်းတွေလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံကို အရင်လိုကူးသန်းနေစရာမလိုတော့ဘူးပေါ့။ ဒါ့အပြင် Tier အနိမ့်အသင်းတွေဖို့ ပိုမြင့်တဲ့အဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိလာမှာဖြစ်သလို ထိတွေ့မှုလည်းပိုများလာမှာပါ။ ဒါဟာ Pro လောကအတွက် ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ဒါပေမယ့် ဆုကြေးငွေကတော့ နည်းလာတယ်။ League Format က အသင်းကြီးတွေရဲ့ တိုးတက်မှုကို တင်းကျပ်ပြီး Low Tier အသင်းတွေကို အားပေးအားမြှောက်ပြုလာပါတယ်။

မေး – အသစ်စက်စက် Patch 7.25 နဲ့ပတ်သက်ပြီးတော့ရော? သူယူဆောင်လာတဲ့ အပြောင်းအလဲတွေကို ဘယ်လိုမြင်လဲ၊ ခင်ဗျားအတွက် ဘယ်အပိုင်းက စိတ်ဝင်စားစရာအကောင်းဆုံးလဲ?
ဖြေ – TP Scroll ရဲ့ဈေးနှုန်းအပြောင်းအလဲက ဂိမ်းရဲ့ Pace ကို အတော်လေးထိခိုက်စေပါတယ်။ ပြီးတော့ Killing Streak ကို အဆုံးသတ်ရင် ရလာတဲ့ Bounty ကလည်း တကယ်များတယ်။ အားလုံးကိုနားလည်ဖို့ ကြိုးစားနေဆဲပါပဲ။

Chalice

Chalice
မေး – လက်ရှိတရုတ် Dota2 မြင်ကွင်းမှာ ကစားသမားကောင်းအသစ်တွေ ရှာဖို့ခက်လာပြီနော်၊ အဲဒါကို ဘယ်လိုထင်လဲ?
ဖြေ – ဒါကတော့ Dota2 ရဲ့အနာဂါတ်အတွက် တကယ်ဆိုးပါတယ်။ ဂိမ်းတိုင်းဂိမ်းတိုင်းဟာ သူတို့သက်တမ်းရှည်အောင် ကစားသမားသွေးသစ်လောင်းနေနိုင်ဖို့ လိုအပ်ပါတယ်။ League စနစ်က Dota2 အတွက် အင်အားသစ်တွေ ယူဆောင်လာဖို့ မျှော်လင့်မိတယ်။

မေး – Community ထဲက အသံတွေဟာ ပရိုကစားသမားအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိလဲ?
ဖြေ – အဲ့အပိုင်းတွေက ကစားသမားတွေအတွက် အနည်းနဲ့အများတော့ ဖိအားဖြစ်စေတာပါပဲ။ ဒါပေမယ့် သေချာလေ့ကျင့်ထားတဲ့ ကျွန်တော်တို့အတွက်တော့ လွှမ်းမိုးမှုသိပ်မရှိပါဘူး။
မင်းတို့ကို အမြဲတမ်းအားပေးနေတဲ့ ပရိသတ်ကို နှုတ်ဆက်စကားပြောပေးပါဦး။

တောက်လျှောက်အားပေးလာတဲ့ ကျွန်တော်တို့ပရိသတ်တွေရဲ့ အားပေးမှုနဲ့မေတ္တာကို အများကြီးကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုတွေနဲ့ ဖိအားတွေဟာ ကျွန်တော်တို့အတွက် စိတ်ခွန်အားဖြစ်စေပြီး ရှေ့သို့ဆက်တက်လှမ်းနေစေရန် အထောက်အကူဖြစ်ပါတယ်။ ဆက်လက်ကြိုးစားရင်း ပရိသတ်အတွက် စိတ်လှုပ်ရှားစရာပွဲတွေ ဆော့ကစားပေးသွားမှာပါ။

Ref – VPGame


[ZawGyi]

လူစာရင္းအေျပာင္းအလဲ၊ League စနစ္အေၾကာင္း စသျဖင့္ PSG.LGD အသင္းသစ္နဲ႔ အင္တာဗ်ဴး

 

