[Unicode]

Dota2 Pro ကစားသမားဘဝကနေ အနားယူသွားတဲ့ ppd

 

လက်ရှိ Ninja In Pyjamas (NiP) အသင်းရဲ့ Captain ဖြစ်သူ ppd ဟာ Dota2 Pro ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ လွန်ခဲ့တဲ့ နာရီပိုင်းက ကြေညာခဲ့ပါတယ်။

ppd ရဲ့ NiP အသင်းဟာလည်း ယခုတလောမှာ လူစာရင်းမကြာခန လဲလှယ်မှုကြောင့် ပုံမှန်လက်စွမ်းအောက်ရောက်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်နေပါတယ်။ ဥရောပ အခြေစိုက်အသင်း ဖြစ်ပေမယ့်လည်း အမေရိက ကစားသမားတွေဖြစ်တဲ့ ppd, Universe တို့အပြင် ဘရာဇီးကစားသမား Lelia တို့ဟာ COVID-19 ကြောင့် အသင်းနဲ့ ပူးပေါင်းဖို့ ခက်ခဲနေတာကလည်း အတားအဆီးတစ်ခု ဖြစ်စေပါတယ်။


ppd ကတော့ သူ့ရဲ့ အနားယူရခြင်း အကြောင်းပြချက်ကို ယခုလို ရေးသားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အသက် (၂၀) ကျော်ဘဝတစ်ခုလုံးနီးပါးကို Video Game ပြိုင်ပွဲတွေအတွက်သာ အချိန်ပေးခဲ့ရပါတယ်။ ကျွန်တော်အခု အသက် (၂၉) နှစ်ရှိပါပြီ။ လက်ရှိအခြေအနေနဲ့ ရှာတွေ့ဖို့မဖြစ်နိုင်တဲ့ အခြားတစ်စုံတစ်ရာကို ရှာဖွေလိုပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်ဟာ တခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့ထက် ကိုယ့်ရဲ့ တိုးတက်မှုကို ပိုပြီး အလေးထားတယ်ဆိုတာ သိရှိလိုက်ရပါတယ်။ ကျွန်တော့် ပြိုင်ပွဲဝင်စိတ်ဓါတ်တွေရော ရည်မှန်းချက်တွေပါ ပျောက်ဆုံးနေပါပြီ။

ဒါပေမယ့် ကျွန်တော် စိတ်ဓါတ်မကျပါဘူး။ ပြောင်းလဲမှုဆိုတာ တစ်ချိန်ချိန်မှာ ပြုလုပ်ရမှာဖြစ်ပြီး အသက် (၃၀) နောက်ပိုင်းမှာ ထူခြားဆန်းကျယ်တာတစ်ခုခုကို ပြုလုပ်ဖို့ စိတ်အားထက်သန်နေပါပြီ။

အနိမ့်ကျဆုံး အချိန်တွေမှာတောင် ကျွန်တော့ရဲ့ အရည်အချင်း နဲ့ အလားအလာတွေကို အသိအမှတ်ပြုခဲ့သူ အားလုံးကို အမြဲအမှတ်ရနေမှာပါ။ Dota2 ရဲ့ ပရိသတ်တွေကိုရော ကစားသမားတွေကိုရော ကျွန်တော့်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီ Dota2 ကမ္ဘာထဲမှာ နေထိုင်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။” လို့ရေးသားခဲ့ပါတယ်။

TI5 Champion Evil Geniuses

Dota2 ရဲ့ အမြင့်မားဆုံးဆုဖြစ်တဲ့ The International (TI) ကို Captain အဖြစ်နဲ့ 2015 မှာရခဲ့ဖူးတဲ့အပြင် 2014 နဲ့ 2016 မှာ တတိယ (၂) ကြိမ် နဲ့ အခြား Major နဲ့ Minor ပြိုင်ပွဲများမှာပါ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အောင်မြင်မှုတွေကတော့ ppd ကို ဂန္ထဝင် ကစားသမားတစ်ယောက်အဖြစ် အမှတ်ရနေကြမှာပါ။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။


[ZawGyi]

Dota2 Pro ကစားသမားဘဝကေန အနားယူသြားတဲ့ ppd

 

