[Unicode]

PlayStation 5 ထွက်ရှိမယ့်အချိန်နဲ့ ထူးခြားဆန်းသစ်မှုတွေက ဘာတွေဖြစ်မလဲ

 

Sony က အသစ်ထုတ်လုပ်မယ့် မျိုးဆက်သစ်ဂိမ်းစက်ရဲ့ နာမည်ဟာ PlayStation 5 ဖြစ်ကြောင်း မကြာသေးမီက အတည်ပြုကြေညာလိုက်ပါတယ်။ PS5 နဲ့ ပတ်သတ်တဲ့ အချက်အလက်အချို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းတို့ထဲမှာ PS5 ထွက်ရှိလာမယ့်အချိန်လည်း ပါဝင်ပါတယ်။

Console ဂိမ်းဝါသနာရှင်များ သိချင်နေကြတဲ့ PS5 ထွက်ရှိမယ့်အချိန်ကို “holiday 2020” ၂၀၂၀ နိုဝင်ဘာလ လို့ပဲ ပြောထားပြီး ရက်စွဲအတိအကျကိုတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် PS5 ထွက်လာမယ့်အချိန်ဟာ ပြိုင်ဘက် Xbox Scarlett ဂိမ်းစက်ထွက်မယ့်အချိန်နဲ့ အနည်းငယ်သာ ကွာခြားမှာဖြစ်လို့ ခရစ်စမတ်နဲ့ နှစ်သစ်ဈေးရောင်းပွဲများမှာ console ဂိမ်းစက်နှစ်ခု ယှဉ်ပြိုင်ကြရမယ်ဆိုတာကတော့ သေချာသွားခဲ့ပါတယ်။

PS5 ရဲ့ ဈေးနှုန်းကိုလည်း အတိအကျဖော်ပြထားခြင်းမရှိပဲ “gamer များကို ဆွဲဆောင်နိုင်မယ့် ဈေးနှုန်း” လို့သာ ပြောထားပါတယ်။ PS4 ဂိမ်းစက် ပြုလုပ်ရာမှာ ဦးဆောင်ခဲ့ပြီး ယခု PS5 အတွက်လည်း တာဝန်ရှိသူ Mark Cerny ကတော့ “Advanced feature များ ပါဝင်တဲ့ PS5 ဂိမ်းစက်ကို gamer အများ လိုချင်နေကြတဲ့ ဈေးနှုန်းအတိုင်း ရောင်းချနိုင်မှာ ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

PS5 ဟာ ထွက်ရှိပြီးခဲ့တဲ့ PS4 နဲ့ backwards compatible ဖြစ်မယ့်အကြောင်းကိုလည်း Mark Cerny က ပြောကြားခဲ့ပါတယ်။ PS4 ထွက်ရှိစဉ်က PS1, PS2, PS3 တို့နဲ့ backwards compatible မဖြစ်ခဲ့တဲ့အချက်ကို gamer များ သဘောမကျခဲ့ကြပါဘူး။ Backwards compatibility ဟာ PS4 ကနေ PS5 ပြောင်းလဲ ကစားသူ များကို အစိမ်းသက်သက်မဖြစ်စေလို့ လူကြိုက်ပိုမိုများပြားလာစေနိုင်ပါတယ်။

PS5 မှာ solid state drive ကို အသုံးပြုထားတဲ့အတွက် PS4 ထက် loading ပိုမိုမြန်ဆန်မှာပါ။ Mark Cerny ဟာ Insomniac ရဲ့ Spider-man ဂိမ်းကို PS5 development kit အသုံးပြုပြီး သရုပ်ပြခဲ့ပါတယ်။ PS4 Pro မှာ ၁၅ စက္ကန့် loading အချိန်ယူရတဲ့ဂိမ်းဟာ PS5 ပေါ်မှာ တစ်စက္ကန့်တောင် အချိန်မယူရကြောင်း ပြသခဲ့တာပါ။

PS5 ဟာ 4K Blu-Rays ကို support ပြုလုပ်ပေးမှာဖြစ်ပြီး ဂိမ်းခွေများဟာ 100 GB capacity ရှိမှာပါ။ PS5 မှာ third-generation Ryzen အခြေခံ CPU ပါဝင်တဲ့ AMD chip ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Seven-nanometer Zen 2 microchip နဲ့ eight cores တပ်ဆင်ထားပြီး graphic အနေနဲ့ကတော့ Radeon’s Navi line ရဲ့ custom version တစ်ခုကို အသုံးပြုမှာပါ။ PS5 ဟာ 3D audio ကို အပြည့်အဝ support ပေးတဲ့ ဂိမ်းစက်တစ်ခုလည်း ဖြစ်ပါတယ်။

