[Unicode]

Envy Gaming ရဲ့ ပူးတွဲပိုင်ဆိုင်သူတစ်ဦးဖြစ်လာတဲ့ Post Malone

 

ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်သူ Post Malone ဟာ Esports လောကအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူဟာ အမေရိကန်အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Envy Gaming နဲ့ ပူးပေါင်းပြီး ပူးတွဲပိုင်ဆိုင်သူတစ်ဦးအဖြစ် အဖွဲ့အစည်းထဲကို ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ Envy Gaming ရဲ့ Team Envy ဟာ လက်ရှိအချိန်မှာ CS: GO, Overwatch, Super Smash Bros, Magic: the Gathering, Rocket League စတဲ့ဂိမ်းပေါင်းစုံမှာ division များခွဲပြီး ယှဉ်ပြိုင်လျက်ရှိပါတယ်။ ဒါ့အပြင် Envy Gaming ဟာ Call of Duty league အသင်း Dallas Empire နဲ့ Overwatch league အသင်း Dallas Fuel တို့လို နာမည်ကြီးအသင်းများကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Post Malone က “ကျွန်တော်ဟာ တက္ကဆက်မှာ ကြီးပြင်းလာခဲ့သူပါ။ ကျွန်တော်ဘဝတစ်လျှောက်လုံးမှာလည်း ဗီဒီယိုဂိမ်းကစားခြင်းကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို လုပ်ဆောင်လိုက်တာ မှန်ကန်တယ်လို့ ကျွန်တော်မြင်ပါတယ်။”

“အရင်တည်းကလည်း ကျွန်တော်ဟာ ဂိမ်းကစားခြင်းကို ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုအဖြစ် တွင်ကျယ်လာအောင် လုပ်ဆောင်နေသူတစ်ဦးဖြစ်ချင်နေခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်နေရပ်ဒေသမှာရှိနေတဲ့ Envy Gaming ရဲ့ ပူးတွဲပိုင်ဆိုင်သူတစ်ဦးဖြစ်လာတာဟာ စိတ်ကူးနဲ့ ဘဝတစ်ထပ်တည်းကျတယ်လို့ ဆိုနိုင်ပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

ယခင်ကလည်း နာမည်ကြီးအနုပညာရှင်အမြောက်အများဟာ Esports လောကအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဖူးပါတယ်။ ဥပမာများအနေနဲ့ကတော့ Faze Clan မှာ Offset, 100 Thieves မှာ Drake, Overactive Media မှာ The Weeknd စသူတွေ ရင်းနှီးမြှုပ်နှံခဲ့ကြတာပဲဖြစ်ပါတယ်။ မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း NBA ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Ben Simmons ဟာ FaZe Clan မှာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့ပါသေးတယ်။

Post Malone အတွက်လည်း Esports လောကနဲ့ ဆက်နွယ်မှုပြုလုပ်တာ ယခုအကြိမ်ဟာ ပထမဆုံးမဟုတ်ပါဘူး။ လက်ရှိမှာ Post Malone ဟာ HyperX ရဲ့ brand ambassador တစ်ဦးအဖြစ်တာဝန်ယူထားသေးသလို PUBG နဲ့ Warzone ဂိမ်းများကိုလည်း မကြာခဏ stream လွှင့်လေ့ရှိပါတယ်။ Esports လောကဟာ တစ်ကမ္ဘာလုံးမှာ တစ်ဟုန်ထိုးတိုးတက်နေတာကြောင့် အနာဂတ်မှာလည်း ရင်းနှီးမြှုပ်နှံသူအများအပြား ဝင်ရောက် နေကြဦးမှာပဲ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: theverge

=============================================

[ZawGyi]

Envy Gaming ရဲ႕ ပူးတြဲပိုင္ဆိုင္သူတစ္ဦးျဖစ္လာတဲ့ Post Malone

 

