“မိုဘိုင်းလ် Esports ရဲ့ တစ်မူထူးခြားပြဿနာများ”

မိုဘိုင်းလ်ဂိမ်းများ ခေတ်စားလာမှုနဲ့အတူ Esports ဆန်ဆန် ပြိုင်ပွဲများဟာလည်း ၂၀၁၉ အတွင်းမှာ ယခင်နှစ်များထက် ပိုမိုများပြားလာခဲ့ပါတယ်။ Call of Duty: Mobile ဟာ ထွက်ရှိပြီး တစ်ပတ်အတွင်းမှာ download ပေါင်း သန်း ၁၀၀ ကျော် ရရှိခဲ့ခြင်း၊ Garena Free Fire ရဲ့ World Series ကို ဝင်ရောက်ကြည့်ရှုမှုပေါင်း ၂ သန်းကျော် ရှိခဲ့ခြင်း၊ MLBB m1 world championship 2019 ကျင်းပခဲ့ခြင်း စ တာတွေဟာ မိုဘိုင်းလ် Esports ရဲ့ ရေပန်းစားလာမှုကို ညွှန်ပြလျက် ရှိပါတယ်။

မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများ Esports လောကအတွင်း ဝင်ရောက်လာချိန်မှာ PC ဂိမ်းပြိုင်ပွဲများနဲ့ မတူညီပဲ ထူးခြားတဲ့ ပြဿနာများကတော့ ရှိနေပါတယ်။ ရေရှည်မှာ မိုဘိုင်းလ် Esports ကောင်းစွာထွန်းကားလာရေးအတွက် ယင်းပြဿနာများကို ဖြေရှင်းဖို့ လိုအပ်လျက်ရှိပါတယ်။

ပြိုင်ပွဲအတွက် မိုဘိုင်းလ်ဖုန်းအမျိုးအစား တစ်ပြေးညီ သတ်မှတ်ဖို့ ခက်ခဲခြင်း

PC ဂိမ်းပြိုင်ပွဲများမှာ ကစားသမားများအတွက် ပုံစံတူ နည်းပညာမြင့် ကွန်ပြူတာများ တစ်ပြေးညီ သတ်မှတ်စီစဉ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကစားသမားများအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ကီးဘုတ်များနဲ့ မောက်စ်များကိုတော့ ယူဆောင်ကစားခွင့်ရှိပါတယ်။ ယင်းသို့ ခွင့်ပြုထားခြင်းဟာ FPS နဲ့ MOBA ကစားသမားများအတွက် လေ့ကျင့်ခဲ့တဲ့အမူအကျင့်များအတိုင်း လက်စွမ်းပြ ကစားဖို့ လွယ်ကူနေစေပါတယ်။

မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများမှာတော့ ကစားသမားများကို ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းများနဲ့ ကစားခွင့်ပြုလိုက်ရင် မမျှတကြောင်း အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ပြိုင်ပွဲအတွက် တစ်ပြေးညီတည်းဖြစ်အောင် စီစဉ်ရာမှာလည်း ဖုန်းများဟာ အရွယ်အစားအမျိုးမျိုး မော်ဒယ်အမျိုးမျိုးကွဲပြားနေတဲ့အတွက် ညှိနှိုင်းရွေးချယ်ရ ခက်ခဲလှပါတယ်။

ကစားသမားများဟာလည်း မိမိတို့ ကိုင်တွယ်ကစားနေကျ မိုဘိုင်းလ်ဖုန်းများ မဟုတ်တဲ့အတွက် ကစားရအဆင်မပြေ ဖြစ်နေတတ်ပါတယ်။ပြိုင်ပွဲဝင်များကို အမျိုးအစားတူညီတဲ့ မိုဘိုင်းလ်ဖုန်းများနဲ့ လအတန်ကြာ လေ့ကျင့်နေစေပြီး ဝင်ရောက်ယှဉ်ပြိုင်စေရင် မျှတလာမယ်လို့ အချို့က ယူဆနေကြပါတယ်။