PSG.LGD အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံရဲ႕အေကာင္းဆုံး Dota2 အသင္းလို႔ သတ္မွတ္မယ္ဆိုရင္ မွားမယ္မထင္ပါဘူး။ Ti ကိုႏွစ္ႀကိမ္တိုင္ နီးကပ္စြာစိန္ေခၚခဲ့ေပမယ့္ အရႈံးေပးခဲ့ရၿပီး အေကာင္းဆုံးအရႈံးသမားတစ္ေယာက္ ျဖစ္ခဲ့တဲ့သူတို႔ဟာ အခု DPC Season အတြင္းမွာေတာ့ လူစာရင္းမတည္ၿငိမ္မႈနဲ႔အတူ ရလဒ္ေတြဆိုးဝါးလ်က္ရွိခဲ့ပါတယ္။

ဒါေပမယ့္ အခုလက္ရွိလူစာရင္းျဖစ္တဲ့ Chalice, Maybe, eLeVeN, fy, xNova တို႔နဲ႔ေတာ့ ေနာက္ဆုံးေဆာ့ခဲ့တဲ့ ပြဲေတြမွာ VG, iG နဲ႔ RNG တို႔လို ျပည္တြင္းၿပိဳင္ဘက္ေကာင္းေတြကို ရႈံးပြဲေတာင္မရွိဘဲ အျပတ္အသတ္အႏိုင္ယူျပခဲ့ပါတယ္။ ယခင္က old-eleven နာမည္နဲ႔လူသိမ်ားတဲ့ eLeVeN ဟာ ယခင္ EHOME နဲ႔နာမည္ေက်ာ္ခဲ့ၿပီး LGD မွာ အရင္ကလည္း အဌားေဆာ့ခဲ့သလို အခုလည္း အဌားနဲ႔ထပ္ေရာက္လာတာပါ။ လက္ရွိ Offlane ျဖစ္တဲ့ Chalice က Carry Role ကို ေျပာင္းလဲေဆာ့ခဲ့ၿပီးေနာက္ ထင္မွတ္မထားေလာက္တဲ့ ရလဒ္ေတြ ေန႔ခ်င္းညခ်င္းရလာခဲ့ပါတယ္။

လြန္ခဲ့တဲ့ရက္အနည္းငယ္က PSG.LGD ဟာ သူတို႔ရဲ႕လူစာရင္းသစ္ကို မိတ္ဆက္ခဲ့ၿပီးေနာက္ eSportsFocus မွ သူတို႔တစ္သင္းလုံးနဲ႔ အင္တာဗ်ဴးခဲ့ၿပီး လက္ရွိလူစာရင္းအေျပာင္းအလဲ၊ ရည္မွန္းခ်က္နဲ႔ ေနာက္ရာသီမွာေျပာင္းလဲမယ့္ League စနစ္အေပၚအျမင္ စတာေတြကို ေမးျမန္းခဲ့ပါတယ္။

Maybe/Somus’

Maybe/Somus’
ေမး – ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္း ဒုတိယနဲ႔တတိယရခဲ့ေပမယ့္ Aegis ကို ကိုင္ေျမႇာက္ဖို႔နီးကပ္ခဲ့ၿပီးမွေတာ့ ခင္ဗ်ားတို႔ ေက်နပ္မွာ မဟုတ္ဘူးထင္ပါတယ္။ ဒါက စိတ္ဓါတ္ပိုင္းကို ေျပာင္းလဲမႈရွိခဲ့သလား?
ေျဖ – အင္း၊ ကြၽန္ေတာ္တို႔ မလုပ္ႏိုင္ခဲ့တာ ႏွေျမာစရာေပါ့။ ဒါေပမယ့္ ဒါ့ေၾကာင့္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဓါတ္ပိုင္းကို ထိခိုက္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ပန္းတိုင္က အၿမဲတမ္းတစ္ခုတည္းပါပဲ – Ti ကိုအႏိုင္ရဖို႔ေပါ့။

