[Unicode]

အမျိုးသမီး Dota Player “Axx” အသင်းကို ရှုံးနိမ့်ပြီး Major ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့တဲ့ PSG.LGD

 

နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ The International ပွဲကြီးများမှာ နေရာကောင်းများ ရရှိနေခဲ့တဲ့ PSG.LGD အသင်းကတော့ ထင်မှတ်မထားတဲ့ ဆုံးရှုံးမှုတစ်ခုကို မကြာသေးမီက ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အမျိုးသမီး Dota 2 ကစားသမား Axx ပါဝင်ဖွဲ့စည်းထားပြီး သက်တမ်းနုနယ်သေးတဲ့ Blaze အသင်းကို တရုတ် open qualifier မှာ ၂ ပွဲပြတ် ရှုံးနိမ့်ခဲ့လို့ ESL One LA 2020 Major ဝင်ရောက်ခွင့်ကို လက်လွှတ်လိုက်ရတာပဲ ဖြစ်ပါတယ်။

 

ယခုလ အစောပိုင်းတုန်းက PSG.LGD ဟာ CDEC အသင်းရဲ့ ကစားသမား Ahjit ကို ယင်းတို့အသင်းရဲ့ ကစားသမားဟောင်း Ame နဲ့ လဲလှယ်ခေါ်ယူခဲ့ပေမယ့် ရက်အနည်းငယ်အတွင်းမှာတင် Ahjit ကို အရန်ကစားသမားအဖြစ်သာ သတ်မှတ်ကြောင်း ပြန်လည်ကြေညာခဲ့ပါတယ်။ Open qualifier ဝင်ရောက်ယှဉ်ပြိုင်ဖို့ နာရီပိုင်းအလိုမှာ Ahjit နေရာကို ASD နဲ့ အစားထိုးခဲ့ပြီးနောက် ယခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပထမဆုံးပွဲအပြီးမှာ Blaze အသင်းကစားသမား K ရဲ့ Lifestealer က 8/1/12 kda နဲ့ Cy ရဲ့ Mars က 8/3/9 kda ရရှိထားခဲ့သလို Axx ရဲ့ Void Spirit ဟာလည်း 3/2/18 kda ရရှိထားတာတွေ့ရလို့ တစ်ပွဲလုံးမှာ LGD ဟာ Blaze ရဲ့ core hero များကို ထိထိရောက်ရောက်နှိမ်နင်းဖို့ အားနည်းခဲ့တယ်လို့ ဆိုရမှာပါ။ ဂိမ်းအတွင်းမှာ Somnus ရဲ့ Juggernaut ဟာ Aegis ရယူနိုင်ခဲ့လို့ အသာစီးရသယောင်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ Blaze ဘက်က Crystal Maiden ရဲ့ BKB + Glimmer Cape + Ult မိပြီး LGD တို့ အရေးနိမ့်ခဲ့ရပါတယ်။

ဂိမ်းနှောင်းပိုင်းအရောက် Blaze ဘက်က Mars က Aegis ယူပြီး တက်လာခဲ့ချိန်မှာလည်း Somnus ရဲ့ Juggernaut နဲ့ ASD ရဲ့ Shadow Fiend တို့ကို ဖမ်းနိုင်ခဲ့ပြီး LGD ရဲ့ T4 တာဝါများကို ရယူနိုင်ခဲ့ပါတယ်။ ၂ သင်းလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရတဲ့ ဒီပွဲရဲ့ ၄၁ မိနစ်အရောက်မှာတော့ Blaze ဘက်က kill ၄ ခါအသာနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒုတိယမြောက်ပွဲမှာတော့ LGD တို့ နောက်ဆုံး pick ရခဲ့လို့ ASD ကို Meepo ကစားစေခဲ့ပါတယ်။ ဒါပေမယ့် Somnus ရဲ့ Gyro ဟာ လမ်းပေါ်မှာ တစ်ဖက်အသင်းရဲ့ ဖိအားပေးခြင်းကို ခံရလို့ မသာယာခဲ့ပါဘူး။ အစောပိုင်းမှာ LGD ဘက်က Fy ရဲ့ Rubick ဟာ ရန်သူ Puck, Snapfire နဲ့ Beastmaster တို့ရဲ့ Ult များကို ခိုးပြီး battle အသာစီးရအောင် အပြင်းအထန် စွမ်းဆောင်ခဲ့ပါတယ်။

ASD ရဲ့ Meepo ဟာ ၂၂ မိနစ်မှာ Skadi နဲ့ Ethereal ရရှိထားခဲ့ပေမယ့် ဂိမ်းကို ထိထိရောက်ရောက် မထိန်းနိုင်ခဲ့ပါဘူး။ Blaze ဘက်က Axx ရဲ့ Beastmaster နဲ့ Visage တို့ဟာ တာဝါများ ရယူရာမှာ မြန်ဆန်လွန်းလှသလို Lifestealer ရဲ့ Halberd နဲ့ Mjolnir တို့ကလည်း Meepo ကို ကောင်းကောင်းဒုက္ခပေးခဲ့ပါတယ်။