ကြားခံအဖွဲ့အစည်းများမှ ပြိုင်ပွဲပြုလုပ်ပေးမှု နည်းပါးခြင်း

PC ဂိမ်းများရဲ့ အဓိကပြိုင်ပွဲကြီးများကို ပိုင်ရှင်ကုမ္ပဏီများကိုယ်တိုင် ကြီးမှူးကျင်းပလေ့ရှိပေမယ့် ပြိုင်ပွဲငယ်များကိုတော့ ကြားခံအဖွဲ့အစည်းများက ပြုလုပ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ESL, DreamHack, PGL အစရှိတဲ့ ကြားခံ third party အဖွဲ့အစည်းများဟာ Dota 2 နဲ့ CS: GO ပြိုင်ပွဲများကို တာဝန်ယူ ကျင်းပလေ့ရှိပါတယ်။ ယင်းတို့ဟာ ဂိမ်းတစ်ခုရဲ့ ပြိုင်ပွဲများကို Esports လောကမှာ အဆက်မပြတ်တည်ရှိနေအောင် ကူညီပေးနိုင်ပါတယ်။

PUBG Mobile, Free Fire, AOV, MLBB အစရှိတဲ့ မိုဘိုင်းလ်ဂိမ်းများမှာတော့ ကြားခံ third party အဖွဲ့အစည်းများက ပြုလုပ်ပေးတဲ့ ပြိုင်ပွဲ နည်းပါးနေသေးလို့ ပိုင်ရှင်ကုမ္ပဏီကသာ ပြိုင်ပွဲကြီးများကို တာဝန်ယူ ကျင်းပနေရပါတယ်။ ဒါဟာ မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများစွာ ပေါ်ပေါက်လာဖို့အတွက် အားနည်းချက်တစ်ခု ဖြစ်နေပြီး မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများရဲ့ ခေတ်စားမှုကို ကန့်သတ်ထားသလို ဖြစ်နေစေပါတယ်။

နိုင်ငံအလိုက် ခေတ်စားတဲ့ မိုဘိုင်းလ်ဂိမ်းအမျိုးအစားများ ကြီးမားစွာ ကွဲပြားနေခြင်း

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခေတ်စားတဲ့ မိုဘိုင်းလ်ဂိမ်းအမျိုးအစားတွေ ကွဲပြားနေခြင်းကလည်း မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများ ကျယ်ပြန့်လာဖို့ အဟန့်အတားဖြစ်နေစေပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံမှာ PUBG Mobile, အင်ဒိုနီးရှားမှာ MLBB, ဗီယက်နမ်မှာ AOV, ဘရာဇီးမှာ Free Fire စတဲ့ မိုဘိုင်းလ်ဂိမ်းများသာ အလွန်အမင်းခေတ်စားနေပြီး အခြားဂိမ်းများကို ကစားသူဦးရေ နည်းပါးလှပါတယ်။

မြောက်အမေရိကနဲ့ ဥရောပဒေသများဟာ PC ဂိမ်းခေတ်မှာ အခြားဒေသများထက် နှစ်ပေါင်းများစွာ စောပြီး Esports ထွန်းကားလာခဲ့ပါတယ်။ ဒါပေမယ့် မိုဘိုင်းလ် Esports မှာတော့ တောင်အမေရိကနဲ့ အာရှဒေသတို့ရဲ့ တိုးတက်လာမှုကို မမီပဲ ခေတ်နောက်ကျနေပြန်ပါတယ်။ ဒီလိုကွဲပြားမှုတွေဖြစ်ပေါ်နေတဲ့အတွက် မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများဟာလည်း ယင်းတို့ ခေတ်စားတဲ့ဒေသများမှာသာ ကျင်းပနေရပြီး နိုင်ငံတကာအဆင့်ထိ ထိုးဖောက်ဖို့ ခက်ခဲနေရခြင်း ဖြစ်ပါတယ်။

မိုဘိုင်းလ် gamer များ အားထုတ်ကြိုးပမ်းမှု နည်းပါးနေသေးခြင်း

PC ဂိမ်းများရဲ့ professional ကစားသမားများဟာ မိမိတို့ ကိုယ်တိုင်ကိုရော မိမိတို့ ကစားနေတဲ့ဂိမ်းများကိုပါ ပရိသတ်စိတ်ဝင်စားလာအောင် ပြုလုပ်လေ့ရှိပေမယ့် မိုဘိုင်းလ် gamer များကတော့ ဒီလိုပြုလုပ်ဖို့ အားနည်းနေပါသေးတယ်။မိုဘိုင်းလ်ဂိမ်းကစားခြင်းကို အချိန်ပြည့်အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်ဖို့ ခက်ခဲနေသေးတာကြောင့်လည်း ကစားသမားများရဲ့ အားထုတ်မှု နည်းပါးရခြင်း ဖြစ်ပါတယ်။