ကမာၻေက်ာ္အဆိုေတာ္တစ္ဦးျဖစ္သူ Post Malone ဟာ Esports ေလာကအတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုကို မၾကာေသးမီက ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ သူဟာ အေမရိကန္အေျခစိုက္ Esports အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Envy Gaming နဲ႔ ပူးေပါင္းၿပီး ပူးတြဲပိုင္ဆိုင္သူတစ္ဦးအျဖစ္ အဖြဲ႕အစည္းထဲကို ဝင္ေရာက္သြားခဲ့တာပဲျဖစ္ပါတယ္။

၂၀၀၇ ခုႏွစ္မွာ စတင္ထူေထာင္ခဲ့တဲ့ Envy Gaming ရဲ႕ Team Envy ဟာ လက္ရွိအခ်ိန္မွာ CS: GO, Overwatch, Super Smash Bros, Magic: the Gathering, Rocket League စတဲ့ဂိမ္းေပါင္းစုံမွာ division မ်ားခြဲၿပီး ယွဥ္ၿပိဳင္လ်က္ရွိပါတယ္။ ဒါ့အျပင္ Envy Gaming ဟာ Call of Duty league အသင္း Dallas Empire နဲ႔ Overwatch league အသင္း Dallas Fuel တို႔လို နာမည္ႀကီးအသင္းမ်ားကိုလည္း ပိုင္ဆိုင္ထားပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Post Malone က “ကြၽန္ေတာ္ဟာ တကၠဆက္မွာ ႀကီးျပင္းလာခဲ့သူပါ။ ကြၽန္ေတာ္ဘဝတစ္ေလွ်ာက္လုံးမွာလည္း ဗီဒီယိုဂိမ္းကစားျခင္းကို အလြန္ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီကိစၥကို လုပ္ေဆာင္လိုက္တာ မွန္ကန္တယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။”

“အရင္တည္းကလည္း ကြၽန္ေတာ္ဟာ ဂိမ္းကစားျခင္းကို ပေရာ္ဖက္ရွင္နယ္အလုပ္တစ္ခုအျဖစ္ တြင္က်ယ္လာေအာင္ လုပ္ေဆာင္ေနသူတစ္ဦးျဖစ္ခ်င္ေနခဲ့တာပါ။ ဒါေၾကာင့္ ကြၽန္ေတာ့္ေနရပ္ေဒသမွာရွိေနတဲ့ Envy Gaming ရဲ႕ ပူးတြဲပိုင္ဆိုင္သူတစ္ဦးျဖစ္လာတာဟာ စိတ္ကူးနဲ႔ ဘဝတစ္ထပ္တည္းက်တယ္လို႔ ဆိုႏိုင္ပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

ယခင္ကလည္း နာမည္ႀကီးအႏုပညာရွင္အေျမာက္အမ်ားဟာ Esports ေလာကအတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ဖူးပါတယ္။ ဥပမာမ်ားအေနနဲ႔ကေတာ့ Faze Clan မွာ Offset, 100 Thieves မွာ Drake, Overactive Media မွာ The Weeknd စသူေတြ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၾကတာပဲျဖစ္ပါတယ္။ မၾကာေသးမီ ရက္ပိုင္းအတြင္းကလည္း NBA ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ Ben Simmons ဟာ FaZe Clan မွာ ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္ခဲ့ပါေသးတယ္။

Post Malone အတြက္လည္း Esports ေလာကနဲ႔ ဆက္ႏြယ္မႈျပဳလုပ္တာ ယခုအႀကိမ္ဟာ ပထမဆုံးမဟုတ္ပါဘူး။ လက္ရွိမွာ Post Malone ဟာ HyperX ရဲ႕ brand ambassador တစ္ဦးအျဖစ္တာဝန္ယူထားေသးသလို PUBG နဲ႔ Warzone ဂိမ္းမ်ားကိုလည္း မၾကာခဏ stream လႊင့္ေလ့ရွိပါတယ္။ Esports ေလာကဟာ တစ္ကမာၻလုံးမွာ တစ္ဟုန္ထိုးတိုးတက္ေနတာေၾကာင့္ အနာဂတ္မွာလည္း ရင္းႏွီးျမႇဳပ္ႏွံသူအမ်ားအျပား ဝင္ေရာက္ ေနၾကဦးမွာပဲ ျဖစ္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: theverge