Group Stage မှာ လက်စွမ်းပြခဲ့ပြီး Upper Bracket ကို တက်ရောက်နိုင်ခဲ့တဲ့ PSG.LGD နဲ့ Team Nigma

 

We Play Animajor ရဲ့ Group Stage ပွဲစဉ်‌တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ Team Liquid နဲ့ Beastcoast က‌တော့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပါပြီ။ Group Stage မှာတင် ပြိုင်ဆိုင်မှုတွေက ပြင်းထန်နေခဲ့ပြီး play offs တက်ဖို့အတွက်လည်း အမှတ်တွေဟာ သိပ်မကွာခဲ့ပါဘူး။

Group Stage မှာ လက်စွမ်းအပြဆုံးအသင်း‌တွေကတော့ PSG.LGD နဲ့ Team Nigma တို့ပဲဖြစ်ပါတယ်။ PSG.LGD ရဲ့ ကစားပုံတွေဟာ တခြားအသင်းတွေထက် အနည်းငယ်သာလွန်နေတာကိုလည်း တွေ့ရပါတယ်။ PSG.LGD ရဲ့ လူစာရင်းတွေကတော့ Ame, NothingToSay, Faith Bian, XinQ, y` (Innocence) တို့ပဲဖြစ်ပါတယ်။ NothingToSay နဲ့ XinQ ကို အငှားစာချုပ်အ‌နေနဲ့ပဲ ခေါ်ယူထားတာ ဖြစ်ပါတယ်။ Faith Bian နဲ့ y` (Innocence) ဟာ Wings Gaming အသင်းနဲ့အတူ TI6 Champion ကို ရရှိခဲ့တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

XinQ ကတော့ 2014 လောက်မှာကတည်းက TongFu.WanZhou အသင်းမှာ စတင် ‌ဆော့ကစားခဲ့တယ်ဆိုပေမယ့် လူသိပ်မသိခဲ့ပါဘူး။ XinQ ကို တော်တော်များများ စသိခဲ့တာကတော့ TI8 မှာပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Team Serenity နဲ့အတူ Offlane role ကို ကစားခဲ့ပါတယ်။ တခြားအသင်းတွေ 4 protect 1 တွေဆော့နေတဲ့အချိန်မှာတောင် Team Serenity ဟာ 2 cores or 3 cores လောက်အထိ ထုတ်ပြီးကစားကာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

XinQ ဟာ Team Serenity ကထွက်ပြီး Ehome အသင်းကို ရောက်ရှိခဲ့ပါသေးတယ်။ Ehome မှာ တစ်နှစ်ကျော်လောက် ကစားပြီးတဲ့နောက်မှာတော့ PSG.LGD က XinQ ကို အငှားနဲ့ ခေါ်ယူထားတာပဲဖြစ်ပါတယ်။ WePlay AniMajor ရဲ့ Group Stage တွေမှာတော့ XinQ ရဲ့ ကစားပုံတွေဟာ တော်တော်လေး ကောင်းမွန်နေတာကိုလည်း တွေ့ရပါတယ်။

XinQ ရဲ့ Signature တွေကတော့ Mirana, Rubick, Winter Wyvern တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Group Stage မှာတော့ Snapfire, Clockwerk, Nyx တို့နဲ့ လက်စွမ်းပြနေတာပဲဖြစ်ပါတယ်။ XinQ တစ်ယောက် Play offs မှာလည်း ဘယ်လိုလက်စွမ်းတွေပြမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Team Nigma အသင်းဟာလည်း လိုအပ်နေတဲ့ DPC Points အတွက် အစွမ်းကုန်ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီ Major မှာ အနည်းဆုံး အဆင့်နှစ်လောက်ရမှ TI10 ဝင်ခွင့်ရဖို့ သေချာမှာလည်း ဖြစ်ပါတယ်။ Qualifier ကနေ ယှဉ်ပြိုင်ရမယ့် Team OG အပြင် အခြားအသင်းကြီးတွေလည်းရှိသေးတဲ့အတွက် Qualifiers ပွဲစဉ်တွေဟာ ခက်ခဲနေမှာပါ။ အဲဒါကြောင့်လည်း Team Nigma ဟာ Group Stage တွေမှာ အကောင်းဆုံးကစားခဲ့တာကိုလည်း ‌တွေ့ခဲ့ရပါတယ်။ Team Nigma ဟာ Play Off ရဲ့ Upper Bracket မှာ CIS ရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ Virtus pro နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

Miracle ဟာ WePlay AniMajor မှာ Hero Kills အရေအတွက် ၂၃၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာလည်း တွေ့ရပါတယ်။ ထူးခြားမှုအ‌နေနဲ့တော့ Position 5 ဆော့ကစားတဲ့ Kuroky ဟာ Hero Kills အရေအတွက် ၉၉ နဲ့ အဆင့် ၁၂ နေရာမှာ ဦး‌ဆောင်နေတာလည်း တွေ့ရပါတယ်။ WePlay AniMajor မှာ MVP Core Award နဲ့ MVP Support Award ဆုတွေလည်း ပေးမှာဖြစ်ပါတယ်။ Play Off ပွဲစဉ်တွေကိုတော့ မနက်ဖြန် နေ့လည် ၃နာရီခွဲမှာ Team Aster နဲ့ T1 အသင်းတို့ စတင်ဆော့ကစားမှာပဲဖြစ်ပါတယ်။

Images Credit to WePlay Esports