ေမး – ဒီရာသီအစမွာ ပုံမွန္လက္စြမ္းထက္နိမ့္က်ခဲ့ရတဲ့အေၾကာင္းရင္းက ဘာမ်ားလဲ?
ေျဖ – ကြၽန္ေတာ္တို႔ကေတာ့ ဒါကို ‘ပုံမွန္လက္စြမ္းမျပႏိုင္ဘူး’ လို႔ မေခၚပါဘူး။ ဒါေပမယ့္ Patch Update ေတြအၿပီးမွာ လက္ရွိ Meta ကို လိုက္ေလ်ာညီေထြေျပာင္းလဲၿပီး ကြၽမ္းက်င္စြာကစားႏိုင္ဖို႔ မလုပ္ခဲ့မိဘူး၊ ဒါက ကြၽန္ေတာ္တို႔ကို ရႈံးပြဲရေစခဲ့တာပါ။ လူစာရင္းအေျပာင္းအလဲနဲ႔လည္းနည္းနည္းဆိုင္တာေပါ့၊ ၿပီးေတာ့ တြဲဖက္ညီမႈရယ္၊ အသင္းသားသစ္ေတြနဲ႔ အံဝင္ခြင္က်မရွိတာရယ္လည္း ပါပါတယ္။

ေမး – ခင္ဗ်ားတို႔အေနနဲ႔ လူစာရင္းကို မေျပာင္းလဲတာၾကာခဲ့ၿပီေနာ္၊ အခုရက္ပိုင္း အေျပာင္းအလဲေတြက ခင္ဗ်ားအေပၚ ဘယ္လိုသက္ေရာက္သလဲ?
ေျဖ – နည္းနည္းအေျပာင္းအလဲလုပ္ၾကည့္ၾကတာပါ။ old eLeVeN ကိုျပန္ေခၚၿပီး Chalice ကို Carry ကစားေစတာက ကြၽန္ေတာ္တို႔ရဲ႕ စတိုင္လ္နဲ႔ ဗ်ဴဟာပိုင္းကို ေျပာင္းလဲေစခဲ့ပါတယ္။ ဒီလိုအေျပာင္းအလဲကို ခံစားရတာေကာင္းပါတယ္။

ေမး – Chalice တစ္ေယာက္ Carry ေျပာင္းေဆာ့တာနဲ႔ပတ္သက္ၿပီး fy က သူ႔ဆီက Gold/Exp ေတြ ဆက္ၿပီး လုယူေနဦးမွာလား တနည္းအားျဖင့္ Chalice ကိုေသြးစုပ္ေနဦးမွာလား၊ ဒါမွမဟုတ္ fy က လူသစ္ old eLeVeN (ယခု Offlane) ကိုပဲ အႏိုင္ဆက္က်င့္သြားမွာလား?
ေျဖ – အဲဒီ ေသြးစုပ္ေကာင္ Meme က အၿမဲတမ္း Community အႀကိဳက္ေတြ႕စရာျဖစ္ေနမွာပါ။ fy ရဲ႕ အစြမ္းထက္တဲ့ စြမ္းေဆာင္ရည္က အၿမဲတမ္းပြဲတစ္ပြဲကိုအႏိုင္ရဖို႔ အဓိကအခ်က္ျဖစ္ေနဦးမွာပါ။ ပရိသတ္ေတြကို စိတ္ပ်က္စရာေျပာရရင္ old eLeVeN က fy ဟာ သူ႔ကိုဂုတ္ေသြးစုပ္ေနတယ္လို႔ မထင္ပါဘူးဗ်ာ။ သူက fy နဲ႔တြဲေဆာ့ရတာ အရမ္းသက္ေတာင့္သက္သာ ရွိေနပါတယ္။