PS5 ရဲ့ controller မှာ ဆန်းသစ်မှုတစ်ခုအနေနဲ့ ကစားသူများကို လှုပ်ရှားမှုနဲ့ လက်တွေ့တုံ့ပြန်ပေးနိုင်တဲ့ haptic feedback နည်းပညာ ပါဝင်မယ်လို့ ဆိုပါတယ်။ ဥပမာတစ်ခုအနေနဲ့ ဂိမ်းထဲမှာ ပြိုင်ကားမောင်းနေရင်း တစ်စုံတစ်ခုကို ဝင်တိုက်မိတဲ့ ခံစားချက်နဲ့ ဘောလုံးဂိမ်းထဲမှာ ဘောလုံးတစ်လုံးကို ကန်လိုက်တဲ့ ခံစားချက် မတူညီကြောင်း၊ ထို ခံစားချက်များ ပီပြင်လာအောင် controller ရဲ့ လှုပ်ရှားမှုများက ဂိမ်းနဲ့အညီ ပုံဖော်ပေးသွားမယ့် နည်းပညာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

PS5 controller ရဲ့ ဒုတိယဆန်းသစ်မှုကိုတော့ adaptive trigger လို့ အမည်ပေးထားပါတယ်။ Contoller ရဲ့ trigger ဂိမ်းခလုတ်များဖြစ်တဲ့ L2 နဲ့ R2 နှစ်ခု ဖိနှိပ်ကစားဖို့ လိုအပ်တဲ့အားကို ဂိမ်းထဲကအခြေအနေအတိုင်း သဘာဝကျအောင် ထိန်းညှိပေးမှာပါ။ ဥပမာအားဖြင့် ဂိမ်းထဲက လေးနဲ့မြားကို အသုံးပြုချိန်မှာ ထိုဂိမ်းလုတ်များ နှိပ်ရခြင်းဟာ တကယ့် လေးနဲ့မြားကို အသုံးပြုနေရသလို ခံစားချက်ဖြစ်ပေါ်စေမှာဖြစ်ပြီး ကြမ်းတမ်းတဲ့လမ်းမှာ ကားမောင်းသွားရင်လည်း တကယ်မောင်းနေရသလို ဖြစ်ပေါ်စေမှာပါ။

PS5 controller ရဲ့ ဆန်းသစ်မှု နှစ်ခု ပူးပေါင်းပြီး ထူးခြားတဲ့ ဂိမ်းအတွေ့အကြုံများ ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။ Controller ဟာ ကိုယ်ပိုင်နာမည် မရှိသေးပေမယ့် ကောင်းမွန်တဲ့ speaker, USB-C connectivity နဲ့ capacity မြင့်မားတဲ့ ဘက်ထရီတို့ ပါဝင်ကြောင်းကို Sony Interactive Entertainment ရဲ့ president ဖြစ်သူ Jim Ryan က သီးခြား အင်တာဗျူးတစ်ခုမှာ Wired ကို ပြောကြားသွားခဲ့ပါတယ်။

အခြားအချက်အလက်များ အနေနဲ့ကတော့ PS5 ကို PSVR headset နဲ့ တွဲဖက်ကစားလို့ ရမှာဖြစ်ကြောင်း၊ Final Fantasy VII remake ကို PS5 ပေါ်မှာ ကစားနိုင်မှာဖြစ်ကြောင်း၊ user interface ကိုလည်း အခြားဂိမ်းကစားဖော်များနဲ့ ဆက်သွယ်ရာမှာ ပိုမိုအဆင်ပြေအောင် ပြုလုပ်ပေးထားကြောင်း စတာတွေ ကြေညာခဲ့ပါတယ်။

PS5 ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၄၀၀ နဲ့ ၅၀၀ ကြား ရှိလိမ့်မယ်လို့ ကောလဟလများ ထွက်ပေါ်ဖူးပါတယ်။ Next-generation console ဂိမ်းစက်လို့ တင်စားခေါ်ဝေါ်နေတဲ့ Sony ရဲ့ PS5 ဟာ ဘယ်လောက်ထိ ထူးခြားဆန်းသစ်မလဲဆိုတာကတော့ ထွက်ရှိချိန်ထိ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: GameSpot


[ZawGyi]

PlayStation 5 ထြက္ရွိမယ့္အခ်ိန္နဲ႔ ထူးျခားဆန္းသစ္မႈေတြက ဘာေတြျဖစ္မလဲ

 

Sony က အသစ္ထုတ္လုပ္မယ့္ မ်ိဳးဆက္သစ္ဂိမ္းစက္ရဲ႕ နာမည္ဟာ PlayStation 5 ျဖစ္ေၾကာင္း မၾကာေသးမီက အတည္ျပဳေၾကညာလိုက္ပါတယ္။ PS5 နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္အခ်ိဳ႕ကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ျပီး ယင္းတို႔ထဲမွာ PS5 ထြက္ရွိလာမယ့္အခ်ိန္လည္း ပါဝင္ပါတယ္။