မိုဘိုင်းလ်ဂိမ်းကစားသူ များပြားလာပေမယ့် PC ဂိမ်းနဲ့ စာရင် ပြိုင်ပွဲကြည့်ရှုသူ နည်းပါးနေခြင်းဟာ ဒီအချက်ကြောင့် ဖြစ်ပါတယ်။ ဂိမ်းကစားနေရုံသက်သက်မဟုတ်ပဲ ပြိုင်ပွဲများကို ပရိသတ်စိတ်ဝင်စားလာအောင် ပြုလုပ်မှသာ Esports လောကမှာ ထွန်းကားလာမှာဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ တိုးတက်လာဦးမယ့် မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲများရဲ့ အနာဂတ်ကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: afkgaming


 

 

“မိုဘိုင္းလ္ Esports ရဲ႕ တစ္မူထူးျခားျပႆနာမ်ား”

မိုဘိုင္းလ္ဂိမ္းမ်ား ေခတ္စားလာမႈနဲ႔အတူ Esports ဆန္ဆန္ ျပိဳင္ပြဲမ်ားဟာလည္း ၂၀၁၉ အတြင္းမွာ ယခင္ႏွစ္မ်ားထက္ ပိုမိုမ်ားျပားလာခဲ့ပါတယ္။ Call of Duty: Mobile ဟာ ထြက္ရွိျပီး တစ္ပတ္အတြင္းမွာ download ေပါင္း သန္း ၁၀၀ ေက်ာ္ ရရွိခဲ့ျခင္း၊ Garena Free Fire ရဲ႕ World Series ကို ဝင္ေရာက္ၾကည့္ရႈမႈေပါင္း ၂ သန္းေက်ာ္ ရွိခဲ့ျခင္း၊ MLBB m1 world championship 2019 က်င္းပခဲ့ျခင္း စ တာေတြဟာ မိုဘိုင္းလ္ Esports ရဲ႕ ေရပန္းစားလာမႈကို ညႊန္ျပလ်က္ ရွိပါတယ္။

မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ား Esports ေလာကအတြင္း ဝင္ေရာက္လာခ်ိန္မွာ PC ဂိမ္းျပိဳင္ပြဲမ်ားနဲ႔ မတူညီပဲ ထူးျခားတဲ့ ျပႆနာမ်ားကေတာ့ ရွိေနပါတယ္။ ေရရွည္မွာ မိုဘိုင္းလ္ Esports ေကာင္းစြာထြန္းကားလာေရးအတြက္ ယင္းျပႆနာမ်ားကို ေျဖရွင္းဖုိ႔ လိုအပ္လ်က္ရွိပါတယ္။

ျပိဳင္ပြဲအတြက္ မိုဘိုင္းလ္ဖုန္းအမ်ိဳးအစား တစ္ေျပးညီ သတ္မွတ္ဖုိ့ ခက္ခဲျခင္း

PC ဂိမ္းျပိဳင္ပြဲမ်ားမွာ ကစားသမားမ်ားအတြက္ ပုံစံတူ နည္းပညာျမင့္ ကြန္ျပဴတာမ်ား တစ္ေျပးညီ သတ္မွတ္စီစဥ္ေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ကစားသမားမ်ားအေနနဲ႔ မိမိတုိ႔ရဲ႕ ကိုယ္ပိုင္ ကီးဘုတ္မ်ားနဲ႔ ေမာက္စ္မ်ားကိုေတာ့ ယူေဆာင္ကစားခြင့္ရွိပါတယ္။ ယင္းသုိ႔ ခြင့္ျပဳထားျခင္းဟာ FPS နဲ႔ MOBA ကစားသမားမ်ားအတြက္ ေလ့က်င့္ခဲ့တဲ့အမူအက်င့္မ်ားအတိုင္း လက္စြမ္းျပ ကစားဖုိ့ လြယ္ကူေနေစပါတယ္။

မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ားမွာေတာ့ ကစားသမားမ်ားကို ကိုယ္ပိုင္ မိုဘိုင္းလ္ဖုန္းမ်ားနဲ႕ ကစားခြင့္ျပဳလိုက္ရင္ မမွ်တေၾကာင္း အျငင္းပြားမႈမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။ျပိဳင္ပြဲအတြက္ တစ္ေျပးညီတည္းျဖစ္ေအာင္ စီစဥ္ရာမွာလည္း ဖုန္းမ်ားဟာ အရြယ္အစားအမ်ိဳးမ်ိဳး ေမာ္ဒယ္အမ်ိဳးမ်ိဳးကြဲျပားေနတဲ့အတြက္ ညိွႏိႈင္းေရြးခ်ယ္ရ ခက္ခဲလွပါတယ္။

ကစားသမားမ်ားဟာလည္း မိမိတို႔ ကိုင္တြယ္ကစားေနက် မိုဘိုင္းလ္ဖုန္းမ်ား မဟုတ္တဲ့အတြက္ ကစားရအဆင္မေျပ ျဖစ္ေနတတ္ပါတယ္။ျပိဳင္ပြဲဝင္မ်ားကို အမ်ိဳးအစားတူညီတဲ့ မိုဘိုင္းလ္ဖုန္းမ်ားနဲ႔ လအတန္ၾကာ ေလ့က်င့္ေနေစျပီး ဝင္ေရာက္ယွဥ္ျပိဳင္ေစရင္ မွ်တလာမယ္လို႔ အခ်ိဳ႕က ယူဆေနၾကပါတယ္။

ၾကားခံအဖြဲ႔အစည္းမ်ားမွ ျပိဳင္ပြဲျပဳလုပ္ေပးမႈ နည္းပါးျခင္း

PC ဂိမ္းမ်ားရဲ႕ အဓိကျပိဳင္ပြဲၾကီးမ်ားကို ပိုင္ရွင္ကုမၸဏီမ်ားကိုယ္တိုင္ ၾကီးမွဴးက်င္းပေလ့ရွိေပမယ့္ ျပိဳင္ပြဲငယ္မ်ားကုိေတာ့ ၾကားခံအဖြဲ႔အစည္းမ်ားက ျပဳလုပ္ေလ့ရွိပါတယ္။ ဥပမာအေနနဲ႔ ESL, DreamHack, PGL အစရွိတဲ့ ၾကားခံ third party အဖြဲ႔အစည္းမ်ားဟာ Dota 2 နဲ႔ CS: GO ျပိဳင္ပြဲမ်ားကို တာဝန္ယူ က်င္းပေလ့ရွိပါတယ္။ ယင္းတို႔ဟာ ဂိမ္းတစ္ခုရဲ႕ ျပိဳင္ပြဲမ်ားကို Esports ေလာကမွာ အဆက္မျပတ္တည္ရွိေနေအာင္ ကူညီေပးႏိုင္ပါတယ္။

PUBG Mobile, Free Fire, AOV, MLBB အစရွိတဲ့ မိုဘိုင္းလ္ဂိမ္းမ်ားမွာေတာ့ ၾကားခံ third party အဖြဲ႔အစည္းမ်ားက ျပဳလုပ္ေပးတဲ့ ျပိဳင္ပြဲ နည္းပါးေနေသးလို႔ ပိုင္ရွင္ကုမၸဏီကသာ ျပိဳင္ပြဲၾကီးမ်ားကို တာဝန္ယူ က်င္းပေနရပါတယ္။ ဒါဟာ မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ားစြာ ေပၚေပါက္လာဖုိ့အတြက္ အားနည္းခ်က္တစ္ခု ျဖစ္ေနျပီး မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ားရဲ႕ ေခတ္စားမႈကို ကန့္သတ္ထားသလုိ ျဖစ္ေနေစပါတယ္။

ႏိုင္ငံအလိုက္ ေခတ္စားတဲ့ မိုဘိုင္းလ္ဂိမ္းအမ်ိဳးအစားမ်ား ၾကီးမားစြာ ကြဲျပားေနျခင္း