လက္ရွိ Ninja In Pyjamas (NiP) အသင္းရဲ႕ Captain ျဖစ္သူ ppd ဟာ Dota2 Pro ကစားသမားဘဝကေန အနားယူလိုက္ၿပီလို႔ လြန္ခဲ့တဲ့ နာရီပိုင္းက ေၾကညာခဲ့ပါတယ္။

ppd ရဲ႕ NiP အသင္းဟာလည္း ယခုတေလာမွာ လူစာရင္းမၾကာခန လဲလွယ္မႈေၾကာင့္ ပုံမွန္လက္စြမ္းေအာက္ေရာက္ေနတဲ့ အသင္းတစ္သင္းလည္း ျဖစ္ေနပါတယ္။ ဥေရာပ အေျခစိုက္အသင္း ျဖစ္ေပမယ့္လည္း အေမရိက ကစားသမားေတြျဖစ္တဲ့ ppd, Universe တို႔အျပင္ ဘရာဇီးကစားသမား Lelia တို႔ဟာ COVID-19 ေၾကာင့္ အသင္းနဲ႔ ပူးေပါင္းဖို႔ ခက္ခဲေနတာကလည္း အတားအဆီးတစ္ခု ျဖစ္ေစပါတယ္။


ppd ကေတာ့ သူ႔ရဲ႕ အနားယူရျခင္း အေၾကာင္းျပခ်က္ကို ယခုလို ေရးသားခဲ့ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ အသက္ (၂၀) ေက်ာ္ဘဝတစ္ခုလုံးနီးပါးကို Video Game ၿပိဳင္ပြဲေတြအတြက္သာ အခ်ိန္ေပးခဲ့ရပါတယ္။ ကြၽန္ေတာ္အခု အသက္ (၂၉) ႏွစ္ရွိပါၿပီ။ လက္ရွိအေျခအေနနဲ႔ ရွာေတြ႕ဖို႔မျဖစ္ႏိုင္တဲ့ အျခားတစ္စုံတစ္ရာကို ရွာေဖြလိုပါတယ္။

ဒီေန႔မွာေတာ့ ကြၽန္ေတာ္ဟာ တျခားသူေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ထက္ ကိုယ့္ရဲ႕ တိုးတက္မႈကို ပိုၿပီး အေလးထားတယ္ဆိုတာ သိရွိလိုက္ရပါတယ္။ ကြၽန္ေတာ့္ ၿပိဳင္ပြဲဝင္စိတ္ဓါတ္ေတြေရာ ရည္မွန္းခ်က္ေတြပါ ေပ်ာက္ဆုံးေနပါၿပီ။

ဒါေပမယ့္ ကြၽန္ေတာ္ စိတ္ဓါတ္မက်ပါဘူး။ ေျပာင္းလဲမႈဆိုတာ တစ္ခ်ိန္ခ်ိန္မွာ ျပဳလုပ္ရမွာျဖစ္ၿပီး အသက္ (၃၀) ေနာက္ပိုင္းမွာ ထူျခားဆန္းက်ယ္တာတစ္ခုခုကို ျပဳလုပ္ဖို႔ စိတ္အားထက္သန္ေနပါၿပီ။

အနိမ့္က်ဆုံး အခ်ိန္ေတြမွာေတာင္ ကြၽန္ေတာ့ရဲ႕ အရည္အခ်င္း နဲ႔ အလားအလာေတြကို အသိအမွတ္ျပဳခဲ့သူ အားလုံးကို အၿမဲအမွတ္ရေနမွာပါ။ Dota2 ရဲ႕ ပရိသတ္ေတြကိုေရာ ကစားသမားေတြကိုေရာ ကြၽန္ေတာ့္ကို ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ဒီ Dota2 ကမာၻထဲမွာ ေနထိုင္ခြင့္ရခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။” လို႔ေရးသားခဲ့ပါတယ္။

TI5 Champion Evil Geniuses

Dota2 ရဲ႕ အျမင့္မားဆုံးဆုျဖစ္တဲ့ The International (TI) ကို Captain အျဖစ္နဲ႔ 2015 မွာရခဲ့ဖူးတဲ့အျပင္ 2014 နဲ႔ 2016 မွာ တတိယ (၂) ႀကိမ္ နဲ႔ အျခား Major နဲ႔ Minor ၿပိဳင္ပြဲမ်ားမွာပါ ခ်န္ပီယံ ျဖစ္ခဲ့ဖူးတဲ့ ေအာင္ျမင္မႈေတြကေတာ့ ppd ကို ဂႏၴဝင္ ကစားသမားတစ္ေယာက္အျဖစ္ အမွတ္ရေနၾကမွာပါ။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။