Console ဂိမ္းဝါသနာရွင္မ်ား သိခ်င္ေနၾကတဲ့ PS5 ထြက္ရွိမယ့္အခ်ိန္ကို “holiday 2020” ၂၀၂၀ ႏိုဝင္ဘာလ လို႔ပဲ ေျပာထားျပီး ရက္စြဲအတိအက်ကိုေတာ့ တရားဝင္ေၾကညာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ PS5 ထြက္လာမယ့္အခ်ိန္ဟာ ျပိဳင္ဘက္ Xbox Scarlett ဂိမ္းစက္ထြက္မယ့္အခ်ိန္နဲ႔ အနည္းငယ္သာ ကြာျခားမွာျဖစ္လို့ ခရစ္စမတ္နဲ႔ ႏွစ္သစ္ေစ်းေရာင္းပြဲမ်ားမွာ console ဂိမ္းစက္ႏွစ္ခု ယွဥ္ျပိဳင္ၾကရမယ္ဆိုတာကေတာ့ ေသခ်ာသြားခဲ့ပါတယ္။

PS5 ရဲ႕ ေစ်းႏႈန္းကိုလည္း အတိအက်ေဖာ္ျပထားျခင္းမရွိပဲ “gamer မ်ားကို ဆြဲေဆာင္ႏိုင္မယ့္ ေစ်းႏႈန္း” လို႔သာ ေျပာထားပါတယ္။ PS4 ဂိမ္းစက္ ျပဳလုပ္ရာမွာ ဦးေဆာင္ခဲ့ျပီး ယခု PS5 အတြက္လည္း တာဝန္ရွိသူ Mark Cerny ကေတာ့ “Advanced feature မ်ား ပါဝင္တဲ့ PS5 ဂိမ္းစက္ကို gamer အမ်ား လိုခ်င္ေနၾကတဲ့ ေစ်းႏႈန္းအတိုင္း ေရာင္းခ်ႏိုင္မွာ ယုံၾကည္ပါတယ္။” လို့ ေျပာၾကားသြားခဲ့ပါတယ္။

PS5 ဟာ ထြက္ရွိျပီးခဲ့တဲ့ PS4 နဲ႔ backwards compatible ျဖစ္မယ့္အေၾကာင္းကိုလည္း Mark Cerny က ေျပာၾကားခဲ့ပါတယ္။ PS4 ထြက္ရွိစဥ္က PS1, PS2, PS3 တို႔နဲ႔ backwards compatible မျဖစ္ခဲ့တဲ့အခ်က္ကို gamer မ်ား သေဘာမက်ခဲ့ၾကပါဘူး။ Backwards compatibility ဟာ PS4 ကေန PS5 ေျပာင္းလဲ ကစားသူ မ်ားကို အစိမ္းသက္သက္မျဖစ္ေစလို႔ လူၾကိဳက္ပိုမိုမ်ားျပားလာေစႏိုင္ပါတယ္။

PS5 မွာ solid state drive ကို အသုံးျပဳထားတဲ့အတြက္ PS4 ထက္ loading ပိုမိုျမန္ဆန္မွာပါ။ Mark Cerny ဟာ Insomniac ရဲ႕ Spider-man ဂိမ္းကို PS5 development kit အသုံးျပဳျပီး သရုပ္ျပခဲ့ပါတယ္။ PS4 Pro မွာ ၁၅ စကၠန္႔ loading အခ်ိန္ယူရတဲ့ဂိမ္းဟာ PS5 ေပၚမွာ တစ္စကၠန္႔ေတာင္ အခ်ိန္မယူရေၾကာင္း ျပသခဲ့တာပါ။

PS5 ဟာ 4K Blu-Rays ကို support ျပဳလုပ္ေပးမွာျဖစ္ျပီး ဂိမ္းေခြမ်ားဟာ 100 GB capacity ရွိမွာပါ။ PS5 မွာ third-generation Ryzen အေျခခံ CPU ပါဝင္တဲ့ AMD chip ကို အသုံးျပဳမွာ ျဖစ္ပါတယ္။ Seven-nanometer Zen 2 microchip နဲ႔ eight cores တပ္ဆင္ထားျပီး graphic အေနနဲ႔ကေတာ့ Radeon’s Navi line ရဲ႕ custom version တစ္ခုကို အသုံးျပဳမွာပါ။ PS5 ဟာ 3D audio ကို အျပည့္အဝ support ေပးတဲ့ ဂိမ္းစက္တစ္ခုလည္း ျဖစ္ပါတယ္။