ႏိုင္ငံတစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ေခတ္စားတဲ့ မိုဘိုင္းလ္ဂိမ္းအမ်ိဳးအစားေတြ ကြဲျပားေနျခင္းကလည္း မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ား က်ယ္ျပန္႔လာဖုိ႔ အဟန္႔အတားျဖစ္ေနေစပါတယ္။ ဥပမာအေနနဲ႔ အိႏၵိယႏိုင္ငံမွာ PUBG Mobile, အင္ဒိုနီးရွားမွာ MLBB, ဗီယက္နမ္မွာ AOV, ဘရာဇီးမွာ Free Fire စတဲ့ မိုဘိုင္းလ္ဂိမ္းမ်ားသာ အလြန္အမင္းေခတ္စားေနျပီး အျခားဂိမ္းမ်ားကို ကစားသူဦးေရ နည္းပါးလွပါတယ္။

ေျမာက္အေမရိကနဲ႔ ဥေရာပေဒသမ်ားဟာ PC ဂိမ္းေခတ္မွာ အျခားေဒသမ်ားထက္ ႏွစ္ေပါင္းမ်ားစြာ ေစာျပီး Esports ထြန္းကားလာခဲ့ပါတယ္။ ဒါေပမယ့္ မိုဘိုင္းလ္ Esports မွာေတာ့ ေတာင္အေမရိကနဲ႔ အာရွေဒသတို့ရဲ႕ တိုးတက္လာမႈကို မမီပဲ ေခတ္ေနာက္က်ေနျပန္ပါတယ္။ ဒီလိုကြဲျပားမႈေတြျဖစ္ေပၚေနတဲ့အတြက္ မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ားဟာလည္း ယင္းတို႔ ေခတ္စားတဲ့ေဒသမ်ားမွာသာ က်င္းပေနရျပီး ႏိုင္ငံတကာအဆင့္ထိ ထိုးေဖာက္ဖုိ႔ ခက္ခဲေနရျခင္း ျဖစ္ပါတယ္။

မိုဘိုင္းလ္ gamer မ်ား အားထုတ္ၾကိဳးပမ္းမႈ နည္းပါးေနေသးျခင္း

PC ဂိမ္းမ်ားရဲ႕ professional ကစားသမားမ်ားဟာ မိမိတို့ ကိုယ္တိုင္ကုိေရာ မိမိတို႔ ကစားေနတဲ့ဂိမ္းမ်ားကိုပါ ပရိသတ္စိတ္ဝင္စားလာေအာင္ ျပဳလုပ္ေလ့ရွိေပမယ့္ မိုဘိုင္းလ္ gamer မ်ားကေတာ့ ဒီလိုျပဳလုပ္ဖုိ႔ အားနည္းေနပါေသးတယ္။မိုဘိုင္းလ္ဂိမ္းကစားျခင္းကို အခ်ိန္ျပည့္အသက္ေမြးဝမ္းေက်ာင္းအလုပ္အျဖစ္ လုပ္ကိုင္ဖုိ႔ ခက္ခဲေနေသးတာေၾကာင့္လည္း ကစားသမားမ်ားရဲ႕ အားထုတ္မႈ နည္းပါးရျခင္း ျဖစ္ပါတယ္။

မိုဘိုင္းလ္ဂိမ္းကစားသူ မ်ားျပားလာေပမယ့္ PC ဂိမ္းနဲ႔ စာရင္ ျပိဳင္ပြဲၾကည့္ရႈသူ နည္းပါးေနျခင္းဟာ ဒီအခ်က္ေၾကာင့္ ျဖစ္ပါတယ္။ ဂိမ္းကစားေနရုံသက္သက္မဟုတ္ပဲ ျပိဳင္ပြဲမ်ားကို ပရိသတ္စိတ္ဝင္စားလာေအာင္ ျပဳလုပ္မွသာ Esports ေလာကမွာ ထြန္းကားလာမွာျဖစ္ပါတယ္။ မည္သို့ပင္ျဖစ္ေစ တိုးတက္လာဦးမယ့္ မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲမ်ားရဲ႕ အနာဂတ္ကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: afkgaming