Axx

နောက်ပိုင်းမှာ Axx ရဲ့ Beastmaster ကို sod နဲ့ kill နိုင်ခဲ့လို့ LGD တို့ Aegis ယူဖို့ ကြိုးစားခဲ့ပေမယ့် buyback နဲ့ ပြန်ထွက်လာခဲ့လို့ Meepo ကျသွားခဲ့ရပါတယ်။ သူလည်း buyback နဲ့ ပြန်လာပြီး ရင်ဆိုင်ခဲ့ပေမယ့် Blaze ဘက်က Lifestealer က Aegis ရသွားခဲ့ပြီး LGD တို့ အရေးနိမ့်ခဲ့ရပါတယ်။

နောက်ဆုံး battle မှာတော့ Somnus ရဲ့ Gyrocopter ကို Axx က Primal Roar ပေးနိုင်ခဲ့သလို LGD ဘက်က hero ၄ ကောင် buyback မရှိခင် ကျဆုံးသွားခဲ့လို့ ၄၂ မိနစ်မှာ Blaze တို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါကြောင့် Axx ဟာ Dota 2 သမိုင်းကြောင်းတစ်လျှောက်မှာ Major တစ်ခုရဲ့ regional qualifier အထိ ရောက်ရှိလာခဲ့တဲ့ ဒုတိယမြောက်အမျိုးသမီးကစားသမား ဖြစ်လာခဲ့ပါတယ်။

LGD အတွက်ကတော့ ယခု DPC season မှာ open qualifier ကနေ Major ဝင်ရောက်ခွင့် ဆုံးရှုံးတာ ၂ ကြိမ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ Axx သာ LA Major ကို ဝင်ရောက်နိုင်ခဲ့ရင် Dota 2 သမိုင်းမှာ Major အထိတက်ရောက်နိုင်တဲ့ ပထမဆုံး အမျိုးသမီးကစားသမားဖြစ်လာဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: vpgame


[ZawGyi]

အမ်ိဳးသမီး Dota Player “Axx” အသင္းကို ရႈံးနိမ့္ၿပီး Major ဝင္ေရာက္ခြင့္ ဆုံးရႈံးခဲ့တဲ့ PSG.LGD

 

ႏွစ္စဥ္ႏွစ္တိုင္းက်င္းပၿမဲျဖစ္တဲ့ The International ပြဲႀကီးမ်ားမွာ ေနရာေကာင္းမ်ား ရရွိေနခဲ့တဲ့ PSG.LGD အသင္းကေတာ့ ထင္မွတ္မထားတဲ့ ဆုံးရႈံးမႈတစ္ခုကို မၾကာေသးမီက ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲဒါကေတာ့ အမ်ိဳးသမီး Dota 2 ကစားသမား Axx ပါဝင္ဖြဲ႕စည္းထားၿပီး သက္တမ္းႏုနယ္ေသးတဲ့ Blaze အသင္းကို တ႐ုတ္ open qualifier မွာ ၂ ပြဲျပတ္ ရႈံးနိမ့္ခဲ့လို႔ ESL One LA 2020 Major ဝင္ေရာက္ခြင့္ကို လက္လႊတ္လိုက္ရတာပဲ ျဖစ္ပါတယ္။

ယခုလ အေစာပိုင္းတုန္းက PSG.LGD ဟာ CDEC အသင္းရဲ႕ ကစားသမား Ahjit ကို ယင္းတို႔အသင္းရဲ႕ ကစားသမားေဟာင္း Ame နဲ႔ လဲလွယ္ေခၚယူခဲ့ေပမယ့္ ရက္အနည္းငယ္အတြင္းမွာတင္ Ahjit ကို အရန္ကစားသမားအျဖစ္သာ သတ္မွတ္ေၾကာင္း ျပန္လည္ေၾကညာခဲ့ပါတယ္။ Open qualifier ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ နာရီပိုင္းအလိုမွာ Ahjit ေနရာကို ASD နဲ႔ အစားထိုးခဲ့ၿပီးေနာက္ ယခုလို အေျခအေနမ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။

ပထမဆုံးပြဲအၿပီးမွာ Blaze အသင္းကစားသမား K ရဲ႕ Lifestealer က 8/1/12 kda နဲ႔ Cy ရဲ႕ Mars က 8/3/9 kda ရရွိထားခဲ့သလို Axx ရဲ႕ Void Spirit ဟာလည္း 3/2/18 kda ရရွိထားတာေတြ႕ရလို႔ တစ္ပြဲလုံးမွာ LGD ဟာ Blaze ရဲ႕ core hero မ်ားကို ထိထိေရာက္ေရာက္ႏွိမ္နင္းဖို႔ အားနည္းခဲ့တယ္လို႔ ဆိုရမွာပါ။ ဂိမ္းအတြင္းမွာ Somnus ရဲ႕ Juggernaut ဟာ Aegis ရယူႏိုင္ခဲ့လို႔ အသာစီးရသေယာင္ရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ Blaze ဘက္က Crystal Maiden ရဲ႕ BKB + Glimmer Cape + Ult မိၿပီး LGD တို႔ အေရးနိမ့္ခဲ့ရပါတယ္။