PS5 ရဲ႕ controller မွာ ဆန္းသစ္မႈတစ္ခုအေနနဲ႔ ကစားသူမ်ားကို လႈပ္ရွားမႈနဲ႕ လက္ေတြ႔တုံ႔ျပန္ေပးႏိုင္တဲ့ haptic feedback နည္းပညာ ပါဝင္မယ္လို႔ ဆိုပါတယ္။ ဥပမာတစ္ခုအေနနဲ႔ ဂိမ္းထဲမွာ ျပိဳင္ကားေမာင္းေနရင္း တစ္စုံတစ္ခုကို ဝင္တိုက္မိတဲ့ ခံစားခ်က္နဲ႔ ေဘာလုံးဂိမ္းထဲမွာ ေဘာလုံးတစ္လုံးကို ကန္လိုက္တဲ့ ခံစားခ်က္ မတူညီေၾကာင္း၊ ထုိ ခံစားခ်က္မ်ား ပီျပင္လာေအာင္ controller ရဲ႕ လႈပ္ရွားမႈမ်ားက ဂိမ္းနဲ႔အညီ ပုံေဖာ္ေပးသြားမယ့္ နည္းပညာျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

PS5 controller ရဲ႕ ဒုတိယဆန္းသစ္မႈကိုေတာ့ adaptive trigger လို႔ အမည္ေပးထားပါတယ္။ Contoller ရဲ႕ trigger ဂိမ္းခလုတ္မ်ားျဖစ္တဲ့ L2 နဲ႔ R2 ႏွစ္ခု ဖိႏိွပ္ကစားဖုိ့ လိုအပ္တဲ့အားကို ဂိမ္းထဲကအေျခအေနအတိုင္း သဘာဝက်ေအာင္ ထိန္းညိွေပးမွာပါ။ ဥပမာအားျဖင့္ ဂိမ္းထဲက ေလးနဲ႔ျမားကို အသုံးျပဳခ်ိန္မွာ ထိုဂိမ္းလုတ္မ်ား ႏွိပ္ရျခင္းဟာ တကယ့္ ေလးနဲ႔ျမားကို အသုံးျပဳေနရသလို ခံစားခ်က္ျဖစ္ေပၚေစမွာျဖစ္ျပီး ၾကမ္းတမ္းတဲ့လမ္းမွာ ကားေမာင္းသြားရင္လည္း တကယ္ေမာင္းေနရသလို ျဖစ္ေပၚေစမွာပါ။

PS5 controller ရဲ႕ ဆန္းသစ္မႈ ႏွစ္ခု ပူးေပါင္းျပီး ထူးျခားတဲ့ ဂိမ္းအေတြ႔အၾကံဳမ်ား ေပးစြမ္းႏိုင္မယ္လို႔ ဆိုပါတယ္။ Controller ဟာ ကိုယ္ပိုင္နာမည္ မရွိေသးေပမယ့္ ေကာင္းမြန္တဲ့ speaker, USB-C connectivity နဲ႔ capacity ျမင့္မားတဲ့ ဘက္ထရီတို့ ပါဝင္ေၾကာင္းကို Sony Interactive Entertainment ရဲ႕ president ျဖစ္သူ Jim Ryan က သီးျခား အင္တာဗ်ဴးတစ္ခုမွာ Wired ကို ေျပာၾကားသြားခဲ့ပါတယ္။

အျခားအခ်က္အလက္မ်ား အေနနဲ႔ကေတာ့ PS5 ကို PSVR headset နဲ႔ တြဲဖက္ကစားလို႔ ရမွာျဖစ္ေၾကာင္း၊ Final Fantasy VII remake ကို PS5 ေပၚမွာ ကစားႏိုင္မွာျဖစ္ေၾကာင္း၊ user interface ကိုလည္း အျခားဂိမ္းကစားေဖာ္မ်ားနဲ႔ ဆက္သြယ္ရာမွာ ပိုမိုအဆင္ေျပေအာင္ ျပဳလုပ္ေပးထားေၾကာင္း စတာေတြ ေၾကညာခဲ့ပါတယ္။

PS5 ရဲ႕ ေစ်းႏႈန္းဟာ ေဒၚလာ ၄၀၀ နဲ႕ ၅၀၀ ၾကား ရွိလိမ့္မယ္လုိ့ ေကာလဟလမ်ား ထြက္ေပၚဖူးပါတယ္။ Next-generation console ဂိမ္းစက္လို႔ တင္စားေခၚေဝၚေနတဲ့ Sony ရဲ႕ PS5 ဟာ ဘယ္ေလာက္ထိ ထူးျခားဆန္းသစ္မလဲဆိုတာကေတာ့ ထြက္ရွိခ်ိန္ထိ ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: GameSpot