xNova

xNova
ေမး – ခင္ဗ်ားတို႔ လူစာရင္းသစ္ရဲ႕ပြဲဦးထြက္က WeSave! Charity Play ေနာ္၊ ဒီပြဲမွာ တ႐ုတ္ေဒသအတြက္ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့တယ္။ ပရိသတ္ေတြကလည္း တစ္ေၾကာ့ျပန္ ၾကမ္းလာတဲ့ PSG.LGD ကိုမ်က္ဝါးထင္ထင္ျမင္ရလို႔ အရမ္းေက်နပ္အံ့ၾသေနၾကပါတယ္။ iG နဲ႔ VG ပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုခံစားရပါသလဲ?
ေျဖ – ဒီႏွစ္ပြဲရဲ႕ရလဒ္ေတြက တကယ္တမ္းေတာ့ သိပ္ၿပီးအတည္ယူလို႔မရပါဘူး။ သူတို႔က အြန္လိုင္းကေန ကစားခဲ့ၿပီး ရန္ပုံေငြပြဲအတြက္ အလွျပေဆာ့ျပခဲ့တာနဲ႔ ပိုတူပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္ေတြနဲ႔ ေလ့က်င့္ပြဲေတြကေန ကြၽန္ေတာ္တို႔ အသင္းတြဲဖက္ညီမႈကို စတင္တည္ေဆာက္ႏိုင္လာၿပီလို႔ ေကာင္းမြန္တဲ့ခံစားခ်က္ကိုေတာ့ ရထားပါတယ္။

ေမး – လက္ရွိမွာ ေမဂ်ာၿပိဳင္ပြဲႏွစ္ခုကို လက္လြတ္ခဲ့ရၿပီး ေနာက္ထပ္သုံးပြဲက ေ႐ႊ႕ဆိုင္း သို႔ ဖ်က္သိမ္းခဲ့ေတာ့ အခုလက္ရွိ DPC အေနအထားကို ဖိအားမ်ားတယ္လို႔ ခံစားရလား။ ဒါဟာ ခင္ဗ်ားတို႔အတြက္ စိန္ေခၚမႈျဖစ္လာႏိုင္သလား?
ေျဖ – လက္ရွိမွာက်န္ေသးတဲ့ရာသီကိုဆက္ေဆာ့ႏိုင္ပါ့မလား မသိရတဲ့အတြက္ ဖိအားေတာ့ခံရတာ အမွန္ပါပဲ။ ရလာမယ့္ အခြင့္အေရးတိုင္းကို ဆုပ္ကိုင္ႏိုင္ဖို႔ပဲ ႀကိဳးစားရမွာပါ။

ေမး – အသစ္ဖြဲ႕စည္းလိုက္တဲ့ တ႐ုတ္ Dota2 ပ႐ိုအဖြဲ႕အစည္း Chinese DOTA2 Professional Association အတိုေကာက္ CDA နဲ႔ပတ္သက္ၿပီး ဘယ္လိုထင္ျမင္လဲဗ်?
ေျဖ – ကို႐ိုနာဗိုင္းရပ္စ္အေျခအေနအရေတာ့ လက္ရွိမွာ အားလုံးအတြက္ LAN ၿပိဳင္ပြဲေတြရွိဦးမွာမဟုတ္ပါဘူး။ CDA က အြန္လိုင္းလိဂ္ၿပိဳင္ပြဲေတြ ေကာင္းမြန္စြာစီစဥ္ေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္။ ၿပီးေတာ့ သူတို႔အေနနဲ႔ အဆင့္ျမင့္ ၿပိဳင္ပြဲေတြက်င္းပခြင့္နဲ႔အတူ လာမယ့္အြန္လိုင္းၿပိဳင္ပြဲေတြရဲ႕ အရည္အေသြးနဲ႔သိကၡာကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ကစားသမားေတြအေပၚ စည္းကမ္းခ်မွတ္ႏိုင္တဲ့ အာဏာကိုလည္း ရရွိသင့္ပါတယ္။

fy

fy
ေမး – ေနာက္ႏွစ္ရဲ႕ League ပုံစံကို ဘယ္လိုျမင္လဲဗ်၊ ပုံမွန္ထက္စာရင္ ေကာင္းက်ိဳးနဲ႔ဆိုးက်ိဳးေတြ ဘယ္လိုရွိလာႏိုင္လဲ?
ေျဖ – League ပုံစံ Format ဟာ ပြဲၾကည့္ပရိသတ္ေတြအတြက္ေတာ့ ပိုၿပီးတည္ၿငိမ္တဲ့ အခ်ိန္ဇယားကို ယူေဆာင္လာသလို အသင္းေတြလည္း တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံကို အရင္လိုကူးသန္းေနစရာမလိုေတာ့ဘူးေပါ့။ ဒါ့အျပင္ Tier အနိမ့္အသင္းေတြဖို႔ ပိုျမင့္တဲ့အဆင့္မွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိလာမွာျဖစ္သလို ထိေတြ႕မႈလည္းပိုမ်ားလာမွာပါ။ ဒါဟာ Pro ေလာကအတြက္ ပိုေကာင္းလာမယ္လို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္။ ဒါေပမယ့္ ဆုေၾကးေငြကေတာ့ နည္းလာတယ္။ League Format က အသင္းႀကီးေတြရဲ႕ တိုးတက္မႈကို တင္းက်ပ္ၿပီး Low Tier အသင္းေတြကို အားေပးအားေျမႇာက္ျပဳလာပါတယ္။