ဂိမ္းေႏွာင္းပိုင္းအေရာက္ Blaze ဘက္က Mars က Aegis ယူၿပီး တက္လာခဲ့ခ်ိန္မွာလည္း Somnus ရဲ႕ Juggernaut နဲ႔ ASD ရဲ႕ Shadow Fiend တို႔ကို ဖမ္းႏိုင္ခဲ့ၿပီး LGD ရဲ႕ T4 တာဝါမ်ားကို ရယူႏိုင္ခဲ့ပါတယ္။ ၂ သင္းလုံး အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ၾကရတဲ့ ဒီပြဲရဲ႕ ၄၁ မိနစ္အေရာက္မွာေတာ့ Blaze ဘက္က kill ၄ ခါအသာနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒုတိယေျမာက္ပြဲမွာေတာ့ LGD တို႔ ေနာက္ဆုံး pick ရခဲ့လို႔ ASD ကို Meepo ကစားေစခဲ့ပါတယ္။ ဒါေပမယ့္ Somnus ရဲ႕ Gyro ဟာ လမ္းေပၚမွာ တစ္ဖက္အသင္းရဲ႕ ဖိအားေပးျခင္းကို ခံရလို႔ မသာယာခဲ့ပါဘူး။ အေစာပိုင္းမွာ LGD ဘက္က Fy ရဲ႕ Rubick ဟာ ရန္သူ Puck, Snapfire နဲ႔ Beastmaster တို႔ရဲ႕ Ult မ်ားကို ခိုးၿပီး battle အသာစီးရေအာင္ အျပင္းအထန္ စြမ္းေဆာင္ခဲ့ပါတယ္။

ASD ရဲ႕ Meepo ဟာ ၂၂ မိနစ္မွာ Skadi နဲ႔ Ethereal ရရွိထားခဲ့ေပမယ့္ ဂိမ္းကို ထိထိေရာက္ေရာက္ မထိန္းႏိုင္ခဲ့ပါဘူး။ Blaze ဘက္က Axx ရဲ႕ Beastmaster နဲ႔ Visage တို႔ဟာ တာဝါမ်ား ရယူရာမွာ ျမန္ဆန္လြန္းလွသလို Lifestealer ရဲ႕ Halberd နဲ႔ Mjolnir တို႔ကလည္း Meepo ကို ေကာင္းေကာင္းဒုကၡေပးခဲ့ပါတယ္။

Axx

ေနာက္ပိုင္းမွာ Axx ရဲ႕ Beastmaster ကို sod နဲ႔ kill ႏိုင္ခဲ့လို႔ LGD တို႔ Aegis ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ buyback နဲ႔ ျပန္ထြက္လာခဲ့လို႔ Meepo က်သြားခဲ့ရပါတယ္။ သူလည္း buyback နဲ႔ ျပန္လာၿပီး ရင္ဆိုင္ခဲ့ေပမယ့္ Blaze ဘက္က Lifestealer က Aegis ရသြားခဲ့ၿပီး LGD တို႔ အေရးနိမ့္ခဲ့ရပါတယ္။

ေနာက္ဆုံး battle မွာေတာ့ Somnus ရဲ႕ Gyrocopter ကို Axx က Primal Roar ေပးႏိုင္ခဲ့သလို LGD ဘက္က hero ၄ ေကာင္ buyback မရွိခင္ က်ဆုံးသြားခဲ့လို႔ ၄၂ မိနစ္မွာ Blaze တို႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ Axx ဟာ Dota 2 သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ Major တစ္ခုရဲ႕ regional qualifier အထိ ေရာက္ရွိလာခဲ့တဲ့ ဒုတိယေျမာက္အမ်ိဳးသမီးကစားသမား ျဖစ္လာခဲ့ပါတယ္။

LGD အတြက္ကေတာ့ ယခု DPC season မွာ open qualifier ကေန Major ဝင္ေရာက္ခြင့္ ဆုံးရႈံးတာ ၂ ႀကိမ္ရွိသြားၿပီပဲ ျဖစ္ပါတယ္။ မည္သို႔ပင္ျဖစ္ေစ Axx သာ LA Major ကို ဝင္ေရာက္ႏိုင္ခဲ့ရင္ Dota 2 သမိုင္းမွာ Major အထိတက္ေရာက္ႏိုင္တဲ့ ပထမဆုံး အမ်ိဳးသမီးကစားသမားျဖစ္လာဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: vpgame