ေမး – အသစ္စက္စက္ Patch 7.25 နဲ႔ပတ္သက္ၿပီးေတာ့ေရာ? သူယူေဆာင္လာတဲ့ အေျပာင္းအလဲေတြကို ဘယ္လိုျမင္လဲ၊ ခင္ဗ်ားအတြက္ ဘယ္အပိုင္းက စိတ္ဝင္စားစရာအေကာင္းဆုံးလဲ?
ေျဖ – TP Scroll ရဲ႕ေဈးႏႈန္းအေျပာင္းအလဲက ဂိမ္းရဲ႕ Pace ကို အေတာ္ေလးထိခိုက္ေစပါတယ္။ ၿပီးေတာ့ Killing Streak ကို အဆုံးသတ္ရင္ ရလာတဲ့ Bounty ကလည္း တကယ္မ်ားတယ္။ အားလုံးကိုနားလည္ဖို႔ ႀကိဳးစားေနဆဲပါပဲ။

Chalice

Chalice
ေမး – လက္ရွိတ႐ုတ္ Dota2 ျမင္ကြင္းမွာ ကစားသမားေကာင္းအသစ္ေတြ ရွာဖို႔ခက္လာၿပီေနာ္၊ အဲဒါကို ဘယ္လိုထင္လဲ?
ေျဖ – ဒါကေတာ့ Dota2 ရဲ႕အနာဂါတ္အတြက္ တကယ္ဆိုးပါတယ္။ ဂိမ္းတိုင္းဂိမ္းတိုင္းဟာ သူတို႔သက္တမ္းရွည္ေအာင္ ကစားသမားေသြးသစ္ေလာင္းေနႏိုင္ဖို႔ လိုအပ္ပါတယ္။ League စနစ္က Dota2 အတြက္ အင္အားသစ္ေတြ ယူေဆာင္လာဖို႔ ေမွ်ာ္လင့္မိတယ္။

ေမး – Community ထဲက အသံေတြဟာ ပ႐ိုကစားသမားအေပၚ ဘယ္ေလာက္ထိသက္ေရာက္မႈရွိလဲ?
ေျဖ – အဲ့အပိုင္းေတြက ကစားသမားေတြအတြက္ အနည္းနဲ႔အမ်ားေတာ့ ဖိအားျဖစ္ေစတာပါပဲ။ ဒါေပမယ့္ ေသခ်ာေလ့က်င့္ထားတဲ့ ကြၽန္ေတာ္တို႔အတြက္ေတာ့ လႊမ္းမိုးမႈသိပ္မရွိပါဘူး။
မင္းတို႔ကို အၿမဲတမ္းအားေပးေနတဲ့ ပရိသတ္ကို ႏႈတ္ဆက္စကားေျပာေပးပါဦး။

ေတာက္ေလွ်ာက္အားေပးလာတဲ့ ကြၽန္ေတာ္တို႔ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ေမတၱာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။ ခင္ဗ်ားတို႔ရဲ႕ အားေပးမႈေတြနဲ႔ ဖိအားေတြဟာ ကြၽန္ေတာ္တို႔အတြက္ စိတ္ခြန္အားျဖစ္ေစၿပီး ေရွ႕သို႔ဆက္တက္လွမ္းေနေစရန္ အေထာက္အကူျဖစ္ပါတယ္။ ဆက္လက္ႀကိဳးစားရင္း ပရိသတ္အတြက္ စိတ္လႈပ္ရွားစရာပြဲေတြ ေဆာ့ကစားေပးသြားမွာပါ။

Ref – VPGame